Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

မိမိအိမ်က ဘာပစ္စည်းကို ဘယ်လိုအသုံးချလို့ရလဲ

Updated 9th Dec 2015

Written by

7daydaily, Shweproperty

အိမ်မှာရှိနေတဲ့ အိမ်သုံးပစ္စည်း တွေဟာ ပုံမှန်အတိုင်း အသုံးပြုရုံ သာမက တခြားနေရာတွေမှာ လည်း အသုံးပြုတဲ့နိုင်တဲ့အ ကြောင်း ဗဟုသုတအဖြစ် သိရှိ ထားဖို့ မျှဝေချင်ပါတယ်။



နံရံမှာ မတော်တဆအ ပေါက်ဖြစ်တဲ့အခါမျိုးတွေမှာ သွားတိုက်ဆေးလေးနဲ့ အပေါက် ဖာနိုင်ပါတယ်။ နံရံအဖြူဆိုရင် သွားတိုက်ဆေးအဖြူနဲ့ ကွက်တိ ဖြစ်စေမှာပါ။ ငွေထည်တို့၊ သား ရေဖိနပ်တို့၊ သားရေပရိဘောဂ တို့မှာ အစင်းခြစ်ရာတွေ ပျောက် ချင်တယ်ဆိုရင်တော့ ငှက်ပျော ခွံအတွင်းပိုင်းနဲ့ ပွတ်ပေးနိုင်ပါ တယ်။ နံရံကပ်စက္ကူတွေပေါ်က အညစ်အကြေးနဲ့ လက်ရာတွေကို တော့ ပေါင်မုန့်ဖြူစနဲ့ သန့်စင် ပေးနိုင်ပါတယ်။



  ဘေစင်မှာ အညစ်အကြေး တွေတက်နေရင်တော့ ရှလကာ  ရည်စားပွဲဇွန်းတစ်ဇွန်းနဲ့ ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းရောပြီး အဝတ်စလေးနဲ့ ပွတ်တိုက်ဆေး ကြောလို့ ရပါတယ်။ ဘိုထိုင်ရေ အိမ်ကြွေကမုတ်တွေ ဆေးမယ်ဆို ရင် မုန့်ဖုတ်ဆိုဒါ အနည်းငယ်နဲ့ ရှလကာရည်လက်ဖက်ရည် တစ်ပန်းကန်လုံးရောပြီး ကမုတ်ထဲမှာ ၁၅ မိနစ် လောက်ထားကာ ရေနွေးဆူဆူတစ်အိုးလောင်းထည့်ပြီး ရေဆွဲချလိုက်ရင် သန့်ရှင်း သွားစေမှာပါ။



အဝတ်လျှော်စက်ထဲမှာ သန့်ရှင်းသွားစေချင်တယ်ဆိုရင် ရေခပ်နွေးနွေးကို ဖြည့်လိုက်ပြီး ရှလကာရည်လက်ဖက်ရည် နှစ်ပန်းကန်စာထည့်ကာ အဝတ် လျှော်သလို လှည့်ပေးပြီး ဆေးနိုင်ပါ တယ်။ ရေချိုးခန်းထဲကမှန်မှုန် မှိုင်းမှိုင်းနဲ့မို့ ဆေးမယ်ဆိုရင် မုတ် ဆိတ်ရိတ်ခရင်မ်ကို မှန်ကိုသုတ် လိမ်းလိုက်ပြီး အဝတ်သန့်တစ်ခုနဲ့ ပွတ် ချလိုက်ရုံပါပဲ။ ရွှေထည်ငွေထည် ပစ္စည်းတွေ ဆေးကြော ချင်ရင်လည်း သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါရောပြီး ပွတ်တိုက် ဆေးကြောနိုင်ပါတယ်။



  ကြေးညှော်ကပ်နေတဲ့ ဖန် ပန်းအိုးတွေ ဆေးမယ်ဆိုရင် ပန်း အိုးထဲကို ရေနွေးအနည်းငယ် ထည့်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက် ရည်ဇွန်း တစ်ဇွန်းထည့်ကာ ခလောက်ပေးပြီး တစ်ညထားကာ ဆေးကြောနိုင်ပါတယ်။ ဓာတု ဆေးမသုံးဘဲ ပေါင်းသတ်ချင် တယ်ဆိုရင်တော့ ရှလကာရည် သာ ဖျန်းပေးလိုက်ပါ။

 

Ref : 7daydaily

Photo Credit : home ani

Posted By : Myat Minn

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ