Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Flooring

ဘုန်းရွှေအဘိဓာန် (၁)

Updated 9th Dec 2015

Written by

Home & Decor, Shweproperty

ဆူးပင် (Cactus)


ဆူးပင်များကို အိမ်ခန်းထဲတွင် မထားသင့်။ ဆူးပင်မှထွက်သော ဆူးလေးများကြောင့် ကံဆိုးမှုများ၊ နာမကျန်းဖြစ်မှုများ၊ အဖျက်ဓာတ်များရတတ်သည်။ ထိုအပင်မျိုးကို ခြံဝင်းအပြင်ဘက်တွင်ထားခြင်းဖြင့်ကား မိမိအတွက် အကာအကွယ်အဆီးအတားများဖြစ်စေတတ်ဧ။်။ ထိုဆူးများက မိမိထံသို့လာသော အဆိပ်မြား တို့ကိုကာကွယ်ပေးသည်။

အမြောက် (Cannon)


ကြီးမားသောအဆိပ်မြားတို့ကို နောက်ဆုံးအကာအကွယ်ပေးသော ပစ္စည်းဖြစ်ဧ။်။ အိမ်ရှေ့တံခါးမကြီးမှ ဝင်လာသောအဖျက်ဓာတ်များကို တွန်းလှန်ရာတွင် အလွန်အစွမ်းထက်ဧ။်။ ခြံအကျယ်၊ ဝင်းကျယ်တွင် နေထိုင်သော သူများအဖို့ ရှေးဟောင်းအမြောက်ကို အကာအကွယ်အဖြစ် ခြံဝင်းဝကို ချိန်ရွယ် ထားသင့်သည်။ အလုပ်စားပွဲပေါ်တွင်လည်းဝင်ပေါက်ကို ချိန်ပြီးအမြောက်ငယ်လေးများဖြင့် အကာအကွယ်ယူသင့်သည်။

အလုပ်ကံ (Carrer Luck)
မိမိဧ။် အိမ်၊ရုံး ဧ။်မြောက်ဖက်အခြမ်းကို ဂရုစိုက်ပါ။ မြောက်အရပ်သည် ရေဓာတ်စိုးမိုးရာအရပ်ဖြစ်ဧ။်။ ထို့ကြောင့် ၎င်းနေရာတွင်ငါးကန်ထားသင့်သည်။ ငါးကလေးများ ရှင်သန်ကူးခတ်နေခြင်းတွင် "ယန်း" စွမ်းအင်ကိုတိုးပွားစေကာ သင်ဧ။်အလုပ်ကံကို ပိုကောင်းစေနိုင်ဧ။်။ ဖုန်းရွှေပေတံဖြင့် သေသေချာချာ တိုင်းထွာထားသောအလုပ်စားပွဲကိုလည်း သုံးစွဲသင့်သည်။

ငွေစာရင်းစာအုပ် (Cash Register)
ငွေစာရင်းစာအုပ်တွင် ငွေဒင်္ဂါး၊ ကြေးဒင်္ဂါး (အစစ်မဟုတ်၊ အတုလည်းသုံး၍ ရဧ။်) များကိုကြိုးဖြင့် ချည်၍ လည်းကောင်း၊ ဝါးခြမ်းပြားဖြင့် ညှပ်၍ လည်းကောင်းထားရမည်။ ရှေးဟောင်းတရုတ်ဒင်္ဂါး (၃) ပြားကို ဖဲကြိုးအနီဖြင့် ချည်နှောင်၍လည်း ငွေစာရင်းစာအုပ်ထားသောနေရာဧ။် အပေါ်တည့်တည့် မျက်နှာကျက်တွင် ဝါးချောင်းများကိုလည်းအနီဖြင့်ချည်ထားလျှင်လည်းရဧ။်။ ဝါးသည်စီးပွားရေးလုပ်ငန်းကို ရေရှည်တည်တံ့စေဧ။်။

မျက်နှာကျက်များ (Ceilings)
မျက်နှာကျက် နိမ့်နိမ်မထားရ။ ရှစ်ပေထက်ပိုနိမ့်သောမျက်နှာကျက်သည် ဝန်ထုပ်ဝန်ပိုးကိုပိစေဧ။်။ မျက်နှာကျက်တွင်ထောင့်စွန်းများ ထိုးမထွက်နေစေရ။ မျက်နှာကျက်ကိုအဖြူရောင် သို့မဟုတ် အရောင်တောက်တောက်သုတ်ထားပါ။ အပြာရောင် အနက်ရောင်တို့သည် အလွန်မင်္ဂလာကင်းမဲ့စေတတ်ဧ။်။

မီးဆိုင်းများ (Chandeliers)
အိမ်တွင် မီးဆိုင်းများချိတ်ဆွဲထားခြင်းသည် မင်္ဂလာအလွန်ရှိစေဧ။်။ ကောင်းမွန်သော "ချီ" ဓာတ်ကိုပေးဧ။်။ အထူးသဖြင့် အိမ်ဧ။်အနောက်တောင်တွင်ချိတ်ဆွဲသင့်ဧ။်။ "မီးဆိုင်း" ကမီးဓာတ်ဖြစ်ပြီး " သလင်းကျောက်က မြေကြီးဓာတ်ဖြစ်သည်။ အနောက်တောင်ထောင့် အခန်းတစ်ခန်းထဲတစ်နေရာထဲတွင် မီးဆိုင်းထားခြင်းထက် အိမ်တစ်ခုလုံးဧ။် အနောက်တောင်ထောင့်တွင် မီးဆိုင်းထားခြင်းက ပိုကောင်းဧ။်။ သို့မှသာ မိသားစုတစ်ခုလုံးအတွက် ပို၍အစွမ်းထက်သည်။

ချီဓာတ် (Chi)
နဂါးဧ။် စကြဝဠာအသက်ရှူသောလေက ကောင်းမွန်သော ဖုန်းရွှေဧ။်သော့ချက်ပင်ဖြစ်ဧ။်။ ၎င်းသည်ကံကောင်းစေသည်။ "ချီ" ဓာတ်သည် ဖုန်းရွှေဧ။် အဓိကအချက်ပင်ဖြစ်သည်။ "ချီ" ကိုသာမာန်မျက်စိဖြင့် မမြင်နိုင်။ သို့သော် အလွန်စွမ်းပကားကြီးဧ။်။

ချီကုန်း (Chi Kung)
"ချီ" ဓာတ်ကို မှန်ကန်စွာစီးဆင်းစေသော ကိုယ်ခံလေ့ကျင့်ခန်းဖြစ်ဧ။်။ လှုပ်ရှားမှုနှေးကွေးသော်လည်း "ချီ" စွမ်းအင်ထုတ်လုပ်မှုတွင် များစွာသက်ရောက်မှုရှိဧ။်။ ၎င်းလေ့ကျင့်ခန်းသည်ရောဂါကြီးများကိုပင် သက်သာပျောက်ကင်းစေနိုင်သည်။

ကလေးမရခြင်း (Childlessness)
ထိုကိစ္စကို ဖုန်းရွှေဖြင့် ကုစားပေးနိုင်သည်။ အမျိုးသားဖြစ်သူက အိပ်ယာနေရာ (သို့) အိပ်ယာအရပ်မျက်နှာပြောင်းလာခြင်းဖြင့်ကုစားလျှင်ရဧ။်။ တစ်ဦးခြင်းဧ။် "ကွ" နံပါတ်ပေါ်မူတည်ကာ အရပ်မျက်နှာ တွက်ချက်ပြောင်းလဲနိုင်သည်။

ကလေးများ (Children)
ကလေးများ (အထူးသဖြင့် ယောက်ျားလေးများ) သည် အိမ်ဧ။် အရှေ့ခြမ်းတွင်အိပ်သင့်ဧ။်။ သူတို့ဧ။် ကံကြမ္မာထောင့်မှာမူ အနောက်ဖက်ခြမ်းဖြစ်ဧ။် ကံကောင်းသော အရပ်မျက်နှာကို ဖုန်းရွှေအိမ်မြှောင်ဖြင့် တွက်ချက်ရဧ။်။


ဆက်ရန် >>>>>>>>>>>

 

Ref : Home & Decor

Posted By : Wai Phyoe Aung

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ