Updated 27th Nov 2017
ဘုန်းနေလ − ဒဂုံတက္ကသိုလ်, Shweproperty
အလှအပဆိုတာ လူတိုင်းမြတ်နိုး တတ်တဲ့ အရာတစ်ခုပါ။ အလှအပ တွေကိုမြတ်နိုးကြတာကြောင့် လူတိုင်း အလှအပတွေနောက်ကို လိုက်ရင်း အဆင့်အတန်းမြင့်မားမှုတွေကိုလည်း ရရှိလာကြတာ အမှန်ပါပဲ။
၂၁ ရာစုမှာတော့ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် လှပအောင် ပြုပြင် တတ်လာသလို ကိုယ်နေတဲ့ ပတ်ဝန်း ကျင်လှပမှုတွေကို ပြင်ဖို့လည်း ဂရုပြုမိလာကြပါတယ်။ဒါဟာ ဂုဏ်သိက္ခာတစ်ခုကို ပိုင်ဆိုင်နိုင် စေဖို့ဆိုတာပါ။ အထူးသဖြင့် လူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေကြသူ တွေရဲ့ဘဝ ဖြတ်သန်းမှုတွေကတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေနဲ့လိုက်လျောညီထွေနေ တတ်ဖို့လိုအပ်ပြီး ကိုယ်နေထိုင်တဲ့လူမှု ဘဝကိုလည်း အဆင့်အတန်းမြင့်မားစွာ နေထိုင်တတ်ရင်တော့ သင်ဟာ ဂုဏ်ရှိစွာနဲ့ ဖြတ်သန်း နေထိုင်နိုင် သူတစ်ဦးပါပဲ။ ဒီလိုဖြတ်သန်း နေထိုင် မှုမှာတော့ ကိုယ်သုံးစွဲတဲ့ပစ္စည်း မှန်သမျှဟာ ကိုယ်တတ်နိုင်တဲ့ အင်အားပေါ်မူတည်ပြီး အဆင့်တန်း မြင့်မြင့် သုံးစွဲတတ်မယ်ဆိုရင်တော့ လူမှု ဘဝနယ်ပယ်မှာ သင်ဟာ ဟာမိုနီ ဖြစ်လို့နေမှာ မလွဲဧကန်ပါပဲ။
ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်ပြီး စီးပွားရေးလုပ်နေကြသူတွေရဲ့ ရုံးခန်း ဖွဲ့စည်းမှုကလည်း တတ်နိုင်တဲ့ငွေကြေး၊ ဓနအင်အားပေါ်မူတည်ပြီး ပြုလုပ် လို့ရပါတယ်။သင့်ရုံးခန်းဟာ အကျယ်အဝန်း နည်းပါးလွန်းလို့ စိတ်ညစ်နေတဲ့သူပဲဖြစ်ဖြစ်၊ ငွေကြေး တတ်နိုင်လို့ ရုံးခန်းကျယ်ကျယ်သုံးချင် ကြသူတွေပဲဖြစ်ဖြစ် ကိုယ့်ရုံးခန်းကို ဖွဲ့စည်းဖို့ စိတ်ညစ်လို့ နေကြမယ်ဆိုတာ မမှားပါဘူး။ ဒါပေမဲ့ ကိုယ်တတ် နိုင်တဲ့ပေါ်မူတည်ပြီး အသုံးပြုတတ်မယ် ဆိုရင်တော့ အရာအားလုံးအဆင်ပြေ သွားမှာပဲလေ။
ဧည့်ကြိုနေရာကစပြီး ထမင်းစား ခန်းထိ အဓိကကျတဲ့ နေရာမှာ ပါဝင်နေတာက အမှန်ပါပဲ။ လူတိုင်းက စစချင်း ဝင်ရောက်လို့ လာမယ့် ဒီနေရာဟာ ရုံးခန်းတစ်ခုလုံးရဲ့ အသက်လို့ပြောရမှာ ဖြစ်တဲ့အပြင် ကုမ္ပဏီတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာ ကိုလည်း သက်ရောက်မှုရှိနေပါတယ်။
ဧည့်ကြိုကောင်တာရဲ့ အနောက်မှာ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်လိုဂိုက အရောင်တောက်ပမှု၊ ထင်ရှားနေမှုနဲ့ ခမ်းနားထည်ဝါမှုတွေရှိဖို့ လိုသလို ဧည့်ကြိုကောင်တာမှာ ထားရမယ့် စားပွဲထိုင်ခုံဟာ အောက်ခြေထိ အပိတ်ဖြစ်ရမယ့်အပြင် အရောင်တောက်တောက် ဖြစ်ရင်တော့ ပိုပြီးကောင်းပါတယ်။ ဘာလို့ လည်းဆိုတော့ တချို့ကုမ္ပဏီက ရုံးခန်းဖွဲ့စည်းမှုပိုင်းဆိုင်ရာ အဓိက ဦးစားပေးဖို့ကတော့ ကိုယ့်ရဲ့ရုံးခန်းမှာ ဝန်ထမ်းအသုံးပြုနိုင်မှုကို အရင်အဦးဆုံး စဉ်းစားရမှာပါ။
နောက်ပြီးကုမ္ပဏီရဲ့ အဓိကလုပ်ဆောင်ကြမယ့် ဝန်ထမ်း တွေရဲ့အင်အား ပေါ်မူတည်ပြီး ရုံးတွင်းမှာ အသုံးပြုမယ့် ရုံးသုံး ပစ္စည်းတွေကို နေရာချဖို့ အရင်ဆုံး စဉ်းစားရမှာပါ။ ဒါ့အပြင် ကိုယ်သုံးမယ့် ရုံးသုံးပစ္စည်းတွေရဲ့ အရောင်တွေကလည်း သင့်ရဲ့စိတ်ကို ဖော်ပြနေတာကြောင့် အထူး သတိ ထားဖို့လည်း လိုနေပါသေးတယ်။
နေရာကျဉ်းတဲ့ ရုံးခန်းတွေရဲ့ အခန်း ဖွဲ့စည်းမှုဆိုင်ရာတွေကို လုပ်မယ် ဆိုရင်တော့ မဖွဲ့စည်းခင် အရင်ဆုံး စဉ်းစားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျဉ်းမြောင်းတဲ့နေရာပေါ်မှာပဲ ဖွဲ့စည်းရတာကြောင့် မလိုအပ်တဲ့ အရာတွေကို ဖွဲ့စည်းမိလိုက်ရင် အခက်တွေ့စေမှာမို့ပါ။ အဓိကကတော့ ကိုယ်သုံးမယ့်ရုံးခန်း အတွင်းပိုင်းနံရံတွေရဲ့ အရောင်တွေ ပါပဲ။ ရုံးခန်းကျဉ်းသူတွေအတွက်တော့ အဖြူရောင်သုံးခြင်းက ပိုမိုကောင်းတဲ့ အပြင် ရုံးခန်းကို ကျယ်နေသယောင် ဖြစ်နေတာကြောင့် အသုံးပြုကြသူတွေ များကြပါတယ်။ အခုလို အသုံး ပြုခြင်းမှာတော့ အဖြူရောင်နဲ့အတူ သင့်ရုံးခန်းရဲ့ မျက်နှာကြက်တွေပဲ ဖြစ်ဖြစ်၊ နံရံပေါ်မှာပဲ ဖြစ်ဖြစ် အနက်ရောင်ကိုလည်း တွဲဖက်သုံးမယ် ဆိုရင်တော့ပိုမိုလိုက်ဖက်တဲ့အပြင် ကျယ်ဝန်းတဲ့ပုံ ပေါ်လွင်နေမှာပါ။
ဒါ့ကြောင့်မို့ ကိုယ်သုံးတဲ့ ရုံးခန်းရဲ့အရောင်ကို ကိုယ်တိုင်ကပဲ ဦးဆုံးရွေးချယ်ရမှာက အမှန်ပါ။ ဒီလိုရွေးချယ် ထားတဲ့ အရောင်တွေပေါ် မူတည်ပြီးဒီဇိုင်နာတွေက သင့်ရုံးခန်းရဲ့ အလှကို ပိုမိုလှပအောင် ဆောင်ရွက် ပေးကြပါလိမ့်မယ်။ ခုလိုဆောင်ရွက် ပေးဖို့ကလည်း သင့်လိုအပ်ချက်ရရှိမှသာ ဒီဇိုင်နာတွေကို ခေါ်ရင်ပေါ့။
ဒီဇိုင်နာ တွေကို မခေါ်ချင်ရင် ကိုယ်တိုင် ပဲ သင့်ရုံးခန်းရဲ့အလှကို ကိုယ်တိုင် ဆင်ယင်ကြည့်ရင်တော့ စိတ်တိုင်း ကျမှုတွေကို ရရှိစေမှာပါပဲ။ ဒါပေမဲ့ ဒီဇိုင်နာကိုခေါ်ပြီး ပြင်ဆင်မယ်ဆိုရင် ဘေးကနေပြီး ကြည့်နေတဲ့ သင့်အနေနဲ့ ပိုပြီးအတွေးစိတ်ကူး ရရှိစေမှာပါ။
အခုလိုပဲ ကျယ်ဝန်းတဲ့ ရုံးခန်းပိုင်ရှင် တွေအနေနဲ့လည်း ကိုယ်ဖန်တီးချင်တဲ့ ရုံးခန်းကို ကိုယ်တိုင်ပုံဖော်ကြည့်မယ် ဆိုရင် ပိုမိုပေါ်လွင်စေမှာမှန်ပေမယ့် ဒီဇိုင်နာများနဲ့ တိုင်ပင်ဖန်တီးလိုက် ရင်တော့ ပိုပြီးကောင်းမွန်စေမယ်လို့ ဆိုလိုက်ချင်ပါတယ်။
Ref : Mizzima
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.