Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

ခြေဆီ၊ လက်ဆီထွက်သူများအတွက်အသုံးဝင်မယ့် အိမ်တွင်းကုထုံးများ

Updated 22nd Nov 2016

Written by

Shwe Mom, Shweproperty

 

ခြေဆီ၊လက်ဆီလို့ပြောကြတဲ့ ခြေဖဝါးလက်ဖဝါးတွေမှာ ချွေးထွက်လွန်းသူတွေဟာ ကျန်းမာရေးအားနည်းသူတွေ လို့ဆိုကြ ပေမယ့် တကယ်တမ်း လက်တွေ့ခံစားရတာက လူမှုပေါင်းသင်း ဆက်ဆံရေးမှာပါ။ လက်ကအမြဲတမ်း အဆီတွေထွက်ပြီး ရွှဲရွှဲကြီးဖြစ်နေလို့ အသိမိတ်ဆွေ တစ်ယောက်ယောက်နဲ့လက်ဆွဲနှုတ်ဆက်မယ်ဆို ရင်တောင်မ ဝံ့မရဲဖြစ်ရပါတယ်။ အဲဒီလိုပဲ ခြေထောက်မှာ   ချွေးထွက်လွန်းသူ   တွေဆိုရင်လည်း   ခြေထောက်က ရေဆေးထားသလို အမြဲတမ်းစိုစိစိုစိနဲ့နေရခက်ပါတယ်။ ဒါ့အပြင်အနံ့အသက်ပါ ထွက်ရင်လူကြားသူကြားမှာ မလုံမလဲနဲ့ ယုံကြည်ကင်းမဲ့ရပါတယ်။ အဲဒီလိုဒုက္ခတွေကနေ လွတ်အောင်ကူညီပေးနိုင်တဲ့ အိမ်တွင်းကုထုံး လေးတွေရှိပါတယ်။ အသုံးဝင်တဲ့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်......

 

(၁)ဆန်မှုန့်၊ပြောင်းမှုန့်



    လက်ဆီ၊ ခြေဆီထွက်တတ်သူတွေ အတွက်ဆန်မှုန့် ၊ပြောင်းမှုန့်ကတကယ် ထိရောက်တဲ့အိမ်တွင်းဆေးဝါး လို့ပြောလို့ရပါတယ်။ အဆီတွေကို စုပ်ယူနိုင်စွမ်းရှိလို့အသုံးတည့်မှာသေချာပါတယ်။ အသုံးပြုပုံကတော့ ဆန်မှုန့်ဒါမှမဟုတ်ပြောင်းမှုန့်ကို မုန့်ဖုတ်ဆိုဒါနဲ့ ဆတူရောစပ်ပြီး ပုလင်း တစ်လုံးနဲ့ ထည့်ထားပါ။ခြေဆီ ၊လက်ဆီထွက်တဲ့ အခါအရင်ဆုံးတစ်ရှူး၊ လက်ကိုင်ပုဝါတို့နဲ့ သုတ်ပြီး   ရောစပ်ထားတဲ့ အမှုန့်ကိုလိမ်းပေး ရမှာဖြစ်ပါတယ်။ပုလင်းလေးနဲ့ အလွယ်တကူ သယ်သွားနိုင်တဲ့အတွက်အချိန်မရွေးနေရာမရွေးအသုံးပြုနိုင်မှာဖြစ်ပါတယ်။



(၂)သံပုရာသီး



ခြေဆီ၊လက်ဆီသာမက ချွေးအလွန်ထွက်တတ်တဲ့ သူတွေအတွက် သံပုရာသီးဟာ အသုံးဝင်တဲ့ဆေးဖက်ဝင် တစ်မျိုးဖြစ်ပါတယ်။ ဘက်တီး ရီးယားတွေ ကိုသေစေပြီးချွေးထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သံပုရာရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊မုန့်ဖုတ်ဆိုဒါ အနည်းငယ် ကိုရောစပ်ပြီး ချွေးထွက်များတဲ့နေရာတွေကိုသုတ်လိမ်းပေးရပါမယ်။၁၀မိနစ်လောက်ထားပြီး ရေနဲ့ဆေးလိုက်ပါ။ဒါ့အပြင် သံပုရာရည်စွတ်ထား တဲ့အဝတ်နဲ့လည်း ခနာကိုယ်အနှံ့ပွတ်တိုက်ပေးမယ်ဆိုရင် ချွေးထွက်ခြင်းကိုသက် သာစေမှာဖြစ်ပါတယ်။



(၃)ရေနွေး



လွယ်ကူသက်သာ နည်းလမ်းတွေထဲက တစ်ခုပါ။ရေနွေးကို မနက်စောစောမှာသောက်ပေးခြင်းက ခနာကိုယ်ရဲ့ အအေးဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး   ချွေးထွက်ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင်   ရေနွေးမှာပါဝင်တဲ့ အဖန်ဓာတ်ကခနာ ကိုယ်ပေါ်ကချွေးပေါက်လေးတွေကို ကျဉ်းစေပါတယ်။ဒါကြောင့် ချွေးထွက်သက်သာစေမှာဖြစ်ပါတယ်။



(၄)ခရမ်းချဉ်သီး



ခရမ်းချဉ်သီးကတော့အဲဒီလို ခြေဖဝါး၊လက်ဖဝါးတွေချွေးထွက်တာကိုထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ခနာကိုယ်အပူချိန်ကိုလျှော့ချပေးတဲ့အတွက်   ချွေးထွက်ခြင်းကိုလျော့နည်း သက်သာစေပါတယ်။ အသုံးပြုပုံကတော့ ချွေးထွက်တတ်တဲ့နေရာတဝိုက်ကို ခရမ်းချဉ်သီးနဲ့ပွတ်ပေး ရမှာဖြစ်ပါတယ်။   ၁၀မိနစ်၊ ၁၅မိနစ်လောက်ထားပြီးရေခပ်နွေးနွေးနဲ့ဆေးချရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးကို   နေ့စဉ်ပုံမှန်ဖျော်ရည် လုပ်သောက်ပေးခြင်းအားဖြင့်လည်း ချွေးထွက်ခြင်းကိုထိန်းချုပ်ပေးနိုင်ပါတယ်။

 

Ref : Shwemom

Photo Credit : Social

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ