Property Titles
    ထပ်မံရှာဖွေရန်
    Property Titles
      Living Style and Home Services
      အိမ်မှာ မှန်တွေနဲ့ ကောင်းတဲ့ စွမ်းအားတွေကို ရရှိအောင်ဘယ်လိုလုပ်ကြမလဲ
      Updated 17th Dec 2020
      Written by
      Sint Sint, Shweproperty
      Unicode
      မှန်လေးတွေက သိပ်ကိုသိမ်မွေ့လွန်းကြတယ်။ အပြင်ပန်းက မာကျောသယောင်ဆောင်ထားပေမယ့် ဖွဲ့စည်းပုံကတော့ သိပ်ကို အနုစိပ်လွန်းတယ်။ မိုးလင်းကနေစလို့ မိုးချုပ်တဲ့အထိ ကြည့်မှန်လေးတွေကို ကြည့်ပါလား။ မှန်လို့ဆိုလိုက်တိုင်း  ကြည့်မှန်၊ အလှဆင်မှန်၊ စသဖြင့် အရာအားလုံးအကျံးဝင်ပါတယ်။ဒါဆိုရင် မှန်တွေအကြောင်း အရင်ပြောရအောင်။
      ကြည့်မှန်သည် ရှုကြည့်ရန်မှန်ကို ဆိုလိုသည်။ ယခုခေတ် တွင် ကြည့်မှန်အမျိုးမျိုး လုပ်နိုင်ကြသော်လည်း၊သမိုင်းမစမီ ရှေးပဝေဏီအခါကမူ ကြည့်မှန်များကို မပြုလုပ်တတ်ကြသေးချေ။ ထိုခေတ်လူများသည် မိမိတို့အရိပ်ကို ကြည့်မြင်လိုက ရေအိုင်များ၌သာလျှင် မြင်နိုင်ကြသည်။ တဖြည်းဖြည်း ယဉ်ကျေးလာသောအခါ ကြေးပြားကြီးများကို ချောမွတ် ပြောင်လက်အောင် တိုက်ချွတ်အရောင်တင်၍ မိမိတို့၏ အရိပ်ကို ကြည့်ကြသည်။ အီဂျစ်၊ ဂရိ၊ ရောမလူမျိုးတို့သည် ထိုကြေးပြားကြီးမျိုးကို ကြေးနီနှင့် သံဖြူ ရောစပ်ပြုလုပ်၍ အချောပွတ်ကာ သုံးစွဲခဲ့ကြသည်။ ယင်းသို့ အရိပ်ထင်အောင် အချောပွတ်ထားသော ကြေး စသည့်သတ္တုပြားကို မြန်မာတို့က  ကြေးမုံဟု ခေါ်ဆိုကြသည်။
      မှန်ချပ်၏တစ်ဖက်တွင် ခဲရည်၊ သို့မဟုတ် သံဖြူရည်သုတ်ထားသော ကြည့်မှန်များသည် ၁၃ ရာစု အတွင်းတွင်မှ  ပေါ်ပေါက်လာခဲ့၏။ ကြည့်မှန် ပြုလုပ်ပုံနည်းသည် အဆင့်ဆင့် တိုးတက်လာရာ၊ ၁၇ ရာစုသို့ ရောက်သောအခါ ဗင်းနစ်မြို့သား တို့သည် ပြဒါးနှင့် သံဖြူရောစပ်ထားသည့် သတ္တုရည်ဖြင့် သုတ်ထားသော မှန်များကို တီထွင်လာကြ လေသည်။ ဤသို့ ပြဒါးကို အသုံးပြုရာ၌ ပြဒါးခိုးဟပ်၍ ပြုလုပ်သူအများ သေကြေ ပျက်စီးရခြင်း၊ ကြည့်မှန်တစ်ချပ် ပြီးရန် ရက်ပေါင်းများစွာ ကြန့်ကြာခြင်းများ ရှိသော်လည်း ဤနည်းကို ၁၈၅၅ ခုနှစ်တိုင် သုံးစွဲခဲ့ကြ၏။ ထိုနှစ်သို့ ရောက်သောအခါ မှန်ချပ်များ၏ ကျောဖက်ကို ဆီးလဗား နိုက်ထရိတ်ဖြင့် သုတ်ပေးသောနည်း ပေါ်ပေါက်လာ၏။ 
      ဤသို့သော နည်းကောင်းပေါ်လာစေကာမူ အပေါစား ကြည့်မှန်များအတွက် ပြဒါးသုတ်သည့်အလုပ်မှာ သုံးမြဲ သုံးနေသေး၏။ အကောင်းစား ကြည့်မှန်ကို လိုသော အရွယ်အတိုင်း စိန်ဖြင့် ဖြတ်ယူသည်။ ထို့နောက် စက်ကိရိယာများဖြင့် ရေနှင့်သဲကို အသုံးပြုကာ ချောမွတ်အောင်တိုက်သည်။ ထောင့်များကို သဲကျောက်ဖြင့်စား၍ ကြိတ်သက္ကလတ်ထူထူနှင့် ပွတ်တိုက်ပြီး စောင်းသတ်ပေးသည်။ဤသို့ပြုလုပ်ပြီးနောက်၊ ငွေရောင် သုတ်သောအခန်းတွင် စောင်ထူထူခင်းထားသည့် ပူနွေးသော စားပွဲပေါ်၌ ထိုမှန်ချပ်ကို တင်ထားသည်။ ထို့နောက် ဆီးလဗားနိုက်ထရိတ်၊ အမ်မိုးနီးယား၊ တာ⁠တာရစ် အက်စစ်တို့ ပေါင်းထားသောအရည်ကို လောင်းချသောအခါ ငွေသားသည် အောက်ခံစားပွဲ၏ အပူရှိန်ဖြင့် မှန်တွင် စွဲကပ်သွားသည်။ နောက်ခံငွေသား ခြောက်သွားသောအခါ ငွေသားနှင့် လေမထိမိအောင် ထိုငွေသား ပေါ်တွင် ဆေးသုတ်ပေး၏။ ဤနည်းဖြင့် ကြည့်မှန်အရွယ်အမျိုးမျိုးကို တစ်နာရီအတွင်း ပြုလုပ်ပြီးစီးနိုင်သည်။
      ယခုခေတ်တွင် သိပ္ပံပညာများ ထွန်းကားလာသည့်အတိုင်း သိပ္ပံပညာရပ်များတွင် အသုံးပြုရန် အတွက် မျက်နှာပြင်ညီသော ကြည့်မှန်များအပြင် ကြည့်မှန်အခုံးများ၊ ကြည့်မှန်ခွက်များကို ပြုလုပ်ယူကြသည်။မျက်နှာပြင် ညီညာသော ကြည့်မှန်ပေါ်တွင် ကြည့်သူ၏အရိပ်သည် ပကတိအတိုင်း တည့်⁠တည့်မတ်မတ် ကြည့်မှန်ရှေ့၌ ကြည့်သူဝေးသလောက် ကြည့်မှန်နောက် ဝေး⁠ဝေးတွင် အရိပ်ထင်သည်။ သို့ရာတွင် ဘယ်နှင့် ညာကား မှားလျက်နေသည်။ ထိုအရိပ်ကို ပုံရိပ်ယောင်ဟု ခေါ်သည်။ ပုံရိပ်ယောင်ဆိုသည်မှာ ကားချပ်ပေါ်တွင် ထင်အောင် ဖမ်းယူ၍ မရနိုင်သော ပုံရိပ်ကို ဆိုလိုသည်။
      မျက်နှာပြင်ခုံးသော ကြည့်မှန်ပေါ်တွင် ကြည့်သူ၏အရိပ် သည် ကြည့်မှန်နောက်တွင် မတ်တတ်ပေါ်သော်လည်း ပုပုကွကွ ဖြစ်ကာ ပကတိထက် အရိပ်တိုနေသည်ကို တွေ့ရပေမည်။ ထိုအရိပ်မှာ ပုံရိပ်ယောင်ဖြစ်သည်။ မျက်နှာပြင်ခွက်သောကြည့်မှန် ပေါ်တွင်မူ ကြည့်သူသည် ကြည့်မှန်နှင့် ကြည့်မှန်၏ အလင်း ဆုံချက်တို့အကြားတွင်ရှိလျှင် ကြည့်သူ၏အရိပ် ကြည့်မှန် နောက်တွင် မတ်တတ်ပေါ်သော်လည်း ပကတိထက်ပို၍ အရိပ်ရှည် ထွက်နေသည်ကို တွေ့ရပေမည်။ ထိုအရိပ်မှာလည်း ပုံရိပ်ယောင်ပင် ဖြစ်သည်။ အကယ်၍ ကြည့်သူသည် ကြည့်မှန် ခွက်၏ ဗဟိုချက်ကို လွန်၍ရပ်နေလျှင် ကြည့်သူ၏အရိပ်သည် ကြည့်မှန်ရှေ့တွင် စောက်ထိုးပေါ်၍ ပကတိထက် အရိပ်တိုသည် ကို တွေ့ရပေမည်။ ထိုအရိပ်ကား ပုံရိပ်စစ် ဖြစ်သည်။ 
      ပုံရိပ်စစ် ဆိုသည်မှာ ကားချပ်ပေါ်တွင် အရိပ်ထင်အောင် ဖမ်းယူ၍ ရနိုင်သော ပုံရိပ်ကို ဆိုလိုသည်။ ထိုအချက်ကို သိသာရန် ကြည့်မှန်ခွက်တစ်ခုဖြင့် နေ၏အရိပ်ကို မှန်ရှေ့မှာ ထောင်ထားသော စက္ကူပေါ်သို့ ကျရောက်အောင် ဖမ်းယူလျှင် စက္ကူကို မီးစွဲလောင်သည်ကို တွေ့ရပေမည်။ဒါဆိုရင် မှန်တွေက အံသြဖွယ် ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သင်ယုံကြည်ပါသလား။လက်ခံနိုင်မည်လား။မှန်ကို သေချာအသုံးပြုမယ်ဆိုရင် အိမ်ခန်းကို တောက်ပနေအောင် ပြုလုပ်ပေးနိုင်သလို အိမ်ထဲကို ကောင်းမွန်တဲ့ စွမ်းအင်တွေ ရောက်ရှိလာအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့ အိမ်ရဲ့ ဘယ်လိုနေရာတွေမှာ မှန်တွေကို အလှဆင်ရမလဲဆိုတာကိုတော့ သေချာသိဖို့ လိုပါမယ်။ဖော်ပြပါနည်းအတိုင်း မှန်တွေကို ထားရှိပေးမယ်ဆိုရင် သင့်အိမ်ထဲမှာ ကောင်းမွန်တဲ့ စွမ်းအားတွေ ရှိနေမှာပါ။
      (၁)အိမ်တံခါးရဲ့ အဝင်လမ်းမှာ
      အဝင်တံခါးနားမှာ မှန်ကို ထားရှိခြင်းအားဖြင့် အလင်းရောင်ပိုမိုရရှိနိုင်သလို အိမ်ကနေ မထွက်ခွာခင်မှာ ကိုယ့်ရဲ့ အနေအထားကို စစ်ဆေးဖို့အတွက်လည်း အဆင်ပြေပါတယ်။ဒါပေမဲ့ တံခါးနဲ့ မျက်နှာချင်းဆိုင်မှာ မထားမိဖို့တော့ သတိထားရပါမယ်။
      (၂)မှန်နှစ်ခုကို မျက်နှာချင်းဆိုင်ထားရှိပါ။
      ကြီးမားတဲ့ မှန်နှစ်ချပ်ကို မျက်နှာချင်းဆိုင် ထားရှိမယ်ဆိုရင် အိမ်ခန်းကို ပိုပြီးခမ်းနားစေသလို အလင်းရောင်များများရရှိပြီး နေရာကျယ်သလို ထင်ရစေပါတယ်။မှန်နှစ်ချပ် အချင်းချင်း အလင်းပြန်တဲ့ သဘောက စိန်ခေါ်မှုတွေကို အောင်မြင်မှုတွေနဲ့ ရင်ဆိုင်နိုင်မယ်လို့ ဆိုပါတယ်။
      (၃)မီးလင်းဖိုအပေါ်ဘက်
      ဖုန်းရွှေပညာအရ အသင့်တော်ဆုံး နည်းလမ်းကတော့ မီးလင်းဖိုရဲ့ အပေါ်မှာ မှန်ကို ထားရှိခြင်းပဲ ဖြစ်ပါတယ်။ဒီလိုထားရှိခြင်းက အေးချမ်းငြိမ်သက်ခြင်း စွမ်းအားကို အိမ်ထဲမှာ ပျံနှံ့စေပြီး မိသားစုတွင်း ခိုက်ရန်ဖြစ်ပွားမှုမရှိအောင် ကာကွယ်ပေးပါတယ်။
      (၄)ထမင်းစားခန်း
      ထမင်းစားခန်းနံရံမှာ မှန်ကြီးကြီးတစ်ချပ်ကို ချိတ်ဆွဲပေးထားမယ်ဆိုရင် မီးဖိုချောင်မှာ အစားအစာတွေ ပေါများပြီး ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ အယူအဆရှိပါတယ်။သိပြီးသားဖြစ်တဲ့အတိုင်း အခန်းကို ပိုကျယ်တယ်လို့လည်း ထင်ရစေပါတယ်။မှန်ကိုယတြာချေခြင်းများနှင့်ဂမ္ဘီရဆိုင်ရာ ပညာရပ်တွေမှာလည်း အသုံးပြုလေ့ရှိပါသေးတယ်။ အိမ်မှာ ကြည့်မှန် ၊မှန်တင်ခုံမှန်၊ ဗီဒိုမှန်၊ အလှဆင်မှန်များလည်း ထားရှိတက်ပါတယ။် ထိုမှန်များကိုလည်း အမြဲတမ်းကြည်လင်တောက်ပနေအောင်ထားရှိရပါတယ်။ ဘာလို့လဲဆိုတော့ အရောင်များမှေးမှိန်နေပါက လာဘ်လာဘများပိတ်စေပြီး အိမ်သူအိမ်သားအချင်းချင်းလည်း အမြင်မကြည်မလင်ဖြစ်တက်ပါတယ်။
      ထို့အပြင် မိမိအား အမှောင့်ပယောဂများ မဖြစ်စေရန် အတိုက်အခံရန်များမဖြစ်ပေါ်စေရန်အတွက်လည်း အသုံးပြုကြပါသေးတယ်။ဒါကတော့ မှန်တွေရဲ့စွမ်းအားကနေ လူတွေကို အကာအကွယ်ပေးနိုင်တဲ့သဘောကိုဆောင်နေပါတယ်။ထပ်ပြီးပြောပြရရင် ... နက္ခတ်တရာများ ကြည့်ရန်အတွက် စီမံပြုလုပ်ထားသော အဝေးကြည့် မှန်ပြောင်းကြီးများတွင် ကြည့်မှန် ခွက်များကို အသုံးပြုကြသည်။ အမေရိကန်နိုင်ငံ မောင့်ပလိုမာ၌ရှိသော နက္ခတ်တာရာကြည့် မှန်ပြောင်းတွင် အသုံးပြုသော ကြည့်မှန် ခွက်ကြီးများ အချင်းလက်မ ၂ဝဝ ရှိ၍ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သည်။ ထိုကြည့်မှန်ခွက်ကြီး၏ မှန်သားမှာ ပထမတန်းစားဖြစ်၍ ချောမွတ်ပြောင်လက်အောင် ပြုလုပ်ရာ၌ လပေါင်းများစွာ ချောမွှတ်အောင် လုပ်ရသည်။
      ဥပမာ - ပြတင်းပေါက်မှန်များ၊ ဖန်သည်အများအားဖြင့်အရည်ပျော်နေသောအမြန်အအေး  (အပူ) ဖြင့်ဖွဲ့စည်းသည်။ထိုကဲ့သို့သောမီးတောင်ဖန်ကဲ့သို့အချို့သောမျက်မှန်သဘာဝကျကျဖြစ်ပေါ်လျက်ရှိသည်။အကျွမ်းတဝင်အရှိဆုံးနှင့်သမိုင်းအစဉ်အလာအရထုတ်လုပ်ထားသောဖန်အမျိုးအစားများမှာသဲ၏အဓိကပါဝင်သောဓာတုဒြပ်ပေါင်း silica (silicon dioxide, or quartz) အပေါ် အခြေခံ၍ "silicate glass" များဖြစ်သည်။ 70% silica ပါ ၀ င်သော soda-lime glass သည်ထုတ်လုပ်ထားသောဖန်၏ ၉၀% ခန့်ကိုထုတ်လုပ်သည်။ဖန်များဟူသောဝေါဟာရကိုလူကြိုက်များသောအသုံးပြုမှုတွင်မကြာခဏအသုံးပြုသောပစ္စည်းအမျိုးအစားများ ကိုသာရည်ညွှန်းသည်။
      မှန်တွေဆိုတာ ဖုန်းရွှေကုထုံးတစ်ခုအဖြစ် အသုံးချတဲ့ ရေပန်းအစားဆုံး သမားရိုးကျဖုန်းရွှေ ပစ်္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါဟာ မှန်တွေကို ဖုန်းရွှေ ရဲ့ ဘုံဆေးဝါးလို့ ခေါ်ဆိုရတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ဟိုးရှေးယခင်ကတော့ မှန်တွေဟာရှားပါးပြီး ဈေးကြီးခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ မှန်တွေကို ပုံသဏ္ဌာန် အရွယ်အစား မျိုးစုံနဲ့ အလွယ်တကူဝယ်လို့ရနေပါပြီ။ ဒါပေမဲ့လည်း မှန်တွေ ကို တလွဲမသုံးမိစေဖို့နဲ့ အလွန်အကျွံမထားရှိမိစေဖို့အတွက် ဖုန်းရွှေလမ်းညွှန်ချက်အချို့ကို ဂရုစိုက်သင့်ပါတယ်။
      မှန်တွေဆိုတာ ကောင်းတဲ့ဖုန်းရွှေစွမ်းအင်ကို ပံ့ပိုး ပေးနိုင်သလို သုံးစွဲတာမမှန်ကန်ဘူးဆိုရင်လည်း သင့်ရဲ့အိပ်စက်မှု၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်နဲ့ စဉ်းစားဆင်ခြင်တွေးတောမှု ပုံစံတွေမှာ မကောင်းတဲ့အကျိုးဆက်တွေ သက်ရောက်စေနိုင်ပါတယ်။ ဖုန်းရွှေမှာ အလွှာပေါင်းများစွာရှိပါတယ်။အလွှာအထပ်အားလုံးက သင့်ရဲ့ ကျန်းမာချမ်းသာခြင်းကို အကျိုးသက်ရောက် နေပါတယ်။ဖော်ပြပါ ဖုန်းရွှေလမ်းညွှန်ချက် ၇ ရပ်က သင့်အိမ်ရှိ မှန်တွေကို ဖုန်းရွှေနည်းလမ်းတကျအသုံးပြုမှုရဲ့ နက်နဲတဲ့ အကျိုးသက်ရောက်မှုတွေကို သင့်အနေနဲ့ နားလည်စေဖို့ ကူညီပေးမှာပဲ ဖြစ်ပါတယ်။ကြည်လင်ပြတ်သားသော မိမိ၏ပုံရိပ်သည် ကောင်းသော ဖုန်းရွှေဖြစ်သည် ။
      မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်
      သင့်ရဲ့မှန်က သင့်ရဲ့ပုံရိပ်ကို အရှိအတိုင်း ရောင်ပြန်ထင်ဟပ်စေပါတယ်။ သင့်အနေနဲ့ သင့်ကိုယ်သင် မှန်ထဲမှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် သတိပြုမိပုံဟာ သင့်အသိစိတ်ထဲမှာ သင့်ကိုသင် ရှုမြင်ပုံကို အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့မှန်တွေကို မှေးမှိန်စွန်းထင်းမှုမရှိစေဘဲ သန့်ရှင်းကြည်လင်နေအောင်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ရှင်းသန့် တောက်ပတဲ့ မှန်တစ်ချပ်ဟာကောင်းမွန်တဲ့ ဖုန်းရွှေဖြစ်ပြီး သင့်ကိုသင် သေချာရှုမြင်နိုင်စေကာ သင့်ရဲ့အရည်အသွေးကောင်းတွေကို သတိထားမိစေနိုင်ပါတယ်။
      မြင့်မြင့်ထားရှိပါ။
      မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်
      အသုံးပြုမယ့်သူတွေထဲက အရပ်အရှည်ဆုံးသူကို အပြည့်အ၀ ခြုံငုံမြင်ရစေမယ့် အမြင့်ထိရောက်အောင် မှန်ကို ထားရှိသင့်ပါတယ်။ ဦးခေါင်းအမြင့်နဲ့ ကွက်တိဖြစ်နေတဲ့ မှန်တွေဆိုရင် သင့်ကို ဦးခေါင်းကိုက်ခဲခြင်း ဒါမှမဟုတ်  ကြောင်တောင်တောင်အတွေး တွေးမိစေခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ်မြင်ရဖို့ ငုံ့ကိုင်းကြည့်နေရလောက် အောင် နိမ့်နေတဲ့မှန်တွေ၊ မြင်ကွင်းကျဉ်းကျဉ်းပဲ မြင်ရစေတဲ့ မှန်တွေဆိုရင်လည်း သင့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့ စေနိုင်ပြီး အပျက်သဘောဆောင်တဲ့ ခန္ဓာကိုယ်ပုံရိပ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လုံလုံလောက်လောက် မြင့်မားကျယ်ပြောပြီး ကြည့်ရတာ မကျဉ်းကျုတ်စေတဲ့ မှန်တွေဟာ သင့်ကို သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ နရီစည်းချက်ကျနစွာ  အချိတ်အဆက်မိစေဖို့ ကူညီပေးမှာပါ။
      အလှဆင်မှန်ငယ်များ၏ ဖုန်းရွှေကို နားလည်ပါ
      မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်
      သင့်ရဲ့ဦးခေါင်း၊ မျက်နှာတောင် မြင်ရဖို့ သေးငယ် လွန်းတဲ့ အလှဆင်မှန်ငယ်လေးတွေကို ရှောင်ရှားပါ။ဘာကြောင့်လဲဆိုတော့ အလှဆင်ပစ္စည်းအနေနဲ့သုံးတဲ့ မှန်ငယ် လေးတွေဟာ သင့်ကို တစ်ပိုင်းတစ်စစီ ပြတ်တောင်းပြတ်တောင်း ခံစားရစေပြီး အရာဝတ္တုပစ္စည်းတွေကို အတူတကွရှိစေဖို့ရာ အခက်အခဲတစ်ခု ဖြစ်စေနိုင်လို့ပါ။
      ကောင်းမွန်သောဖုန်းရွှေအတွက် လိုအပ်သော မှန်အရေအတွက်
      မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်
      မှန်တွေဟာ သူတို့နဲ့မျက်နှာချင်းလာဆိုင်တဲ့အရာ တိုင်းကို ရောင်ပြန်ထင်ဟပ်စေတာကြောင့် အခြေခံအားဖြင့် အမှန် တကယ် ရုပ်ပိုင်းဆိုင်ရာတည်နေရာမှာမဟုတ်တဲ့၊ ဆန့်ကျင် ဘက်တည်နေရာကို ပြသပါတယ်။ ဒါကြောင့်မို့လို့ မှန်အကြီး ကြီးတွေဆိုရင် တစ်ခန်းမှာတစ်ချပ်ပဲထားရှိဖို့ အကောင်းဆုံးပါပဲ။ ပြီးတော့လည်း နံရံတစ်ဖက်မှာ မှန်တစ်ချပ်ထက် မပိုသင့်ပါ ဘူး။ တစ်ချပ်ထက် ပိုမယ်ဆိုရင် သင့်ကိုသင် ကြည့်ရှုစစ်ဆေးရ မှာ တစ်ကြိမ်တစ်ခါနဲ့တင် မလုံလောက်စေတော့ဘဲ သံသယနဲ့ ထပ်ကာထပ်ကာ ကြည့်မိစေတော့မှာပါ။
      မှန်အသုံးပြုမှုတွေအတွက် အခြားသိထားတဲ့အချက်တွေလည်းရှိပါသေးတယ်။ထမင်းစားစားပွဲ နံဘေးမှာ မှန်တစ်ချပ်ထားရှိခြင်းက ကျန်းမာ ချမ်းသာခြင်းနဲ့ ပေါကြွယ်ဝခြင်းအတွက် ရေပန်းစားတဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှန်က ထမင်းစားစားပွဲပေါ်ကအစားအစာတွေကိုသရုပ်အားဖြင့် နှစ်ဆဖြစ်စေလို့ပါ။မှန်တွေဟာ သူတို့ရှေ့က အရာကို ပုံရိပ်ယောင်မိတ္တူ ပွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် သင့်အနေနဲ့ ဘဝမှာပိုမိုမြင်တွေ့ချင်တဲ့အရာမှန်သမျှကို ရောင်ပြန်ထင်ဟပ်စေဖို့ မှန်တွေကို အသုံးပြုနိုင်ပါတယ်။သင့်ကို ပျော်ရွှင်စေတဲ့အရာကို ပွားစေမယ်ဆိုရင် အပျော်ဓာတ်တွေကို သင့်အိမ်နဲ့ သင့်ဘဝမှာ ပွားများ ချဲ့ထွင်စေလိုက်တာပါပဲ။
      အိမ်တစ်အိမ်ရဲ့ ဝင်ပေါက်တံခါးမကြီးမှာ ကပ်ချိတ် ထားတဲ့ မှန်ချပ်ငယ်ဟာ မကောင်းတဲ့စွမ်းအင်ဓာတ်တွေ အိမ်ထဲမဝင်နိုင်ဘဲ အပြင်ဘက်ကို ပြန်ကန်ထွက်သွားစေနိုင်တာ သိနှင့်ပြီးသား ဖြစ်မှာပါ။ထို့အတူ မြင်ကွင်းထဲ မှန်များ မရှိစေခြင်းဖြင့် နှစ်ခြိုက်စွာအိပ်စက် အနားယူပါ။မှန်တွေဆိုတာ အဲဒီနေရာမှာ တကယ်မရှိတဲ့ အလင်း နဲ့ ရွေ့လျားမှုကို ရောင်ပြန်ထင်ဟပ်စေပါတယ်။ဒါကြောင့် မို့လို့ အိပ်ရာနဲ့ မျက်နှာချင်းဆိုင်မှာ မှန်ကို ထားရှိတဲ့သူတွေဟာ အိပ်စက်အနားယူတဲ့အခါ အဲဒီမှန်ကို နေရာရွှေ့တာ ဒါမှမဟုတ် တစ်ခုခုနဲ့ ဖုံးလွှမ်းတာမျိုးလုပ်ပါက စိတ်ရောကိုယ်ရော ပိုမိုခွန်အားပြည့်လန်းဆန်းစေတဲ့ အိပ်စက်အနားယူမှုကို ရရှိစေမှာပါ။ မှန်တို့ရဲ့စွမ်းအင် အပြင်အဆိုးတွေကိုလည်း သိထားရမှာပါ။
      ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများအရဖန်ထုတ်လုပ်ခြင်းသည်ဘီစီ ၃,၆၀၀ ခန့်တွင်မက်ဆိုပိုတေးမီးယား၊ အီဂျစ်သို့မဟုတ်ဆီးရီးယားတို့မှဖြစ်သည်။ အစောဆုံးလူသိများသည့် ဖန်ထည်များသည်ပုတီးစေ့များဖြစ်သည်။ သတ္တုထည်လုပ်ခြင်းသို့မဟုတ်အဝတ်အထည်ထုတ်လုပ်ခြင်းတွင် မတော်တဆပြုလုပ်မိခြင်းဖြစ်နိုင်သည်။၎င်းကိုပုံသဏ်anyာန်အမျိုးမျိုးဖြင့်လွယ်ကူစွာဖွဲ့စည်းနိုင်သောကြောင့်ဖန်ကိုထည်များ၊ ပန်းအိုးများ၊ ပုလင်းများ၊ အိုးများနှင့်သောက်သုံးနိုင်သောမျက်မှန်များကဲ့သို့သောဓလေ့ထုံးတမ်းများကိုအသုံးပြုခဲ့သည်။၎င်း၏အစိုင်အခဲအများဆုံးပုံစံများတွင်၎င်းကိုစက္ကူအလေးနှင့်စကျင်ကျောက်များတွင်အသုံးပြုသည်။
      ဖန်ကိုသတ္တုဆားများထည့်ခြင်းသို့မဟုတ်ဆေးသုတ်ခြင်း၊ဖန်ထည်များကိုကြွေပြားများဖြင့်ပုံနှိပ်ခြင်းဖြင့်အရောင်ခြယ်နိုင်သည်။၎င်းသည်စွန်းထင်းသောပြတင်းပေါက်များနှင့်အခြားဖန်ထည်အနုပညာပစ္စည်းများအတွက်အသုံးပြုသည်။ဖန်၏အလင်းယိုင်ခြင်း၊ရောင်ပြန်ဟပ်ခြင်းနှင့်ထုတ်လွှတ်ခြင်းဂုဏ်သတ္တိများသည်မှန်ဘီလူးမှန်ဘီလူးများ ၊ Extruded ဖန်မျှင်အမျှင်များသည်ဆက်သွယ်ရေးကွန်ယက်များတွင် optical fibre များအဖြစ်အသုံးပြုသည်၊ဖန်သားမွှေးများကဲ့သို့လေထုကိုထောင်ချောက်သို့မဟုတ်ဖန်ထည်အမျှင်ဖြင့်ပြုလုပ်ထားသောပလပ်စတစ် (fiberglass) တွင်အသုံးပြုသည်။
      ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
      ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ
      အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ
      ငွေရေးကြေးရေး အဆင်ပြေချင်တဲ့သူတိုင်း သိထားသင့်တဲ့ ဝင်ငွေရရှိနိုင်မယ့် လမ်းကြောင်း(၇)ခု
      Zawgyi
      (၃)မီးလင်းဖိုအပေါ်ဘက်
      (၄)ထမင်းစားခန်း
      မြင့်မြင့်ထားရှိပါ။
      Get daily fresh news delivered to your inbox
      By subscibing you agree to our privacy policy
      ဝယ်ရန်
      ငှားရန်
      စီမံကိန်း အသစ်များ