Property Titles
Search Filters
Property Titles

အပိုသုံးမိနေတာတွေကို ဘယ်လိုလျော့ချမလဲ

Updated 17th Dec 2020

Written by

Sint Sint, Shweproperty

Unicode

 

ဝင်ငွေက ပုံမှန်ရှိနေသောလည်း တချို့က ငွေမစုမိကြပါဘူး။ မိမိအိမ်မှာတခါတရံ မလိုအပ်တဲ့ အပိုငွေသုံးမိတာတွေရှိတတ်ပါတယ်။ အပိုသုံးမိနေတဲ့ ငွေကြေးတွေကို ဘယ်လို လျှော့ချသင့်လဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်....



၁ - ကြေညာ

အသုံးစရိတ်ကို ချွေတာတော့မှာဖြစ်ကြောင်း အိမ်သားတွေနဲ့ သူငယ်ချင်းတွေကို ကြေညာထားပါ။



၂ - သဘောထားပြောင်း

ပိုက်ဆံနဲ့ပက်သက်ပြီး သဘောထားပြောင်းလဲပါ။ လုံလုံလောက်လောက်မရလို့ ငြီးငြူနေမယ့်အစား ရလာတဲ့ပမာဏကိုပဲ ပိုတန်ဖိုးထားပါ။



၃ - အရေးကြီးဆုံး

ဝယ်စရာရှိတာတွေ၊ လုပ်စရာရှိတာတွေကို စာရင်းလုပ်ပါ။ အရေးကြီးဆုံးဆိုတဲ့အရာကိုပဲလုပ်ပြီး ကျန်တာတွေကိုလျော့ချလိုက်ပါ။



၄ - စုံစမ်း

ဆိုင်တစ်ဆိုင်သွားစားမယ်ဆို ဒီဆိုင်အကြောင်းအရင်စုံစမ်းပါ။ သင်နဲ့သင့်လျော်မှုရှိမှ သွားပါ။



၅ - တီဗီလိုင်း

မကြည့်ဘဲနဲ့ ဝယ်ထားတဲ့ တီဗီလိုင်းတွေရှိရင် သက်တမ်းမတိုးပါနဲ့။



၆ - အင်တာနက်

အနီးအနားက wifi အခမဲ့ရမယ့်နေရာမျိုးကို ရှာဖွေထားပါ။ အီးမေးလ်နဲ့ အခြားရုံးအလုပ်ကိစ္စတွေကို ကိုယ့်ဖုန်းနဲ့လုပ်ခြင်းမျိုးကို တတ်နိုင်သလောက်ရှောင်ပါ။ Data Plan ဝယ်တာမျိုးကို တော်ရုံနဲ့မလုပ်ပါနဲ့။



၇ - ရုပ်ရှင်သွားကြည့်ခြင်း

ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်ခြင်းအစား အိမ်မှာ ခွေဝယ်ကြည့်တာက အကုန်အကျတော်တော်သက်သာပါတယ်။



၈ - ဘားတွေနဲ့ခပ်ဝေးဝေးနေပါ

အရက်ဘီယာသောက်တဲ့လူဆိုရင်တော့ အိမ်မှာသောက်တာက အကုန်အကျ သိသိသာသာကိုသက်သာပါတယ်။



၉ - အိမ်အနီးအနား

အပြင်ထွက်စားတာမျိုး၊ ဆိုင်တစ်ဆိုင်သွားတာမျိုးလုပ်ဖို့ ကြုံလာရင် ကိုယ့်မြို့နယ်ပတ်ဝန်းကျင်လောက်ကိုပဲသွားဖို့ အရင်ဆုံးစဉ်းစားပါ။



၁၀ - လျော့ချ

ပုံမှန်အလေ့အကျင့်ကြောင့်ဖြစ်ပေါ်လာတဲ့အသုံးစရိတ်ကို လျော့ချပါ။ နေ့စဉ်ကော်ဖီသုံးခွက်အစား နှစ်ခွက်သောက်တာမျိုးပါ။ သောက်ရင်လည်း ဆိုင်မှာမဟုတ်ဘဲ ကော်ဖီထုပ်ဖျော်သောက်တာမျိုးပါ။



၁၁ - အသွားအလာ

ဆိုက်ကားနဲ့သွားနေခြင်းအစား လမ်းလျှောက်သွားတာမျိုးဟာ ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။ ရုံးနောက်ကျလို့ အဌားကားနဲ့သွားရတာမျိုးမဖြစ်စေဖို့ အိပ်ရာစောစောထတာမျိုးလည်းလုပ်သင့်ပါတယ်။

 

Zawgyi

 


 


 

 

၁ - ကြေညာ

 


 

၂ - သဘောထားပြောင်း

 


 

 

၃ - အရေးကြီးဆုံး

 


 

 

၎ - စုံစမ်း

 


 

၅ - တီဗီလိုင်း

 


 

 

၆ - အင်တာနက်

 


 

 


 


 

 


 


 

 

၉ - အိမ်အနီးအနား

 


 

၁၀ - လျော့ချ

 


 

 

၁၁ - အသွားအလာ

 


 

 

နောက်ဆုံးရ ဆောင်းပါးများ

နည်း (၇) သွယ် သိရုံနဲ့ ပိုက်ဆံစုနိုင်ပြီ

ဘဝကို ဟန်ချက်ညီညီနေထိုင်ဖို့ ပိုက်ဆံစုနည်း (၆) နည်း

 

Ref : Search Myanmar

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy