Property Titles
Search Filters
Property Titles
Health

သင့်ကျန်းမာရေးအတွက် မစားသုံးသင့်သော အစားအစာ (၇) မျိုး

Updated 30th Oct 2017

Written by

The Irrawaddy, Shweproperty

 

တိုးတက်မှုနှုန်း မြန်ဆန်လွန်းလှတဲ့ ခေတ်ကာလကြီးမှာ လူတွေဟာ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေမှာ အချိန်များစွာကို အသုံးပြု နေကြရပါတယ်။ တခါတရံ ရုံးနောက်ကျလို့ ထမင်းဟင်းချက်ပြုတ်ဖို့ အချိန်မပေးနိုင်လို့ စတဲ့ အကြောင်း ပြချက်တွေနဲ့ အလျင်အမြန် ရနိုင်မယ့် ခေါက်ဆွဲထုတ်တွေနဲ့ ဖြေရှင်းလိုက်ရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ကြမှာပါ။

 

အိမ်ရှင်မတွေ အနေနဲ့လည်း အမြန် ချက်ပြုတ်လို့ ဟင်းဖြစ်မယ့် အရာမျိုးတွေကို ရွေးပြီး ဝယ်ဖူးကြမှာပါ။ ကြော်ငြာအား ကောင်းကောင်းနဲ့ ဈေးကွက်ထဲကို ထိုးဖောက်လာကြတဲ့ အချိုရည်ဗူးတွေ၊ အမြန်သုံး စားစရာကုန်မျိုးစုံ၊ တံဆိပ်မျိုးစုံ တို့ကလည်း စူပါမားကက်ကြီးတွေမှာ အလွယ်တကူ ဝယ်လို့ရနေတော့ ပိုပြီး အဆင်ပြေလို့ နေပါတော့တယ်။

 

ဒါပေမယ့်လည်း တချို့သော အစားအစာတွေ၊ အချိုရည်တွေဟာ မိမိရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ သတိပြုမိသူ နည်းပါးလှပါတယ်။

 

သင့်ကျန်းမာရေး အတွက် မစားသင့်သော အစာ ၇ မျိုးကို ကမ္ဘာ့ကျန်းမာရေး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ SHAPE က အခုလို ကောက်နုတ် ဖော်ပြထားပါတယ်။

 

(၁) Rice Cakes (ဆန် သို့မဟုတ် ကောက်ညှင်းခွက်ကြော်များ)

 

ဒီအစားအစာကို ထုတ်လုပ်ရောင်းချသူများက အဆီချ အစားအစာ (Diet Foods) လို အညွှန်းမှာ ဖော်ပြ ရောင်းချကြပေမယ့် တကယ်တော့ ကာဗိုဟိုက်ဒရိတ်ဓာတ်ကို ပိုမိုတိုးပွား စေတယ်လို့ သုံးသပ်ထားပါတယ်။ ဒီအစာကို စားသုံးခြင်းဖြင့် သင့်ရဲ့သွေးမှာ အချိုဓာတ်ဖြစ်ပေါ်မှုကို တွန်းအားပေးတဲ့အတွက် ကျန်းမာရေးနဲ့ မသင့်တော်သလို အဆီလျှော့ချမှုကို မပံ့ပိုးပေးနိုင်ပါဘူးလို့ ဖော်ပြပါရှိပါတယ်။

 

(၂) Fat – Free Salad Dressing ( အသင့်စားအသုပ် အတွက် အချဉ်ရည်များ)

 

ဒီအမျိုးအစားကတော့ ကျနော်တို့ မြန်မာတွေ စားလေ့မရှိပါဘူး ဆိုပေမယ့် ကြက်ကြော်ဆိုင်တွေ ခေတ်စားလာတာနဲ့ အမျှ ခပ်ဆင်ဆင် အချဉ်ရည်ဆော့စ် ပုံစံမျိုးတွေ တွေ့လာရပါတယ်။ ပြည့်ဝဆီတွေ လွတ်ကင်းတယ်လို့ ဆိုထားပေမယ့့် ဒီအချဉ်ရည်တွေထဲမှာ ဗီနီဂါနဲ့ အပင်မှ ရရှိသော အဆီတွေကို အခြေခံပြီး ပြောင်းမှုန့် (ကော်မှုန့်) များနဲ့ ပြုလုပ်ထား တာကြောင့် မစားသုံးသင့်ဘဲ သင်ကိုယ်တိုင် ပြုလုပ်တဲ့ လတ်ဆတ်သော အသုပ်များကိုသာ စားသုံးဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

 

(၃) Seitan ( အသားတုများ)

 

ကမ္ဘာပေါ်မှာ ရှိတဲ့ Vegetarian ခေါ် သားသတ်လွတ် စားသုံးတဲ့ အစားသမားများ အတွက် အသားအစားထိုး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ တချို့ကတော့ အသားစားရင် ခန္ဓာကိုယ် အလေးချိန် တိုးမှာစိုးရွံ့ပြီး ဒီအစားအစာမျိုးတွေကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။ ဒီအစားအစာတွေမှာပဲ၊ ဂျုံ စသည်တို့ကို အသုံးပြုထားတာ မပာုတ်ဘဲ Wheat gluten ကိုသာ အသုံးပြုထားတာကြောင့် ပရိုတင်း ဖြစ်ပေါ်မှုကို ကြီးမားစွာ အပာန့်အတား ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

 

(၄) Shark (ငါးမန်းသား )

 

ငါးမန်းသား စားသုံးခြင်းပာာ ငါးကြီးဆီလို့ ခေါ်တဲ့ Omega-3 ဓာတ်ကို အကျိုးပြုပေမယ့် Mercury လို့ခေါ်တဲ့ ပြဒါးဓာတ် ပါဝင်မှုနှုန်း ၃ ဆ ပိုမိုမြှင့်မားနေတာကြောင့် သင့်အတွက် စွန့်စားရမှု တခုပါပဲ။ အကောင်း တဝက် အဆိုး တဝက်ကို ခံစားရရှိစေနိုင်ပါတယ်လို့ ဆိုထားပါတယ်။ အကောင်းဆုံးကတော့ တူနာ ငါးမျိုးနဲ့ ဆော်လမွန်တို့မှာ ပါဝင်တဲ့ အိုမီဂါ- ၃ ကသာ စိတ်အချရဆုံး ဖြစ်စေသလို ကျန်းမာရေးအတွက် ဆခြား ငါးအမျိုးအစားပေါင်း များစွာကို ရွေးချယ် စားသုံးသင့်ပါတယ်လို့ ထုတ်နုတ်ဖော်ပြထားပါတယ်။

 

(၅) Refined Gains (ပြန်လည် ပြုပြင်ထားသော ကောက်ပဲသီးနှံထွက်ကုန်များ)

 

စိတ်မကောင်းစရာကတော့ စူပါမတ်ကက်ကြီးတွေမှာ ရောင်းချသော အလွယ်တကူ ဝယ်လို့ရနေတဲ့ Pasta တွေ၊ Macaroni တွေလိုမျိုး ready to use စတဲ့ အစာတွေမှာ ကာဗိုဟိုက်ဒရိတ် ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတာကို တွေ့ရပြီး ပြန်လည်ပြုပြင်ခြင်း ခံရတဲ့ အတွက်ကြောင့် နှံစားသီးနှံတွေမှာ ပါတဲ့ဗီတာမင်၊ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေကို ဆုံးရှူံး သွားစေပါတယ်။ အကောင်းဆုံးကတော့ ရွေးချယ်တတ်ဖို့နဲ့ ဘာမှ မရောသေးတဲ့ Oak တို့လို နှံစားသီးနှံကို အခြေခံထားတဲ့ ကုန်ကြမ်းတွေကို စားသုံးပေးဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

 

(၆) Sugar Sweetened Beverages Soft Drinks

 

အလွယ်တကူ သောက်လို့ရတဲ့ အချိုရည်တွေမှာ သကြား၊ အရောင်အနံ့ စတာတွေကို အဆပေါင်းများစွာ ပေါင်းစပ် ဖွဲ့စည်းထားတာကြောင့် သင့်ခန္ဓာကိုယ် တည်ဆောက်မှုကို ပာန်ချက်မညီစေသလို ကိုယ်အလေးချိန်ကိုလည်း ချက်ချင်း တိုးပွားစေခြင်း၊ ရောဂါဖြစ်ပွားမှုနှုန်းကို စောလျင်စွာ ဖြစ်ပေါ်စေရန် တွန်းအားပေးနိူင်ခြင်း စတဲ့ အချက်တွေကြောင့် ဒီလို အချိုရည်တွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။ လတ်ဆတ်သော အသီး ဖျော်ရည်များ (သို့မဟုတ်) သန့်စင်သော ရေတခွက်နဲ့သာ အစားထိုး အသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။

 

(၇) Grits

 

Grits ဆိုတာကတော့ ဂျုံစေ့ကို အခွံချွတ်ပြီး ဖြစ်သော်လည်း ဂျုံကြမ်းအသွင် မဆောင်ဘဲ မြင်းစာကဲ့သို့ ဖွဲဖတ်တွေကို ကျိုထားတဲ့ ယာဂုပုံစံမျိုး ဖြစ်ပြီး မြန်မာပြည်မှာ အသုံးပြုလေ့ မရှိကြပါဘူး။ နှံစားပြောင်း ဖြစ်စဉ်တွေထဲက ထွက်ရှိတဲ့ အစားအစာ တမျိုးလို့ ယူဆနိူင်ပါတယ်။ ဒီအစာမျိုးမှာလည်း ကာဗိုဟိုက်ဒရိတ်ဓာတ် မြင့်မားစွာ ပါဝင်နေလို့ သွေးလှည့်ပတ်မှုကို နှေးကွေးစေပြီး အဆီခဲမှုကို ဖြစ်စေတဲ့ အတွက်ကြောင့် မစားသုံးသင့်တဲ့ အကြောင်း ဆွေးနွေး တင်ပြထားပါတယ်။

 

"လတ်ဆတ်သန့်ရှင်းသော အသား၊ အသီး၊ အရွက်များကို ရွေးချယ် စားသုံးပြီး မိမိကျန်းမာရေး အတွက် သတိပြု ဆင်ခြင်နိုင်ကြပါစေ"

 

Ref  : The Irrawaddy

Posted By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy