Updated 11th May 2016
Myanmar Latest News, Shweproperty
လူဆိုတာအလုပ်မလုပ်ဘဲနဲ.လဲတသက်လုံးရပ်တည်လို.မလွယ်နိုင်ပါဘူး။ အလုပ်ချည်းပဲအချိန်ပြည့် နေရာပေးထားရပြန်ရင်လည်း ဘဝကဘယ်လိုမှအဓိပ္ပါယ်မရှိနိုင်ပါဘူး။ ဒါဆိုဘဝကိုပျော်ပျော်ရွှင်ရွှင် အဓိပ္ပါယ်ရှိရှိနဲ. အလုပ်မှာလည်း လစ်ဟင်းမှုမရှိတဲ့ သူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုဟန်ချက်ညီညီစီမံခန်.ခွဲဖို. မလိုအပ်ဘူးလား ??? အဲ့လိုဘဝတစ်ခုရဖို.အတွက် ဒီအချက် (၁၀) ချက်ကသင့်ကို အထောက်အကူပြုပြီးအကျိုးရှိစေနိုင်ပါလိမ့်မယ်..........
၁။ သင့်ကိုယ်ပိုင်ဟန်ချက်ထိန်းနည်းကိုသင်ရှာဖွေပါ
- စည်းကမ်းချက်တွေမလိုပါဘူး။ ကိုယ်ဘာကိုဦးစားပေးသင့်တယ်၊ ဘာကိုအချိန်ရွှေ.ဆိုင်းလို.ရတယ်ဆိုတာ ကိုယ်အသိဆုံးပါ။ ကြိုတင်ပြင်ဆင်စရာလိုတာတွေ မလိုတာတွေကိုလည်းသေချာ စီစဉ်ဆောင်ရွက်ထားပါ။ အဓိကက ” ငါလုပ်ရမှာပါပဲ ” ” ငါလုပ်ရင်ကောင်း မလား ” ဆိုပြီးတော့ မတွေဝေပါနဲ.။ ဘေးလူတွေရဲ. စကားအတိုင်းလည်းလိုက်ပြီးမစဉ်းစားမဆုံးဖြတ်ပါနဲ.။
ကိုယ့်လိုအပ်ချက်၊ စိတ်ခံစားချက်တွေကို ကိုယ်ကသာအသိဆုံးပါ။ အဲ့တော့ ကိုယ်ဘယ်လိုလုပ်ရင် ဘယ်လိုစီစဉ်ရင်ကိုယ့်အတွက် အကောင်းဆုံးလဲဆိုတာ ကိုယ်ဘာသာပဲ ဆုံးဖြတ်ရှာဖွေပါ။
၂။ စိတ်လှုပ်ရှားတက်ကြွမှုကိုလည်းသတိထားပါ
- အလုပ်မှာတက်တက်ကြွကြွရှိတာကောင်းပါတယ်။ တက်ကြွတဲ့စိတ်ကကိုယ့်ကိုခွန်အားတွေ၊ စွမ်းဆောင်ရည်တွေ တိုးမြှင့်ပေးနိုင် တယ်လို. ထင်ရပေမယ့် အပြည့်တော့မမှန်ပါဘူး။ ဘာလို.လဲဆိုတော့တက်တက်ကြွကြွဖြစ်နေရာကနေ အချိန်ကြာလာတာနဲ. အမျှလူရောစိတ်ရောစပင်ပန်းလာပါတယ်။ ပြီးရင်ကိုယ်ကတက်ကြွစိတ်အားထက်သန်လွန်းတော့ ကိုယ်ပင်ပန်းစပြုလာတဲ့အခါမှာ စိတ်ဖိစီးမှုပါစဝင်လာပါတယ်။ တက်ကြွလွန်းတဲ့သူတစ်ယောက်ဖြစ်တော့ စိတ်ဖိစီးမှုမရှိလာရင်တောင်မှ ကိုယ်ကဘယ်လိုမျိုးထပ်ဖြစ်တာ၊ ဘာတွေထပ်လုပ်ချင်တာ စသဖြင့်အတွေးတွေပိုများလာပါတယ်။ တကယ်လို.စိတ်အားတက်ကြွလွန်းတာကိုက သင့်ပင်ကိုယ် စရိုက်ဖြစ်နေရင်တော့ သင်ရေရှည်အဆင်ပြေပြေ ရပ်တည်နိုင်ဖို.အတွက် စိတ်ကိုခဏအနားပေးငြိမ်နေတာမျိုး လုပ်ဖို.လိုအပ် ပါတယ်။ပင်ပန်းပြီးတက်တက်ကြွကြွမရှိတော့မှာကိုမကြောက်ပါနဲ.။ ပင်ပန်းစရာရှိရင် ပင်ပန်းလိုက်ပါ။ လေးလံ ထိုင်းမှိုင်းသလိုဖြစ်နေ ရင်လည်းဖြစ်ပါစေ။ ဒါမှ အနားရသွားပြီးရင် ပြန်တက်ကြွလန်းဆန်းလာနိုင်မှာပါ။
၃။ လူတတ်ကြီးသိပ်လုပ်ပြီး အပြောသိပ်မကြီးပါနဲ.
- အလုပ်ခွင်မှာ ” ငါလုပ်စရာတွေအများကြီးရှိသေးတယ် ” ” ငါပဲဒီကိစ္စတွေအကုန်လုံးကိုလုပ်နိုင်မှာ ” ဆိုတာမျိုးတွေပြောဖူးလား ??? ကိုယ်ကသိပ်လုပ်ပြချင်တော့ တကယ်ကို ကိုယ့်အတွက် အလုပ်တွေများလာပါပြီ။ အဲ့တော့တဖြည်းဖြည်းနဲ.လူရော စိတ်ရောပင်ပန်း လာရပါတယ်။ ပိုဆိုးတာကအဲ့လိုတွေပြောနေ လုပ်နေတာက ကိုယ့်ကိုလူတော်ကြီးလို.ထင်မယ်လို.မတွက်ပါနဲ.။ သင့်လုပ်ရပ်တွေက သင့်လုပ်ဖော်ကိုင်ဖက်တွေကိုပိုပြီးစိတ်ရှုပ် အမြင်ကပ်စေပါတယ်။ နောက်ပြီး သင်ကလုပ်နိုင်တယ်လို.ကြွေးကြော်ထားတော့ တာဝန်တွေက သင့်ဆီပိုပုံကျလာတော့မှာပါ။
၄။ အကူအညီတောင်းပါ
- အကူအညီယူတာကလည်း စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ရတာတွေကိုလျော့ကျစေပါတယ်။ အခက်အခဲပြသနာတွေကို ကိုယ့်ဘာသာ ကြိတ်ဖြေရှင်းနေတာထက်စာရင် အသိပေးစရာရှိတာကိုပေးပါ။ လုပ်ဖော်ကိုင်ဖက်တွေ မန်နေဂျာတွေကိုပြောဆိုတိုင်ပင်ပါ။ သင်အကူအညီမတောင်းရတဲ့အကြောင်းက (၁) သင့်ကို ကိုယ့်ဘာသာမကိုင်တွယ် မဖြေရှင်းတတ်တဲ့သူလို.ထင်မှာစိုးတာ (၂) တခြားလူတွေကို အနှောင့်အယှက်မပေးချင်တာ၊ သင်ကပြသနာဖြစ်လွန်းသူလို. ထင်မှာစိုးတာ (၃) ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ဖြစ်မြောက်အောင် လုပ်နိုင်မယ်လို.ယုံကြည်ချက်မရှိတာမျိုးလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ အဓိကကတော့ အကူအညီလိုရင် မေးမြန်းဖို.ကိုတုံ.နှေးပြီးမချင့်မရဲနဲ.အချိန်ဆွဲတာမျိုးမဖြစ်ပါစေနဲ.။
၅။ အကောင်းဆုံးနဲ. ကောင်းပါတယ်ဆိုတာကိုခွဲခြားသိပါ
- ကိစ္စတစ်ခုခုကိုပြီးမြောက်အောင်လုပ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒီအလုပ်ကပြီးရုံပဲလုပ်လို.ရလား၊ အကုန်လုံးသေသေချာချာ လှလှပပပြီးမြောက်မှအဆင်ပြေမှာလား၊ ကိုယ်ကိုယ်တိုင်လုပ်မှဖြစ်မှာလား၊ လူလွှဲပြီးလုပ်ခိုင်းလို.ရောရနိုင်လား ဆိုတာကိုသေချာစဉ်းစားပါ။ ဥပမာပြောရရင် Martha ကနေ.တိုင်း သူမရဲ.မိသားစုအတွက် အဝတ်လျှော်ရပါတယ်။ အရင်တုန်းကအဆင်ပြေပေမယ့် သူမအလုပ်ရပြီး တဲ့နောက်ပိုင်းမှာ အဝတ်လျှော်တဲ့အလုပ်ကို သူမသေချာသီးသန်. အချိန်ပေးလုပ်ဖို.အခက်အခဲဖြစ်လာပါတယ်။ သူမခင်ပွန်းကို အကူအညီတောင်းပြီး လုပ်ခိုင်းလည်းရပေမယ့် သူမကိုယ်တိုင်လုပ်တာလောက်စိတ်တိုင်းမကျပြန်ပါဘူး။ ဒါပေမယ့်လည်း တကယ်တမ်း မှာတော့ သူမစိတ်တိုင်းမကျဘူး ဘယ်လောက်ပြောပြောအခုတော့ အဝတ်လျှော်တဲ့အလုပ်ကို သူမအချိန်ပေးနိုင်တဲ့အချိန်သူမ၊ သူမ မအားရင် သူမယောကျၤားကပဲကူနေရပါတယ်။ သူမယောကျၤားလျှော်ဖွပ်တဲ့အခါတွေ သူမသဘောမကျပေမယ့် ဒီအလုပ်က ဘယ်သူ လုပ်လို.ပြီးပြီး ပြီးမြောက်ဖို.က အဓိကမို.လို. ဒီလိုဖြေရှင်းလိုက်တော့လည်းအဆင်ပြေသွားတာပါပဲ။
၆။ ” မဖြစ်ဘူး ” ” မလုပ်ဘူး ” လို.ပြောပါ
- ဒီစကားကိုအမြဲတမ်းပြောခိုင်းတာမဟုတ်သလို၊ အလုပ်ကိစ္စတာဝန်ပိုင်းတွေနဲ.ပတ်သက်ပြီးပြောခိုင်းတာလည်းမဟုတ်ပါဘူး။ ဒီလိုအငြင်းစကားတွေကို အလုပ်နဲ.အိမ်မှာယူရမယ့်အပိုတာဝန်တွေနဲ. ပတ်သက်လာမှပြောခိုင်းတာပါ။ တကယ်လို. သင်ကတော် ရုံငြင်းဆိုတတ်တဲ့သူ မဟုတ်ဘဲ ” ဟုတ်ကဲ့ ” ဆိုတာချည်းပဲပြောတတ်တဲ့သူဆိုရင်တော့ သင်တာဝန်တွေ ပိလာတော့မှာသေချာပါတယ်။ အဲ့လိုမဖြစ်ချင်ရင်တော့ သင့်ကိုအလုပ်ပိုလုပ်ခိုင်းဖို.ပြောလာတဲ့အခါ ၅မိနစ်နေရင်ကျွန်တော်ပြန်လာပြောပါ့မယ်ဆိုပြီး အဲ့၅မိနစ်မှာ သူအကူအညီတောင်းတဲ့ကိစ္စကိုလက်ခံသင့်လား လက်မခံသင့်လား သေချာစဉ်းစားပါ။ တကယ်လို.သင့်အဖြေက မလုပ်နိုင်ဘူး လို.သာဖြေမယ်ဆိုခဲ့ရင် သူ.ကို ဆောရီးပါ၊ ကျွန်တော်မအားဘူး မလုပ်နိုင်ဘူး လို.ပဲတိုက်ရိုက်ငြင်းပါ။ တခြားဆင်ခြေတွေမပေးပါနဲ.။ ရိုင်းရိုင်းစိုင်းစိုင်း ခါးခါးသီးသီးကြီးလည်းငြင်းစရာမလိုပါဘူး။ မလုပ်နိုင်တာကို မလုပ်နိုင်ကြောင်းသာငြင်းလိုက်ပါ။
၇။ လက်ခံလိုက်ရင် ထပ်လက်မခံနဲ.တော့…..
- အလုပ်ပိုတစ်ခုကိုကိုယ်လုပ်မယ်လို.လက်ခံမိသွားတယ်၊ တကယ်တမ်းကိုယ့်မှာလုပ်စရာအလုပ်တွေကလည်း မပြတ်သေးဘူးဆိုရင် နောက်ထပ်အလုပ်ပိုတွေကို ထပ်တော့လက်မခံပါနဲ.တော့….. အဆင်ပြေမှာသေချာတဲ့အလုပ်မျိုး ထပ်ဝင်လာရင်တောင်လက်မခံပါနဲ.တော့….. ဘယ်လောက် အဆင်ပြေမယ်ထင်ထင် ပြီးစီးအောင်လုပ်နိုင်ဖို.ကအဓိကပါ။
၈။ တစ်ပတ်တာအားလပ်ချိန်ထားပါ
- ၄ပတ် (သို.) ၆ပတ် တစ်ခါ တစ်ပတ်လုံးအနားယူပါ။ အလုပ်နဲ.ပတ်သက်တာတွေ၊ အစီအစဉ်တွေ၊ Meeting တွေအကုန်လုံး ကိုမေ့ထားလိုက်ပါ။ သင့်ချစ်သူ ဒါမှမဟုတ် မိသားစု၊ မဟုတ်ရင်လည်း သင့်ဘာသာပဲ တစ်ယောက်တည်း အိမ်မှာနေပြီးတော့ဖြစ်ဖြစ် အချိန်တွေကုန်ဆုံးလိုက်ပါ။ ဒါသင်ဘာမှမလုပ်တာမဟုတ်ပါဘူး။ သင်လုပ်စရာရှိတာတွေ ထပ်မလုပ်ခင် ကြိုအားယူတာပါ။
၉။ သင့်လုပ်ချင်တာလုပ်ဖို. ညနေခင်းတစ်ခုစာအချိန်ပေးပါ
- သင့်အတွက်ပျော်ရွှင်မှုရနိုင်မယ့်အရာမျိုးဖြစ်ပါစေ။ သင့်ချစ်သူဖြစ်ချင်တာကိုလုပ်ပေးတာမျိုး သင့်ကလေးပူဆာတာကို လိုက်လုပ်ပေး ရတာမျိုး မဖြစ်ရပါဘူး။ ဒါသင့်အတွက်သီးသန်.ပါ။ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ ဆိုဖာပေါ်မှာဝိုင်တစ်ခွက်နဲ. သက်တောင့် သက်သာနေလိုက် တာပဲဖြစ်ဖြစ်၊ TV ကြည့်တာပဲဖြစ်ဖြစ် လုပ်ချင်တာလုပ်လိုက်ပါ။ ဖုန်းကိုပိတ်ထားပါ။ E-mail တွေလည်း မစစ်ပါနဲ.။ အဲ့ဒီ့အချိန်က သင့်အတွက်ပဲအပြည့်အဝရှိပါစေ။
၁၀။ အလုပ်နဲ.အိမ်ကြားမှာ စည်းတားထားပါ
- တကယ်လို.သင်က အိမ်မှာရောအလုပ်မှာရော အလုပ်တွေအရမ်းပိလာပြီ၊ လုပ်စရာတွေတအားများ လာပြီဆိုရင်ဘာဖြစ်လာမလဲ ? ရှင်းပါတယ်။ သင်အလုပ်လုပ်နေတဲ့အချိန်မှာ အိမ်အတွက်နောက်ဆံတင်းနေရပြီး အိမ်ပြန်ရောက်တော့လည်း အလုပ်အတွက် စိတ်တထင့်ထင့်ဖြစ်ရပါတော့မယ်။ အဓိကက သင်အလုပ်မဆင်းခင် (သို.) သင်အိမ်ကမထွက်ခင် သင်ခေါင်းထဲပေါ်လာသမျှကို စာအုပ်ထဲချရေးတာပဲဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာမှတ်ထားတာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာမှတ်ထားတာပဲဖြစ်ဖြစ်မှတ်ထားပါ။ သင်ပြန်လာရင် လုပ်ရမယ့်အရာတွေပါမှတ်ထားပြီး ဒီနေ.အလုပ်ကနေအိမ်ပြန်သွားရင် အလုပ်ကလုပ်စရာတွေကိုခဏမေ့ထား၊ အိမ်ကိုဝင်၊ နောက်နေ.အိမ်က ထွက်ကာနီးရင် အိမ်ကလုပ်စရာတွေကိုခဏပြန်မေ့ထားပြီး အလုပ်မှာလုပ်ဖို. ကျန်တယ်လို.မှတ်ထားတာတွေကို ဆက်လုပ်ပါ။
ဒီအချက် (၁၀)ချက်ကတော့ သင့်ဘဝအတွက် အလုပ်နဲ.ဘဝကြားမှာ အခက်အခဲပြသနာတွေနည်းသွားအောင် ဟန်ချက်ထိန်းဖို. အဓိကနားလည်ထားရမယ့် အချက်တွေဖြစ်လို. သေချာမှတ်သား နားလည်ထားသင့်ပါတယ်။
Posted By : Wai Phyoe
Photo Credit : TSL
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
![]() |
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.