Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

အိမ်ထဲက ရုံးခန်း

Updated 2nd Nov 2017

Written by

မှုးထက်, Shweproperty

 

ဒီကနေ့ကာလမှာတော့ လူတိုင်းလိုလိုမှာ အိမ်နေရင်းမှာတောင် ရုံးအလုပ် လုပ်နိုင်ဖို့ အိမ်တွင်းအလုပ်ခန်းလေးတွေ စီစဉ်ထားတက်ကြပါပြီ။ ရုံးခန်းဆိုမှတော့ စားပွဲရှိမယ်၊ ကုလားထိုင်ရှိမယ်၊ ဖိုင်စင်ရှိမယ်။ ပရင်တာတို့ စကန်နာ တို့တင်ဖို့ ခုံလေးတွေ ပရိဘောဂ တောက်တိုမယ်ရလေးတွေလည်း မလွဲမသွေ ရှိလာရတော့မှာပါ။ ဒီနေရာမှာ ကိုယ်သုံးမယ့် ပစ္စည်းလေးတွေနဲ့ ဒီဇိုင်းနဲ့ အရွယ်အစားကို ကိုယ်နဲ့လိုက်ဖက်မှုရှိအောင် ဦးစားပေးရွေးချယ်တက်ဖို့ လိုပါတယ်။

 

ပရိဘောဂ၀ယ်မယ် စဉ်းစားရင် ချိန်ဆရမှာတွေက အများကြီးပါ။ ကွန်ပျူတာပိုင်းဆိုင်ရာ ပစ္စည်းတွေ အများကြီးဝယ်မှာလား။ ဖက်(စ်)ရောပါမှာလား၊ ပရင်တာတွေ၊ စကင်နာတွေ စသည်ဖြင့်ပေါ့။ ဒါ့ပြင်ဖိုင်တွေသိမ်းဖို့ ခုံစောင်းတွေ လိုမလား။ တယ်လီဖုန်းနဲ့ လက်(ပ်)တော့ စသည့် လိုတာလေးတွေ အသေးစိတ် ပြုစုရပါမယ်။

 

အံဆွဲတွေ၊ ဘီရိုတွေအဖွင့် အပိတ်လုပ်ဖို့က နေရာယူဦးမှာပါ။ ပြီးတော့ သင့်အနေနဲ့ အလုပ်စားပွဲကို ပတ်ပြီး အဆင်ပြေပြေလမ်းလျှောက်သာအောင် နေရာရှိပါ့မလား ဆိုတာတွေလည်း ထည့်တွက်ရဦးမယ့် ကိစ္စပါ။

 

တစ်ချို့က ပစ္စည်းရွေးတဲ့နေရာမှာ ဈေးချိုတာကိုမှ ရွေးဝယ်တတ်ပါတယ်။ သစ်မရခင်ကြား ၀ါးပေါင်းကွပ် ဆိုသလိုမျိုး လတ်တလော အလုပ်ဖြစ်ရေး ဦးစားပေးပြီး ပေါချောင်ကောင်း မက်တတ်ကြပါတယ်။ ဒါတွေက ရေရှည်မှာ စိတ်ညစ်ရမယ် ကိစ္စတွေပါ။ ရှေ့အလားအလာကို သေချာမြော်မြင်တွက်ဆသင့်ပါတယ်။

 

စတိုင်နဲ့ ပုံပန်းသဏ္ဍန်ကလည်း အရေးကြီးပါသေးတယ်။ ပရိဘောဂတွေက မျက်စိကို ကျိန်းလောက်အောင် အရောင်တောက်မနေစေဖို့ လိုအပ်ပါသေးတယ်။ ကျိုးလွယ်ပဲ့လွယ်ဟာမျိုးတွေ မ၀ယ်သင့်ပါဘူး။ စားပွဲဟာလုံးဝ ကြံ့ခိုင်ရပါမယ်။ ကုလားထိုင်ဟာ ထိုင်လို့ သက်တောင်သက်သာရှိရုံတင်မဟုတ်ဘူး လုပ်ငန်းစွမ်းရည် မြှင့်တင်ရေး(Ergonnomically) ရှုထောင့်ကကြည့်ရင်လည်း လုံးဝအံဝင်ခွင်ကျ ဖြစ်နေဖို့ လိုအပ်လှပါတယ်။ ခါးနာ၊ ပင်ပန်း၊ ဒဏ်ရာရ ဆိုတာမျိုးတွေ မဖြစ်ပေါ်စေတဲ့ ပရိဘောဂမျိုး ဖြစ်နေဖို့ အရေးကြီးပါတယ်။ အံဆွဲတွေကစ လျောကနဲ့ လွယ်လင့်တကူ ဖွင့်လို့ပိတ်လို့ ချောချောမောမောဖြစ်နေရင် အကောင်းဆုံးပဲ မဟုတ်လား။

 

နောက်ပြီးတော့ ကိုယ်ရုံးခန်းကို ဘယ်နေရာမှာ အထိုင်ချမလဲ ရွေးဖို့ကလည်း ပဓာနကျပါသေးတယ်။ ထမင်းစားခန်းရဲ့ ဒေါင့်လေးမှာ ထားမလား။ main room နေဲ့ဝးရင်ကောင်းမလား။ စားသောက်တဲ့လူတွေက တစ်မျိုး၊ စကားဖောင်ဖွဲ့နေတာတွေကမျိုး၊ အိမ်စာလုပ်တဲ့ ကလေးတွေက တစ်မျိုးမို့ ကိုယ်အတွက် အနှေင့်အယှက်ကင်းဖို့ကတော့ တော်တော်ချိန်ဆရမှာ ဖြစ်ပါတယ်။

 

ရုံးခန်းနေရာအတွက် လိုအပ်တဲ့ သဘာဝအလင်းရောင် ရနိုင်ဖို့ အကောင်းဆုံးပါ။ မရလျှင်တော့ လျှပ်စစ်မီးနဲ့ အဆင်ပြေအောင် လုပ်ရမှာဖြစ်ပါတယ်။ ပြီးတော့ လေ၀င်လေထွက်ကောင်းရင် အသက်ရှုရ၊ နေရထိုင်ရတာ အဆင်ပြေမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပြတင်းပေါက်နဲ့ ရှုခင်းကျယ်ကျယ် မြင်ခွင့်ရနေမှုကလည်း အလုပ်လုပ်သူကို စိတ်သက်သာစေမှာဖြစ်ပါတယ်။

 

နေရာရယ်၊ ပရိဘောဂရယ်၊ ပတ်ဝန်းကျင် အလင်းအမှောင်တွေရဲ့ ပြေပြစ်မှုရယ်။ အစစအရာအရာ မဟုတ်တောင် ရာနှုန်းတော်တော်များများ ပြည့်စုံရင်အိမ်တွင်းထဲမှာတင် ရုံးလုပ်ငန်းလုပ်ဖို့ အဆင်ပြေပြီ ပြောရမှာ ဖြစ်ပါတယ်။

 

Ref  : မှုးထက်

Posted By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ