Updated 1st Nov 2017
သက်အေးဝေ, Shweproperty
တိုက်ခန်းတွဲတွေမှာ ထည့်သွင်းတပ်ဆင်ပေးထားတဲ့ မီးဖိုခန်းမှန်သမျှဟာ သေးတယ်၊ ကျဉ်းတယ်။ ပြီးတော့ ကျစ်လစ်မှုလည်း ရှိလှပါတယ်။ ချပ်ချပ် ယပ်ယပ်လေးပေါ့။ တစ်ခုရှိတာက မီးဖိုးချောင်သဘာဝအတိုင်း အိမ်မှာတော့ အလုပ်ရှုပ်ဆုံး နေရာဖြစ်သလို အိမ်သားတွေသာမက လူစမ်းဧည်သည်တွေတောင်မှ ဥဒဟို ဝင်ထွက်သွားလာ နေတတ်တဲ့ နေရာမျိုးမဟုတ်လား။
အဲဒီတော့ မီးဖိုချောင်ထဲမယ် ရသမျှ ရှိသမျှ နေရာကျဉ်းကျဉ်းလေးထဲမှာ ဘေးကင်းလုံခြုံ အနေအထားမျိုး ရောက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ဖို့ကိစ္စဟာ မိခင်ဖခင်လောင်း အသစ်စက်စက်တွေအတွက် အရမ်းကို အလေးထားရမယ့် အခန်းကဏ္ဍမှာ ရပ်တည်ဖို့လိုပါတယ်။
ကျွန်မခင်ပွန်းနဲ့ ကျွန်မလိုစုံတွဲအဖို့တော့ တိုက်ခန်းသစ်ဆီ ပြောင်းလာခါစမို့ မီးဖိုပိစိလေးထဲမှာ တစ်ဆောင်တစ်ယောင် ချတ်ပြုတ်စားဖြစ်ခဲလှပါတယ်။ ကျွန်မတို့က မီးဖိုချောင်ကို သန့်သန့်လေးထားတယ်။ ရှင်းရှင်းလေးထားတယ်။ ပြီးတော့ ဟိုနေရာဆီကွက် ဒီနေရာဆီကွက် မဖြစ်ရအောင်ကို အမြဲတမ်းဂရုစိုက်လို့ နေတော့တာရယ်ပါ။
ကျွန်မတို့မီးဖိုချောင်ရဲ့ ကက်ဘိနက်တွေ၊ ကြောင်အိမ်တွေ၊ အံဆွဲတွေဟာ ဟာလာဟင်းလင်းဖြစ်လို့နေပါတယ်။ ကျွန်မတို့နဲ့ မီးဖိုရဲ့ဆက်ဆံရေးဟာလည်း ကျဲလှပါတယ်။ မသကာ ရေခဲသေတ္တာထဲက ဖျော်ရည်သံဗူးတွေ သွားယူမယ်၊ မိုက်ကရေိုဝ့ဗ်မီးဖိုနဲ့ ညစာနွေးမယ်။ ရေနွေးကျိုမယ်၊ ခွေးကလေးကို အစာကျွေးမယ်ဆိုတဲ့ ကိစ္စတွေရှိမှသာ အဲဒီကိုရောက်တော့တာပါ။
ဒါပေမယ့်လည်း ကျွန်မတို့မှာ မနှစ်တုန်းဆီက သမီးလေးတစ်ယောက် ပေါ်ပေါက်လာတယ်။ ပြီးတော့ အိမ်အကူ ကောင်မလေးတစ်ယောက်လည်း လိုအပ်ချက်အရရောက်လာပါတော့တယ်။ ဘာပြောကောင်းမတုန်း အိမ်မှာပြောင်းလဲချက်ကတော့ကြမ်းသလာမမေးနဲ့။ ကက်ဘိနက်တွေ အံဆွဲတွေထဲမှာ ပစ္စည်းပစ္စယ တိုလီမိုလီတွေနဲ့ တင်းကြမ်းဖြစ်ကုန်ပြီး လုပ်ငန်းဆောင်တာမှန်သမျှဟာလည်း လုံးဝဥသုံ ဖီလာဆန့်ကျင်ဖြစ်ကုန်တော့တာပါပဲ။
အဲဒါတွေကြောင့် မီးဖိုချောင်ဘေးကင်းဘေးလုံခြုံရေးကိစ္စဟာ တစ်ခြား လှတပတလေးဖြစ်နေဖို့ဆိုတဲ့ ရှုထောင့်အမြင်ကနေ ခွဲထွက်ပြီး မီးဖိုချောင်ဘေးကင်းရေးသည်သာ ပထမဆိုပြီး အလွန်အရေးကြီးလာတဲ့ အနေအထားမျိုးအထိ ရောက်လာလေတော့တယ်။
အောက်မှာ ကျွန်မဖော်ပြထားတာတွေကတော့ မီးဖိုချောင် ဘေးကင်းစိတ်ချဖို့အတွက် အိမ်ဖော်မိန်းကလေးအပါအဝင် ရှိသမျှအိမ်သားအားလုံးအတွက် ထုတ်နုတ်ပြဌာန်းလိုက်တဲ့ လိုက်နာစရာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
မီးဖိုးအဝင်တံခါးပေါက်မှာ ကလေးဝင်လို့မရအောင် အတားအဆီးဂိတ်တံခါးတစ်ခု တပ်ဆင်ထားပါ။(လူကြီးကတော့ ကိုယ့်ဘာသာ ဖွင့်ဝင်ပေါ့)
သင်ချက်ပြုတ်ဆေးကြောလုပ်ကိုင်နေချိန်မှာ ကလေးကိုအပြင်မထွက်နိုင်အောင်လုပ်ထားတဲ့ကလေးထိန်ဝက်ခြံ(ကွာတား)ထဲမှာ ထည့်ထားပါ။
မီးဖိုကြမ်းပြင်တွေကို ချော်လဲခြင်းမဖြစ်အောင် ဆီတွေရေတွေ ဖိတ်ကျပေရေမနေစေဖို့ ထာဝရဂရုစိုက်ပါ။
ရေစိုဧရိယာရဲ့ရှေ့မှာ မချော်နိုင်တဲ့ ကြမ်းခင်းဖျင်ထည် သို့မဟုတ် အဝတ်ကြမ်းစဖြစ်ဖြစ် ခင်းထားပေးပါ။
မီးဖိုအတွက်အကာအရံ၊မီးဖိုခလုတ်တွေအတွက် အကာအရံတွေလုပ်ထားရပါမယ်။ဒါမှသင့်ကလေးတက်ဆော့ပြီးအပူမလောင်မှာ ဖြစ်ပါတယ်။
အရေးပေါ်မီးသတ်ဖို့ လက်ကိုင်မီးသတ်ဆေးဗူး ဆောင်ထားပါ။
ပန်းကန်ဆေးစက်၊ မိုက်ကရေိုဝ့မီးဖိုကို မတက်သာလို့ ကလေးနဲ့လက်လှမ်းတမှီမှာ ထားရတယ်ဆိုရင် စက်ရဲ့အဖုံးကိုသော့ခတ်ပိတ်ထားပါ။ နောက်ပြီးတော့ ရေခဲသေတ္တာတံခါးကိုလည်း ကလေးအားနဲ့ တော်ရုံတန်ရုံ ဆွဲဖွင့်လို့မရအောင် စေးကပ်နေအောင် ပိတ်ထားပါ။
ကြောင်အိမ် ကက်ဘိနက် ပတ္တာတွေကိုလည်းခပ်စေးစေးခပ်ဖြည်းဖြည်းလည်အောင်လုပ်ထားပါ။ ကြောင်အိမ်တံခါးလက်ကိုင်တွေက သင့်ကလေးလက်လှမ်းမီအောင်ရှိနေမယ်ဆိုရင် သော့ခတ်ထားပါ။
ကွဲတက်တဲ့ ဖန်ထည်တွေ၊ ချွန်ရှတဲ့ဓားတို့၊ ဖောက်တံတို့၊ ကတ်ကျေးတို့လို ပစ္စည်းတွေနဲ့ အခြားအန္တရယ်ရှိတဲ့ ပစ္စည်းတွေကို အံဆွဲတွေထဲထည့်ပြီး သောခတ်ထားပါ။ (ကလေးနဲ့လုံးဝထိတွေ့ခွင့်မရနိုင်တဲ့ အနေအထားမျိုး မုချရှိနေရပါမယ်)။
စားပွဲခင်းတွေ၊ အောက်ခံပြားလိုဟာမျိုးတွေကို စားပွဲစွန်း ကောင်တာစွန်းတွေမှာ တန်းလန်းတွဲလွဲ မထားမိပါစေနဲ့။ ကိုယ့်ကလေးက မမှီ့တမှီ လှမ်းဆွဲလိုက်ရင် စားပွဲခင်းပေါ်က ပစ္စည်းတွေက ကလေးထိပ်ပေါ်ကျပြီး သူ့ကိုယ်သူ လုပ်ကြံသလိုဖြစ်နိုင်ပါတယ်။
ပလပ်စတစ်အိတ်တွေကိုခေါက်ပြီး ကလေးတွေနဲ့ လုံဝအလှမ်းမှီတဲ့နေရာမှာ သိမ်းထားဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
အခုလို ကြိုတင်စီမံကာကွယ်ထားခြင်းရဲ့ အကျိုးဆက်က နဖူးတွေ့ဒူးတွေ့ အန္တရယ်ကျရောက်ဖြစ်ပွားလာမှ သွေးရူးသွေးတမ်း ရင်ဆိုင်ရခြင်းအဖြစ်ကနေ တစ်စိတ်တစ်ပိုင်း တားဆီးနိုင်ပါတယ်။ ကျွန်မစည်းကမ်းချက်တွေထဲက တချို့တစ်ဝက်ကဖြစ်စေ အများအတွက် အကျိုးပြုနိုင်မယ်ဆိုင်ရင်.....
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.