Updated 28th Jun 2018
MM Home & Decor, Shweproperty
မိုးသည် သည်းသည်းမည်းမည်းကြီးပင် ရွာသွန်းနေလေ၏။ မိုးနှင့် အတူမိုးသက်လေပြင်းကလည်း တိုက်လိုက်သေး၏။ ထိုမိုးသက်လေနှင့် အတူ လမ်းလျှောက်လာရင်း ကျွနု်ပ်ဆောင်းထားသောထီးမှာ ကောင်းစွာမလုံခြုံတော့ သဖြင့် ကျွနု်ပ်မှာ တဖြည်းဖြည်း နှင့် စိုရွှဲစပြုလာ ရလေ၏။ ထို့ကြောင့် “အင်း.... ငါတော့ တစ်နေရာရာမှာ ဝင်ပြီး မိုးခိုမှ ဖြစ်တော့မယ်...”ဟု တွေးမိလေတော့၏။ မျက်လုံးကို ဘေးဘီ၊ ဝဲယာ ဝေ့၍ ကြည့်လိုက်သောအခါ ကျွန်ုပ်၏ မိတ်ဆွေဇနီးမောင်နှံတို့ စခန်းသွင်းဘော်ဒါကျောင်းဖွင့်လှစ်ထားသော ဆိုင်းဘုတ်တစ်ခုဆီသို့ မျက်လုံးရောက်သွားလေ၏။ ၎င်းတို့နှင့် မတွေ့သည်မှာပင် အတော်ကြာခဲ့ပြီဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်လည်း မိုးခိုရင်းနှင့် တိုက်တိုက် ဆိုင်ဆိုင်ပင် ၎င်းတို့ထံသို့ရောက်သွားခဲ့ရပါလေတော့၏။ ကျွနု်ပ်က “မိုးဝင်ခိုတာဗျို့ ...။ မိုးခိုခွင့်လေးပေးကြပါ...”ဟုပြောလိုက်လျှင် ၎င်းတို့ ဇနီးမောင်နှံကလည်း ဖော်ဖော်ရွေရွေကြိုဆိုလျှက် ကော်ဖီပူပူတစ်ခွက်ဖြင့် ဧည့်ခံလေ၏။
“ကျေးဇူးပါဗျာ ...”ဟု ကျွနု်ပ်က ပြောလိုက်လျှင် အမျိုးသမီးဖြစ်သူက “စကားအဖြစ်ကလေးနဲ့ပဲ ကျေးဇူးတင်လို့တော့မရဘူး ဆရာရေ ...။ တစ်ခါတည်းသာ ကျေးဇူးဆပ်သွားပေတော့ ...။ တစ်ခြားမဟုတ်ပါဘူး။ ဆရာကဗေဒင်ဆရာဆိုတော့ ဆရာ့ပညာနဲ့ပဲကျေးဇူးပြန်ဆပ်ပေါ့ ...။ ဒီနှစ်ကျွန်မတို့အလုပ် အဆင်မပြေတာ တွေများနေလို့ဆရာရဲ့ ...”ဟုပြောလေ၏ ။ ကျွနု်ပ်လည်း ထိုစကားကြောင့် သောက်လက်စ ကော်ဖီကိုပင် ဆက်ပြီးမြိုချရမလို၊ ပြန်ပြီးထွေးထုတ်ရမလိုဖြစ်ရလေတော့၏ ။ ထို့နောက်တွင်မှ- “အလုပ်တွေ ပြန်ကောင်းချင် ရင်တော့ ရှေ့က ခင်ဗျားတို့ဆိုင်းဘုတ်မှာ ချိတ်ထားတဲ့ နွမ်းနေတဲ့ပန်းတွေကို အမြန်ဆုံးပြန်ဖြုတ် လိုက်ပေတော့ဗျို့ ... ”ဟုပြောလိုက်ရာ အမျိုးသားဖြစ်သူက “ဟုတ်ပါ့ ဆရာရယ်၊ ဆရာပြောမှပဲ သတိထားမိတယ်။ အဲဒါ ဟိုတစ်လောလေးတုန်းက ဆိုင်းဘုတ်အသစ်ပြန် တင်တုန်းက ချိတ်ထားတဲ့ပန်းတွေဆရာရဲ့ ။ အဲဒီလိုမထားကောင်းဘူးလား ...”ဟုမေးတော့၏။ ထို့ကြောင့် ကျွနု်ပ်က- “ဒီလိုဗျ ... လန်းဆန်းမွှေးကြိုင်ဝေဆာနေတဲ့ ပန်းတွေက အတိတ်ကောင်း နိမိတ်ကောင်းတွေကို ဖိတ်ခေါ်နေပေမယ့် ခြောက်သွေ့ညှိုးနွမ်းနေတဲ့ ပန်းတွေကတော့ မကောင်းတဲ့ နိမိတ်တွေကို လက်ယပ်ခေါ်သလို ဖြစ်နေတတ်တယ်ဗျို့ ...။
အိမ်သစ်တက်ပွဲတို့၊ ဆိုင်းဘုတ်တင်ပွဲတို့၊ ပန္နက်ရိုက်ပွဲတို့ ပြီးတဲ့အခါ၊ အဲဒီပွဲမှာ မင်္ဂလာနိမိတ်ကောင်းယူပြီး သုံးခဲ့တဲ့ ပန်းတွေကို မညှိုးမခြောက်ခင်ပြန်စွန့်ပစ်ရတယ်ဗျို့ ... ”ဟု ပြောပြလိုက်ရာ အမျိုးသမီးဖြစ်သူက “ဟုတ်ပါ့ ဆရာရယ်... ။ အိမ်ကယောကျ်ားကို အဲဒီလိုကြားဖူးလို့ အဲဒီဆိုင်းဘုတ်က ပန်းခြောက်တွေကိုဖြုတ်ပေးပါဆိုတာကို ပျင်းရိခြင်း(၆)ပါးနဲ့ ညားပြီး၊ မဖြုတ်ဘဲထားတာလေ ... ။ ဝင်ငွေလျော့သလောက် သူ့ကိုပြန်ပြီး အလျော်ခိုင်းရမယ် ...”ဟုမျက်စောင်းထိုးရင်း ပြောလေ၏။ ထိုအခါ အမျိုးသားဖြစ်သူက- “အဲဒါထား လိုက်ပါဆရာရယ် ...။ လန်းဆန်းမွှေးကြိုင်နေတဲ့ ပန်းတွေက အတိတ်နိမိတ်ကောင်းစေတယ်ဆိုရင် ဆရာတို့ ပညာအရတွက်ချက်ပြီး အကောင်းဆုံး ပန်းတွေလည်းရွေးပေးခဲ့ပါလား ...”ဟုပြောရာ ကျွနု်ပ်လည်း ၎င်းတို့ဇနီးမောင်နှံ၏ အလုပ် စားပွဲများတွင် အလှပန်းအိုး ထိုးရင်း ၊ လူစည်လာဘ်ရွှင် ၊ မိတ်ကောင်းဆွေကောင်းများ တိုးပွားစေမည့် ထိုးသင့်သောပန်းများကို ရွေးချယ်၍ ပြောပြပေးရလေ၏။
အမျိုးသမီးဖြစ်သူကလည်း စီးပွားတက်မည့် အရေးဖြစ်သောကြောင့်အကျအန ကြိုးစားပမ်းစားရေးမှတ်လေ၏။ ထိုအခါအမျိုးသားဖြစ်သူက- “ဘုရား၊ တရား၊ သံဃာတော်တို့၌ ရိုသေခြင်း၊ ကိုယ်ကျင့်သိက္ခာရှိခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ ကောင်းသောမိတ်ဆွေရှိခြင်း၊ ပညာရှိ သူတော်ကောင်းတို့ဆိုဆုံးမသော စကားကို နားယူလွယ်နိုင်ခြင်းဆိုတဲ့ အပရိဟာနိယတရား(၇)ပါး ထဲက ကောင်းသော မိတ်ဆွေ ရှိခြင်း ဆိုတဲ့ အချက်နဲ့ကိုက်ညီလို့ ဒီလိုသိခွင့်ရတာ ... ။ ဆရာဇင်ယော်နီဆိုတာ ငါ့မိတ်ဆွေ... ။ အဲဒီတော့ ဆရာပြောတဲ့အတိုင်းလုပ်လို့ စီးပွား တက်လာရင် ငါ့ကြောင့်တက်တာ ...။ နေ့တိုင်း ငါ့ကိုကျေးဇူးတင်ပါတယ် လို့သုံးခါပြောပြီးမှ အိပ်ရမယ်... ”ဟု ပြောလိုက်ရာ အမျိုးသမီးဖြစ်သူက- “အခုတော့ ရှင်အပျင်းထူလို့ စီးပွားကျနေတာ၊ အဲဒီအတွက်မိုးရေထဲမှာပဲ ဈေးကိုသွားပြီး ဆရာပြောတဲ့ ပန်းတွေ ဝယ်ပေတော့...”ဟု မျက်စောင်းထိုးရင်း ပြောလိုက်ပါလေတော့ သတည်း။
များမကြာမီမှာပင် ၎င်းတို့၏ လုပ်ငန်းဆောင်တာများ သိသိသာသာ တိုးတက်ပွင့်လန်းလာသည်ဟု ကြားသိရလေ၏။ ထို့ကြောင့်လည်း ၎င်းတို့သည် ကျွနု်ပ်မှာကြားခဲ့သော ပန်းအိုးထိုးနည်းကို အထူးဂရုစိုက်၍ ပြုလုပ်ကြသည်ဟုလည်း သိရလေ၏။ မိတ်ဆွေတို့အနေဖြင့် လည်း မိမိတို့၏ ဧည့်ခန်း၊ အလုပ်စားပွဲ ... စသည်တို့၌ လန်းဆန်းမွှေးကြိုင်ပြီး အတိတ်နိမိတ်လည်းကောင်းစေကာ လာဘ်ရွှင် လူပရိသတ်စည်ကားစေမည့် ပန်းအိုးထိုးလိုပါသော် အောက်ပါအတိုင်း ပြုလုပ်နိုင်ကြပါကြောင်း . .. ။
တနင်္ဂနွေသားသမီး ဦးဆောင်သောနေရာဌာနများတွင်- ဓာတ်ဘူးလှလှလေးထဲ၌ မေမြို့ပန်း (၁၉)ပွင့် ထည့်၍ ပန်းအိုးထိုးပါ။
တနင်္လာသားသမီး ဦးဆောင်သောနေရာဌာနများတွင်- ရွှေရောင်ပုလင်းလှလှလေးထဲ၌ ရွက်လှ(၁၇)ညွန့် (သို့မဟုတ်) ရွှေပန်း(၁၇)ပွင့် ထည့်၍ ပန်းအိုးထိုးပါ ။
အင်္ဂါသားသမီး ဦးဆောင်သောနေရာဌာနများတွင်- အရောင်စပ်ကြားခြယ်သထားသော ယွန်းထည်ပစ္စည်းထဲ၌ သပြေ (၂၁) ညွန့်ထည့်၍ ပန်းအိုးထိုးပါလေ။
ဗုဒ္ဓဟူးသားသမီး ဦးဆောင်သောနေရာဌာနများတွင်- သစ်သားနှင့်ပြုလုပ်ထားသော အပြာရောင်ခြယ်သထားသည့်ပန်းအိုးထဲတွင် ကံ့ကော် (၁၇)ညွန့် (သို့မဟုတ်) (၁၇)ပွင့်ထည့်၍ ပန်းအိုးထိုးပါလေ။
ကြာသပတေးသားသမီး ဦးဆောင်သောနေရာဌာနများတွင်- ကြေးပန်းအိုး၊ (သို့မဟုတ်) ငွေပန်းအိုးထဲ၌ အုန်းညွန့်(၆)ညွန့် ထည့်၍ ပန်းအိုးထိုးပါလေ။
သောကြာသားသမီး ဦးဆောင်သော နေရာဌာနများတွင်- ဝါးဖြင့် ပြုလုပ်ထားသော ပန်းအိုးထဲဲ၌ ဇော်စိမ်း(၈)ညွန့်(သို့မဟုတ်) စံပယ်(၈)ကုံး ထည့်၍ ပန်းအိုးထိုးပါလေ။
စနေသားသမီး ဦးဆောင်သော နေရာဌာနများတွင်- အုန်းမှုတ်ခွက်ကို ပန်းအိုးအလှပြုလုပ်၍ ရွက်လှ (၁၂)ညွန့်(သို့မဟုတ်) ရွှေပန်း(၁၂) ပွင့်ထည့်၍ ပန်းအိုးထိုးပါလေ။
Ref : MM Home & Decor(ဇင်ယော်နီ)
Photo Credit : brides
Posted By : Wai Phyoe
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
![]() |
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.