Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ

Updated 23rd Dec 2020

Written by

Sint Sint, Shweproperty

 သင့် အိမ်မှာ ခြင်ဆေးခွေနှင့်ပရုတ်လုံးတွေံ အသုံးပြုနေပါက ဒီစာစုလေးကို မဖြစ်မနေ သိထားသင့်ပါတယ်။ကမ္ဘာ့လူသုံးကုန်ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက်အရ နှစ်စဉ် အမေရိကန်လူမျိူး ၃၃.၁မီလ်ီယန်လောက်ဟာ အိမ်သုံးပစည်း များကြောင့် ကျန်းမာရေးထိခိုက်ခြင်းကို ခံစားနေရတယ်လို့ ဆိုပါတယ်။ထိုသို့ဖြစ်ရခြင်းဟာ အိမ်သုံးပစ္စည်းများတွင်ပါဝင်သော ဓာတုပစည်း များကြောင့်လို့ သိပံပညာရှင်များက ယုံကြည်ကြပါတယ်။


(၁)ခြင်ဆေးခွေ


မြန်မာနိုင်ငံံလို ခြင်ပေါတဲ့ နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ် အရေးပါပါတယ်။ အထူးသဖြင့် နယ်ဘက်လိုနေရာ မျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါး အသုံးပြုကြပါတယ်။ခြင်ပြေးစေတာမို့ ခြင်နှင့်ပတ်သက်သောကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ်ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်များအရ ခြင်ဆေးတစ်ခွေကနေလာသော မီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ၇၅လိပ်ကနေ၁၃၇လိပ်ကနေ ထွက်လာသောမီးခိုးငွေ့တွေနဲ့ ညီမျှတယ်ဆိုတာသိရပါတယ်။အဆုတ်နဲ့ပတ်သက်သော ရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်း လုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။

(၂)လေသန့်ဆေးများ (air fresheners)


လေသန့်ဆေးဗူးတွေမှာဆိုရင် terpenesနှင့် ethylene ကိုအခြေခံထားသော glycol ether ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ပထမဒြပ်ပေါင်းဟာ လေနှင့်ထိတွေ့တာနှင့် တပြိုင်တည်း အဆိပ်ငွေ့များအဖြစ်ပြောင်းလဲသွားပြီးဒုတိယဒြပ်ပေါင်းကတော့ သူ့ပင်ကိုသဘာဝကိုကပင် အဆိပ်အတောက်များ ပါရှိပါတယ်။ဒါကြောင့် လေသန့်ဆေးဗူးတွေကို မဖြစ်မနေအသုံးပြုမယ်ဆိုပါက လေဝင်လေထွက် ကောင်းသောနေရာမျိူးနှင့် အခန်းကျယ်များတွင်သာ အသုံးပြုသင့်တယ်နော်။





(၃)ပရုတ်လုံး


ပရုတ်လုံးတွင်ပါသော paradichlorobenzene ဆိုတဲ့ဒြပ်ပေါင်းဟာ တိရစ္ဆာန်များကို ကင်ဆာဖြစ်စေနိုင်ပါတယ်။လူတွေကိုတော့ ထိုသို့ကင်ဆာ ဖြစ်နိုင်စွမ်းရှိမရှိ သက်သေမပြနိုင်သေးသော်လည်း သတိထားသင့်သောအရာ ဖြစ်ပါတယ်။အချိူ့ပရုတ်လုံးများတွင်ပါဝင်သော naphthalene ဟာ လူတွေရဲ့ သွေးနီဥတွေကို ပျက်စီးစေတာမို့ မွေးရာပါ G6PD ချိူ့တဲ့သော ကလေးငယ်တွေအနေနဲ့ အထူးရှောင်ရှားရပါတယ်။


(၄)အမွေးတိုင်


ခြင်ဆေးခွေများမှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့အငွေ့တွေ့မှာ ကျန်းမာရေးကို ဆိုးကျိူးဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများ ပါဝင်တာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်နှင့်အ ဆုတ်ရောဂါကနေကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။





(၅)ကြိတ်သား


ယခုအခါ ကြိတ်သားဖြင့်ပြုလုပ်သော ပရိဘောဂများကို အိမ်တိုင်းနီးပါးမှာ အသုံးပြုလာကြတာတွေ့ရပါတယ်။အမြင်အားဖြင့် လှပသလို ဈေးနှုန်းကလည်း ချိူသာတာမို့ လူအသုံးများလှပါတယ်။ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပါက အန္တရယ်ရှိတာကို တွေ့ရှိရပါတယ်။ ကြိတ်သားဖြစ်လာဖို့အတွက် အသုံးပြုရသော ကော်အမျိူးအစားမှာ urea formaldehyde ပါဝင်ပြီး ထိုကနေတဆင့် သင့်အခန်းအတွင်းသို့ အန္တရယ်ရှိသော formaldehyde များကို ထုတ်လွတ်ပေးမှာ ဖြစ်ပါတယ်။သင့်အခန်းဟာ ပူနွေးစိုစွတ်လေလေ ဖော်မယ်ဒီဟိုက်များကိုပိုမိုထုတ်လေလေဖြစ်စေမှာပါ။ကြာရှည်ထိတွေ့ရတာနဲ့တပြိုင်နက် ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာစသော အဆုတ်ပြဿနာများကို ဖြစ်ပေါ်စေမှာမို့ သတိထားသင့်တယ်နော်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ


သန့်ရှင်းရေးပုံမှန်မလုပ်ရင် သင့်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေမယ့် အိမ်သုံးပစ္စည်းများ


ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ


အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ


အိမ်မှာ မှန်တွေနဲ့ ကောင်းတဲ့ စွမ်းအားတွေကို ရရှိအောင်ဘယ်လိုလုပ်ကြမလဲ


Credit : Pataythar
Photo Credit : Amawpyay
Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ