Property Titles
Search Filters
Property Titles
Cars

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်မလဲ?

Updated 28th Apr 2016

Written by

World-Myanmar News, Shweproperty

 

စာဖတ်ပရိသတ်များအတွက် ကျွန်တော် Mr. Guy မှအကျိုးရှိအားတတ်စေမယ့် သတင်းဆောင်းပါးလေးကို ဆီလျှော်အောင် ဘာသာပြန်ကာပြန် လည်မျှဝေလိုက်ပါတယ်။ သတင်းလေးရဲ့ခါင်းစဉ် ကတော့အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင်ဘယ်လိုလုပ်မလဲတဲ့။ မူရင်းရေးသားသူကတော့ သူ့ဘဝရဲ့အတွေ့အကြုံနဲ့ ဘယ်လိုဖြစ်အောင်လုပ်ဆောင်ခဲ့လည်းဆိုတာ သင်ခန်းစာယူနိုင်ရန်နှင့်အများသိစေရန် ထုတ်ဖော်ပြောဆိုခဲ့တာပါ။



အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်။



အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။



(၁) ငွေနောက်ကိုလိုက်ပါ-

 

လက်ရှိစီးပွားရေး အခြေအနေရ ပတ်ဝန်းကျင်တွင်သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ဆိုတာ အလွန်ကိုခက်ခဲပါတယ်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် နှစ်စဉ်ဝင်ငွေတိုးပွားအောင်လုပ်ပါ။ ထပ်ခါတလဲလဲလုပ်ဆောင်ပါ။ ကျွန်တော်ဝင်ငွေ အစပိုင်းမှာ တလကိုဒေါ်လာ ၃၀၀၀ဆိုပင်မဲ့ ကိုးနှစ်ကြာပြီးတဲ့နောက်မှာ တလကို ဒေါ်လာ ၂၀၀၀၀ ဖြစ်လာခဲ့ပါတယ်။ ငွေနောက်ကိုလိုက်နေရင်းနှင့် ဝင်ငွေတိုးပွားလာသလို တဆက်တည်းမှာပင် အခွင့်ရေးများစွာကိုရရှိလာပါလိမ့်မယ်။



(၂) မကြွားဝါပါနှင့်၊ လက်တွေ့လုပ်ဆောင်ပြပါ-

 

ကျွန်တော်ရဲ့ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုများ လုံလောက်သော အခြေအနေမရောက်ခင်အချိန်အထိ ကျွန်တော်သည်အကောင်းစားနာရီ၊ ဇိမ်ခံကား အစရှိသည်တို့ကိုဝယ်ယူအသုံးပြုခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်ချမ်းသာလာသည့်အချိန်အထိ သာမန်တိုယိုတာ ကန်မရီကိုသာမောင်းနှင်ခဲ့တာပါ။ သင်ဝယ်ယူ၍ရသော လက်ဝတ်တန်ဆာများဖြင့်ထင်ပေါ်အောင်မလုပ်ပါနှင့်။ သင့်ရဲ့အလုပ် လုပ်ကိုင်ပုံနှင့်ကျော်ဇောနိုင်အောင် လုပ်ပြပါ။



(၃) ပိုက်ဆံကိုရင်းနှီးမြုပ်နှံရန်စုပါ၊ သိမ်းထားရန်မစုပါနဲ့-

 

ပိုက်စံစုရခြင်း၏တခုသောရည်မှန်းချက်မှာ ရင်းနှီးမြုပ်နှံရန်သာဖြစ်သည်။ လုံခြုံသောနေရာနှင့် ထိတွေ့မရသောနေရာတွင် ဝင်ငွေတိုးပွားရန်အပ်နှံထားပါ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ မထုတ်ပြစ်ပါနဲ့ အရေးပေါ်ဖြစ်လာရင်တောင်မသုံးပါနှင့်။ ဒီကနေ့ အချိန်ထိကျွန်တော်ဟာ တနှစ်မှာ အနည်းဆုံးနှစ်ကြိမ် မွဲလေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပိုဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာပြန်လည်မြုပ်နှံလို့ ဖြစ်ပါတယ်။



(၄) ကိုယ့်အတွက်ပိုက်ဆံမရနိုင်မဲ့ အကြွေးယူခြင်းကိုမလုပ်ပါနဲ့-

 

စည်းကမ်းချမှတ်ထားပါ။ ပိုက်ဆံမဝင်နိုင်မယ့်အကြွေးယူခြင်းကိုမလုပ်ပါနဲ့။ ကျွန်တော်ကားဝယ်ရန်ငွေတခါချေးဖူးပါတယ် ဒါပေမဲ့ကျွန်တော်ချေးယူခြင်းဟာ ဝင်ငွေတိုးပွာစေခဲ့ပါတယ်။ ချမ်းသာသူများဟာ အကြွေးယူသည့်အခါ ရင်းနှီးမြုပ်နှံ မှုနှင့်စီးပွားရေးလုပ်ငန်းများကို တိုးခဲျ့ကြပေမယ့် ဆင်းရဲသူများဟာချမ်းသာသူများ ပိုပြီးချမ်းသာသထက် ချမ်းသာလာအောင်အကြွေးများဖြင့်ဝယ်ယူကြတယ်။



(၅) ပိုက်ဆံကိုသဝန်တိုတတ်သူရည်းစားတဦးလိုဆက်ဆံပါ-

 

သန်းပေါင်းများစွာ ရယူနိုင်ရန်နံပါတ်တစ်ဦးစားပေးထားရှိရန်လိုအပ်သည်။ ချမ်းသာကြွယ်ဝဖို့နှင့် အမြဲတမ်းချမ်းသာနေနိုင်ဖို့ ဦးစားပေးရန်လိုအပ်ပါတယ်။ သဝန်တိုတတ်တဲ့ချစ်သူလိုပေါ့။ သူတို့ကိုဦးစားမပေးရင် ရန်လိုပြီး ဦးစားပေးနိုင်သူနောက်ကိုပဲပါသွားမှာပေါ့။ ပိုက်ဆံလည်းထိုနည်း၎င်းပါပဲ။



(၆) ပိုက်ဆံသည်အိပ်မနေတတ်ပါ-

 

ပိုက်ဆံသည် အချိန်၊နာရီ၊အားလပ်ရက် ဘာကိုမှမသိ သင်လည်းပဲထိုသို့သာဖြစ်သင့်သည်။ အလုပ်ကြိုးစားသူတိုင်းကို ပိုက်ဆံကချစ်သည်။ ကျွန်တော်အသက် ၂၆နှစ်အရွယ်မှာ လက်လီဆိုင်တခုတွင်အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ ဆိုင်မှာညနေ ၇နာရီမှာပိတ်ပင်မယ့်လည်း ကျွန်တော်ည ၁၁နာရီအထိအလုပ်ဆင်းကာ အပိုဝင်ငွေရရန်ဈေးရောင်းခဲ့သည်။ ဘယ်တော့မှာ သူများထက်ပိုလည်၊ ပိုကံကောင်းတဲ့ပုံစံမျိုးများမလုပ်ဆောင် ပါနဲ့။ သာလွန်အောင်ပဲလုပ်ပါ။



(၇) ဆင်းရဲခြင်းကိုနားမလည်နိုင်ပါ-

 

ကျွန်တော်ဆင်းရဲဖူးခဲ့ပါတယ်။ တကယ်ကိုဆိုးဝါးပါတယ်။ အဲဒီ့ဘဝမျိုးဘယ်တော့မှာပြန်မလိုချင်ပါ။ Bill Gates ပြောခဲ့သလိုပေါ့ “သင်ဟာဆင်းရဲသော ဘဝဖြင့်မွေးဖွားလာခဲ့လျှင် သင့်ရဲ့အမှားမဟုတ်ပါ၊ ဒါပေမဲ့ဆင်းရဲသော ဘဝဖြင့်သေဆုံးသွားခဲ့ရင်တော့ သင့်ရဲ့အမှားပါ”။



၈) ညွန်ပြပေးနိုင်မဲ့သန်းကြွယ်သူဌေးကိုရှာပါ-

 

ကျွန်တော်တို့တွေဟာ ဆင်းရဲသော၊ အလယ်အလတ်အတန်းအစား ဘဝများပတ်ဝန်းကျင်များဖြင့် ရုန်းကန်လုပ်ရှား ခဲ့ခြင်းများဟာ  အတွေးအခေါ်များကိုကန့်သတ်ထားသလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်သန်းကြွယ်သူဌေးပေါင်းများစွာကို လေ့လာပြီး အတုယူနိုင်ခဲ့ပါတယ်။ သင်တို့ကိုလည်းထိုနည်း၎င်းလုပ်ဆာင်ရန်တိုက်တွန်းလိုပါတယ်။ ရှေ့ဆောင်လမ်းညွန်ပေးမယ့်သန်းကြွယ်သူဌေးကိုရှာပါ။ ချမ်းသာကြွယ်ဝသူအများစုဟာ သဘောထားပြည့်ဝသူများလည်းဖြစ်ကြပါတယ်။



(၉) သင့်ရဲ့ပိုက်ဆံများကို လေးလံသောအရာများကိုသယ်ဆောင်ခိုင်းပါ-

 

ရင်းနှီးမြုပ်နှံခြင်းဟာ သင်အလုပ် လုပ်လို့ရတဲ့ဝင်ငွေများစွာထက် သင့်ကိုပိုက်ဆံပိုမိုရှာပေး နိုင်ပါတယ်။ ပိုက်ဆံအပိုအလျှံမရှိလျှင် ရင်းနှီးမြုပ်နှံရန် မဖြစ်နိုင်ပေ။ ကျွန်တော်ရဲ့ဒုတိယလုပ်ငန်းဖြစ်တဲ့ လုပ်ငန်းကို ဒေါ်လာ ၅၀,၀၀၀ မတည်ခဲ့ပြီး ကုန်ဆုံးသွားသော ၁၀နှစ်တာ ကာလမှာ တစ်လကို ဒေါ်လာ၅၀,၀၀၀ပြန်ရှာပေးခဲ့ပါတယ်။ အလားတူတတိယလုပ်ငန်းဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ၃၅၀,၀၀၀ နဲ့စတင်ခဲ့ပြီး အခုချိန်ထိဝင်ငွေပေါင်းများစွာကိုရှာဖွေပေးနေတုန်းပါပဲ။ ရင်းနှီးမြုပ်နှံခြင်းသာ တခုတည်းသောအခြားနည်းလမ်းဖြစ်သင့်ပြီး ကိုယ့်အတွက်ပိုက်ဆံကို အလုပ်လုပ်ခိုင်းပြီး လေးလံသောအရာများကိုသယ်ဆောင်နိုင်ရန် သူတို့ကိုပင် တာဝန်ပေးပါ။



(၁၀) ဒေါ်လာ၁၀သန်း ရရန်ပစ်မှတ်ထားပါ၊ ၁သန်းမဟုတ်ပါ-

 

ငွေကြေးနှင့်ပတ်သတ်၍တခါတည်းသော ကျွန်တော်ရဲ့အမှားမှာ ကြီးကြီးမားမားမတွေးခဲ့လို့ပါ။ ခင်ဗျားတို့အားလုံးကို   ဒေါ်လာ၁သန်း ထက်ပိုသောလုပ်ဆောင်မှုကို လုပ်ကိုင်ရန်တိုက်တွန်းလိုပါတယ်။ ပိုက်ဆံပြတ်လတ်သွားသည် ဆိုမှာဒီစင်္ကြာဝဠာ မှာမရှိပါ လူအနည်းစု သာလျှင်ကြီးကြီးမားမားတွေးခေါ်မှုကိုပြုလုပ်ကြလို့ပါ။



အဆိုပါ(၁၀)ချက်ကိုလုပ်ဆောင်ပါက ငွေကြေးချမ်းသာသောဘဝကိုပိုင်ဆိုင်ပါလိမ့်မယ်။ ဖြတ်လမ်းကိုမလိုက်ပါနှင့်။ အများထက် အလုပ်ကိုကြိုးစားပါ။   ဘယ်တော့မှဇွဲမလျှော့ပါနှင့်။ သင်ဟာသန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အချိန်ကျရင်လည်း အများကိုသင့်လိုဖြစ်လာနိုင်ရန် လိုလိုလားလား ကူညီဖေးမပါ။

 

Posted By : Wai Phyoe

Photo Credit : Social

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy