Updated 6th Dec 2017
Home & Decor, Shweproperty
အိမ်ဆိုတာကိုယ့်ရဲ့ တန်ဖိုးအရှိဆုံးနဲ့ အဖိုးတန်ဆုံးအရာတွေ စုစည်းနေတဲ့နေရာတစ်ခုပါ။ ကိုယ်ပိုင်ဆိုင်သမျှ အရာဝတ္တုပစ္စည်း တွေထဲကမှ အရေးအကြီးဆုံးအရာ ဆိုလည်းမမှားပါဘူး။ ဒါကြောင့် ကိုယ့်အိမ်နဲ့ကိုယ့်မိသားစုကို မီးဘေးအန္တရာယ်လို အဖျက်ရယ်စွယ်တွေကနေ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်ပါ တယ်။
မီးဘေးအန္တရယ်ကြောင့် အိမ်အတော်များများ ပျက်စီးခဲ့ကြရတာလည်း ကျွနု်ပ်တို့မြင်နေရ၊ ကြားနေရတာပါပဲ။ မီးလောင်မှုဆိုတာ မဆင်မခြင်ဖြစ်ကတတ်ဆန်း လုပ်ရပ်တွေ၊ ပေါ့ဆမှုတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ့်အိမ်က ိုမီးဘေး အန္တရာယ်ကကာကွယ်ဖို့ သိထားသင့်တဲ့အချက်တွေ ကိုအနည်းငယ် တင်ပြလိုပါတယ်။
၁။ မီးခိုးအာရုံခံစက်တပ်ဆင်ပါ။
ဖြစ်နိုင်ရင် အထပ်တိုင်းမှာတပ်ထားပါ။ မီးခိုးအာရုံခံစက်တွေကမီးခိုးထွက်တာနဲ့ စောစောစီးစီးအချက် ပေးနိုင်လို့ လူ့အသက်တွေ မဆုံးရှုံးရသေးခင်၊ ပစ္စည်းဥစ္စာတွေ မဆုံးရှုံးရသေးခင်မှာ မီးငြှိမ်းသတ်နိုင်ပါလိမ့်မယ်။ မီးခိုးအာရုံခံစက်မှာ ညွှန်ကြားတဲ့ အချက်အလက်တွေကိုတော့ သေချာဖတ်ရှုပါ။
၂။ မီးခိုးအာရုံခံစက်တွေကိုအမြဲစစ်ဆေးပါ။
မီးခိုးအာရုံခံစက်က ဓာတ်ခဲကို အမြဲလဲထည့်ပေးပါ။ စက်အများစုကတော့ ဓာတ်ခဲအားနည်းနေပြီဆိုရင် လဲဖို့မေ့နေမှာစိုးလို့ အချက်ပေးတတ်ကြပါတယ်။
၃။ မီးလောင်နိုင်မယ့်အရာတွေကိုအမြဲသတိထားကြည့်ပါ။
တီဗီ၊ စတူရီယိုစနစ်တွေ၊ မီးအိမ်၊ မီးချောင်းတွေနဲ့ ကွန်ပျူတာတို့လို လျှပ်စစ်ပစ္စည်းတွေက ဝါယာကြိုး တွေပြတ်ထွက်နေတာ၊ ဖွာထွက်နေတာမျိုးတွေ ရှိ၊မရှိအမြဲစစ်ဆေးပါ။ အပူပေးစက်တွေကိုလည်း အဝတ်အစား၊ အမျှင်ပါတဲ့အရာတွေ၊ စာအုပ်မဂ္ဂဇင်းနဲ့ သတင်းစာအဟောင်းတို့လ ိုမီးလောင်လွယ်တဲ့ အရာတွေနဲ့ ဘယ်တော့ မှ နီးနီးကပ်ကပ်မထားပါနဲ့။
၄။ မီးခြစ်ဆံဘူးတွေနဲ့ မီးခြစ်တွေကိုကလေးတွေ လက်လှမ်းမမီနိုင်တဲ့ နေရာမှာထားပါ။
ကလေးတွေကမီးဆိုရင် သိပ်ကိုစိတ်ဝင်စားတတ်ကြလွန်းလို့ သူတို့ရဲ့စပ်စုလိုစိတ်က အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် မီးခြစ်ဆံဘူးတွေနဲ့ မီးခြစ်တွေကို ကလေးတွေ မမြင်နိုင်တဲ့နေရာမှာထားပါ။ ဖြစ်နိုင်ရင် ဗီရိုထဲထည့်ပြီးသော့ခတ်ထားတာ အကောင်းဆုံးပါပဲ။
၅။ တစ်ခုခုချက်ပြုတ်နေပြီဆိုရင် မီးဖိုချောင်မှာလူရှိပါစေ။
မီးလောင်မှုအများစုကမီးဖိုချောင်ထဲကစတာပါ။ အဲဒါကြောင့်လည်း မီးဖိုချောင်လို မီးလောင်လွယ်တဲ့ နေရာတွေမှာ အမြဲတမ်းသတိထားနေပြီး ဂရုစိုက်တတ်တဲ့အကျင့်လေးလုပ်ပေးတာ အကောင်းဆုံးပါပဲ။
၆။ မီးလောင်ရင်အချိန်မရွေးအသုံးပြုနိုင်မယ့် အရေးပေါ်အစီအစဉ်တစ်ခုထားပါ။
မိသားစုဝင်တိုင်း မီးလောင်ရင်အရေးပေါ် အသုံးပြုလို့ရမယ့် အစီအစဉ်တစ်ခုစီ ကြိုတွေးထားသင့် ပါတယ်။ အရေးပေါ်အစီအစဉ်ကို ကြိုတွေးထားတော့ မီးလောင်ပြီဆိုတာနဲ့ ပျာယာခတ်မနေတော့ဘ ဲမီးထဲကအေးအေးဆေးဆေး လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုအရေးပေါ်အစီအစဉ်တစ်ခုစီစဉ်းစားထားတာဟာ မိသားစုဝင်တိုင်းအတွက် မီးဘေးအန္တရာယ်က လုံခြုံစေမှာပါ။
၇။ ဖယောင်းတိုင်ထွန်းရင် သတိထားပါ။
ဖယောင်းတိုင်ဆိုတာ သတိမထားမိရင် တခြားအရာတွေကိုမီးကူးလွယ်စေတဲ့အရာပါ။ ဒါကြောင့် ဖယောင်းတိုင်ထွန်းမယ်ဆိုရင် ဖယောင်းတိုင်ခွက်နဲ့ အကာအကွယ်အဖုံးကိုအသုံးပြုပြီးတော့ မီးသတ်ဆေးဘူးကိုပါဆောင်ထားပါ။
၈။ လျှပ်စစ်ပစ္စည်းတွေကိုအသုံးပြုပြီးရင် ပလပ်ဖြုတ်ပါ။
လျှပ်စစ်ပစ္စည်းတွေကိုအသုံးပြုပြီးတဲ့နောက် အချိန်အကြာကြီး ပလပ်မဖြုတ်ဘဲထားခဲ့တာဟာ မီးလောင်ဖို့အတွက် အကြီးမားဆုံး အန္တရာယ်တစ်ခုပါ။
၉။ ဆောင်းတွင်းမှာမီးဖိုအသုံးပြုတဲ့အခါ သတိထားပါ။
ဆောင်းတွင်းမီးလှုံဖို့ အိမ်ထဲမှာမီးဖိုထားတဲ့အခါ မီးဖိုကိုပုံမှန် စစ်ဆေးမှုတွေပြုလုပ်ပြီးမီးဘေးမန္တရာယ် မဖြစ်အောင် ထိန်းသိမ်းပါ။ ကလေးတွေကိုလည်းမီးဖိုနားမကပ်ပါစေနဲ့။
၁၀။ ကလေးတွေကိုမီးလေးအန္တရယ်နားလည်အောင် သင်ထားပါ။
ကျန်းမာပျော်ရွှင်တဲ့ မိသားစုဝင်တိုင်း မီးဘေးအန္တရာယ်နဲ့ပက်သက်ပြီးနားလည်ထားဖို့ကအရေးကြီးတဲ့ အချက်တစ်ချက်ပါ။ မိသာစုဝင်တိုင်းကို မီးဘေးအန္တရာယ် ဘယ်လိုကာကွယ်ရမည် ဆိုတာကို သင်ကြားပေးထားပါ။
Ref : Home & Decor
Posted By : Wai Phyoe Aung
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
|
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.