Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

သင့်အိမ်နံရံနဲ့ အခန်းကို ဆေးသုတ်တော့မယ်ဆိုရင်

Updated 13th Sep 2018

Written by

Kumudra, Shweproperty

 

နံရံသုတ်ဆေးအရောင်ကို မရွေးချယ်ရသေးဘူးဆိုရင် ဘယ်နေရာက စစဉ်းစားကြမလဲ။ အိမ်တွင်းအလှဆင် ဒီဇိုင်နာသုံးဦးရဲ့ အကြံပြုချက်တွေနဲ့ အတူ အချိန်တိုအတွင်း အလှပဆုံးဆေးရောင်ကို  ရွေးချယ်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။

 

ဗီရိုဖွင့်ကြည့်ပါ

 

ဗီရိုကိုဖွင့်ပြီး ကိုယ်ဘယ်အရောင်တွေ အများဆုံးဝတ်လေ့ရှိတယ်ဆိုတာ ကြည့်ပါ။ အဝတ်အစားတွေကကိုယ်နဲ့  လိုက်ဖက်တဲ့အရောင်တွေ အများဆုံး ဖြစ်နေပါလိမ့်မယ်။သည်တော့ကိုယ်နဲ့ အလိုက်ဖက်ဆုံး အရောင်ကို အိမ်ထဲမှာ သုတ်မယ်ဆိုရင် သည့်ထက်ကောင်းတဲ့ ရွေးချယ်မှုမျိုးရှိမှာ မဟုတ်တော့ပါဘူး။အဝတ်အစားထွက်ဝယ်ခြင်း ကလည်း  နံရံသုတ်ဆေးအရောင်အတွက် စိတ်ကူးပေါ်လာစေပါတယ်။

 

ခံစားချက်ကို ပုံဖော်ပါ

 

အရောင်တွေအတွက် တကယ့်စည်းမျဉ်းအစစ်ဆိုတာ မရှိပါဘူး။  မျက်စိအေးတဲ့  အရောင်တွေအစား ကိုယ့်အခန်းကို အနီရောင်ရဲရဲ သုတ်မယ်ဆိုလည်း သုတ်လို့ရပါတယ်။  အိပ်ငိုက်နေတဲ့အချိန်ဆိုရင် အနီရောင်က လူ့စိတ်ကို နိုးကြားစေပါ တယ်။ တချို့လူတွေအတွက် အနီရောင်က စိတ်တည်ငြိမ်မှုကို  ပေးစွမ်းနိုင်ပါတယ်။ သူများတွေပြောတာ နားမယောင်ဘဲ ကိုယ့်အတွက် တကယ်စိတ်အေးချမ်းမှု ပေးစွမ်းနိုင်တဲ့  အရောင်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

 

သူငယ်ချင်းအမြင်ကို  မေးပါ

 

ကိုယ်ဘယ်အရောင်လိုချင်တယ်ဆိုတာသေချာအောင်လုပ်ဖို့  အရောင်တွေနဲ့ ပတ်သတ်ပြီး  သူငယ်ချင်းရဲ့ အမြင်ကိုလည်း  မေးကြည့်ပါ။  အရောင်နှစ်ခု၊  သုံးခုလောက်ယှဉ်ပြပြီး ဘယ်လိုမြင်လည်းမေးပါ။  အရောင်တစ်ရောင်ကို  မြင်တဲ့ကိုယ့်အမြင်နဲ့ သူ့အမြင် မတူညီနိုင်ပါဘူး။ အေးမြတဲ့မီးခိုးရောင်သုံးသင့်လား။နွေးထွေးတဲ့ မီးခိုးရောင်သုံးသင့်လားဆိုတာ သူပြောပြပါလိမ့်မယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင်ကွဲပြား နေတယ်ဆိုရင်ဘာလို့ သည်အရောင်ကို  ရွေးချယ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုမေးပါ။သည်အကျင့်က ကိုယ်လိုချင်တဲ့ ခံစားချက်နဲ့  ဦးတည်ချက်လွဲပြီး  အရောင်ရွေးချယ်မှုမမှားရအောင်ကူညီပေးနိုင်ပါတယ်။

 

လေးရောင်ထက်  မပိုနဲ့

 

အရောင်လေးရောင်ထက်ပိုမရွေးပါနဲ့ ဆိုင်ရောက်တုန်း  မီးချောင်းအလင်းရောင်အောက်မှာ အရောင်ကွဲနမူနာတွေ အများကြီးရွေးပြီး အိမ်ယူလာခဲ့ပါ။ အရောင်တွေကို ပြန်စစ်ထုတ်ဖို့ အချိန်ကျပါပြီ။ အပြာရောင်ခုနှစ်မျိုးကို အိမ်ယူလာခဲ့တယ်ဆိုပါစို့။ နမူနာပြားတွေအားလုံး ချထားပြီး နှိုင်းယှဉ်ကြည့်ပါ။တစ်ရောင်နဲ့ တစ်ရောင်ကြား အနည်းငယ်ကွဲပြားမှုရှိနေတာကို သတိပြုမိလာပါလိမ့်မယ်။တချို့အပြာရောင်တွေက  အစိမ်းရောင်၊  စိမ်းပြာရောင်ဘက်ကို  ရောက်ပါတယ်။ တချို့က ဂျင်းပြာရောင်ပါ။ တချို့ကတော့ ကိုယ်လုံးဝမကြိုက်တဲ့ တောက်ပတဲ့ အရောင်မျိုး  ဖြစ်နေပါလိမ့်မယ်။နောက်ဆုံးလေး ရောင်လောက်ပဲကျန်တဲ့အထိ   မကြိုက်တဲ့ အရောင်တွေကို  ဖယ်ထုတ်ပစ်ပါ။အရောင်ကွဲလေးမျိုးလောက်ပဲ  ကျန်ပါစေ။ဆေးသုတ်မယ့်နံရံမှာ အရောင်ပြားလေးတွေကို  ကပ်ကြည့်ပါ။  ဒါမှမဟုတ်လည်း စက္ကူတစ်ခုပေါ် တင်ကြည့်ပါ။  နံရံပေါ်မှာဖြစ်ဖြစ် စက္ကူပေါ်မှာဖြစ်ဖြစ်  နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အရောင်ဖျော့တဲ့ နောက်ခံကြောင့်  ဆေးရောင်နမူနာပြားလေးတွေက  ပိုပြီးအရောင်ရင့်လာတတ်သလို  ပိုပြီးလည်း အရောင်ဖျော့သွားတတ်ပါတယ်။

 

သည်လိုနှိုင်းယှဉ်ပြီးရင်တော့  ဘယ်အရောင်နဲ့  လိုက်ဖက်မယ်ဆိုတာ ရွေးချယ်နိုင်သွားပါပြီ။ ဒါတောင်မှလုံးဝစိတ်တိုင်း မကျဘူးဖြစ်နေသေးတယ်ဆိုရင်အရောင်ပြားတစ်ခုချင်းစီကို တစ်ခုချင်း ပြန်ကြည့်ပါ။

 

စမ်းသုတ်ကြည့်ပါ

 

နောက်ဆုံးလေးရောင်ကို ရွေးချယ်ပြီးပြီဆိုရင်  စမ်းသပ်ဖို့အချိန်ရောက်ပါပြီ။နမူနာအပြားတွေကို နံရံမှာ ကပ်ကြည့်တာထက်  တကယ်သုတ်ကြည့်တာ ပိုကောင်းပါတယ်။ဒါက ပိုပြီးထိရောက်မှု ရှိပါတယ်။  နံရံရဲ့တစ်စတုရန်းပေနေရာ လေးနေရာမှာ ဆေးအရောင်လေးမျိုးကို သုတ်ကြည့်ပါ။အောက်ခံအရောင်ပေါ်မှာ ပေါ်လာတဲ့အရောင်ချင်း ကွာသွားပါလိမ့်မယ်။  သုံးပေနေရာ  အရွယ်အစားလောက်ဆိုရင် ပိုသိသာသွားပါလိမ့်မယ်။အရောင်တွေကို  ရွေးထုတ်ရဦးမှာဖြစ်လို့  အရောင်နမူနာပြားတွေကိုလည်း  နံရံပေါ်မှာ ထားဖို့လိုအပ်ပါသေးတယ်။  အဲဒါမှ  မျက်စိထဲမပေါ်သေးဘူးဆိုရင်တော့  တစ်ခုနဲ့တစ်ခုနည်းနည်း ခွဲထားပေးပါ။  ဆေးအရောင်  နမူနာပြားကို   ဝယ်ယူတဲ့ အခါ  နောက်ဆုံးအဆင့်အထိ    အရောင် တင်ထားတဲ့  အပြားကိုဝယ်ယူဖို့   အရေးကြီး ပါတယ်။ဆိုင်အများစုက  ရောင်းတဲ့ ဆေး ရောင်  နမူနာပြားတွေက   နောက်ဆုံး အဆင့်အထိ အရောင်တင်မထားပါဘူး။ မှန်ကန်တဲ့  ရွေးချယ်မှုပြုလုပ်နိုင်ဖို့၊ အရည်အ သွေးကောင်းမွန်တဲ့ နမူနာပြားကို ဝယ်ယူဖို့လိုအပ်ပါလိမ့်မယ်။  တစ်နေ့တာရဲ့  အချိန်အမျိုးမျိုးမှာ နမူနာပြားတွေကို သတိ ထားကြည့်ပါ။ အရောင်တွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာ အလင်းရောင်အမျိုးမျိုးမှာ ထားကြည့်ပါ။ရက်အနည်းငယ်လောက်သည်အရောင်တွေနဲ့ နေကြည့်ပါ။  နောက်ဆုံးအဆင့်တစ်ခုတည်းကို   ရွေးချယ်ပြီးသွားပြီဆိုရင်တော့ ဆေးသုတ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။    

 

Ref & Photo Credit : Kumudra

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ