Property Titles
Search Filters
Property Titles

အဆိပ်အတောက်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့မိလျှင်

Updated 24th Aug 2016

Written by

Thutazone, Shweproperty

 

အဆိပ်အတောက် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ခန္ဓာကိုယ်မှာ ဆိုးဆိုးရွားရွား နာကျင်မှုတွေ မဖြစ်စေဖို့ လိုက်နာ   ဆောင်ရွက်သင့် တာတွေ ကို ဖော်ပြပေး လိုက်ပါတယ်။



မျိုချမိသည့်အခါ



- ရေဒါမှမဟုတ် နွားနို့ နည်းနည်းကို အမြန်ဆုံး သောက်လိုက်ပါ။



- နီးစပ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေဆီ အမြန်ဆုံးသွားပြီး ကုသမှု ခံယူပါ။



မျက်လုံးထဲ ဝင်သွားသည့်အခါ



- ရေနဲ့ အမြန်ဆုံး ဆေးကြောပေးပါ။



- အချိန် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဂရုမစိုက်ရင် မစိုက်သလို ဆိုးကျိုးများတာ ကြောင့် အချိန်မဆွဲပါနဲ့။ အတတ်နိုင်ဆုံး ချက်ချင်း ဆောင်ရွက်ပေးပါ။



- မျက်ကပ်မှန် ဝတ်ဆင်ထားရင် မြန် မြန်ချွတ်လိုက်ပြီး မျက်လုံးကို ရေနဲ့ မြန်မြန် ပြန်ဆေးကြောပါ။



- သာမန်အခန်း အပူချိန်မှာရှိတဲ့ ရေနဲ့သာ ဆေးပါ။ ရေနွေးနဲ့ဆေးတာ၊ ရေအေးအေးနဲ့ ဆေးတာမျိုး မပြုလုပ်သင့်ပါဘူး။



- လက်နဲ့ အရမ်းပွတ်စရာ မလိုပါဘူး။ အသာအယာ ဖွဖွပွတ်ပေးပြီး အနည်းဆုံး မိနစ် ၂၀ ခန့် အချိန်ပေးပြီး သန့်စင်ပေးပါ။



- ဆေးနေတဲ့အချိန်မှာ မျက်တောင် ခဏခဏ ခတ်ပေးပါ။



- မိနစ် ၂၀ ကျော်ရင်တော့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြီး ကုသမှု ခံယူပါ။



- တကယ်လို့ မျက်လုံးထဲမှာ နာကျင် ပြီး နီရဲတာ၊ ရောင်ရမ်းတာဖြစ်လာရင်တော့ မျက်စိအထူးကု ဆရာဝန်တွေနဲ့ စစ်ဆေးဖို့ လိုအပ်ပါတယ်။



အရေပြားပေါ် ထိခိုက်မိသည့်အခါ



- ရေနဲ့ အမြန်ဆုံး ဆေးကြောတာက အရင်ဆုံး မဖြစ်မနေ ပြုလုပ်ရမယ့် အချက် ဖြစ်ပါတယ်။



- အဝတ်အစားကတစ်ဆင့် အရေပြားပေါ် လောင်တဲ့အခါ အဲဒီ ထိခိုက်ထားတဲ့ အဝတ်ကို အမြန်ဆုံး ဖယ်ရှားလိုက်ပါ။



- အချိန်နဲ့အမျှ အရေးကြီးတာကြောင့် ဘာဖြစ်ဖြစ် အချိန် မကြာသင့်ပါဘူး။



- သာမန် အခန်းအပူချိန်မှာ ရှိတဲ့ရေနဲ့ ၁၅ မိနစ် အချိန်ယူပြီး ထိခိုက်မိထားတဲ့ နေရာကို ဆေးကြောပေးပါ။



- အရေပြားကို နေရာအတော်များများ ထိခိုက်မိတာ  ဥပမာတစ်ကိုယ်လုံးလောင်  ကျွမ်းထားတဲ့ အနေအထားဆိုရင်တော့ ရေချိုးပေးရပါမယ်။



-  အားပျော့တဲ့ဆပ်ပြာ အနည်းငယ်ကို အသုံးပြုပြီး အရေပြားမှာ ကပ်ကျန်နေတဲ့ အဆိပ်အတောက်တွေကို ပွတ်ထုတ်ပေးပါ။



- အရေးအကြီးဆုံးကတော့ ၁၅ မိနစ် ခန့် အချိန်ယူပြီး ထိခိုက်မိထားတဲ့ အရေပြားနေရာကို သေသေချာချာ ပွတ်တိုက် ထုတ်ပေးသင့်တာပဲ   ဖြစ်ပါတယ်။


ရှူရှုက်မိသည့်အခါ



- အပေါ်မှာ ပြောခဲ့သလိုပဲ။ ရှူရှိုက်မိတဲ့အခါ ၁၅ မိနစ်လောက် အချိန်ယူပြီး နှာခေါင်းတစ်ဝိုက်ကို ဆေးကြောပေးပါ။



- တကယ်လို့ နှာခေါင်းနဲ့ ပါးစပ်နေရာတွေမှာ လောင်ကျွမ်းနေသလိုလို ပူပြီး နာကျင်တာ၊ အနီရောင်ဖြစ်နေတာ၊ ရောင်ရမ်းတာ ပိုဆိုးလာမယ်ဆိုရင် သက် ဆိုင်ရာ ဆရာဝန်တွေဆီ အမြန်ဆုံးသွား ဖို့ လိုအပ်ပါတယ်။



- အဆိပ်အတောက်ပါတဲ့ ဓာတုပစ္စည်းတွေ ထိမိထားတဲ့နေရာကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ သတိထား စောင့်ကြည့်နေသင့် ပါတယ်။

 

Ref : Thutazone

Photo Credit : fitgirl

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy