Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

ဥယျာဉ်ခြံလေးစိုက်ကြမယ်

Updated 9th Dec 2015

Written by

Yangon Life, Shweproperty

လူတွေမှာ တစ်ဦးနဲ့တစ်ဦးမတူညီတဲ့ ဝါသနာအမျိုးမျိုးရှိကြရာ တစ်ချို့က မိမိတို့ရဲ့ ဥယျာဉ်ခြံလေးထဲမှာ ပန်းပင်လေးတွေ၊ သီးပင်စားပင်လေးတွေကို စိုက်ပျိုးရတာ ဝါသနာထုံသူတွေ ရှိကြပါတယ်။ ခြံဝန်းလေးထဲမှာ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေကို ပြုစုရင်း စိတ်အပန်းဖြေစေကာ ကျန်းမာရေးနဲ့လည်း ညီညွတ်မှုရှိတယ်လို့ သစ်ပင်စိုက်ပျိုးပျော်မွေ့သူတွေက ပြောကြပါတယ်။ အပင်လေးတွေကို ပုံမှန်ရေလောင်း  ပေါင်းသင်  မြက်ရှင်းရင်း အပင်လေးတွေ ရှင်သန်အောင် ပြုစုရတာဟာ  နှစ်သက်စရာကောင်းပါတယ်။ြ ခံဝင်းမရှိသူတွေအတွက်တော့ အိမ်ရှေ့ဘက်ဝရံတာလေးဟာ အလှပဆုံးဥယျာဉ်ခြံလေးဖြစ်စေနိုင်ပါတယ်။



မိမိတို့ရဲ့အိမ်ခြံမြေလေးထဲမှာ သီးပင်စားပင်တွေသီးမှည့်လို့ ပန်းပင်လေးတွေပွင့်လို့ ပတ်ဝန်းကျင်လေး စိမ်းစိမ်းစိုစိုလေးဖြစ်နေတာဟာ နေထိုင်သူမိသားစုတို့ကို  များစွာ စိတ်ရွှင်လန်းစေပါတယ်။ သစ်ပင်တွေဆီမှ ရရှိတဲ့လတ်ဆတ်တဲ့ အောက်ဆီဂျင်တွေ စိတ်နှလုံးကို ချမ်းမြေ့စေတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းလေးတွေဟာ သစ်ပင်ပန်းမာန်လေးတွေဆီက ပေးတဲ့ကောင်းကျိုးတရားဖြစ်ပါတယ်။ ဒါ့အပြင် သီးမှည့်လာတဲ့အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ်စားသုံးခွင့်ရသလို မိသားစုတွေအတွက် ကျန်းမာရေးနဲ့ကောင်းစွာ ညီညွတ်စေခြင်းဘဲဖြစ်ပါတယ်။



အိမ်ရှင်မအများစုဟာလည်း မိမိတို့ရဲ့အိမ်ခြံမြေလေးထဲမှာ ဥယျာဉ်ခြံလေးတည်ဆောက်ပြီး သစ်ပင်ပန်းမာန်လေးတွေ စိုက်ကြပါတယ်။ ဥယျာဉ်ခြံလေးမှာ ရောင်စုံပန်းပွင့်လေးတွေပွင့်ပြီး မွှေးပျံ့တဲ့ ပန်းရနံ့တို့ဟာ မိသားစုတစ်ခုလုံးကို ရွင်လန်းစေတဲ့ စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ပန်းတို့ရဲ့ရနံ့ဟာလည်း လူတွေကို စိတ်ကြည်ရွှင်မှုကို ပေးစွမ်းရာ အိမ်တွေမှာ မွှေးပျံ့တဲ့ပန်းရနံ့တို့ဟာ ရှိသင့်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလှပတဲ့ပန်းပွင့်လေးတွေ ပွင့်လာစေဖို့ လတ်ဆတ်တဲ့အသီးအနှံလေးတွေဖြစ်ထွန်းလာဖို့ အလွယ်တကူချက်ချင်းဖြစ်လာတာတော့မဟုတ်ပါ။ အပင်တစ်ပင်ဖြစ်ထွန်းဖို့ ပန်းလေးတစ်ပွင့်ပွင့်လာစေဖို့ အချိန်ယူရသလို စနစ်တကျ ပြင်ဆင်စိုက်ပျိုးမှုတို့ ပြုလုပ်ရပါတယ်။ ဒါမှသာ အောင်မြင်တဲ့ အပွင့်လေးတွေ အသီးလေးတွေဖြစ်ထွန်းလာပြီး သူ့ရဲ့အနှစ်သာရကို ကောင်းကောင်းခံစားရစေတာဖြစ်ပါတယ်။



ပန်းပင်လေးတွေစိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံးမျိုးစေ့လေးတွေ ဝယ်ယူရပါတယ်။ စိုက်ပျိုးမယ့် မြေဆီလွှာကို ပြင်ဆင်ရပါတယ်။ ပန်းအိုးလေးပြင်ဆင်ရပါတယ်။ သူ့အဆင့်ဆင့်လိုက်ပြီး ပြင်ဆင်ပြီးမှသာ ပန်းအိုးလေးတစ်အိုးဖြစ်လာပြီး လှပတဲ့ပန်းပွင့်လေးတွေ ပွင့်လာစေဖို့ အချိန်ယူပြုစုရပါတော့တယ်။ မြေဆီလွှာထည့်မယ့် အိုးအနေအထားကို ရွေးချယ်ပြင်ဆင်ရပါတယ်။ အိုးရဲ့အနေအထားဟာ မျိုးစေ့လေးတွေ လွတ်လပ်စွာပေါက်ပွားစေနိုင်ဖိုး အနေအထားမျိုးဖြစ်ဖိုးလိုပါတယ်။ အိုးရဲ့အောက်ခြေမှာ  ရေစီးကောင်းစေဖိုး အပေါက်လေးတွ ဖောက်ပေးထားဖိုးလိုပါတယ်။

 

စိုက်ပျိုးမယ့်မြေဆီလွှာအမျိုးအစားကို ရွေးချယ်ပြီးအိုးထဲမှာထည့်၊ ပြီးတဲ့အခါ ရေဖြန်းပေးထားလိုက်ပြီး မျိုးစေ့လေးတွေကို ကြဲထားရပါတယ်။ ပြီးတော့ အိုးလေးကိုရေပန်းလေးနဲ့ ဖျန်းပေးရပါတယ်။ ရေပန်းလေးနဲ့ ညင်ညင်သာသာလေး လောင်းပေးခြင်းဟာ အမြစ်တို့ပျက်စီးခြင်းကိုများစွာကာကွယ်စေပါတယ်။



တစ်ဖြည်းဖြည်းနဲ့ မျိုးစေ့လေးတွေ အပင်ပေါက်လာတဲ့အချိန်မှာ  တစ်ချို့အပင်တွေဟာ ပန်းအိုးထဲကနေ မြေကြီးထဲကို ပြောင်းရွေ့စိုက်ပျိုးမှ ပိုမိုအဆင်ပြေစေတဲ့ အပင်မျိုးလည်းရှိကြပြန်တယ်။ ဒီလိုပါဘဲ ပန်းပင်လေးဖြစ်ဖြစ် သီးပင်စားပင်လေးဖြစ်ဖြစ် အသေးစိတ်ပြုစုစိုက်ပျိုးကြရပြီး ထိုအသီးအပွင့်လေးတွေ ဖူးပွင့်လာတဲ့အချိန်မှာတော့ မိမိပြုစုပျိုးထောင်မှုရဲ့ ရလာဒ်ကို ပီတိဖြာခံစားရတာဟာ ပန်းပင်စိုက်ပျိုးသူတွေရဲ့ အချိုသာဆုံးပီတိတွေဘဲဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့ အိမ်ရှင်မတွေ၊ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူပြီးသူတွေ၊ တစ်ကိုယ်ရည်တစ်ကာယ အေးချမ်းစွာ နေထိုင်ကြသူအများစုတို့ဟာ ဒီလို ပန်းပင်လေးစိုက်ပျိုးခြင်း ၊ သီးပင်စားပင်လေးတွေစိုက်ပျိုးခြင်းဖြင့် ကိုယ်စိတ်နှစ်ပါး ရွှင်လန်းမှုကို ရယူကြရာ များစွာ အကျိုးသက်ရောက်မှုရှိကြောင်း ခံစားဖော်ပြပေးလိုက်ပါတယ်။

 

Ref : Yangon Life

Photo Credit : Yangon Life

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ