Updated 27th Dec 2019
Lwin Pyin, Shweproperty
ကျွန်တော်တို့ဆီမှာ နေရာအနှံ့အပြား ပေါပေါများများတွေ့ရတဲ့ ရှားစောင်း လက်ပတ်တွင် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အူမကြီးကို ရှင်းလင်းပေးတဲ့ ဝမ်းနုတ်ဆေးလို့လည်း ဆိုနိုင်ပါသေးတယ်။
သုတေသနပြုချက်များအရ ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိပါတယ်။ ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ (toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသေးတယ်။
ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာကြတာပါ။
ဒီနေ့ခေတ်ကြီးမှာ အားလုံးက ကွန်ပြုတာသမားတွေဖြစ်ကြမှာပါ။ မျက်စိဝေဒနာလည်း သေချာပေါက်ရှိကြပါလိမ့်မယ်။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့ ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ် အနေထားမှာ မျက်လုံးပေါ်မှာ အဝတ်ပါးပါးလေးခံ ပြီး အနှစ်ကို မျက်လုံးပေါ် တွင်15မိနစ်လောက်ကပ်ပေးထားပါ။(သီချင်းလေးနားထောင်ရင်းပေါ့) ။ပြီးရင်ခွာပြီး မျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ အတွက် အရမ်းကောင်းတဲ့ သဘာဝနည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ် ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ တစ်ရက်ရက်လေးပေါ့။ ( ဒီလိုလုပ်ပေးပါက မျက် စိကျန်းမာရေးတင် မကပါဘူး မျက်ကွင်းညိုတာနဲ့ မျက်လုံး ပတ်လည်က အရေးကြောင်းတွေကိုပါ သက်သာစေမှာပါ)
နောက်တစ်ခုက လှချင်ပါတယ်ဆိုတဲ့ ပျိုပျိုမေများအတွက် လှချင်ရက်သားနဲ့ မလှချင်ဘူးပြောတဲ့ ကိုကိုများပါ ဒီရှားစောင်း လက်ပတ်က အရမ်းအသုံးဝင်ပါတယ်။
နေပူထဲသွားတာများလို့နေလောင်ပြီး အသားမည်းလာရင်၊ ဝက်ခြံတွေ ဖြစ်ပြီးအမာရွတ်ကျန် နေခဲ့ရင်၊ မှဲ့ခြောက်တွေများလွန်းလို့ အလှပျက်နေရင် ၊ အသားရေမွဲခြောက်ခြာက် ၊ ဆံပင်တွေမွဲခြောက်ခြောက် ဖြစ်နေလို့စိတ်ညစ်နေရင် ရှားစောင်း လက်ပတ်ကို သတိရလိုက်ပါနော်။
ကိုယ်ရဲ့အားလပ်ချိန်လေးမှာရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပြီး လှသည်ထက်လှ ကြမယ်နော်။ လုပ်ရမှာက ရှားစောင်းလက်ပတ်အတွင်းသားလေးကို ဇွန်းနဲ့ခြစ်ယူပြီး ရေဆေးလိုက်ပါ။ ပြီးရင် ခွက်တစ်ခုမှာထည့်ပြီး ခေါက်ပါ ။ပျားရည် 2 ဇွန်းထည့်ပြီးရောမွှေပေးရင်ပိုကောင်းပါတယ်။ ရပြီဆိုရင် မျက်နှာပြင်အနှံ့ ညီညီညာညာလေး သုတ်လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ လှပတင်းရင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးပါနော်။ ( ကမ္ဘာကျော် အလှကုန်တွေမှာလည်း aloe vera က မပါမဖြစ်ဆိုတာမမေ့ပါနဲ့)
နောက်တစ်ခုကဆီးပူ ဆီးအောင့်သမားတွေအတွက်။ ရှားစောင်းလက်ပတ် အနှစ်ကိုယူ ဆန်ဆေးရေမှာ 10 မိနစ် လောက်စိမ်ထား ပြီးရင် အဲဒီအနှစ်ရယ် သကြားရယ်၊ နောက်ဆန်ဆေးရေ အသစ်ရယ်၊ ရောပြီး သောက်ပေးပါ။ ဆီးခုံမှာ အရမ်းပူနေရင် ဆီးခုံမှာပါကပ်ပေးပါ။ သက်သာသွားပါလိမ့်မယ်နော်။ ဒါပေမဲ့ ကိုယ်က ဝမ်းလျောလွယ်တယ်၊ကိုယ်ဝန်ရှိတယ်၊ နို့တိုက်နေရတယ်၊အသက် အရမ်းကြီးတယ်၊ဒါမှမဟုတ် တခြားရောဂါကြီး ရှိတယ်ဆိုရင်တော့ မသောက်ပါနဲ့နော်။
နောက်ဆုံးတစ်ခုက ပိန်လို့ အားမရှိလို့ ဝမ်းချုပ်လွန်းလို့ ပါဆိုတဲ့သူတွေ အတွက်ပါ
ရှားစောင်း လက်ပတ်၊ မန်ကျဉ်းသီး၊ကြိတ်မှန်ရွက်၊ ကြက်သွန်နီ ၊ ထန်းလျက် ရော ကျိုထားသော ချက်ဆေးကို ပျားရည်လေးနဲ့ရောပြီး တစ်နေ့ တစ်ဇွန်း စားပေးပါက မီးယပ်သွေးပူခြင်း၊ သွေးခန်း ခြင်း အကြောတက်ခြင်း ကောက် ကွေး နာကျင်ခြင်း သက်သာစေပြီး ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်း များ သက်သာစေပြီး သွေးသား စိုပြေ ကာကျန်း မာဝဖြိုး အလှတိုးလာပါလိမ့်မယ်။
အလှအပအတွက် ရှားစောင်းလက်ပပ်ရဲ့ နောက်ထပ်အသုံးဝင်ပုံတွေကတော့. . .
နှုတ်ခမ်းအတွက်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။
အသားအရေအတွက်
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်းကြပါတယ်။
မျက်နှာပေါ်မှအမဲစက်များအတွက်
ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။ ကဲ ဒီလောက်ဆို ရင်ရှားစောင်းလက်ပတ် ပင်လေးကိုမြင်ရင် မျက်လုံး အတွက် ကော၊လှဖို့ကော၊၀ ဖို့ကော အရမ်းချစ်ဖို့ကောင်းတဲ့ အပင်လေးပါလားလို့ သတိရပြီး ယုယုယယစိုက်ပျိုးထားပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Ref : Lwinpyin
Photo Credit : Thespruce
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
![]() |
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.