Property Titles
Search Filters
Property Titles
Living Style and Home Services

ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေမယ့် အိပ်ခန်းတွင်း စိုက်သင့်သည့် အပင်များ

Updated 12th Dec 2020

Written by

Sint Sint, Shweproperty

Unicode

 

အိပ်ခန်းအတွက် သင့်တော်မှန်ကန်တဲ့ အပင်တွေရွေးချယ်တာ နှစ်ခြိုက်စွာ ပိုအိပ်ပျော်စေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အလှဆင်ယင်မှုအပြင် ကျန်းမာရေး အကျိုးဖြစ်ထွန်းစေကြောင်း သက်သေရှိပါတယ်။ ဘာကြောင့်လဲဆိုရင် လေထုကို စစ်ထုတ်ပြီး မိမိအိမ်ကို အောက်ဆီဂျင် ဖြည့်ပေးလို့ပဲ ဖြစ်ပါတယ်။

 

ကျန်းမာရေးအကျိုးဖြစ်စေနိုင်တဲ့အပင်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမယ့် အိပ်စက်ခြင်းနဲ့ အိပ်ခန်းလေထုကို ပိုမိုကောင်းမွန်စေဖို့ အထိရောက်ဆုံး အပင် (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

Snake plant မြွေပင်

 

အချိန်အများဆုံး ကုန်ဆုံးစေတဲ့ အခန်းမှာ snake plant ထားပါက ပိုမိုသန့်စင်တဲ့ အောက်ဆီဂျင်ကို ဖန်းတီးပေးပါလိမ့်မယ်။ ဒီအပင်ရဲ့ ကောင်းချက်က ညဘက်မှာ အောက်ဆီဂျင်ထုတ်လွှတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးခြင်းပါ။ Snake plant က ပြုစုထိန်းသိမ်းစရာ သိပ်မလိုဘဲ အကုန်အကျလည်း မများတာကြောင့် အိမ်အတွက် သင့်တော် ကောင်းမွန်ပါတယ်။ ဒီ snake plant မှာ မနှစ်မြို့စရာ တချို့ပါပေမယ့် လေထုကနေ formaldehyde၊ trichloroethylene နဲ့ benzene ခေါ် အဆိပ်အတောက်တွေ ထိန်းချုပ်ပေးပါတယ်။ ဒီအချက်အားလုံးက ပိုမိုသန့်စင်တဲ့ လေထုကြောင့် ကောင်းမွန်စွာ ညအိပ်ပျော်စေတယ်။

 

 

စံပယ်ပင်

 

ဒီအပင်ဟာ သူ့ရဲ့ ဝေ့ဝိုက်တဲ့အနွယ်၊ ခေါင်းလောင်းသဏ္ဍာန်အပွင့်သေးသေးလေးများစုပေါင်းနေမှုကြောင့် အိပ်ခန်းသွင်ပြင်ကို အထောက်အပံ့ဖြစ်စေနိုင်တယ်။ နှစ်ခြိုက်စွာလည်း ပိုအိပ်ပျော်စေပါတယ်။ စိုးရိမ်မှု လျော့နည်းစေပြီး မနက် လန်းဆန်းစွာ နိုးထစေပါတယ်။

 

စံပယ်ရဲ့အဆီက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို ထိန်းညှိပေးသလို ကိုယ်ခံအားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ စံပယ်ပန်းရနံ့က ကောင်းကောင်းအိပ်ပျော် စေနိုင်တယ်လို့လည်း သုတေသနတွေအရ သိရပါတယ်။

 

ရှားစောင်းလက်ပတ်ပင်

 

Aloe Vera က အိမ်အတွက် အကျိုးရှိဆုံးအပင်များထဲ တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတာ၊ အမာရွတ်နဲ့ အရေပြားအပူလောင် သက်သာစေဖို့ သဘာဝဆေးတစ်ခုဖြစ်သည့် အပြင် ခန္ဓာကိုယ် အဆိပ်အတောက်များ ရှင်းထုတ်ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ အိပ်ခန်းနဲ့ တစ်အိမ်လုံးရှိ လေထုကို သန့်စင်ပေးပါတယ်။ ဒီ့ပြင် အိမ်မှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများနေတဲ့အခါ ဒီအပင်မှာ အဝါကွက်တွေဖြစ်ပေါ်ကာ အခြေအနေကို အသိပေးနေမှာဖြစ်တယ်။

 

 

အင်္ဂလိပ်တိုက်ကပ်နွယ်ပင်

 

English Ivy က ရှင်လွယ်ပြီး အပူချိန်အတန်အသင့်နဲ့ နေရောင်ခြည်အတင့်သင့် ထိတွေ့တဲ့နေရာမှာ အသက်ရှင်ပါတယ်။ Formaldehyde အဆိပ်အတောက် စုပ်ယူရာမှာ အထိရောက်ဆုံးဖြစ်တယ်။

 

လာဗင်ဒါရေမွှေးပန်းပင်

 

သူ့ ရနံ့ရှူသွင်းတဲ့အခါ စိတ်ငြိမ် ချမ်းမြေ့မှုဖြစ်စေပါတယ်။ ၎င်းရဲ့ မွှေးကြိုင်တဲ့ ရနံ့ကို ဆပ်ပြာ၊ အဝတ်အစားနဲ့ ခေါင်းလျှော်ရည်တွေမှာ အဓိက အသုံးပြုထားပါတယ်။ ထိရောက်ကောင်းမွန်တဲ့ သန့်စင်ပစ္စည်းဖြစ်တဲ့အပြင် စိုးရိမ်သောကနဲ့ အိပ်မပျော်နိုင်ဖြစ်ခြင်းများ ကုသရာမှာ အံ့မခန်းပါပဲ။

 

Rosemary

 

Rosemary ကို ဟင်းချက်တဲ့အခါအသုံးပြုကြပြီး  ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်လို့ သိထားကြပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းက Rosemary ကို မှတ်ဉာဏ် ကောင်းမွန်စေဖို့    သုံးစွဲခဲ့ကြတာပါ။   Rosemary အဆီက အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်သလို သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အာရုံစူးစိုက်မှု ကောင်းစေနိုင်ပါတယ်။စိတ်ဖိစီးမှုကိုလည်း လျော့ပါး သက်သာစေနိုင်ပါတယ်။

 

 

ဇီဇဝါပင်

 

ဇီဇဝါကလည်း ကောင်းကောင်း အိပ်ပျော်အောင် အထောက်အကူပြုပေးနိုင်ပါတယ်။ဇီဇဝါပင်က စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေပြီး အိပ်ပျော်စေတဲ့ ဆေးဖက်ဝင်အပင် တစ်မျိုးပါ။

 

ရှင်သီဝလိဂမုန်း

 

ရှင်သီဝလိဂမုန်းပင်က နွေရာသီမှာဆိုရင် အဖြူရောင်ပန်းပွင့်လေးတွေပွင့်တဲ့အတွက် အိမ်မှာစိုက်ထားလို့ ကောင်းတဲ့အပင်ပါပဲ။ ရှင်သီဝလီဂမုန်းရဲ့ကောင်းကျိုးက ဒီတစ်ခုတည်းမဟုတ်ပါဘူး။ ဒီအပင်က လေထုညစ်ညမ်းမှုကိုဖယ်ရှားတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေကို စုပ်ယူပေးတာတွေလုပ်ဆောင်ပြီး အိမ်တွင်းလေသန့်စက်အဖြစ် စွမ်းဆောင်နိုင်ပါတယ်။ ဝတ်မှုန်တွေကို ထုတ်လွှတ်ပေးပြီး ပန်းရနံ့လေးသင်းနေမှာပါ။ (ဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့သူတွေကတော့ သတိထားသင့်ပါတယ်)

 

 

နဂါးစက်ဂမုန်းပင်

 

နဂါးစက်ပင်က အိမ်ထဲမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကို လေသန့်ပင်လို့လည်း ခေါ်ကြပါတယ်။ အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အခိုးအငွေ့တွေကို နဂါးစက်ပင်က ဖယ်ရှားပေးနိုင်ပါတယ်။ လေကို ကောင်းကောင်းသန့်စင်စေချင်ရင်တော့ တစ်ပင်ထက်ပိုပြီး စိုက်ပေးသင့်ပါတယ်။ နဂါးစက်ပင်က နေရောင်ခြည်တိုက်ရိုက်ထိတာကို မကြိုက်နှစ်သက်ပါဘူး။

 

ရာဘာပင် (Rubber Plant)

 

ရာဘာအပင်တွေကို ဂရုစိုက်ပေးရတာ အရမ်းမခက်ခဲပေးမဲ့လည်း အပင်ကြီးတွေဖြစ်လာတတ်ပါတယ်။ ရာဘာအရွက်ကြီးတွေက လေထဲက မကောင်းတဲ့အရာတွေကို စုပ်ယူပေးပါတယ်။ ဒါကြောင့် ရာဘာအရွက်တွေက ဖုန်မှုန့်တွေကို ဖယ်ရှားပေးဖို့တော့ မမေ့သင့်ပါဘူးနော်။

 

BASIL-(ပင်စိမ်းမျိုး) 

 

တစ်နေ့ကို နာရီ(၂၀)လောက်အထိ အောက်စီဂျင်ကိုထုတ်လွှတ်နိုင်ပါတယ်။ ဟင်းခတ်  အမွှေးအကြိုင်အတွက်သာမက ယားယံတာတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါ တယ်။စိတ်စွမ်းအားကို တိုးစေပါတယ်။

 

 

ORCHID-(သစ်ခွ) 

 

သစ်ခွက မြန်မာတွေနဲ့မစိမ်းသလို တန်ဘိုးလည်းရှိပါတယ်။အိမ်ရှင်ကို ကောင်းကျိုးပေးသလို အသက်ရှည်စေတယ်လို့လည်း ယုံကြည်ကြပါတယ်။ အပွင့်ကတာရှည် ခံပြီး မွှေးပျံ့ကာ ညမှာ အောက်စီဂျင်ကို ထုတ်လွှတ်ပါတယ်။ဒါကြောင့်အိပ်ရာဘေးမှာထားဖို့သင့်တော်ပါတယ်။

 

ပန်းနံ့လေးတွေက စိတ်ကိုကြည်စေတယ်။

 

အနံ့သင်းသင်းလေးနဲ ပန်းပွင့်တဲ့အပင်လေးတွေက စိတ်ကို ကြည်စေမှာ အမှန်ပါပဲ။ အိပ်ရာဝင်ခါနီးရင် ပန်းနံ့လေးတွေ ရနေတာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။ စိတ်တည်ငြိမ်စေပြီး စိတ်ရှုပ်ထွေးမှုကို သက်သာစေတယ်လို့လည်း ဆိုကြပါတယ်။

 

 

ရွှေလာငွေလာဂမုန်း

 

ဒီအပင်လေးဟာ အရောင်မဲ့ဓာတ်ငွေ့ကိုဖယ်ရှားနိုင်စွမ်းအားမကောင်းပေမယ့် ညစ်ညမ်းလေတွေကိုတော့ ထိရောက်စွာ ဖယ်ရှားနိုင်စွမ်းရှိပါတယ်။ ဥယျာဉ်စိုက်ပျိုးတဲ့အတွေ့အကြုံမရှိသူတွေအတွက် ဒီအပင်လေးဟာ စမ်းသပ်စိုက်ပျိုးဖို့ကောင်းတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ရေများများလောင်းမိရင်လည်း ခံနိုင်ရည်စွမ်းရှိတဲ့အပင်တစ်မျိုးဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

 

ထန်းပင်၊အုန်းပင်၊ဓနိပင် ၊ပေပင်

 

ဒီအပင်လေးတွေဟာလည်း အိမ်အတွင်း မကောင်းတဲ့အနံ့အသက်တွေ၊ ညစ်ညမ်းလေတွေကို ကောင်းစွာဖယ်ရှားနိုင်စွမ်းရှိကြပါတယ်။ ဒီအပင်လေးတွေဟာ အပူချိန်ကို လည်း ကောင်းစွာထိန်းညှိုပေးနိုင်စွမ်းရှိပါတယ်။

 

ကျောက်ခက်ပန်း

 

ကျောက်ခက်ပန်းဟာ အရောင်မဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့တွေကို အခြားအပင်တွေထက် ပိုမိုစုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒီအပင်လေးဟာ အိမ်အတွင်း အခြားညစ်ညမ်းလေတွေကို လည်း စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် မိမိတို့အိမ်အတွင်း မကောင်းတဲ့အနံ့အသက်တွေ ကို စုပ်ယူနိုင်ဖို့ ဒီကျောက်ခက်ပန်းအပင်လေးကို စိုက်ပျိုးသင့်ပါတယ်။

 

 

နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်။

 

အပင်တွေက လူတွေနဲ့ ပြောင်းပြန် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ယူသုံးပြီး အောက်ဆီဂျင်ကို လေထုထဲ ထည့်ပေးပါတယ်။ Gerbera daisiesလိုမျိုး ဆိုရင် နေဝင်သွားတာနဲ့ အောက်ဆီဂျင်ကို စထုတ်ပေးနေပါပြီ။ ဒီလိုအပင်မျိုးလေးတွေကို အိပ်ရာနားမှာ ထားမယ်ဆိုရင် အောက်ဆီဂျင် လုံလုံလောက်လောက်ရတာကြောင့် သင့်ကိုပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။

 

အပင်ငယ်လေးများကို အိပ်ခန်းထဲထားတဲ့အခါ သင့်ကိုတယောက်တည်းဖြစ်နေတယ်လို့ ခံစားရတာမျိုးကို လျော့ပါးစေပါတယ်။ ပတ်ဝန်းကျင်နဲ့ ထီးတည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပျောက်စေပါတယ်။ ညအချိန်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။

 

တည်ငြိမ်အေးချမ်းသောအရောင်

 

သုတေသနတွေအရ အိပ်ခန်းတွေထဲထားတဲ့ အပင်များရဲ့ အရောင်ဟာလည်း သင် ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီရာမှာ အရေးပါပါတယ်။

 

ဥပမာ အစိမ်းရောင်၊ ခရမ်းရောင်၊ အနီရောင် ပန်းများ၊ အရွက်ကလေးများပါဝင်တဲ့ အပင်အမျိုးအစားများကို လေ့လာခဲ့ရာမှာ အစိမ်းရောင်အပင်များဟာ နှစ်ခြိုက်စွာအိပ်ပျော်ဖို့၊ စိတ် ကြည်လင်စေဖို့ ပိုမိုအထောက်အကူပြုကြောင်း သိရပါတယ်။

 

 

သင်းပျံ့သောရနံ့

 

ရနံ့မွှေးတာဟာ ခဏတာအတွက် အဆင်ပြေပေမယ့် ကြာလာရင် အီလည်တဲ့ ခံစားမှုကို ပေးလာပါလိမ့်မယ်။ မွှေးလွန်းတဲ့ ရနံ့ထက် မသိမသာသင်းပျံ့နေတဲ့ ရနံ့မျိုးဟာ ရေရှည်အတွက် အထောက်အကူပြုပါတယ်။ အထူးသဖြင့် ညဖက်အိပ်ရာဝင်ချိန်မှာ ဖြစ်ပါတယ်။

 

အပင်လေးတွေကနေ ပန်းပွင့်လေးတွေကနေရတဲ့ ရနံ့သင်းသင်းလေးများဟာ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အထောက်အကူပြုပါတယ်။ အဆိုပါရနံ့များဟာ ဒိုပါမင်း အပါအဝင် ပျော်ရွှင်ခြင်းဟော်မုန်းများကို တက်လာစေပါတယ်။

 

 

အပင်လေးများနှင့် အချိန်ဖြုန်းခြင်း

 

သုတေသီများရဲ့ အဆိုအရ သင်မအိပ်စက်ခင်မှာ အနည်းဆုံး ၁၅ မိနစ်ခန့် အပင်လေးတွေနဲ့ အချိန်ဖြုန်းသင့်တယ်လို့ ဆိုပါတယ်။ အပင်လေးများကို ရေဖြန်းခြင်း၊ အရွက်ကလေးများကို ထိတွေ့ကိုင်တွယ်ခြင်း စတာတွေဟာ သင့်ကို စိတ်ဖိစီးမုလျော့ပါးစေပြီး စိတ်ကြည်လင်လန်းဆန်းစေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုရဲ့ သုတေသနအရ ဝါးပင်လေးတွေကို စိုက်ထားတဲ့ ပန်းအိုးကို တစ်နေ့တာမှာ ၃မိနစ်ခန့် ကြည့်ပေးခြင်းဟာ သွေးတိုးခြင်း၊ စိုးရိမ်ပူပန်ခြင်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

 

ဘာပင်တွေစိုက်မလဲ

 

အစိမ်းရောင် အရွက်အခက်ရှိတဲ့ အပင်များ ဥပမာ ဂမုန်းပင်၊ စတော်ဘယ်ရီ၊ ပင်စိမ်းစတာတွေဟာ အိပ်စက်ခြင်းအတွက် ပိုမိုအထောက်အကူ ပြုတာမို့ ဦးစားပေး စိုက်ပျိုးပေးသင့်ပါတယ်။ ဒါ့အပြင် စိတ်ကြည်လင်လန်းဆန်းအောင် အခြား အရောင်အသွေးစုံလင်တဲ့ အပင်ငယ်လေးများလည်း ထားသိုစိုက်ပျိုးနိုင်ပါတယ်။ အဝါရောင်၊ အဖြူရောင်ပွင့်တဲ့ အပင်တွေ ဥပမာ စံပယ်၊ ကနိုလာ၊ ရနံ့သင်းတဲ့ အပင်များ စတာမျိုးတွေ ဖြစ်ပါတယ်။ အပင်လေးတွေ မစိုက်ဖြစ်သေးရင်တောင် ပန်းအိုးလေးထဲမှာ ပန်းရောင်စုံထည့်ပြီး သင့်အိပ်ခန်းထဲ ထားလိုက်ပါ။ အထီးကျန်တဲ့ ခံစားချက်မျိုးပျောက်ပြီး နှစ်ခြိုက်စွာလည်း အိပ်ပျော်စေပါလိမ့်မယ်။

 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

 

အသက်ရှည်ချင်ရင် အိမ်မှာ ဒီအပင်တွေကို စိုက်ပါ

 

ဂမုန်းစိုက်ရင် လူခိုက်တက်လား

 

အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်

 

Zawgyi

 

အိပ္ခန္းအတြက္ သင့္ေတာ္မွန္ကန္တဲ့ အပင္ေတြေ႐ြးခ်ယ္တာ ႏွစ္ၿခိဳက္စြာ ပိုအိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေကာင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။ အလွဆင္ယင္မႈအျပင္ က်န္းမာေရး အက်ိဳးျဖစ္ထြန္းေစေၾကာင္း သက္ေသရွိပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေလထုကို စစ္ထုတ္ၿပီး မိမိအိမ္ကို ေအာက္ဆီဂ်င္ ျဖည့္ေပးလို႔ပဲ ျဖစ္ပါတယ္။

 

က်န္းမာေရးအက်ိဳးျဖစ္ေစႏိုင္တဲ့အပင္ေတြ မေရမတြက္ႏိုင္ေအာင္ ရွိပါတယ္။ ဒါေပမယ့္ အိပ္စက္ျခင္းနဲ႔ အိပ္ခန္းေလထုကို ပိုမိုေကာင္းမြန္ေစဖို႔ အထိေရာက္ဆုံး အပင္ (၅) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

Snake plant ေႁမြပင္

 

အခ်ိန္အမ်ားဆုံး ကုန္ဆုံးေစတဲ့ အခန္းမွာ snake plant ထားပါက ပိုမိုသန႔္စင္တဲ့ ေအာက္ဆီဂ်င္ကို ဖန္းတီးေပးပါလိမ့္မယ္။ ဒီအပင္ရဲ႕ ေကာင္းခ်က္က ညဘက္မွာ ေအာက္ဆီဂ်င္ထုတ္လႊတ္ၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စုပ္ယူေပးျခင္းပါ။ Snake plant က ျပဳစုထိန္းသိမ္းစရာ သိပ္မလိုဘဲ အကုန္အက်လည္း မမ်ားတာေၾကာင့္ အိမ္အတြက္ သင့္ေတာ္ ေကာင္းမြန္ပါတယ္။ ဒီ snake plant မွာ မႏွစ္ၿမိဳ႕စရာ တခ်ိဳ႕ပါေပမယ့္ ေလထုကေန formaldehyde၊ trichloroethylene နဲ႔ benzene ေခၚ အဆိပ္အေတာက္ေတြ ထိန္းခ်ဳပ္ေပးပါတယ္။ ဒီအခ်က္အားလုံးက ပိုမိုသန႔္စင္တဲ့ ေလထုေၾကာင့္ ေကာင္းမြန္စြာ ညအိပ္ေပ်ာ္ေစတယ္။

 

 

စံပယ္ပင္

 

ဒီအပင္ဟာ သူ႔ရဲ႕ ေဝ့ဝိုက္တဲ့အႏြယ္၊ ေခါင္းေလာင္းသ႑ာန္အပြင့္ေသးေသးေလးမ်ားစုေပါင္းေနမႈေၾကာင့္ အိပ္ခန္းသြင္ျပင္ကို အေထာက္အပံ့ျဖစ္ေစႏိုင္တယ္။ ႏွစ္ၿခိဳက္စြာလည္း ပိုအိပ္ေပ်ာ္ေစပါတယ္။ စိုးရိမ္မႈ ေလ်ာ့နည္းေစၿပီး မနက္ လန္းဆန္းစြာ ႏိုးထေစပါတယ္။

 

စံပယ္ရဲ႕အဆီက ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးၿပီး ႏွလုံးခုန္ႏႈန္းနဲ႔ အသက္ရႉႏႈန္းကို ထိန္းညႇိေပးသလို ကိုယ္ခံအားကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္။ စံပယ္ပန္းရနံ႔က ေကာင္းေကာင္းအိပ္ေပ်ာ္ ေစႏိုင္တယ္လို႔လည္း သုေတသနေတြအရ သိရပါတယ္။

 

ရွားေစာင္းလက္ပတ္ပင္

 

Aloe Vera က အိမ္အတြက္ အက်ိဳးရွိဆုံးအပင္မ်ားထဲ တစ္ခုျဖစ္ပါတယ္။ ေရာင္ရမ္းတာ၊ အမာ႐ြတ္နဲ႔ အေရျပားအပူေလာင္ သက္သာေစဖို႔ သဘာဝေဆးတစ္ခုျဖစ္သည့္ အျပင္ ခႏၶာကိုယ္ အဆိပ္အေတာက္မ်ား ရွင္းထုတ္ေပးတဲ့ အရာလည္း ျဖစ္ပါတယ္။ အိပ္ခန္းနဲ႔ တစ္အိမ္လုံးရွိ ေလထုကို သန႔္စင္ေပးပါတယ္။ ဒီ့ျပင္ အိမ္မွာ အႏၲရာယ္ျဖစ္ေစတဲ့ ဓာတုပစၥည္းမ်ားေနတဲ့အခါ ဒီအပင္မွာ အဝါကြက္ေတြျဖစ္ေပၚကာ အေျခအေနကို အသိေပးေနမွာျဖစ္တယ္။

 

 

အဂၤလိပ္တိုက္ကပ္ႏြယ္ပင္

 

English Ivy က ရွင္လြယ္ၿပီး အပူခ်ိန္အတန္အသင့္နဲ႔ ေနေရာင္ျခည္အတင့္သင့္ ထိေတြ႕တဲ့ေနရာမွာ အသက္ရွင္ပါတယ္။ Formaldehyde အဆိပ္အေတာက္ စုပ္ယူရာမွာ အထိေရာက္ဆုံးျဖစ္တယ္။

 

လာဗင္ဒါေရေမႊးပန္းပင္

 

သူ႔ ရနံ႔ရႉသြင္းတဲ့အခါ စိတ္ၿငိမ္ ခ်မ္းေျမ့မႈျဖစ္ေစပါတယ္။ ၎ရဲ႕ ေမႊးႀကိဳင္တဲ့ ရနံ႔ကို ဆပ္ျပာ၊ အဝတ္အစားနဲ႔ ေခါင္းေလွ်ာ္ရည္ေတြမွာ အဓိက အသုံးျပဳထားပါတယ္။ ထိေရာက္ေကာင္းမြန္တဲ့ သန႔္စင္ပစၥည္းျဖစ္တဲ့အျပင္ စိုးရိမ္ေသာကနဲ႔ အိပ္မေပ်ာ္ႏိုင္ျဖစ္ျခင္းမ်ား ကုသရာမွာ အံ့မခန္းပါပဲ။

 

Rosemary

 

Rosemary ကို ဟင္းခ်က္တဲ့အခါအသုံးျပဳၾကၿပီး  ေကာင္းေကာင္း အိပ္ေပ်ာ္ေစႏိုင္တယ္လို႔ သိထားၾကပါတယ္။လြန္ခဲ့တဲ့ရာစုႏွစ္ေတြကတည္းက Rosemary ကို မွတ္ဉာဏ္ ေကာင္းမြန္ေစဖို႔    သုံးစြဲခဲ့ၾကတာပါ။   Rosemary အဆီက အာ႐ုံေၾကာစနစ္ေတြကို က်န္းမာေစႏိုင္သလို ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး အာ႐ုံစူးစိုက္မႈ ေကာင္းေစႏိုင္ပါတယ္။စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ပါး သက္သာေစႏိုင္ပါတယ္။

 

 

ဇီဇဝါပင္

 

ဇီဇဝါကလည္း ေကာင္းေကာင္း အိပ္ေပ်ာ္ေအာင္ အေထာက္အကူျပဳေပးႏိုင္ပါတယ္။ဇီဇဝါပင္က စိတ္ခံစားမႈကိုတိုးတက္ေကာင္းမြန္ေစၿပီး အိပ္ေပ်ာ္ေစတဲ့ ေဆးဖက္ဝင္အပင္ တစ္မ်ိဳးပါ။

 

ရွင္သီဝလိဂမုန္း

 

ရွင္သီဝလိဂမုန္းပင္က ေႏြရာသီမွာဆိုရင္ အျဖဴေရာင္ပန္းပြင့္ေလးေတြပြင့္တဲ့အတြက္ အိမ္မွာစိုက္ထားလို႔ ေကာင္းတဲ့အပင္ပါပဲ။ ရွင္သီဝလီဂမုန္းရဲ႕ေကာင္းက်ိဳးက ဒီတစ္ခုတည္းမဟုတ္ပါဘူး။ ဒီအပင္က ေလထုညစ္ညမ္းမႈကိုဖယ္ရွားတာ၊ အဆိပ္အေတာက္ျဖစ္ေစတဲ့ဓာတ္ေတြကို စုပ္ယူေပးတာေတြလုပ္ေဆာင္ၿပီး အိမ္တြင္းေလသန႔္စက္အျဖစ္ စြမ္းေဆာင္ႏိုင္ပါတယ္။ ဝတ္မႈန္ေတြကို ထုတ္လႊတ္ေပးၿပီး ပန္းရနံ႔ေလးသင္းေနမွာပါ။ (ဝတ္မႈန္နဲ႔ ဓာတ္မတည့္တဲ့သူေတြကေတာ့ သတိထားသင့္ပါတယ္)

 

 

နဂါးစက္ဂမုန္းပင္

 

နဂါးစက္ပင္က အိမ္ထဲမွာ စိုက္ထားသင့္တဲ့ အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ဒီအပင္ကို ေလသန႔္ပင္လို႔လည္း ေခၚၾကပါတယ္။ အိမ္အတြင္းမွာရွိတဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့အခိုးအေငြ႕ေတြကို နဂါးစက္ပင္က ဖယ္ရွားေပးႏိုင္ပါတယ္။ ေလကို ေကာင္းေကာင္းသန႔္စင္ေစခ်င္ရင္ေတာ့ တစ္ပင္ထက္ပိုၿပီး စိုက္ေပးသင့္ပါတယ္။ နဂါးစက္ပင္က ေနေရာင္ျခည္တိုက္႐ိုက္ထိတာကို မႀကိဳက္ႏွစ္သက္ပါဘူး။

 

ရာဘာပင္ (Rubber Plant)

 

ရာဘာအပင္ေတြကို ဂ႐ုစိုက္ေပးရတာ အရမ္းမခက္ခဲေပးမဲ့လည္း အပင္ႀကီးေတြျဖစ္လာတတ္ပါတယ္။ ရာဘာအ႐ြက္ႀကီးေတြက ေလထဲက မေကာင္းတဲ့အရာေတြကို စုပ္ယူေပးပါတယ္။ ဒါေၾကာင့္ ရာဘာအ႐ြက္ေတြက ဖုန္မႈန႔္ေတြကို ဖယ္ရွားေပးဖို႔ေတာ့ မေမ့သင့္ပါဘူးေနာ္။

 

BASIL-(ပင္စိမ္းမ်ိဳး) 

 

တစ္ေန႔ကို နာရီ(၂၀)ေလာက္အထိ ေအာက္စီဂ်င္ကိုထုတ္လႊတ္ႏိုင္ပါတယ္။ ဟင္းခတ္  အေမႊးအႀကိဳင္အတြက္သာမက ယားယံတာေတြ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါ တယ္။စိတ္စြမ္းအားကို တိုးေစပါတယ္။

 

 

ORCHID-(သစ္ခြ) 

 

သစ္ခြက ျမန္မာေတြနဲ႔မစိမ္းသလို တန္ဘိုးလည္းရွိပါတယ္။အိမ္ရွင္ကို ေကာင္းက်ိဳးေပးသလို အသက္ရွည္ေစတယ္လို႔လည္း ယုံၾကည္ၾကပါတယ္။ အပြင့္ကတာရွည္ ခံၿပီး ေမႊးပ်ံ႕ကာ ညမွာ ေအာက္စီဂ်င္ကို ထုတ္လႊတ္ပါတယ္။ဒါေၾကာင့္အိပ္ရာေဘးမွာထားဖို႔သင့္ေတာ္ပါတယ္။

 

ပန္းနံ႔ေလးေတြက စိတ္ကိုၾကည္ေစတယ္။

 

အနံ႔သင္းသင္းေလးနဲ ပန္းပြင့္တဲ့အပင္ေလးေတြက စိတ္ကို ၾကည္ေစမွာ အမွန္ပါပဲ။ အိပ္ရာဝင္ခါနီးရင္ ပန္းနံ႔ေလးေတြ ရေနတာက သင့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါလိမ့္မယ္။ စိတ္တည္ၿငိမ္ေစၿပီး စိတ္ရႈပ္ေထြးမႈကို သက္သာေစတယ္လို႔လည္း ဆိုၾကပါတယ္။

 

 

ေ႐ႊလာေငြလာဂမုန္း

 

ဒီအပင္ေလးဟာ အေရာင္မဲ့ဓာတ္ေငြ႕ကိုဖယ္ရွားႏိုင္စြမ္းအားမေကာင္းေပမယ့္ ညစ္ညမ္းေလေတြကိုေတာ့ ထိေရာက္စြာ ဖယ္ရွားႏိုင္စြမ္းရွိပါတယ္။ ဥယ်ာဥ္စိုက္ပ်ိဳးတဲ့အေတြ႕အႀကဳံမရွိသူေတြအတြက္ ဒီအပင္ေလးဟာ စမ္းသပ္စိုက္ပ်ိဳးဖို႔ေကာင္းတဲ့အပင္တစ္မ်ိဳးျဖစ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ေရမ်ားမ်ားေလာင္းမိရင္လည္း ခံႏိုင္ရည္စြမ္းရွိတဲ့အပင္တစ္မ်ိဳးျဖစ္ေနတာေၾကာင့္ျဖစ္ပါတယ္။

 

ထန္းပင္၊အုန္းပင္၊ဓနိပင္ ၊ေပပင္

 

ဒီအပင္ေလးေတြဟာလည္း အိမ္အတြင္း မေကာင္းတဲ့အနံ႔အသက္ေတြ၊ ညစ္ညမ္းေလေတြကို ေကာင္းစြာဖယ္ရွားႏိုင္စြမ္းရွိၾကပါတယ္။ ဒီအပင္ေလးေတြဟာ အပူခ်ိန္ကို လည္း ေကာင္းစြာထိန္းညႇိဳေပးႏိုင္စြမ္းရွိပါတယ္။

 

ေက်ာက္ခက္ပန္း

 

ေက်ာက္ခက္ပန္းဟာ အေရာင္မဲ့ ေဖာ္မယ္ဒီဟိုက္ ဓာတ္ေငြ႕ေတြကို အျခားအပင္ေတြထက္ ပိုမိုစုပ္ယူႏိုင္စြမ္းရွိပါတယ္။ ဒီအပင္ေလးဟာ အိမ္အတြင္း အျခားညစ္ညမ္းေလေတြကို လည္း စုပ္ယူႏိုင္စြမ္း ရွိပါတယ္။ ဒါေၾကာင့္ မိမိတို႔အိမ္အတြင္း မေကာင္းတဲ့အနံ႔အသက္ေတြ ကို စုပ္ယူႏိုင္ဖို႔ ဒီေက်ာက္ခက္ပန္းအပင္ေလးကို စိုက္ပ်ိဳးသင့္ပါတယ္။

 

 

ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစတယ္။

 

အပင္ေတြက လူေတြနဲ႔ ေျပာင္းျပန္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ယူသုံးၿပီး ေအာက္ဆီဂ်င္ကို ေလထုထဲ ထည့္ေပးပါတယ္။ Gerbera daisiesလိုမ်ိဳး ဆိုရင္ ေနဝင္သြားတာနဲ႔ ေအာက္ဆီဂ်င္ကို စထုတ္ေပးေနပါၿပီ။ ဒီလိုအပင္မ်ိဳးေလးေတြကို အိပ္ရာနားမွာ ထားမယ္ဆိုရင္ ေအာက္ဆီဂ်င္ လုံလုံေလာက္ေလာက္ရတာေၾကာင့္ သင့္ကိုပိုၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါလိမ့္မယ္။

 

အပင္ငယ္ေလးမ်ားကို အိပ္ခန္းထဲထားတဲ့အခါ သင့္ကိုတေယာက္တည္းျဖစ္ေနတယ္လို႔ ခံစားရတာမ်ိဳးကို ေလ်ာ့ပါးေစပါတယ္။ ပတ္ဝန္းက်င္နဲ႔ ထီးတည္းျဖစ္ေနတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးကို ေပ်ာက္ေစပါတယ္။ ညအခ်ိန္ေတြမွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစဖို႔ အေထာက္အကူျပဳပါတယ္။

 

တည္ၿငိမ္ေအးခ်မ္းေသာအေရာင္

 

သုေတသနေတြအရ အိပ္ခန္းေတြထဲထားတဲ့ အပင္မ်ားရဲ႕ အေရာင္ဟာလည္း သင္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစဖို႔ ကူညီရာမွာ အေရးပါပါတယ္။

 

ဥပမာ အစိမ္းေရာင္၊ ခရမ္းေရာင္၊ အနီေရာင္ ပန္းမ်ား၊ အ႐ြက္ကေလးမ်ားပါဝင္တဲ့ အပင္အမ်ိဳးအစားမ်ားကို ေလ့လာခဲ့ရာမွာ အစိမ္းေရာင္အပင္မ်ားဟာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ဖို႔၊ စိတ္ ၾကည္လင္ေစဖို႔ ပိုမိုအေထာက္အကူျပဳေၾကာင္း သိရပါတယ္။

 

 

သင္းပ်ံ႕ေသာရနံ႔

 

ရနံ႔ေမႊးတာဟာ ခဏတာအတြက္ အဆင္ေျပေပမယ့္ ၾကာလာရင္ အီလည္တဲ့ ခံစားမႈကို ေပးလာပါလိမ့္မယ္။ ေမႊးလြန္းတဲ့ ရနံ႔ထက္ မသိမသာသင္းပ်ံ႕ေနတဲ့ ရနံ႔မ်ိဳးဟာ ေရရွည္အတြက္ အေထာက္အကူျပဳပါတယ္။ အထူးသျဖင့္ ညဖက္အိပ္ရာဝင္ခ်ိန္မွာ ျဖစ္ပါတယ္။

 

အပင္ေလးေတြကေန ပန္းပြင့္ေလးေတြကေနရတဲ့ ရနံ႔သင္းသင္းေလးမ်ားဟာ သင့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေအာင္ အေထာက္အကူျပဳပါတယ္။ အဆိုပါရနံ႔မ်ားဟာ ဒိုပါမင္း အပါအဝင္ ေပ်ာ္႐ႊင္ျခင္းေဟာ္မုန္းမ်ားကို တက္လာေစပါတယ္။

 

 

အပင္ေလးမ်ားႏွင့္ အခ်ိန္ျဖဳန္းျခင္း

 

သုေတသီမ်ားရဲ႕ အဆိုအရ သင္မအိပ္စက္ခင္မွာ အနည္းဆုံး ၁၅ မိနစ္ခန႔္ အပင္ေလးေတြနဲ႔ အခ်ိန္ျဖဳန္းသင့္တယ္လို႔ ဆိုပါတယ္။ အပင္ေလးမ်ားကို ေရျဖန္းျခင္း၊ အ႐ြက္ကေလးမ်ားကို ထိေတြ႕ကိုင္တြယ္ျခင္း စတာေတြဟာ သင့္ကို စိတ္ဖိစီးမုေလ်ာ့ပါးေစၿပီး စိတ္ၾကည္လင္လန္းဆန္းေစတယ္လို႔ ဆိုပါတယ္။ စိုက္ပ်ိဳးေရးတကၠသိုလ္တစ္ခုရဲ႕ သုေတသနအရ ဝါးပင္ေလးေတြကို စိုက္ထားတဲ့ ပန္းအိုးကို တစ္ေန႔တာမွာ ၃မိနစ္ခန႔္ ၾကည့္ေပးျခင္းဟာ ေသြးတိုးျခင္း၊ စိုးရိမ္ပူပန္ျခင္းကို ေလ်ာ့နည္းေစတယ္လို႔ ဆိုပါတယ္။

 

ဘာပင္ေတြစိုက္မလဲ

 

အစိမ္းေရာင္ အ႐ြက္အခက္ရွိတဲ့ အပင္မ်ား ဥပမာ ဂမုန္းပင္၊ စေတာ္ဘယ္ရီ၊ ပင္စိမ္းစတာေတြဟာ အိပ္စက္ျခင္းအတြက္ ပိုမိုအေထာက္အကူ ျပဳတာမို႔ ဦးစားေပး စိုက္ပ်ိဳးေပးသင့္ပါတယ္။ ဒါ့အျပင္ စိတ္ၾကည္လင္လန္းဆန္းေအာင္ အျခား အေရာင္အေသြးစုံလင္တဲ့ အပင္ငယ္ေလးမ်ားလည္း ထားသိုစိုက္ပ်ိဳးႏိုင္ပါတယ္။ အဝါေရာင္၊ အျဖဴေရာင္ပြင့္တဲ့ အပင္ေတြ ဥပမာ စံပယ္၊ ကႏိုလာ၊ ရနံ႔သင္းတဲ့ အပင္မ်ား စတာမ်ိဳးေတြ ျဖစ္ပါတယ္။ အပင္ေလးေတြ မစိုက္ျဖစ္ေသးရင္ေတာင္ ပန္းအိုးေလးထဲမွာ ပန္းေရာင္စုံထည့္ၿပီး သင့္အိပ္ခန္းထဲ ထားလိုက္ပါ။ အထီးက်န္တဲ့ ခံစားခ်က္မ်ိဳးေပ်ာက္ၿပီး ႏွစ္ၿခိဳက္စြာလည္း အိပ္ေပ်ာ္ေစပါလိမ့္မယ္။

 

ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား

 

အသက္ရွည္ခ်င္ရင္ အိမ္မွာ ဒီအပင္ေတြကို စိုက္ပါ

 

ဂမုန္းစိုက္ရင္ လူခိုက္တက္လား

 

အဲကြန္းနဲ႔အိပ္တဲ့ အတြက္ဘာေတြျဖစ္ႏိုင္မလဲ အိမ္မွာ အဲကြန္းဖြင့္ထားမွ အိပ္တတ္သူေတြ ဖတ္ၾကည့္ေနာ္

 

Credit : Trend Myanmar & yangonlife

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy