Property Titles
Search Filters
Property Titles
Finance & Legal

နေ့စဉ်ဘဝမှာပိုက်ဆံချွေတာနိုင်ဖို့ သင်သတိထားသင့်တဲ့အရာ(၅)ခု

Updated 2nd Nov 2016

Written by

Shwe Mom, Shweproperty

 

အောင်မြင်တဲ့ ဘဝလေးတစ်ခုကို ရောက်ချင်ရင် ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ အတတ်ပညာလေးတော့ သိထားရမှာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝရဲ့ မလိုအပ်တဲ့နေရာတွေမှာ ပိုက်ဆံတွေဖြုန်းမိရင် မိမိဘဝတိုးတက်ဖို့ အချိန်ပိုပြီး ကြာမြင့်တတ်ပါတယ်။ မိမိရဲ့ ဝင်ငွေဟာ အလွန်ကောင်းမွန်လို့ ပိုက်ဆံချွေတာ စရာမလိုရင်တော့ တစ်မျိုးပေါ့။ ဒီလိုမှ မဟုတ်ပဲ မိမိက သာမန်ဝင်ငွေသာ ဝင်နေသေးသူဆိုရင်တော့ ပိုက်ဆံကို စနစ်တကျသုံးတတ်ဖို့လိုပါတယ်။ မလိုအပ် တဲ့ထွက်ပေါက်တွေကို ပိတ်တတ်ဖို့လိုပါတယ်။ အချို့အရာလေးတွေက သေးသေးမွှားမွှားလေးတွေပါပဲ။ ဒါ့ကြောင့် သင်သတိမထားမိတာပါ။ ဒါပေမယ့် သေးသေးမွှားမွှားလေးတွေ အကြိမ်ရေများလာတဲ့အခါ သင့်ရဲ့ဘဏ္ဍာရေးကိုပါ ထိခိုက်လာစေနိုုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘဝရဲ့ ဘယ်လိုနေရာတွေမှာ ပိုုက်ဆံချွေတာလို့ရတယ်ဆိုတာကို  အောက်မှာဖော်ပြပေးလိုက်ပါတယ်.......



(၁) ရေသန့်ဘူးများ ဝယ်သောက်ခြင်း



ရေသန့်ဘူး ဝယ်သောက်တာ ဘာများ ပိုကုန်မှာမို့လို့လဲလို့ သင်တွေးကောင်းတွေးနေနိုင်ပါတယ်။ ဒါပေမယ့် ရေသန့်ဘူး တွေဟာ 1Litreပဲ  ပါဝင်တာဖြစ်ပြီး ထိုရေဘူးတစ်ဘူးအတွက် ၃၀၀ကျပ်၊ သို့မဟုတ် ၄၀၀ ကျပ် ကုန်ကျနိုုင်ပါတယ်။ တစ်နေ့ကို ၂ ဘူးဝယ်သောက်တယ်ဆိုရင် အနည်းဆုံး ၆၀၀ကျပ်တော့ ကုန်ကျနိုင်ပါတယ်။ အကယ်၍ 20Litreဘူးကြီး ကို အိမ်မှာဝယ်ထားတယ်ဆိုရင် ထိုဘူးကြီးအတွက် ၈၀၀ကျပ်ခန့်ပဲ ကုန်မှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်မှာတော့ ဘူးခွံ အတွက် ကြိုတင်ငွေပေးကောင်းပေးရနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ၈၀၀ကျပ်ဝန်းကျင်ပဲကုန်ကျမှာဖြစ်ပါ တယ်။ သင်ဟာ တစ်နေ့ကိုရေ 2Litre သောက်သူဆိုရင် ၁၀ရက်အထိခံနိုုင်ပါတယ်။ ရေသန့်ဘူးခွံထဲကို အမြဲရေပြန်ဖြည့် လို့ရပါတယ်။ ရေသန့်ဘူး အသေးတွေပဲ ဝယ်သောက်မယ်ဆိုရင် ၁၀ရက်မှာ ၆၀၀၀ကျပ် ကုန်မှာဖြစ်ပြီး ရေသန့်ဘူးကြီး ဝယ်သောက်ရင်တော့ ၁၀ရက်မှာ ၈၀၀ကျပ်ဝန်းကျင်ပဲ ကုန်ကျမှာဖြစ်ပါတယ်။ ၅၂၀၀ကျပ် သင်ချွေတာနိုုင်မှာဖြစ်ပါတယ်။ ၅၂၀၀ ကျပ်ဆိုတာ သာမန်ဝင်ငွေပဲရှိနေတဲ့သူအတွက်တော့ တန်ဖိုးရှိတဲ့ပမာဏပါ။ လနဲ့တွက်လိုက်ရင် ၁၀၆၀၀ ကျပ် အထိ သင်ချွေတာနိုင်မှာဖြစ်ပါတယ်။




(၂) ဈေးမဆစ်ခြင်း



ဈေးဆစ်ရတာ ဝါသနာမပါဘူးလို့  သင်ဆင်ခြေပေးကောင်းပေးနိုင်ပါတယ်။ တကယ်လည်း အချို့နေရာတွေက ဈေးမဆစ် သင့်ပါဘူး။ ဒါပေမယ့် နေ့စဉ်ဘဝမှာ ဈေးဆစ်လို့ရတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဈေးမဆစ်လိုက်မိလို့ မတန်တဆ ဈေးနဲ့ ခံလိုက်ရတာတွေ များရင် သင့်ရဲ့ဘတ်ဂျက် ထိခိုက်လာပါလိမ့်မယ်။ ဥပမာ တက္ကဆီစီးတယ်ပဲဆိုပါစို့။ လှည်းတန်း ကနေ မြေနီကုန်းကိုသွားမယ်။ ပုံမှန်အားဖြင့် ၁၅၀၀ကျပ်ကနေ ၂၀၀၀ကျပ်အထိပဲ ရှိပါလိမ့်မယ်။ အရေးမကြီးရင် ၁၅၀၀ နဲ့ လိုက်နိုုင်တဲ့သူကိုစောင့်လို့ရပါတယ်။ အရေးကြီးနေရင်တော့ ၂၀၀၀ကျပ်နဲ့လည်း သွားရနိုုင်ပါတယ်။ ဒါပေမယ့် ၂၅၀၀ လို့ တောင်းတဲ့ဒရိုင်ဘာကို သင်က ဈေးမဆစ်ဘူးဆိုရင်တော့ သင်ဈေးမတန်တဆပေးနေတာပါ။ ထို၅၀၀ဟာ ၁၀ကြိမ် စီးရင် ၅၀၀၀ကျပ်ဖြစ်လာမှာပါ။ ဒါဟာ မိမိကိုယ်တိုင် သတိမထားမိပဲ ပိုက်ဆံဖြုန်းလိုက်မိတဲ့ နေရာမျိုးဖြစ်နေတတ်ပါ တယ်။ တက္ကဆီမှ မဟုတ်ပါဘူး။ အခြားဈေးဝယ်တဲ့နေရာတွေမှာလည်း ဈေးဆစ်တတ်ဖို့လိုပါတယ်။ အချို့ဈေးရောင်းသူ တွေဟာ ဈေးအမှန်ကိုပဲ ပြောတတ်ကြပေမယ့် အချို့ဈေးရောင်းသူတွေကတော့ သင်ဈေးဆစ်မှာကို ကြိုတင်မှန်းထားပြီး ဈေးတင်ထားတတ်ကြပါတယ်။ သင်ကဈေးမဆစ်တဲ့အခါမှာတော့ မတန်တဆဈေးနဲ့ဝယ်လိုက်သလိုဖြစ်သွားတတ်ပါ တယ်။



(၃) အင်တာနက် Packageတွေရဲ့ အကျိုးကျေးဇူးကို အသုံးမချတတ်ခြင်း



အချို့တွေက အင်တာနက်သုံုးတာသာ ဝါသနာပါပြီး ဘယ် Operatorက ဘယ်လိုပရိုမိုးရှင်းတွေ၊ Planတွေပေးနေမှန်း မသိကြပါဘူး။ သာမန်နှုန်းထားနဲ့ပဲ အင်တာနက်သုံးနေတတ်ကြပါတယ်။ ဒီတော့ ဘယ်လောက်မှ မသုံးရသေးခင်မှာပဲ ဖြည့်ထားတဲ့ပိုက်ဆံ ကုန်သွားတတ်ကြပါတယ်။ မြန်မာနိုုင်ငံမှာ Mobile Operator ၃ခုရှိပြီး ၃ခုလုံးက Promotion Plan တွေအမျိုးမျိုး ပေးနေကြပါတယ်။ တစ်ခုချင်းစီမှာ အားနည်းချက် အားသာချက်တွေရှိပြီး မိမိအသုံးပြုတဲ့ပုံစံပေါ် မူတည်ကာ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဥပမာ မိမိက Facebook အသုံးများသူဆိုရင် Operator ၃ခု လုံးမှာ မတူညီတဲ့ Packageတွေရှိပါတယ်။ Telenorက စိတ်ကြိုက်ဆိုတဲ့ အစီအစဉ်ရှိကာ Facebookကို Freeသုံး နိုုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်က တစ်နေ့ကို Mbs အနည်းငယ်ပဲသုံးနိုင်မှာဖြစ်ပါတယ်။ MPTမှာလည်း Facebookကို Free သုံးလို့ရတဲ့ Planရှိပါတယ်။ ဒါပေမယ့် အားနည်းချက်က ဓာတ်ပုံနဲ့ဗီဒီယိုတွေကို တွေ့နိုုင်မှာ မဟုတ်ပါဘူး။ Ooredooကတော့ Freeမဟုတ်တဲ့ Unlimited Facebook Weekly & Daily Packsတွေ ရှိပါတယ်။ သူက Free မဟုတ်ပေမယ့် အားသာချက်တစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ပေးလိုက်ရတဲ့ ပိုက်ဆံ အတွက် ထိုက်တန်စွာ Facebookကို အကန့်အသတ်မရှိသုံးနိုုင်မှာလည်းဖြစ်ပါတယ်။ Ooredooရဲ့ Promotion
ကတော့ လတ်တလောအဟော့ဆုံးဖြစ်နေတာကိုတွေ့ရပြီး Daily ဆိုရင် ၁၉၉ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ Weekly ဆိုရင်တော့ ၉၉၉ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ အကယ်၍ မိမိက အင်တာနက် အဆက်မပြတ်သုံးတတ်သူဆိုရင်တော့ Dailyအစား Weeklyယူခြင်းက ပိုက်ဆံပိုချွေတာနိုုင်မှာဖြစ်ပါတယ်။



(၄) နာမည်ကြီးကုန်ပစ္စည်းများကိုသာအသုံးပြုခြင်း



သင်ဟာ နာမည်ကြီး Brand တွေပဲ ဝယ်ဝတ်တဲ့သူဆိုရင်တော့ တစ်လတစ်လ ထွက်ငွေက နည်းမှာမဟုတ်ပါဘူး။ အချို့အရာတွေက နာမည်ကြီး Brandတွေဖြစ်ဖို့ မလိုပါဘူး။ မိမိအတွက် အသုံးဝင်ဖို့ပဲလိုအပ်ပါတယ်။ မိမိကချမ်းသာ နေရင်တော့ စိတ်ကြိုက်သုံးချင်သလိုသုံးနိုင်ပါတယ်။ မိမိက ငွေရေးကြေးရေးအရ အဆင်ပြေသူတစ်ဦးမဟုတ်ရင်တော့ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေဝယ်တဲ့အခါ အမှတ်တံဆိပ်ထက် တကယ်အသုံးဝင်မဝင်ကိုပဲပိုကြည့်သင့် ပါတယ်။ တစ်ခါတစ်လေ နာမည်ကြီး အင်္ကျီတစ်ထည်ရဲ့တန်ဖိုးက သာမန်ရိုးရိုး အကျီ၅ထည်ရဲ့ တန်ဖိုးလောက်နဲ့ညီမျှ နေတတ်ပါတယ်။ ပိုက်ဆံချွေတာချင်ရင်တော့ နာမည်ကြီးကုန်ပစ္စည်းတွေကို ရှောင်ရှားသင့်ပါတယ်။



(၅) ကူပွန်များ၊ Discount များကို အထင်မကြီးခြင်း



သင်ဟာ တစ်စုံတစ်ခုကိုပုံမှန်လုပ်တတ်သူဆို ကူပွန်တွေဟာ ပိုက်ဆံချွေတာဖို့ ကူညီပေးနိုုင်ပါတယ်။ ဥပမာ Beauty Saloon သို့မဟုတ် နာမည်ကြီးဆံပင်ညှပ်ဆိုင် စတာတွေကို ပုံမှန်သွားရင် ကူပွန်တွေရှိမရှိကြည့်တတ်ရပါမယ်။ကူပွန် တွေရနိုုင်တဲ့ နည်းလမ်းတွေက ဒီခေတ်ထဲမှာ အများကြီးပါပဲ။ နောက်တစ်ခုက ပစ္စည်းဝယ်တဲ့အခါ ဘယ်နေရာမှာ Discount ချနေလဲ သိဖို့လိုပါတယ်။ ဥပမာ စိန်ဂေဟာက မီးဖိုချောင်သုံးပစ္စည်းတွေကို  Discountချပေးနေတယ် ဆိုပါစိုု့။ သင်က ပုံမှန်ဈေးနဲ့ ရောင်းနေတဲ့ အခြားစူပါမားကတ်တစ်ခုမှာ သွားဝယ်ရင် Discount အခွင့်အရေးကို လက်လွတ်သွားပါလိမ့်မယ်။ အကျိုးဆက်က ပိုက်ဆံပိုကုန်သွားပါတယ်။ အဲ့ဒီလိုနေ့မျိုးမှာ ပိုက်ဆံချွေတာနိုင်ရက်နဲ့ သင်ပိုက်ဆံပိုကုုန်မယ့် နေရာကိုရွေးခဲ့သလို ဖြစ်သွားတာပါ။ Discount သတင်းတွေကိုလည်း အမြဲလိုလို နားစွင့် နေသင့်ပြီး မိမိလိုအပ်တဲ့ပစ္စည်းနဲ့ Discountချတဲ့အချိန်တိုက်ဆိုင်တဲ့အခါမျိုးမှာ ဝယ်ယူထားသင့်ပါတယ်။



ပိုက်ဆံဟာ ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သေသေချာချာ စီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်။ အသေး အမွှားအရာလေးတွေကြောင့် တစ်လတစ်လ မလိုအပ်တဲ့ ထွက်ငွေတွေ များနေတတ်ပါတယ်။ မိမိရဲ့ ငွေထွက်ပေါက်တွေ ကို တတ်နိုင်သလောက် ပိတ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အားလုံး ပိုက်ဆံကိုတန်ဖိုး ထားတတ်ပြီး ချွေတာစွာ သုံးစွဲတတ်ကြပါစေ။

 

Ref : Shwemom

Photo Credit : usmoney

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy