Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

လက်တွေ့ကျကျ ပုရွက်ဆိတ် အန္တာရာယ် နှိမ်နင်းနည်း

Updated 12th Dec 2018

Written by

LwinPyin, Shweproperty

 

မုန့်အချိုများနှင့် အစားအစာတွေက ပုရွက်ဆိတ် တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင် တွေပေါ်အုံခဲနေ တတ်ပြီး အပင် များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မ များစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့ နည်းလမ်းကောင်း လေးတွေရှိလို့ စမ်းသပ်ကြည့်ကြပါဦးနော်။

 

(၁) မုန့်လုပ်ဆော်ဒါက ပုရွက်ဆိတ် တွေအတွက် အဆိပ်မှုန့်ဖြစ်စေလို့၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့်ဖြူးပေးပါ။ (သို့မဟုတ်) မုန့်လုပ်ဆော်ဒါနဲ့ သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့ အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

 

(၂) ဂျုံမှုန့်နဲ့ကလေးပေါင်ဒါမှုန့်များပေါ် ပုရွက်ဆိတ် တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့ အောက်ခြေပတ်လည်မှာ ဂျုံမှုန့်နဲ့ ကလေး ပေါင်ဒါမှုန့်လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

 

(၃) ငရုပ်သီးမှုန့်၊ ငရုပ်ကောင်းမှုန့်များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့် များဖြစ်ပါတယ်။

 

(၄) ပုရွက်ဆိတ်တွင်း(သို့မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့်ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့်စားကြပြီး၊ သူတို့ အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့အဲဒီနေရာကို

ဘယ်တော့မှပြန်မလာကြတော့ဘဲ အသိုက်ပြောင်းသွားပါတော့ တယ်။

 

(၅) ရှာလကာရည်နဲ့ရေ တို့ဆတူရောပြီး spray ဖျန်းဗူးထဲထဲ့ကာ၊ ပုရွက်ဆိတ် များ ကိုဖျန်းပက်ပေးခြင်းက သူတို့အတွက် အက်ဆစ်ရေဖြစ်စေလို့ သေစေနိုင်ပါတယ်။

 

(၆) သံပုရာရည်ကလည်း သူတို့အတွက် အက်ဆစ်ရည်ဖြစ်လို့ ပြေးကြပြီပေါ့ရှင်။

 

(၇) မြေဖြူလိုင်းတားထားပါ။ သူတို့က မြေဖြူကို ကျော်ခွပြီး မဖြတ်ရဲကြဘူးလေ။ (သို့မဟုတ်) မြေဖြူမှုန့်(သို့မဟုတ်) ထုံးမှုန့် ဖြူးထားနိုင်ပါတယ်။

 

(၈) ပုရွက်ဆိတ် အုံပေါ်သို့ရေနွေးပူ လောင်းချခြင်း(သို့မဟုတ်)ရေနွေး နဲ့ ပန်းကန်ဆေး ဆပ်ပြာရည် ရောပြီး spray ဗူးဖြင့် ဖျန်း ပက်ခြင်းပြုလုပ်ပါ။

 

(၉) ပင်စိမ်းရွက်ရနံ့ကို ပုရွက်ဆိတ်တွေကြောက်ကြပါတယ်။ ဒါကြောင့် ပင်စိမ်းရွက် အခြောက်မှုန့်(သို့မဟုတ်)ပင်စိမ်းရွက် သတ္တုရည် တို ဖြင့် နှိမ်နင်းပါ။

 

(၁၀) သစ်ကြပိုးခေါက် နဲ့ လေးညှင်းပွင့်ရနံ့တို့ကိုလည်း ပုရွက်ဆိတ် တွေမကြိုက်ကြဘူးလေ။ မိမိအိမ်အခန်းဒေါင့်မှာ သစ်ကြပိုး ခေါက်မှုန့် (သို့မဟုတ်) လေးညှင်းပွင့်လေးတွေ ပုံထားပေးပါ။

 

(၁၁) ပန်းပေါင်းစုံရာပန်းဆီရနံ့က ပုရွက်ဆိတ်တွေကို မွန်းကြပ်ပူစပ်လောင်စေနိုင်တာကြောင့်၊ ရာပန်းဆီကို ရေအနည်းငယ်ရော ၍ spray ဖျန်းပါ။

 

(၁၂) သကာရည် လ္ဘက်ရည်ခွက် ၃-ပုံ ၁-ပုံ၊ သကြား စားပွဲတင်ဇွန်း ၆-ဇွန်း၊ ကဇော်(အချဉ်)ဖောက်တဲ့တစေး စားပွဲတင်ဇွန်း ၆-ဇွန်း တို့ရောစပ်ကာ၊ ရလာသောအနှစ်ပျစ်ပျစ်ကို အိမ်ပြူတင်းပေါက်ဘောင်များပေါ်လိမ်း၍ ပုရွက်ဆိတ်အန္တရာယ်မှ ကာကွယ်နိုင် ပါတယ်။

 

၅-ပါးသီလကို ကာယ-ဝစီ-မနော တည်းဟူသော ကံ၃ပါး စလုံးလုံမှသာ အပြစ်ကင်းတဲ့ သီလ ဆောက်တည်နိုင်မှာဖြစ်ပါတယ်။ မူလအစကတည်းက ပုရွက်ဆိတ်များ မအုံဖွဲ့နိုင်အောင် မိမိ အိမ်တွင်း အိမ် ပြင်ကို သန့်ရှင်းစင်ကြယ်စွာ ထိန်းသိမ်းနိုင်ရင် အကုသိုလ် မဖြစ်စေတော့ဘူးပေါ့ရှင်။ အထက်ပါ ပုရွက်ဆိတ် နှိမ်နှင်းနည်းအချို့က အိမ်မွေးခွေး/ကြောင် နဲ့ ကလေး သူငယ်များကို အန္တာရာယ်ဖြစ်စေလို့ သတိနဲ့ယှဉ်ပြီး ပုရွက်ဆိတ် နှိမ်နင်းနိုင်ကြပါရန် နှိုးဆောင်လိုက်ပါရစေ။

 

Ref & Photo Credit : LwinPyin

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ