Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

ညစ်ပေနေတဲ့ ခေါင်းအုံးတွေကို သတိထားပါ

Updated 12th Jun 2019

Written by

Wunyan, Shweproperty

 

အသက် (36) နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက်မအီမသာ ဖြစ်ခဲ့ပါတယ်။ စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူဆပြီး ပေါ့ပေါ့ဆဆ နေခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ ဒဏ်ရာက မသက်သာလို့ သူ့မှာ အဖျားရောဂါ ရှိနေပြီထင်ကာ ဆေးခန်းကို သွားပြခဲ့ပါတယ်။ ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြား ထူးခြားမှုကို မတွေ့ရလို့ အဖျားကျဆေးကို ပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။

သွေး အဖြေကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက် အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့ အခါမှာ သွေးခဲတွေ ပါလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါမှာတော့ ရောဂါကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့ အဖြေကတော့ “အဆုတ်ကို မှိုစွဲ” တဲ့ ရောဂါ ဖြစ် တယ်လို့ အဖြေ ထွက်ခဲ့ပါတယ်။

အဆိုပါ မှိုဟာ ဘယ်နေရာကနေ လူကို ကူးစက်ခဲ့သလဲ ဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ ရှိနိုင်ပါတယ်။

အဲဒီ မှိုတွေဟာ အသက်ရှု လမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ဆီကို ဝင်ရောက်နိုင်ဖို့ အရမ်းလွယ်ကူပြီး၊ နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံးပြု မိပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။

သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လှျှင် အနည်းဆုံး တစ်ကြိမ် လောက် လျှော်ဖွပ် သန့်စင်ပေးသင့်ပြီး နေ့စဉ် နေရောင် ကောင်းကောင်းရဲ့ အောက်မှာ လှန်းပေးသင့် ပါတယ်။ နေရောင်ဟာ မှိုနဲ့ အခြားပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့အစွမ်း ရှိပါတယ်။

ဒါကြောင့် သက်ရှည် ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ အသုံးအဆောင် ပစ္စည်းတွေ သန့်ရှင်းမှု အရေးကြီးတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

Ref : Wunyan

Photo Credit : Rodgersofyork

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ