Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

သန့်ရှင်းရေးပုံမှန်မလုပ်ရင် သင့်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေမယ့် အိမ်သုံးပစ္စည်းများ

Updated 23rd Dec 2020

Written by

Sint Sint, Shweproperty

အသန့်အပြန့်ကြိုက်သူတွေအတွက်တော့ အိမ်သန့်ရှင်းရေးလုပ်တာကို အလုပ်ပိုတစ်ခုလို့တော့ မမြင်တက်ကြပါဘူး။ ပုံမှန်လုပ်နေကျ အလုပ်တစ်ခုဖြစ်လို့ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေပါဘူး။ အရမ်းအလုပ်များတဲ့သူတွေကျတော့ အိမ်သန့်ရှင်းရေးကို ထင်သလောက်မလုပ်နိုင်ကြပါဘူး။ ဖြစ်သလိုနေတာမျိုးတော့ မဟုတ်ပေမယ့် အိမ်ကို ပစ်ထားသလိုမျိုးတော့ ဖြစ်တာပေါ့။ ဒါပေမယ့် သူတို့ကလည်း အသန့်မကြိုက်တာတော့ မဟုတ်ပါဘူး။ 


လူတွေကို ကျန်းမာရေးကို မသိမသာထိခိုက်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုအပြောင်းအလဲ၊ အစားအသောက်နဲ့ ရောဂါပိုးမွှားတွေကြောင့်လည်း ပါပါတယ်။ အိမ်ထဲမှာလည်း မိမိတို့ အသုံးပြုနေတဲ့ ပစ္စည်းတွေကနေ ကိုယ်တိုင်သတိမထားမိတဲ့ အရာတွေကြောင့်လည်း ကျန်းမာရေးထိခိုက်တာဖြစ်တက်တယ်ဆိုတာဖော်ပြပေးလိုက်ပါတယ်။ပုံမှန်သန့်ရှင်းရေးမလုပ်မိတဲ့အခါ သင့်ကျန်းမာရေးထိခိုက်စေတဲ့ အိမ် သုံးပစ္စည်းတွေကတော့ ....


အိပ်ရာခင်း


တနေကုန်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်အောင်ညတိုင်းအိပ်စက်ကြပေမယ့် အိပ်ရာခင်းတွေကိုတော့ ပုံမှန်လဲပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အိပ်ရာခင်းတွေပေါ်မှာ ခန္ဓာကိုယ်ပေါ်က ဆဲလ်သေအရေအတွက်တစ်ပတ်ကို တအောင်စခွဲလောက် ရှိနေတတ်ပါတယ်။ ဆဲလ်အသေတွေက မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့အစာဖြစ်လာပြီး ပေါက်ဖွားလာတာပါ။ ဒီပိုးမွှားတွေကြောင့် အရေပြားဓာတ်မတည့်တာ၊ နီရဲယားယံတာတွေ ဖြစ်နိုင်ပါတယ်။


 လေစုပ်စက်


လေစုပ်စက်ဆိုတာ အိမ်ထဲကအမှိုက်တွေကို သန့်စင်ပေးတာဆိုပေမယ့်လည်း သူ့ကြောင့် နာမကျန်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေရှိပါတယ်။ ကျန်းမာရေးစာစောင်တွေမှာ ဖော်ပြချက်အရ လေစုပ်စက်တွေဟာလေထဲကို အမှုန်တွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပြန်ထုတ်လွှတ်ပါတယ်။ ဒါကြောင့်လည်း ဓာတ်မတည့်တာမျိုး၊ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်စေတာပါ။ လေစုပ်စက်အသစ်တွေထက် အဟောင်းတွေမှာ လေစစ်မကောင်းတော့တဲ့ အခါ လူကိုဒုက္ခပေးတဲ့ပိုးမွှားတွေ ပိုးထွက်စေသလို အိမ်အနီးအနားဝန်းကျင်မှာ စက်ရုံ၊ အလုပ်ရုံတွေရှိတာကလည်း လေထုညစ်ညမ်းတာမျိုးရှိရင် ပိုဆိုးပါတယ်။


 တိရစ္ဆာန်အမွှေး


များသောအားဖြင့် တရိစ္ဆာန်ချစ်သူတွေဟာသူတို့ရဲ့အကောင်လေးတွေကို အိမ်ပေါ်မှာ သူတို့နဲ့တူတူလက်ပွန်းတတီး ထားတတ်ကြပါတယ်။ တချို့ဆို အိပ်ရာတူတူအိပ်တာမျိုးတွေတောင်ရှိပါတယ်။ သူတို့လေးတွေကို သန့်ရှင်း အောင်ထားပေမယ့် အမွှေးတွေကြောင့် ဓာတ်မတည့်သူတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။  အမေရိကန်အဆုတ်အဖွဲ့အစည်းကြီးရဲ့ ထုတ်ပြန်ချက်အရ အိမ်မွှေးတိရစ္ဆာန်တွေရဲ့ အမွှေးတွေကို ပရိဘောဂ၊ အင်္ကျီတွေနဲ့ ကောဇောတွေမှာပိုကပ်ငြိတတ်ကြတာမို့ သန့်ရှင်းရေးလုပ်တဲ့အခါ ဒီနေရာတွေကို အဓိကထားလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။


 အိမ်သန့်ရှင်းရေးပစ္စည်း


အိမ်သန့်ရှင်းရေးလုပ်တဲ့ဆေးရည်တော်တော်များများမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်လို့ သတိပြုသုံးစွဲသင့်ပါတယ်။ တချို့အစွန်းချွတ်ဆေးတွေမှာဆိုရင် ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogens ပါဝင်လို့ ဒီလိုဓာတုပစ္စည်းတွေအစား သဘာဝပစ္စည်းတွေဖြစ်တဲ့ သံပုရာ၊ ဟင်းချက်ဆီ၊ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါ တွေကို အစားထိုးသုံးစွဲကြည့်သင့်ပါတယ်။


 မှို


အိမ်ထဲက အလင်းရောင်အားနည်းပြီး ရေငွေ့ပြန်တတ်တဲ့နေရာတွေမှာ မှိုတွေပေါက်ဖွားတတ်ပါတယ်။ အထူးသဖြင့် တံခါးဘောင်ဘေးကြား၊ ရေချိုခန်းနဲ့ စတိုခန်းတွေဟာ ပေါက်ဖွားလွယ်တဲ့နေရာတွေပါ။ မမြင်ရတဲ့မှိုအဆိပ် တွေကြောင့် မကြာခဏ နှာစေးတာ၊ ခေါင်းကိုက်ခြင်းနဲ့ တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားစေပါတယ်။ ဒါကြောင့် မှိုပေါက်ဖွားလွယ်တဲ့ အတွင်းပိုင်းနေရာတွေကို ဆပ်ပြာမှုန့်နဲ့သေချာသန့်စင်ပေးဖို့လို ပါတယ်။




ခြေသုတ်ခုံ


နောက်ထပ်ကျန်းမာရေးထိခိုက်စေတဲ့ အိမ်သုံးပစ္စည်းက ခြေသုတ်ခုံပါ။ ခြေသုတ်ခုံတွေကို တံခါးပေါက်ဝ၊ မီဖိုးချောင်နဲ့ ရေချိုးခန်းရှေ့တွေမှာ ထားတတ်ကြပေမယ့် ပုံမှန်သန့်စင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အထူးသဖြင့် ရေချိုးခန့်ရှေ့ခြေသုတ်ခုံမှာ ရေတွေ၊ ဖုန်မှုန့်တွေကြောင့် မှိုတွေပေါက်ဖွားလာပြီး လူကိုဒုက္ခပေးနိုင်လို့ မကြာခဏရေနွေးပူနဲ့ တိုက်ချွတ်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်သလိုမျိုးပဲ အိမ်ထဲကပစ္စည်းတွေကိုလည်း သန့်ရှင်းရေး လုပ်ရမှာပါ။ သန့်ရှင်းရေးကို အသေးစိပ်မလုပ်နိုင်ရင်တော့ ဖှုန်မှုန့်လေးတွေပြောင်အောင်တော့ တိုက်ပေးရပါမယ်။ အကောင်းဆုံးကတော့ တောက်ပြောင်သန့်ရှင်းနေတာကတော့ စိတ်လည်းချမ်းသာသလို ကိုယ်လည်းကျန်းမာစေပါတယ်။ အဲတော့  သတိပြုရမယ့်အချက်လေးတွေမှတ်ထားပါဦးနော်။ အဲဒါက ဘာတွေလဲဆိုတော့ 


(၁) တံခါးလက်ကိုင်များ


တံခါးလက်ကိုင်တွေက နေ့စဉ်ကိုင်တွယ်အသုံးပြုရတဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ကနေတဆင့် ရောဂါပိုးမွှားတွေဟာ တံခါးလက်ကိုင်တွေမှာ ကပ်ကျန်နေခဲ့ပြီး တခြားမိသားစုဝင်တွေကိုပါ ရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် အပြင်သွားပြီးပြန်လာတဲ့အခါတိုင်းမှာ တံခါးလက်ကိုင်တွေကို ပိုးသတ်ဆေးရည်ဖြန်းပေးရပါမယ်။


(၂) အဲယားကွန်း


အဲယားကွန်းမှထွက်လာတဲ့ လေထုကနေ တစ်ဆင့်မမြင်နိုင်တဲ့ ဖုန် အညစ်အကြေား ရောဂါပိုးတွေပါလာပြီး အသက်ရှုလမ်းကြောင်းထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့အိမ်မှာအသုံးပြုနေတဲ့ အဲယားကွန်းတွေကို servicing သမားခေါ်ပြီး ဆေးကြောသန့်စင်တာမျိုးတွေလုပ်ပေးဖို့လိုပါတယ်။ servicing မလုပ်ဖြစ်ရင်တောင် အနည်းဆုံး ၁လ တစ်ခါလောက်အဲယားကွန်း အတွင်းက air filer လေးတွေ ထုတ်ပြီးဆေးကြော သန့်စင်ပေးမယ်ဆိုရင် ဖုန်မှုန်အညစ်အကြေးနဲ့ ပိုးမွှားကင်းစင်ပြီး အအေးဓာတ်လည်းပိုရစေပါတယ်။


(၃) အိပ်ယာ


အများစုကတော့ အိပ်ယာတွေကို သန့်ရှင်းရေးလုပ်ဖို့မေ့နေတက်ကြပါတယ်။ စာဖတ်သူတို့ရော အိပ်ယာကိုပုံမှန် သန့်ရှင်းရေးလုပ်ဖြစ်ကြလား။ တကယ်တော့ အိပ်ယာတွေမှာ ဖုန်တွေ အညစ်အကြေးတွေနဲ့ အနံ့အသက်ဆိုးတွေအများကြီး ကပ်ညှိတွယ်နေနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပုံမှန်သန့်ရှင်းမှုမရှိဘူးဆိုရင် အရေပြားဆိုင်ရာပြဿနာများ မျက်နှာပေါ်မှာဝက်ခြံနှင့်အမဲစက်များထွက်ခြင်း ခန္ဓာကိုယ်ချွေးနံ့ဆိုးတွေ ထွက်စေခြင်းစတဲ့အရာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် အိပ်ယာခင်း ခေါင်းအုံးစွတ် ဖက်လုံးစွတ်တွေကို ၁ ပတ်တစ်ခါလောက်လျော်ပြီး နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရတဲ့နေရာများထုတ်လှန်းသင့်ပါတယ်။


(၄) မီးဖိုချောင်


နေ့စဉ်အစားအသောက်ချက်ပြုတ်ရာမှာ အသုံးပြုနေရတဲ့ မီးဖိုချောင်တစ်ခုရဲ့ သန့်ရှင်းရေးကလည်း မဖြစ်မနေထည့်စဉ်းစားဖို့လိုပါတယ်။ မီးဖိုချောင်ကို ပုံမှန်သန့်ရှင်းရေးပြုလုပ်မှုမရှိရင် ဘက်တီးရီးယားပိုးမွှားတွေပေါက်ဖွားရာ နေရာကြီးတစ်ခုဖြစ်လာပြီး နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကလည်းသန့်ရှင်းမှုမရှိတော့ပဲ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်မဖြစ်မနေသန့်ရှင်းရေးလုပ်သင့်တဲ့နေရာထဲမှာ မီးဖိုချောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကလည်း မပါမဖြစ်ပါပဲ။


(၅) ရေချိုးခန်းနှင့် အိမ်သာ


ရေချိုးခန်းနှင့် အိမ်သာတွေဟာ စိုထိုင်းမှုအားကောင်းတာကြောင့် ဘက်တီးရီးယာပိုးမွှားတွေပေါက်ဖွားဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်သလို ခြင်တွေလည်း ပေါက်ဖွားနိုင်ပါတယ်။ရေချိုးခန်းနဲ့ အိမ်သာတွေမှာ သန့်ရှင်းမှုမရှိရင် အနံ့အသက်ဆိုးတွေလည်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ ရေချိုးခန်း အိမ်သာတွေကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။အရေးကြီးဆုံးကတော့ သင်အိပ်စက်မယ့် အိမ်ယာ သင့်ရဲ့ နားခိုရာနေရာလေးပေါ့။ သင့်အိပ်ခန်း၊ အိပ်ရာနဲ့ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်လေးတွေကိုလည်းပြောပြပေးလိုက်ပါတယ်နော်။ 


(၁) အိပ်ခန်းဆိုတာ အိပ်စက်အနားယူဖို့ပဲဖြစ်သင့်ပါတယ်။


အိပ်ခန်းထဲမှာ တခြားအလုပ်နဲ့ ပတ်သက်တာတွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေ မထားတာ အကောင်းဆုံးပါ။ အဝတ်ဗီရိုနဲ့ အဝတ်စင်တွေ ထားတယ်ဆိုရင်တောင် အိပ်ယာနား ကပ်မထားပါနဲ့ နေရာကျဉ်းတယ်ဆိုရင်တောင် အိပ်ယာပေါ်မှာ အဝတ်တွေပုံထားတာမျိုး မလုပ်ဖို့လိုအပ်ပါတယ်။




(၂) သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ။


အိပ်ယာက ထလာတာနဲ့ စောင်နဲ့ တခြားအသုံးအဆောင်တွေကို ခေါက်သိမ်းပါ။ အိပ်ယာပေါ်မှာ သန့်ရှင်းနေအောင်ထားပါ။ ပြီးတော့ အိပ်ခန်းသန့်ရှင်းရေးကို တစ်ပတ်တစ်ခါတော့ လုပ်ပေးပါ။


(၃) အိပ်ယာပေါ်မှာ ပစ္စည်းတွေ ရှုပ်ဖွမထားပါနဲ့!


တတ်နိုင်ရင် အိပ်ယာပေါ်မှာ ပစ္စည်းတွေ အစုံရောက်နေတာ မကောင်းပါဘူး။ နေရာကျဉ်းရင်ပိုတောင်မထားသင့်ပါဘူး။ အလုပ်နဲ့ပတ်သက်တာတွေ၊ ကျောင်းစာအုပ်တွေ၊ လွယ်အိတ် စတာတွေကို သူ့နေရာနဲ့သူ ပြန်ထားဖြစ်အောင်ထားပါ။


(၄) အိပ်ခန်းထဲကမှန်


အိပ်ခန်းထဲမှာ မှန်ထားမယ်ဆိုရင် မှန်ထဲကို ကြည့်လိုက်ရင် အိပ်ယာမပေါ်တဲ့နေရာမှာ ထားရမှာပါ။ မဟုတ်ရင် သင်အိပ်ပျော်နေချိန်မှန်ထဲမှာ သင့်ပုံရိပ် ပေါ်နေပြီး အဲ့ဒီအချိန်မက်တဲ့ အိပ်မက်တွေက တကယ်ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။ အိပ်မက်ဆိုးတွေ မက်ခဲ့ရင် ဒုက္ခပဲလေ။


(၅) အိပ်ခန်းမီးမှိန်မှိန်လေးထွန်းပါ။


အိပ်တဲ့အချိန်မှာ မီးလင်းနေတာက မကောင်းသလို၊ အလင်းရောင်မရှိဘဲ လုံးဝမှောင်နေတာကလည်း မကောင်းပါဘူး။ ဒါကြောင့် အိပ်တဲ့အချိန်မှာ အလင်းရောင်ရရုံ မီးမှိန်မှိန်လေးကို ထွန်းထားသင့်ပါတယ်နော်။


(၆) အိပ်ခန်းနဲ့ အိပ်ယာနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေရဲ့အရောင်”


အနီရောင်၊ ခရမ်းရောင် စတဲ့အရောင်ရင့်ရင့်တောက်တောက်တွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတာကြောင့်အိပ်ခန်းနဲ့ အိပ်ယာအသုံးအဆောင်တွေမှာ မသုံးသင့်ပါဘူး။ အဝါရောင်နုနု၊ အပြာနု ၊ ထုံးခြောက်ရောင် စတာတွေက နွေးထွေးမှုကိုဖြစ်စေပြီး အိပ်စက်ခြင်းအတွက်အကူအညီဖြစ်စေလို့ အဲ့ဒီအရောင်တွေကိုသုံးတာ သင့်တော်ပါတယ်။


(၇) အိပ်ယာအထားအသိုရွှေ့ပြောင်းပေးပါ။


အိပ်ယာကို တစ်နှစ်ပတ်လုံး တစ်နေရာထဲမှာထားတာမျိုးထက် ခြောက်လလောက်မှာ တစ်ခါ အရွှေ့အပြောင်းလုပ်ပေးတာ ပိုကောင်းပါတယ်။ အဲ့ဒီလို အိပ်ယာကို နေရာရွှေ့လိုက်တဲ့အခါ အိပ်ခန်းကိုပါ သန့်ရှင်းရေးလုပ်ပြီးသားဖြစ်သွားပြီး နေရာအသစ်ကို ရောက်လာသလို ခံစားရတာကြောင့် သင့်ရဲ့ငြီးငွေ့နေတဲ့ ခံစားချက်တွေကိုလည်း ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။


အဓိကတော့ အိပ်ယာလေးပါပဲ။ တစ်နေကုန် နွမ်းနယ်လာတဲ့ စိတ်ကို ဒီတစ်နေရာတည်းမှာပဲ ဖြေဖျောက်ရတာပါ။ သက်တောင့်သက်တာရှိဖို့က အရေးကြီးဆုံးပါပဲ။ အိပ်ယာအသုံးအဆောင်တွေဖြစ်တဲ့ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ စောင်နဲ့ အိပ်ယာခင်းတွေကို သန့်ရှင်းရေးလုပ်ပြီး လျှော်ဖွတ်ဖို့မေ့နေတတ်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အနည်းဆုံးတော့ တစ်ပတ်တစ်ခါလောက်လျှော်ပေးသင့်ပါတယ်။ ဖုန်တွေကိုတော့ တစ်နေ့တစ်ခါရှင်းပေးရမှာပါ။ 





ကိုယ့်ရဲ့ခန္ဓာကိုယ်ကထွက်လာတဲ့ အညစ်အကြေးတွေဖြစ်တဲ့ ချွေး၊ အဆီ၊ မိတ်ကပ် နဲ့ တစ်ခါတစ်ရံ သွားရည်တွေပါ ပေကျံလူးနေတက်ပါတယ်။ ဒီလိုအညစ်အကြေးတွေ စိမ့်ဝင်နေတဲ့ အိပ်ယာကိုပုံမှန်သန့်ရှင်း မလုပ်ပေးဖူးဆိုရင် အသားအရေ ယားယံတာ၊ အသက်ရှုလမ်းကြောင်း ပြသနာနဲ့၊ မှိုစွဲတဲ့ ပြသနာတွေကြောင့် နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ အဓိကပြောချင်တာကတော့ အိပ်ယာနဲ့ပတ်သက်ရင် မှိုရောဂါက အဆိုးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးပါပဲ။ ကျန်းမာရေးထိခိုက်စေရုံမျှမက ရောဂါဖြစ်နေမှန်း မသိဘဲ အသက်သေဆုံးတဲ့အထိ ဖြစ်တက်လို့ပါ။ကိုယ့်ရဲ့အနီးအနား ပတ်ဝန်းကျင်မှာ အမှုန်အမွှားပေါင်း များစွာရှိပြီးအဲဒါတွေကြောင့် နှာစေးတာ၊ မျက်လုံးယားယံတာ၊ နှာချေတာနဲ့ အခြားမအီမသာဖြစ်တာတွေကြောင့်  ဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ အရေပြားယားယံတာတွေဖြစ်တာကြောင့်ပါပဲ။ အင်မတန်ဆိုးတဲ့ အရာတစ်ခုလို့ပြောလို့ရပါတယ်။ဖုန်တွေကို ရှင်းတော့မယ်ဆိုရင် ဖုန်းစုပ်စက်နဲ့ စုပ်ပါ၊ ဆံချည်မျှင်တွေအားလုံး ၊ဖုန်တွေ သဲတွေလည်း သန့်ရှင်းသွားပါလိမ့်မယ်။ 


Zawgyi

အသန႔္အျပန႔္ႀကိဳက္သူေတြအတြက္ေတာ့ အိမ္သန႔္ရွင္းေရးလုပ္တာကို အလုပ္ပိုတစ္ခုလို႔ေတာ့ မျမင္တက္ၾကပါဘူး။ ပုံမွန္လုပ္ေနက် အလုပ္တစ္ခုျဖစ္လို႔ သူတို႔အတြက္ ဝန္ထုပ္ဝန္ပိုးလည္း မျဖစ္ေစပါဘူး။ အရမ္းအလုပ္မ်ားတဲ့သူေတြက်ေတာ့ အိမ္သန႔္ရွင္းေရးကို ထင္သေလာက္မလုပ္ႏိုင္ၾကပါဘူး။ ျဖစ္သလိုေနတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ အိမ္ကို ပစ္ထားသလိုမ်ိဳးေတာ့ ျဖစ္တာေပါ့။ ဒါေပမယ့္ သူတို႔ကလည္း အသန႔္မႀကိဳက္တာေတာ့ မဟုတ္ပါဘူး။ 


လူေတြကို က်န္းမာေရးကို မသိမသာထိခိုက္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ ပတ္ဝန္းက်င္ညစ္ညမ္းမႈ၊ ရာသီဥတုအေျပာင္းအလဲ၊ အစားအေသာက္နဲ႔ ေရာဂါပိုးမႊားေတြေၾကာင့္လည္း ပါပါတယ္။ အိမ္ထဲမွာလည္း မိမိတို႔ အသုံးျပဳေနတဲ့ ပစၥည္းေတြကေန ကိုယ္တိုင္သတိမထားမိတဲ့ အရာေတြေၾကာင့္လည္း က်န္းမာေရးထိခိုက္တာျဖစ္တက္တယ္ဆိုတာေဖာ္ျပေပးလိုက္ပါတယ္။ပုံမွန္သန႔္ရွင္းေရးမလုပ္မိတဲ့အခါ သင့္က်န္းမာေရးထိခိုက္ေစတဲ့ အိမ္ သုံးပစၥည္းေတြကေတာ့ ....


အိပ္ရာခင္း


တေနကုန္ပန္းႏြမ္းနယ္မႈေတြ ေျပေပ်ာက္ေအာင္ညတိုင္းအိပ္စက္ၾကေပမယ့္ အိပ္ရာခင္းေတြကိုေတာ့ ပုံမွန္လဲေပးဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အိပ္ရာခင္းေတြေပၚမွာ ခႏၶာကိုယ္ေပၚက ဆဲလ္ေသအေရအတြက္တစ္ပတ္ကို တေအာင္စခြဲေလာက္ ရွိေနတတ္ပါတယ္။ ဆဲလ္အေသေတြက မ်က္စိနဲ႔မျမင္ႏိုင္တဲ့ ပိုးမႊားေတြရဲ႕အစာျဖစ္လာၿပီး ေပါက္ဖြားလာတာပါ။ ဒီပိုးမႊားေတြေၾကာင့္ အေရျပားဓာတ္မတည့္တာ၊ နီရဲယားယံတာေတြ ျဖစ္ႏိုင္ပါတယ္။


 ေလစုပ္စက္


ေလစုပ္စက္ဆိုတာ အိမ္ထဲကအမႈိက္ေတြကို သန႔္စင္ေပးတာဆိုေပမယ့္လည္း သူ႔ေၾကာင့္ နာမက်န္းျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြရွိပါတယ္။ က်န္းမာေရးစာေစာင္ေတြမွာ ေဖာ္ျပခ်က္အရ ေလစုပ္စက္ေတြဟာေလထဲကို အမႈန္ေတြနဲ႔ ဘက္တီးရီးယားပိုးမႊားေတြ ျပန္ထုတ္လႊတ္ပါတယ္။ ဒါေၾကာင့္လည္း ဓာတ္မတည့္တာမ်ိဳး၊ ႏွာေစး ေခ်ာင္းဆိုးတာမ်ိဳး ျဖစ္ေစတာပါ။ ေလစုပ္စက္အသစ္ေတြထက္ အေဟာင္းေတြမွာ ေလစစ္မေကာင္းေတာ့တဲ့ အခါ လူကိုဒုကၡေပးတဲ့ပိုးမႊားေတြ ပိုးထြက္ေစသလို အိမ္အနီးအနားဝန္းက်င္မွာ စက္႐ုံ၊ အလုပ္႐ုံေတြရွိတာကလည္း ေလထုညစ္ညမ္းတာမ်ိဳးရွိရင္ ပိုဆိုးပါတယ္။


 တိရစာၦန္အေမႊး


မ်ားေသာအားျဖင့္ တရိစာၦန္ခ်စ္သူေတြဟာသူတို႔ရဲ႕အေကာင္ေလးေတြကို အိမ္ေပၚမွာ သူတို႔နဲ႔တူတူလက္ပြန္းတတီး ထားတတ္ၾကပါတယ္။ တခ်ိဳ႕ဆို အိပ္ရာတူတူအိပ္တာမ်ိဳးေတြေတာင္ရွိပါတယ္။ သူတို႔ေလးေတြကို သန႔္ရွင္း ေအာင္ထားေပမယ့္ အေမႊးေတြေၾကာင့္ ဓာတ္မတည့္သူေတြမွာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ ျဖစ္ႏိုင္ပါတယ္။  အေမရိကန္အဆုတ္အဖြဲ႕အစည္းႀကီးရဲ႕ ထုတ္ျပန္ခ်က္အရ အိမ္ေမႊးတိရစာၦန္ေတြရဲ႕ အေမႊးေတြကို ပရိေဘာဂ၊ အက်ႌေတြနဲ႔ ေကာေဇာေတြမွာပိုကပ္ၿငိတတ္ၾကတာမို႔ သန႔္ရွင္းေရးလုပ္တဲ့အခါ ဒီေနရာေတြကို အဓိကထားလုပ္ၾကဖို႔ တိုက္တြန္းထားပါတယ္။


 အိမ္သန႔္ရွင္းေရးပစၥည္း


အိမ္သန႔္ရွင္းေရးလုပ္တဲ့ေဆးရည္ေတာ္ေတာ္မ်ားမ်ားမွာ က်န္းမာေရးကို ထိခိုက္ေစတဲ့ ဓာတုပစၥည္းေတြပါဝင္လို႔ သတိျပဳသုံးစြဲသင့္ပါတယ္။ တခ်ိဳ႕အစြန္းခြၽတ္ေဆးေတြမွာဆိုရင္ ကင္ဆာျဖစ္ေစႏိုင္တဲ့ Carcinogens ပါဝင္လို႔ ဒီလိုဓာတုပစၥည္းေတြအစား သဘာဝပစၥည္းေတြျဖစ္တဲ့ သံပုရာ၊ ဟင္းခ်က္ဆီ၊ ရွာလကာရည္နဲ႔ မုန႔္ဖုတ္ေဆာ္ဒါ ေတြကို အစားထိုးသုံးစြဲၾကည့္သင့္ပါတယ္။


 မႈိ


အိမ္ထဲက အလင္းေရာင္အားနည္းၿပီး ေရေငြ႕ျပန္တတ္တဲ့ေနရာေတြမွာ မႈိေတြေပါက္ဖြားတတ္ပါတယ္။ အထူးသျဖင့္ တံခါးေဘာင္ေဘးၾကား၊ ေရခ်ိဳခန္းနဲ႔ စတိုခန္းေတြဟာ ေပါက္ဖြားလြယ္တဲ့ေနရာေတြပါ။ မျမင္ရတဲ့မႈိအဆိပ္ ေတြေၾကာင့္ မၾကာခဏ ႏွာေစးတာ၊ ေခါင္းကိုက္ျခင္းနဲ႔ တျခား အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ ျဖစ္ပြားေစပါတယ္။ ဒါေၾကာင့္ မႈိေပါက္ဖြားလြယ္တဲ့ အတြင္းပိုင္းေနရာေတြကို ဆပ္ျပာမႈန႔္နဲ႔ေသခ်ာသန႔္စင္ေပးဖို႔လို ပါတယ္။





ေျခသုတ္ခုံ


ေနာက္ထပ္က်န္းမာေရးထိခိုက္ေစတဲ့ အိမ္သုံးပစၥည္းက ေျခသုတ္ခုံပါ။ ေျခသုတ္ခုံေတြကို တံခါးေပါက္ဝ၊ မီဖိုးေခ်ာင္နဲ႔ ေရခ်ိဳးခန္းေရွ႕ေတြမွာ ထားတတ္ၾကေပမယ့္ ပုံမွန္သန႔္စင္ေပးဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အထူးသျဖင့္ ေရခ်ိဳးခန႔္ေရွ႕ေျခသုတ္ခုံမွာ ေရေတြ၊ ဖုန္မႈန႔္ေတြေၾကာင့္ မႈိေတြေပါက္ဖြားလာၿပီး လူကိုဒုကၡေပးႏိုင္လို႔ မၾကာခဏေရေႏြးပူနဲ႔ တိုက္ခြၽတ္ေဆးေၾကာေပးဖို႔ လိုအပ္ပါတယ္။


တစ္ကိုယ္ေရသန႔္ရွင္းေရးလုပ္သလိုမ်ိဳးပဲ အိမ္ထဲကပစၥည္းေတြကိုလည္း သန႔္ရွင္းေရး လုပ္ရမွာပါ။ သန႔္ရွင္းေရးကို အေသးစိပ္မလုပ္ႏိုင္ရင္ေတာ့ ဖႈန္မႈန႔္ေလးေတြေျပာင္ေအာင္ေတာ့ တိုက္ေပးရပါမယ္။ အေကာင္းဆုံးကေတာ့ ေတာက္ေျပာင္သန႔္ရွင္းေနတာကေတာ့ စိတ္လည္းခ်မ္းသာသလို ကိုယ္လည္းက်န္းမာေစပါတယ္။ အဲေတာ့  သတိျပဳရမယ့္အခ်က္ေလးေတြမွတ္ထားပါဦးေနာ္။ အဲဒါက ဘာေတြလဲဆိုေတာ့ 


(၁) တံခါးလက္ကိုင္မ်ား


တံခါးလက္ကိုင္ေတြက ေန႔စဥ္ကိုင္တြယ္အသုံးျပဳရတဲ့ ပစၥည္းေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ လက္ကေနတဆင့္ ေရာဂါပိုးမႊားေတြဟာ တံခါးလက္ကိုင္ေတြမွာ ကပ္က်န္ေနခဲ့ၿပီး တျခားမိသားစုဝင္ေတြကိုပါ ေရာဂါပိုးေတြကူးစက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျပင္သြားၿပီးျပန္လာတဲ့အခါတိုင္းမွာ တံခါးလက္ကိုင္ေတြကို ပိုးသတ္ေဆးရည္ျဖန္းေပးရပါမယ္။


(၂) အဲယားကြန္း


အဲယားကြန္းမွထြက္လာတဲ့ ေလထုကေန တစ္ဆင့္မျမင္ႏိုင္တဲ့ ဖုန္ အညစ္အေၾကား ေရာဂါပိုးေတြပါလာၿပီး အသက္ရႈလမ္းေၾကာင္းထဲကို ဝင္ေရာက္ႏိုင္ပါတယ္။ ဒါေၾကာင့္ စာဖတ္သူတို႔အိမ္မွာအသုံးျပဳေနတဲ့ အဲယားကြန္းေတြကို servicing သမားေခၚၿပီး ေဆးေၾကာသန႔္စင္တာမ်ိဳးေတြလုပ္ေပးဖို႔လိုပါတယ္။ servicing မလုပ္ျဖစ္ရင္ေတာင္ အနည္းဆုံး ၁လ တစ္ခါေလာက္အဲယားကြန္း အတြင္းက air filer ေလးေတြ ထုတ္ၿပီးေဆးေၾကာ သန႔္စင္ေပးမယ္ဆိုရင္ ဖုန္မႈန္အညစ္အေၾကးနဲ႔ ပိုးမႊားကင္းစင္ၿပီး အေအးဓာတ္လည္းပိုရေစပါတယ္။


(၃) အိပ္ယာ


အမ်ားစုကေတာ့ အိပ္ယာေတြကို သန႔္ရွင္းေရးလုပ္ဖို႔ေမ့ေနတက္ၾကပါတယ္။ စာဖတ္သူတို႔ေရာ အိပ္ယာကိုပုံမွန္ သန႔္ရွင္းေရးလုပ္ျဖစ္ၾကလား။ တကယ္ေတာ့ အိပ္ယာေတြမွာ ဖုန္ေတြ အညစ္အေၾကးေတြနဲ႔ အနံ႔အသက္ဆိုးေတြအမ်ားႀကီး ကပ္ညႇိတြယ္ေနႏိုင္တဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ပုံမွန္သန႔္ရွင္းမႈမရွိဘူးဆိုရင္ အေရျပားဆိုင္ရာျပႆနာမ်ား မ်က္ႏွာေပၚမွာဝက္ၿခံႏွင့္အမဲစက္မ်ားထြက္ျခင္း ခႏၶာကိုယ္ေခြၽးနံ႔ဆိုးေတြ ထြက္ေစျခင္းစတဲ့အရာေတြျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ အိပ္ယာခင္း ေခါင္းအုံးစြတ္ ဖက္လုံးစြတ္ေတြကို ၁ ပတ္တစ္ခါေလာက္ေလ်ာ္ၿပီး ေနေရာင္ျခည္နဲ႔ ေလေကာင္းေလသန႔္ရတဲ့ေနရာမ်ားထုတ္လွန္းသင့္ပါတယ္။


(၄) မီးဖိုေခ်ာင္


ေန႔စဥ္အစားအေသာက္ခ်က္ျပဳတ္ရာမွာ အသုံးျပဳေနရတဲ့ မီးဖိုေခ်ာင္တစ္ခုရဲ႕ သန႔္ရွင္းေရးကလည္း မျဖစ္မေနထည့္စဥ္းစားဖို႔လိုပါတယ္။ မီးဖိုေခ်ာင္ကို ပုံမွန္သန႔္ရွင္းေရးျပဳလုပ္မႈမရွိရင္ ဘက္တီးရီးယားပိုးမႊားေတြေပါက္ဖြားရာ ေနရာႀကီးတစ္ခုျဖစ္လာၿပီး ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြကလည္းသန႔္ရွင္းမႈမရွိေတာ့ပဲ ေရာဂါေတြျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္မျဖစ္မေနသန႔္ရွင္းေရးလုပ္သင့္တဲ့ေနရာထဲမွာ မီးဖိုေခ်ာင္နဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းေတြကလည္း မပါမျဖစ္ပါပဲ။





(၅) ေရခ်ိဳးခန္းႏွင့္ အိမ္သာ


ေရခ်ိဳးခန္းႏွင့္ အိမ္သာေတြဟာ စိုထိုင္းမႈအားေကာင္းတာေၾကာင့္ ဘက္တီးရီးယာပိုးမႊားေတြေပါက္ဖြားဖို႔အေကာင္းဆုံးေနရာတစ္ခုျဖစ္သလို ျခင္ေတြလည္း ေပါက္ဖြားႏိုင္ပါတယ္။ေရခ်ိဳးခန္းနဲ႔ အိမ္သာေတြမွာ သန႔္ရွင္းမႈမရွိရင္ အနံ႔အသက္ဆိုးေတြလည္း ထြက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ အနည္းဆုံးေတာ့ ေရခ်ိဳးခန္း အိမ္သာေတြကို တစ္ပတ္ကို တစ္ႀကိမ္ေလာက္ေတာ့ သန႔္ရွင္းေရးလုပ္ေပးသင့္ပါတယ္။အေရးႀကီးဆုံးကေတာ့ သင္အိပ္စက္မယ့္ အိမ္ယာ သင့္ရဲ႕ နားခိုရာေနရာေလးေပါ့။ သင့္အိပ္ခန္း၊ အိပ္ရာနဲ႔ပတ္သက္ၿပီး ေဆာင္ရန္ ၊ ေရွာင္ရန္ေလးေတြကိုလည္းေျပာျပေပးလိုက္ပါတယ္ေနာ္။ 


(၁) အိပ္ခန္းဆိုတာ အိပ္စက္အနားယူဖို႔ပဲျဖစ္သင့္ပါတယ္။


အိပ္ခန္းထဲမွာ တျခားအလုပ္နဲ႔ ပတ္သက္တာေတြ၊ မလိုအပ္တဲ့ ပစၥည္းေတြ မထားတာ အေကာင္းဆုံးပါ။ အဝတ္ဗီ႐ိုနဲ႔ အဝတ္စင္ေတြ ထားတယ္ဆိုရင္ေတာင္ အိပ္ယာနား ကပ္မထားပါနဲ႔ ေနရာက်ဥ္းတယ္ဆိုရင္ေတာင္ အိပ္ယာေပၚမွာ အဝတ္ေတြပုံထားတာမ်ိဳး မလုပ္ဖို႔လိုအပ္ပါတယ္။


(၂) သန႔္ရွင္းေရးပုံမွန္လုပ္ေပးပါ။


အိပ္ယာက ထလာတာနဲ႔ ေစာင္နဲ႔ တျခားအသုံးအေဆာင္ေတြကို ေခါက္သိမ္းပါ။ အိပ္ယာေပၚမွာ သန႔္ရွင္းေနေအာင္ထားပါ။ ၿပီးေတာ့ အိပ္ခန္းသန႔္ရွင္းေရးကို တစ္ပတ္တစ္ခါေတာ့ လုပ္ေပးပါ။


(၃) အိပ္ယာေပၚမွာ ပစၥည္းေတြ ရႈပ္ဖြမထားပါနဲ႔!


တတ္ႏိုင္ရင္ အိပ္ယာေပၚမွာ ပစၥည္းေတြ အစုံေရာက္ေနတာ မေကာင္းပါဘူး။ ေနရာက်ဥ္းရင္ပိုေတာင္မထားသင့္ပါဘူး။ အလုပ္နဲ႔ပတ္သက္တာေတြ၊ ေက်ာင္းစာအုပ္ေတြ၊ လြယ္အိတ္ စတာေတြကို သူ႔ေနရာနဲ႔သူ ျပန္ထားျဖစ္ေအာင္ထားပါ။


(၄) အိပ္ခန္းထဲကမွန္


အိပ္ခန္းထဲမွာ မွန္ထားမယ္ဆိုရင္ မွန္ထဲကို ၾကည့္လိုက္ရင္ အိပ္ယာမေပၚတဲ့ေနရာမွာ ထားရမွာပါ။ မဟုတ္ရင္ သင္အိပ္ေပ်ာ္ေနခ်ိန္မွန္ထဲမွာ သင့္ပုံရိပ္ ေပၚေနၿပီး အဲ့ဒီအခ်ိန္မက္တဲ့ အိပ္မက္ေတြက တကယ္ျဖစ္လာႏိုင္တယ္လို႔ ဆိုၾကပါတယ္။ အိပ္မက္ဆိုးေတြ မက္ခဲ့ရင္ ဒုကၡပဲေလ။


(၅) အိပ္ခန္းမီးမွိန္မွိန္ေလးထြန္းပါ။


အိပ္တဲ့အခ်ိန္မွာ မီးလင္းေနတာက မေကာင္းသလို၊ အလင္းေရာင္မရွိဘဲ လုံးဝေမွာင္ေနတာကလည္း မေကာင္းပါဘူး။ ဒါေၾကာင့္ အိပ္တဲ့အခ်ိန္မွာ အလင္းေရာင္ရ႐ုံ မီးမွိန္မွိန္ေလးကို ထြန္းထားသင့္ပါတယ္ေနာ္။


(၆) အိပ္ခန္းနဲ႔ အိပ္ယာနဲ႔ပတ္သက္တဲ့ အသုံးအေဆာင္ေတြရဲ႕အေရာင္”


အနီေရာင္၊ ခရမ္းေရာင္ စတဲ့အေရာင္ရင့္ရင့္ေတာက္ေတာက္ေတြက အိပ္စက္ျခင္းကို အေႏွာက္အယွက္ျဖစ္ေစတာေၾကာင့္အိပ္ခန္းနဲ႔ အိပ္ယာအသုံးအေဆာင္ေတြမွာ မသုံးသင့္ပါဘူး။ အဝါေရာင္ႏုႏု၊ အျပာႏု ၊ ထုံးေျခာက္ေရာင္ စတာေတြက ေႏြးေထြးမႈကိုျဖစ္ေစၿပီး အိပ္စက္ျခင္းအတြက္အကူအညီျဖစ္ေစလို႔ အဲ့ဒီအေရာင္ေတြကိုသုံးတာ သင့္ေတာ္ပါတယ္။


(၇) အိပ္ယာအထားအသိုေ႐ႊ႕ေျပာင္းေပးပါ။


အိပ္ယာကို တစ္ႏွစ္ပတ္လုံး တစ္ေနရာထဲမွာထားတာမ်ိဳးထက္ ေျခာက္လေလာက္မွာ တစ္ခါ အေ႐ႊ႕အေျပာင္းလုပ္ေပးတာ ပိုေကာင္းပါတယ္။ အဲ့ဒီလို အိပ္ယာကို ေနရာေ႐ႊ႕လိုက္တဲ့အခါ အိပ္ခန္းကိုပါ သန႔္ရွင္းေရးလုပ္ၿပီးသားျဖစ္သြားၿပီး ေနရာအသစ္ကို ေရာက္လာသလို ခံစားရတာေၾကာင့္ သင့္ရဲ႕ၿငီးေငြ႕ေနတဲ့ ခံစားခ်က္ေတြကိုလည္း ေျပာင္းလဲေပးႏိုင္စြမ္းရွိပါတယ္။


အဓိကေတာ့ အိပ္ယာေလးပါပဲ။ တစ္ေနကုန္ ႏြမ္းနယ္လာတဲ့ စိတ္ကို ဒီတစ္ေနရာတည္းမွာပဲ ေျဖေဖ်ာက္ရတာပါ။ သက္ေတာင့္သက္တာရွိဖို႔က အေရးႀကီးဆုံးပါပဲ။ အိပ္ယာအသုံးအေဆာင္ေတြျဖစ္တဲ့ ေခါင္းအုံးစြပ္၊ ဖက္လုံးစြပ္၊ ေစာင္နဲ႔ အိပ္ယာခင္းေတြကို သန႔္ရွင္းေရးလုပ္ၿပီး ေလွ်ာ္ဖြတ္ဖို႔ေမ့ေနတတ္တာက က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ အနည္းဆုံးေတာ့ တစ္ပတ္တစ္ခါေလာက္ေလွ်ာ္ေပးသင့္ပါတယ္။ ဖုန္ေတြကိုေတာ့ တစ္ေန႔တစ္ခါရွင္းေပးရမွာပါ။ 




 
ကိုယ့္ရဲ႕ခႏၶာကိုယ္ကထြက္လာတဲ့ အညစ္အေၾကးေတြျဖစ္တဲ့ ေခြၽး၊ အဆီ၊ မိတ္ကပ္ နဲ႔ တစ္ခါတစ္ရံ သြားရည္ေတြပါ ေပက်ံလူးေနတက္ပါတယ္။ ဒီလိုအညစ္အေၾကးေတြ စိမ့္ဝင္ေနတဲ့ အိပ္ယာကိုပုံမွန္သန႔္ရွင္း မလုပ္ေပးဖူးဆိုရင္ အသားအေရ ယားယံတာ၊ အသက္ရႈလမ္းေၾကာင္း ျပသနာနဲ႔၊ မႈိစြဲတဲ့ ျပသနာေတြေၾကာင့္ ေနထိုင္မေကာင္း ျဖစ္တတ္ပါတယ္။ အဓိကေျပာခ်င္တာကေတာ့ အိပ္ယာနဲ႔ပတ္သက္ရင္ မႈိေရာဂါက အဆိုးဆုံးနဲ႔ ေၾကာက္စရာအေကာင္းဆုံးပါပဲ။ က်န္းမာေရးထိခိုက္ေစ႐ုံမွ်မက ေရာဂါျဖစ္ေနမွန္း မသိဘဲ အသက္ေသဆုံးတဲ့အထိ ျဖစ္တက္လို႔ပါ။ကိုယ့္ရဲ႕အနီးအနား ပတ္ဝန္းက်င္မွာ အမႈန္အမႊားေပါင္း မ်ားစြာရွိၿပီးအဲဒါေတြေၾကာင့္ ႏွာေစးတာ၊ မ်က္လုံးယားယံတာ၊ ႏွာေခ်တာနဲ႔ အျခားမအီမသာျဖစ္တာေတြေၾကာင့္  ျဖစ္ေစပါတယ္။ အဆိုးဆုံးကေတာ့ အေရျပားယားယံတာေတြျဖစ္တာေၾကာင့္ပါပဲ။ အင္မတန္ဆိုးတဲ့ အရာတစ္ခုလို႔ေျပာလို႔ရပါတယ္။ဖုန္ေတြကို ရွင္းေတာ့မယ္ဆိုရင္ ဖုန္းစုပ္စက္နဲ႔ စုပ္ပါ၊ ဆံခ်ည္မွ်င္ေတြအားလုံး ၊ဖုန္ေတြ သဲေတြလည္း သန႔္ရွင္းသြားပါလိမ့္မယ္။ 


Written By : Khine Zar (ShweProperty.com)
Photo Credit : ecolive
Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ