Updated 9th Nov 2017
Htet Mhuu (ShweProperty.com), Shweproperty
မိသားစုရဲ့ ဘဏ္ဍာရေးအနာဂတ်ကို ပုံဖော်တွေးဆဖို့ဖြစ်လာတဲ့အခါ ခင်ဗျားဟာ ခင်ဗျားမိသားစုနဲ့ ဘဏ္ဍာရေးစီမံကိန်းကို ပိုင်းခြားစိတ်ဖြာ သုံးသပ်ကြည့်ဖို့ လိုလာပြီဖြစ်ပါတယ်။
မိသားစုဘဏ္ဍာရေးစီမံကိန်းရေးဆွဲဖို့ ဖြစ်လာတဲ့အခါ ဘယ်သူမဆို မတူကွဲပြားမှုတော့ဖြင့် ရှိလာတာချည့်ပါပဲ။ တစ်ကိုယ်ရေတစ်ကာယပဲဖြစ်ဖြစ်ပေါ့လေ။ ခင်ဗျားဟာ မိသားစုဘဏ္ဍာရေးစီမံကိန်း ဆိုတာမျိုးနဲ့ ထဲထဲဝင်ဝင်မရှိဘူးဆိုရင်တော့ မိသားစုအနာဂတ်ဘ၀ လုံခြုံစိတ်ချရဖို့အတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုခု ရှာဖွေထားဖို့ရာကဖြင့် အရေးကြီးဆုံးရဲ့ အရေးကြီးဆုံးလို့ ပြောရမှာဖြစ်ပါတယ်။
မိသားစုဘဏ္ဍာရေးအနေအထားကို ပိုင်းခြားစိပ်ဖြာတဲ့အခါ မတူကွဲပြားတဲ့ ဧရိယာပေါင်းများစွာကို ပိုင်းခြားသရုပ်ခွဲမှု ပြုရတော့မှာပါပဲ။ ခင်ဗျားရဲ့ငွေကြေးစီးဆင်းမှု၊ အကြွေးစီမံခန့်ခွဲမှု စတာတွေကို တစ်ချက်ငှဲ့ကြည့်ရုံတင်မကဘဲ အငြိမ်းစားယူချိန်မယ် ဘယ်လိုနေထိုင်စားသောင်မယ်ဆိုတဲ့ စီမံကိန်းနဲ့ ကလေးတွေရဲ့ ပညာရေးရံပုံငွေ စတာတွေအတွက် ထည့်တွေးထားရမှာဖြစ်ပါတယ်။
အရေးကြီးတာက ဒီစီမံကိန်းဟာ ခင်ဗျားဘ၀ ရှေ့ရေးအတွက်သာမကဘဲ ခင်ဗျားကလေးတွေရဲ့ အတွက်လည်း သက်ရောက်မှုရှိလာမယ်ဆိုတာကို နားလည်သဘောပေါက် ထားဖို့ပဲဖြစ်ပါတယ်။
များသောအားဖြင့် အိမ်ထောင်သားစုတွေ အဲဒီ(မိသားစုဘဏ္ဍာရေးစီမံကိန်း) ဘာညာသာရကာအကြောင်း ကောင်းကောင်းမသိလိုက်ဘဲနဲ့ ဘာသိဘာသာ မေ့မေ့မောမော ရှင်သန်ကြီးထွားလာတတ်ကြပါတယ်။
အဲဒါနဲ့ပဲ ကလေးတွေအဖို့ တက်ကသိုလ်၊ကောလိပ်ပညာရေး ကိစ်စအတွက် ရေမျောကမ်းတင် မနိုင်မနင်းတွေဖြစ်၊ ပညာသင်ဆုကို မပိုင်ဝက်မွေး မျှော်ရမော့ရ မှီခိုရဖြစ်ကုန်တော့တာပေါ့။ ဒါဟာမိသားစုဘဏ္ဍာရေးစီမံကိန်းကို စနစ်တကျ ရေးဆွဲမထားမှုရဲ့ ခါးသည်းတဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
မိသားစုတော်တော်များများဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကောလိပ်ကို ပေးရမယ့်ကြွေးတွေနဲ့ပဲ အဆုံးသတ်ကြရတော့တာပါ။ ခင်ဗျားက ခင်ဗျားသားသမီးတွေကို မင်းတို့နောက် ၁၂ - နှစ်လောက် ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့နောက် အဆင်ပြေသွားမှာပါ ဘာညာနဲ့ ဘယ်လိုပဲဖျောင်းဖျသည်ဖြစ်စေ သူတို့ဟာ ဘယ်တော့မှ ကောလိပ်ကိုတော့ ရောက်နိုင်မယ် မဟုတ်ပါဘူး။ ဒါကတော့ ခင်ဗျားက အဲဒီအတွက် စီမံကိန်းချမထားခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မိသားစုစီမံကိန်းဟာ ကလေးတွေရဲ့ ဘ၀ရှေ့ရေးအတွက် စောနိုင်သလောက် အစောဆုံး ထည့်သွင်းစဉျးစားရမယ့် ပဓာနအချက်ဖြစ်လို့နေပါတော့တယ်။
ကလေးတွေရဲ့ ကောလိပ်ပညာရေးအတွက် ဘယ်လို ရှာဖွေစုဆောင်းရပါ့မလဲလို့ စဉျးစားသုံးသပ်ခြင်းဟာ ကလေးတွေရဲ့ အနာဂတ်လုံခြုံစိတ်ချရေးအတွက် စီမံချက်ချမှတ်ခြင်းပဲ ဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။
ဒီနေ့ကမ်ဘာမှာ ကောလိပ်ပညာရေးကို ခရီးမဆက်နိုင်တော့တဲ့ ကလေးတွေအတွက်တော့ အောင်မြင်ဖို့အလားအလာဟာ လုံးဝမရှိတော့သလောက်ကို ဖြစ်သွားမှာပါပဲ။ မျက်မှောက်ခေတ်အဖို့တော့ ကောလိပ်ပညာရေးဟာ ပြဌာန်းချက်အရ အလုပ်အကိုင်ရရှိရေးအတွက် မဖြစ်မနေလို့ ပြောရလုနီးပါး အရေးပါနေတဲ့ ကိစ်စဖြစ်လို့ နေတော့တယ်။
ကောလိပ်မှာ တက်ရောက်သင်ကြားဖို့ အရည်အသွေးမပြည့်မီသူတွေအတွက် စက်မှုကျောင်းတွေကို ရွေးချယ်ခွင့် ရှိသေးတယ်ဆိုသော်ငြားလည်းပဲ အဲဒီ စက်မှုကျောင်းတွေအတွက်ပင်လျှင် ကုန်ကျစရိတ်ရှိလာဦးမှာပါ။
မိသားစုဘဏ္ဍာရေးစီမံကိန်းရေးဆွဲထားခြင်း မရှိတဲ့ မိသားစုတွေအတွက်တော့ဖြင့် အဆင်မြင့်ပညာရေးကိုတက်လှမ်းဖို့ အခွင့်အရေးကောင်းတွေ လုံးဝမရှိမှာ သေချာပါတယ်။ တကယ်လို့ မိသားစုဘဏ္ဍာရေးအစီအစဉ်အတွက် ခင်ဗျားမှာ အဆင့်သင့်မဖြစ်သေးဘူးဆိုရင်တော့ ဘဏ္ဍာရေးဆိုင်ရာ အကဲခတ်သုံးသပ်သူတစ်ယောက်ယောက်ကို ရှာပေရော့။ အဲဒါဟာ ခင်ဗျားမိသားစုအနာဂတ်အတွက် ပဓာနကျလှတယ်ဆိုတာ မမေ့နဲ့ဦး။
ဘဏ္ဍာရေးသုံးသပ်သူက ခင်ဗျားဒီနေ့ လုပ်နေသမျှဟာ ခင်ဗျားကလေးတွေနဲ့ သူတို့ရဲ့အနာဂတ်အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်းစေတယ်ဆိုတာ နားလည်လာအောင် လမ်းဖွင့်ပေးလိမ့်မှာ ဖြစ်တယ်။
ခင်ဗျားဟာ ကလေးတွေရဲ့ ကောလိပ်ပညာ ဆက်လက်သင်ကြားနိုင်ရေး အနာဂတ်ကို ကာကွယ်ဖို့ လိုအပ်ရုံမဟုတ်ဘဲနဲ့ သင်ကိုယ်သင် ကာကွယ်စောင့်ရှောက်ဖို့(လူမှုစီးပွားဘ၀ ခိုင်ကျည် တောင်တင်းနေအောင် လုပ်နေဖို့)ကလည်း လိုသေးတာအမှန်ပါ။
တကယ်တော့ ခင်ဗျားဟာ အသက်အရွယ်ရင့်လာတဲ့အခါမှာ ကလေးတွေက ခင်ဗျားအပေါ် ၀တ်တရားပျက်ကွက်သူ၊ တာဝန်မသိသူ၊ တရားခံတစ်ယောက်လို တွက်ဆခံစားကြမှာကိုတော့ ဘယ်လိုလုပ် လိုလားနိုင်မှာတဲ့လဲ ပေါ့နော်။
သည်လိုမျိုးမဟုတ်ဘဲ ငယ်ရွယ်နုနယ်တဲ့ မိသားစုဝင်တွေရဲ့ ကူညီသူ ဒါမှမဟုတ် ကယ်တင်ရှင်ဘ၀မျိုး ခံယူချင်တယ်ဆိုရင်ဖြင့် အဲဒီကိစ်စအတွက် အငြိမ်းစားယူထားတဲ့ ဘဏ္ဍာရေးသုံးသပ်သူတစ်ယောက်ကသာ ခင်ဗျားရဲ့ အနာဂတ်ရေး လုံခြုံစိတ်ချဖို့ လုပ်ပေးနိုင်မှာ ဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး ခံယူထားဖို့ လိုပါလိမ့်မယ်။
မိသားစုစီမံကိန်းနဲ့ မိသားစုဘဏ္ဍာရေးစီမံကိန်းကို ဘယ်အချိန်မှာ စတင်သင့်သလဲဆိုတာ ခင်ဗျားဟာ မိသားစုနဲ့ ဖြစ်လာလျှင် ဖြစ်လာချင်း အချိန်မဆိုင်းသာ လုပ်ပေတော့လို့ ပြောရမှာဖြစ်ပါတယ်။
တကယ်လို့ ခင်ဗျားဟာ ငွေကြေးစီးဆင်းမှုနဲ့ ပတ်သတ်ပြီး ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး သိမထားဘူးဆိုရင်။ အလားတူပဲ ပညာရေးရံပုံငွေ၊ အငြိမ်းစားကာလ စီမံချက်၊ ပြီးတော့ အိမ်ခြံမြေ(အိုးပိုင်အိမ်ပိုင်ဖြင့်နေနိုင်ရေး)စီမံချက်နဲ့ ရင်းနှီးမြှပ်နှံမှု စီစစ်လေ့လာချက်ဆိုတာတွေနဲ့ စိမ်းနေမယ်ဆိုရင် မိသားစုဘဏ္ဍာရေးစီမံကိန်း ကျွမ်းကျင်ပညာရှင်တစ်ဦး မြန်မြန်ရှာ၊ နောက်ပြီးတော့ ခင်ဗျားမိသားစုရဲ့ ဘဏ္ဍာရေးလမ်းပြမြေပုံကို အမြန်ဆုံးရေးဆွဲဖို့ လိုအပ်ပြီဆိုတာ မမေ့နဲ့လို့ အနှစ်ချုပ်ခဲ့ချင်ပါတယ်။
Photo Credit : Internet
Written By : Htet Mhuu (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.