Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

ခံတွင်းနံ့ သင်းပျံ့စေဖို့ အိမ်တွင်းဆေးဝါးများ

Updated 28th Nov 2016

Written by

Remedies, Shweproperty

 

ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ တိကျသေချာတဲ့အချက်ကို ရှာဖွေနိုင်ဖို့တော့ အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခံတွင်းနံ့ဆိုးတွေကို သဘာဝနည်းတွေနဲ့ ဖယ်ရှားနိုင်ပါတယ်........



ပန်းသီးစိမ် ရှာလကာရည်



ပန်းသီးစိမ် ရှာလကာရည်ဟာ ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အသက်ရှုခြင်းနဲ့ ခံတွင်းနံ့တွေကို အနှောက်အယှက်ပေးတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို လျော့နည်းသွားစေနိုုင်ပါတယ်။



ပန်းသီးစိမ်ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းစာကို ရေတစ်ဖန်ခွက်စာနဲ့ ရောနှောပြီး ပါးစပ်တွင်းမှာ ငုံထားပြီး ပလုတ်ကျင်းပစ်ဖို့လိုပါတယ်။



မုန့်ဖုတ်ဆော်ဒါ



ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ခေါ် မုန့်ဖုုတ်ဆော်ဒါဟာ ခံတွင်းနံ့ဆိုးတွေကို အမြန်ဆုံးပျောက်ကင်းစေတဲ့ နည်းတစ်ခုပါပဲ။



ဖြူစင်တောက်ပတဲ့ သွားတွေကိုလည်း ပိုင်ဆိုင်စေနိုင်ပြီး အစာခြေစနစ်ကို မြန်ဆန်စေတဲ့အပြင် pH Level ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။



ပုံမှန်သွားတိုက်ပြီးတိုင်း သွားပွတ်တံပေါ်မှာ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့်ပြီး ၂ မိနစ်ခန့် သွားထပ်တိုက်ပေးပြီး ပလုတ်ကျင်းပစ်ပါ။



သံပုရာသီး



သံပုရာသီးနဲ့ တခြားအချဉ်ဓါတ်ရှိတဲ့ အသီးတွေဟာ ခံတွင်းရှိ ဘက်တီးရီးယားတွေကို ဖယ်ရှားတိုက်ဖျက်ရာမှာ အလွန်ကောင်းတဲ့ သဘာဝပစ္စည်းတွေပဲ ဖြစ်ပါတယ်။



သံပုရာသီးမှာ ပါဝင်တဲ့ ဗိုက်တာမင် စီ က ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် လျှာနဲ့ သွားဖုံးမှာ ကပ်နေနိုင်တဲ့ ပိုးမွှားတွေကို ဖယ်ရှားကာကွယ်ပေးပါတယ်။



မိုးလင်း အိပ်ယာထချိန်မှာ သံပုရာရည်ကို လတ်လတ်ဆတ်ဆတ် ညှစ်ယူပြီး ရေတစ်ဖန်ခွက် ရောသောက်ပေးရမှာဖြစ်ပါတယ်။

 

Ref :  Remedies

Photo Credit : tubacob

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ