Property Titles
Search Filters
Property Titles
Finance & Legal

ငွေရေးကြေးရေး အဆင်ပြေချင်တဲ့သူတိုင်း သိထားသင့်တဲ့ ဝင်ငွေရရှိနိုင်မယ့် လမ်းကြောင်း(၇)ခု

Updated 15th Dec 2020

Written by

Sint Sint, Shweproperty

Unicode

 

လောကမှာ လူတိုင်း ပိုက်ဆံရဖို့ အလုပ်လုပ်နေရပြီး မတူညီတဲ့ ဝင်ငွေလမ်းကြောင်းတွေ ရှိတတ်ကြပါတယ်။ ချမ်းသာသူအများစုကို ကြည့်လိုက်ရင် ဝင်ငွေလမ်း ကြောင်းများစွာရှိကြပြီး ငွေရေးခက်ခဲသူအများစုမှာတော့ ဝန်ထမ်းလုပ်ပြီး ရလာတဲ့ ပိုက်ဆံအပေါ်သာ အဓိက မှီခိုနေကြတာ တွေရပါလိမ့်မယ်။ အကယ်၍ ဝင်ငွေ တစ်ခုတည်းသာရှိတဲ့ လူတစ်ယောက် နာမကျန်း၍ဖြစ်စေ၊ အလုပ်မလုပ်နိုင်တော့၍ဖြစ်စေ ဝင်ငွေ ရပ်တန့်သွားပါက သူနဲ့ သူ့အပေါ်မှီခိုနေရတဲ့ မိသားစု ငွေကြေးအခက် တွေ့သွားနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ တစ်ခုထက် ပိုတဲ့ ဝင်ငွေရလမ်းကြောင်းများကို ဖန်တီးထားသင့်ပါတယ်။

 

 

ပိုက်ဆံ ဝင်နိုင်မယ့် လမ်းကြောင်း(၇)မျိုးကို အောက်မှာ ဖော်ပြပေးသွားပါ့မယ်။

 

 

 

၁။ Earned Income (လုပ်အားခဝင်ငွေ)

 

 

လူအများစုကတော့ လုပ်အားခမှရတဲ့ ဝင်ငွေအပေါ် မှီခိုနေရပါတယ်။ အစိုးရဝန်ထမ်း၊ စက်ရုံအလုပ်ရုံဝန်ထမ်းမှ စ၍ ဆရာဝန်၊ အင်ဂျင်နီယာ၊ နေ့စားအလုပ်သမားထိ အားလုံးပါဝင်ပါတယ်။ သင့်အနေနဲ့ ယခုလက်ရှိ လုပ်အားခအပေါ် မှီခိုနေပြီး ငွေကြေးခက်ခဲ နေရင်တော့ စိတ်မပူပါနဲ့တော့။ ဆက်လက်ဖော်ပြမယ့် ဝင်ငွေ ရလမ်းကြောင်းများထဲမှ တစ်ခုခုကိုသာ ရအောင် ဖန်တီးထားပါ။ ငွေရေးကြေးရေး အဆင်ပြေလာပါလိမ့်မယ်။ ဝန်ထမ်းမို့ အရင်းနှီး မရှိဘူးလို့ မပြောပါနဲ့။ လစာငွေရဲ့ ဆယ်ပုံတစ်ပုံကို ရအောင်စုပြီး အခြားဝင်ငွေရလမ်းကြောင်းတွေ ဖန်တီးပါ။ အဲ့လိုမလုပ်ရင်တော့ လက်ရှိအတိုင်းပဲ သင် ရလိုက် သုံး လိုက် ကုန်လိုက်နဲ့ အိုမင်းလာတဲ့အခါ သိပ်စုမိဆောင်းမိရှိမှာ မဟုတ်ပါဘူး။

 

 

၂။ Interest Income (အတိုးဝင်ငွေ)

 

မိတ်ဆွေ အနေနဲ့ လက်ထဲမှာ ငွေပိုငွေလျံရှိတယ်။ စီးပွားရေး လုပ်ငန်းတစ်ခုခု စရမှာလည်း အဆင်မပြေဘူး။ အခက်တွေရှိလို့ မစရဲသေးဘူးဆိုရင်တော့ Bank တိုး ဖြစ်စေ၊ စိတ်ချယုံကြည်ရတဲ့ မိတ်ဆွေတွေ လုပ်ငန်းရှင်တွေဆီကို ငွေချေးပေးပြီး အတိုးရယူနိုင်ပါ တယ်။

၃။ Profit Income (အမြတ်ဝင်ငွေ)

 

ဥပမာ- မိတ်ဆွေအနေနဲ့ ကုန်ပစ္စည်းတစ်ခုခုကို 800 နဲ့ ဝယ်ပြီး 1000 နဲ့ ပြန်ရောင်းလို့ ရလာတဲ့ 200ဝင်ငွေကို အမြတ်ဝင်ငွေလို့ ခေါ်ပါတယ်။ ကုန်သည်တွေ စတိုးဆိုင် ပိုင်ရှင်တွေ၊ Online Shop လုပ်သူတွေ ပါဝင်ပါတယ်။ ၄င်းအပြင် ကုန်ပစ္စည်း သို့မဟုတ် ထုတ်ကုန်တစ်ခုခုကို ထုတ်လုပ်ရောင်းချရာမှ ရလာတဲ့ ဝင်ငွေဟာလည်း အမြတ်ဝင်ငွေပါပဲ။ ထုတ်ကုန်ဆိုလို့ အကြီးကြီးတွေမှ မဟုတ်ပါဘူး။ အိမ်တွင်းမှု အသေးစား လုပ်ငန်းလေးတွေကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

 

၄။ Rent Income (ငှားရမ်းခဝင်ငွေ)

 

အိမ်၊ခြံ၊မြေ၊တိုက်၊ကား စသည်တို့ကို ငှားရမ်းထားရာမှ ရရှိလာတဲ့ ဝင်ငွေအမျိုးစား ဖြစ်ပါတယ်။ မိတ်ဆွေမှာ အိမ်တစ်လုံးပိုနေ၍ ငှားထားရာ အိမ်ငှားခမှ ရသည့်ဝင်ငွေမျိုး ဖြစ်သည်။ မိတ်ဆွေမှာရှိတဲ့ ကား၊ဆိုင်ကယ်၊ထွန်စက် စသည်တို့ကို တစ်ယောက်တည်း အကုန်မမောင်းနိုင်ပါဘူး။

ဒါကြောင့် သင့်လျော်တဲ့သူတွေဆီ ငှားရမ်းပေးရာမှလည်း သင့်အတွက် ဝင်ငွေတိုးလာစေမှာ ဖြစ်ပါတယ်။

 

၅။ Royalty Income

 

 

ဥပမာပေးရရင် စာအုပ်ထုတ်ခြင်း၊သီချင်းရေး၊သီချင်းခွေထုတ်ခြင်း စသည်တို့မှ ရလာတဲ့ ဝင်ငွေမျိုးပါ။ မိတ်ဆွေ စာအုပ်တစ်အုပ်ကို 2015 လောက်က ထုတ်ခဲ့ပေမယ့် စာဖတ်သူတွေကြိုက်လို့ ထပ်ပြီးပုံနှိပ်ရတာမျိုး၊ သင့်ရဲ့ဝတ္ထုကို ဇာတ်ကားရိုက်လို့ ဝင်ငွေရခြင်း၊ မိတ်ဆွသီချင်းကို ဇာတ်ဝင်တေးအဖြစ် သုံးချင်လို့ ရောင်းရသော ဝင်ငွေမျိုးကို Royalty Income လို့ခေါ်ပါတယ်။ မိတ်ဆွေ စာမရေးနိုင်တော့ရင် တောင်မှ မိတ်ဆွေရဲ့ စာကို ဖတ်နေသူရှိသေးရင် ဝင်ငွေတွေ ရနေမှာပါ။

 

 

၆။ Capital Gain (ရင်းနှီးမှုမှ ရငွေ)

 

မိတ်ဆွေအနေဖြင့် တိုက်ခန်း တစ်ခန်းကို သိန်း1000 နဲ့ဝယ်ပြီး နှစ်အနည်းငယ် ကြာမှ သိန်း1500 နဲ့ပြန်ရောင်းလို့ရလာတဲ့ ဝင်ငွေမျိုးပါ။ မြို့ပြင်ဘက်က ဈေးသိပ်မရှိသေးတဲ့ မြေကွက်တွေ ကြိုဝယ်ထားပြီး နောင်တစ်ချိန် မြို့ဧရိယာကျယ်လာပြီး မြို့ပြင်က မြေကွက်တွေ ဈေးရလာနိုင်ပါတယ်။ ထို့အတွက် သင့်ငွေတွေကို ရင်းနှီးမြှပ်နှံထားသင့်ပါတယ်။

 

 

၇။ Dividend Income

 

မိတ်ဆွေအနေနဲ့ Company တစ်ခုခုမှာ ရှယ်ယာ ထည့်ဝင်ထားပြီး အဲ့ Company က အမြတ်ဝေစု အတွက် ရရှိလာတဲ့ ဝင်ငွေမျိုးပါ။

 

 

zawgyi

 

ေလာကမွာ လူတိုင္း ပိုက္ဆံရဖို႔ အလုပ္လုပ္ေနရၿပီး မတူညီတဲ့ ဝင္ေငြလမ္းေၾကာင္းေတြ ရွိတတ္ၾကပါတယ္။ ခ်မ္းသာသူအမ်ားစုကို ၾကည့္လိုက္ရင္ ဝင္ေငြလမ္း ေၾကာင္းမ်ားစြာရွိၾကၿပီး ေငြေရးခက္ခဲသူအမ်ားစုမွာေတာ့ ဝန္ထမ္းလုပ္ၿပီး ရလာတဲ့ ပိုက္ဆံအေပၚသာ အဓိက မွီခိုေနၾကတာ ေတြရပါလိမ့္မယ္။ အကယ္၍ ဝင္ေငြ တစ္ခုတည္းသာရွိတဲ့ လူတစ္ေယာက္ နာမက်န္း၍ျဖစ္ေစ၊ အလုပ္မလုပ္ႏိုင္ေတာ့၍ျဖစ္ေစ ဝင္ေငြ ရပ္တန္႔သြားပါက သူနဲ႔ သူ႔အေပၚမွီခိုေနရတဲ့ မိသားစု ေငြေၾကးအခက္ ေတြ႕သြားႏိုင္ပါတယ္။ ဒါေၾကာင့္ မိတ္ေဆြတို႔အေနနဲ႔ တစ္ခုထက္ ပိုတဲ့ ဝင္ေငြရလမ္းေၾကာင္းမ်ားကို ဖန္တီးထားသင့္ပါတယ္။

 

 

ပိုက္ဆံ ဝင္ႏိုင္မယ့္ လမ္းေၾကာင္း(၇)မ်ိဳးကို ေအာက္မွာ ေဖာ္ျပေပးသြားပါ့မယ္။

 

၁။ Earned Income (လုပ္အားခဝင္ေငြ)

 

 

လူအမ်ားစုကေတာ့ လုပ္အားခမွရတဲ့ ဝင္ေငြအေပၚ မွီခိုေနရပါတယ္။ အစိုးရဝန္ထမ္း၊ စက္႐ုံအလုပ္႐ုံဝန္ထမ္းမွ စ၍ ဆရာဝန္၊ အင္ဂ်င္နီယာ၊ ေန႔စားအလုပ္သမားထိ အားလုံးပါဝင္ပါတယ္။ သင့္အေနနဲ႔ ယခုလက္ရွိ လုပ္အားခအေပၚ မွီခိုေနၿပီး ေငြေၾကးခက္ခဲ ေနရင္ေတာ့ စိတ္မပူပါနဲ႔ေတာ့။ ဆက္လက္ေဖာ္ျပမယ့္ ဝင္ေငြ ရလမ္းေၾကာင္းမ်ားထဲမွ တစ္ခုခုကိုသာ ရေအာင္ ဖန္တီးထားပါ။ ေငြေရးေၾကးေရး အဆင္ေျပလာပါလိမ့္မယ္။ ဝန္ထမ္းမို႔ အရင္းႏွီး မရွိဘူးလို႔ မေျပာပါနဲ႔။ လစာေငြရဲ႕ ဆယ္ပုံတစ္ပုံကို ရေအာင္စုၿပီး အျခားဝင္ေငြရလမ္းေၾကာင္းေတြ ဖန္တီးပါ။ အဲ့လိုမလုပ္ရင္ေတာ့ လက္ရွိအတိုင္းပဲ သင္ ရလိုက္ သုံး လိုက္ ကုန္လိုက္နဲ႔ အိုမင္းလာတဲ့အခါ သိပ္စုမိေဆာင္းမိရွိမွာ မဟုတ္ပါဘူး။

 

၂။ Interest Income (အတိုးဝင္ေငြ)

 

 

မိတ္ေဆြ အေနနဲ႔ လက္ထဲမွာ ေငြပိုေငြလ်ံရွိတယ္။ စီးပြားေရး လုပ္ငန္းတစ္ခုခု စရမွာလည္း အဆင္မေျပဘူး။ အခက္ေတြရွိလို႔ မစရဲေသးဘူးဆိုရင္ေတာ့ Bank တိုး ျဖစ္ေစ၊ စိတ္ခ်ယုံၾကည္ရတဲ့ မိတ္ေဆြေတြ လုပ္ငန္းရွင္ေတြဆီကို ေငြေခ်းေပးၿပီး အတိုးရယူႏိုင္ပါ တယ္။

 

 

၃။ Profit Income (အျမတ္ဝင္ေငြ)

 

 

ဥပမာ- မိတ္ေဆြအေနနဲ႔ ကုန္ပစၥည္းတစ္ခုခုကို 800 နဲ႔ ဝယ္ၿပီး 1000 နဲ႔ ျပန္ေရာင္းလို႔ ရလာတဲ့ 200ဝင္ေငြကို အျမတ္ဝင္ေငြလို႔ ေခၚပါတယ္။ ကုန္သည္ေတြ စတိုးဆိုင္ ပိုင္ရွင္ေတြ၊ Online Shop လုပ္သူေတြ ပါဝင္ပါတယ္။ ၄င္းအျပင္ ကုန္ပစၥည္း သို႔မဟုတ္ ထုတ္ကုန္တစ္ခုခုကို ထုတ္လုပ္ေရာင္းခ်ရာမွ ရလာတဲ့ ဝင္ေငြဟာလည္း အျမတ္ဝင္ေငြပါပဲ။ ထုတ္ကုန္ဆိုလို႔ အႀကီးႀကီးေတြမွ မဟုတ္ပါဘူး။ အိမ္တြင္းမႈ အေသးစား လုပ္ငန္းေလးေတြကိုလည္း ထုတ္လုပ္ေရာင္းခ်ႏိုင္ပါတယ္။

 

၄။ Rent Income (ငွားရမ္းခဝင္ေငြ)

 

 

အိမ္၊ၿခံ၊ေျမ၊တိုက္၊ကား စသည္တို႔ကို ငွားရမ္းထားရာမွ ရရွိလာတဲ့ ဝင္ေငြအမ်ိဳးစား ျဖစ္ပါတယ္။ မိတ္ေဆြမွာ အိမ္တစ္လုံးပိုေန၍ ငွားထားရာ အိမ္ငွားခမွ ရသည့္ဝင္ေငြမ်ိဳး ျဖစ္သည္။ မိတ္ေဆြမွာရွိတဲ့ ကား၊ဆိုင္ကယ္၊ထြန္စက္ စသည္တို႔ကို တစ္ေယာက္တည္း အကုန္မေမာင္းႏိုင္ပါဘူး။

ဒါေၾကာင့္ သင့္ေလ်ာ္တဲ့သူေတြဆီ ငွားရမ္းေပးရာမွလည္း သင့္အတြက္ ဝင္ေငြတိုးလာေစမွာ ျဖစ္ပါတယ္။

 

၅။ Royalty Income

 

 

ဥပမာေပးရရင္ စာအုပ္ထုတ္ျခင္း၊သီခ်င္းေရး၊သီခ်င္းေခြထုတ္ျခင္း စသည္တို႔မွ ရလာတဲ့ ဝင္ေငြမ်ိဳးပါ။ မိတ္ေဆြ စာအုပ္တစ္အုပ္ကို 2015 ေလာက္က ထုတ္ခဲ့ေပမယ့္ စာဖတ္သူေတြႀကိဳက္လို႔ ထပ္ၿပီးပုံႏွိပ္ရတာမ်ိဳး၊ သင့္ရဲ႕ဝတၳဳကို ဇာတ္ကား႐ိုက္လို႔ ဝင္ေငြရျခင္း၊ မိတ္ဆြသီခ်င္းကို ဇာတ္ဝင္ေတးအျဖစ္ သုံးခ်င္လို႔ ေရာင္းရေသာ ဝင္ေငြမ်ိဳးကို Royalty Income လို႔ေခၚပါတယ္။ မိတ္ေဆြ စာမေရးႏိုင္ေတာ့ရင္ ေတာင္မွ မိတ္ေဆြရဲ႕ စာကို ဖတ္ေနသူရွိေသးရင္ ဝင္ေငြေတြ ရေနမွာပါ။

 

 

၆။ Capital Gain (ရင္းႏွီးမႈမွ ရေငြ)

 

 

 

မိတ္ေဆြအေနျဖင့္ တိုက္ခန္း တစ္ခန္းကို သိန္း1000 နဲ႔ဝယ္ၿပီး ႏွစ္အနည္းငယ္ ၾကာမွ သိန္း1500 နဲ႔ျပန္ေရာင္းလို႔ရလာတဲ့ ဝင္ေငြမ်ိဳးပါ။ ၿမိဳ႕ျပင္ဘက္က ေစ်းသိပ္မရွိေသးတဲ့ ေျမကြက္ေတြ ႀကိဳဝယ္ထားၿပီး ေနာင္တစ္ခ်ိန္ ၿမိဳ႕ဧရိယာက်ယ္လာၿပီး ၿမိဳ႕ျပင္က ေျမကြက္ေတြ ေစ်းရလာႏိုင္ပါတယ္။ ထို႔အတြက္ သင့္ေငြေတြကို ရင္းႏွီးျမႇပ္ႏွံထားသင့္ပါတယ္။

 

၇။ Dividend Income

 

မိတ္ေဆြအေနနဲ႔ Company တစ္ခုခုမွာ ရွယ္ယာ ထည့္ဝင္ထားၿပီး အဲ့ Company က အျမတ္ေဝစု အတြက္ ရရွိလာတဲ့ ဝင္ေငြမ်ိဳးပါ။

 

နောက်ဆုံးရ ဆောင်းပါးများ

 

နည်း (၇) သွယ် သိရုံနဲ့ ပိုက်ဆံစုနိုင်ပြီ 

နေ့စဉ်ဘဝမှာပိုက်ဆံချွေတာနိုင်ဖို့ သင်သတိထားသင့်တဲ့အရာ(၅)ခု

ဘဝကို ဟန်ချက်ညီညီနေထိုင်ဖို့ ပိုက်ဆံစုနည်း (၆) နည်း  

 

Credit By: thutadaily

Posted By: Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy