Property Titles
Search Filters
Property Titles
Living Style and Home Services

ဒယ်အိုးနီ ၊ဒယ်အိုးပြာအသုံးပြုသည့် အိမ်တိုင်း ၊ဆိုင်တိုင်း သတိပြုသင့်သည့် အချက် (၇)ချက်

Updated 20th Apr 2019

Written by

Apyolay, Shweproperty

 

မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်း တို့ကို တော်တော်များများ အသုံးပြုကြမှာပါ။

 

အလုံးပေါင်းမနည်း ပျက်လိုက် ဝယ်လိုက်နဲ့ ကျွမ်းကျင်စွာ သုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့ စနစ်တကျ တန်းသုံးတတ်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။

 

ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေကောင်းတွေအတွက် အသုံးတဲ့စေမယ့် အချက်လေးတွေ ကျွန်တော်ထပ်ထည့်ပေးလိုက်ပါတယ်။

 

1️.  ဒယ်နီအများစု အားလုံးနီးပါးမှာ မီးဆွဲအား 2000W ရှိပြီး မီးအတိုးအလျော့ လုပ်လို့ရတာကြောင့့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံး၀ မသုံးသင့်ပါဘူး။

 

2️ . အခုနောက်ပိုင်း ထွက်သမျှ ဒယ်နီတွေမှာ Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ပါလို့ အတိုးအလျော့ ဘုလေးကို အဆုံးထိမထားပဲ လိုသလို ချိန်သုံးရင် *ချက်နေရင်း ဆီပူမယ် ကြံရင်း အိုးက မပူတောရင်း* အဲလိုဖြစ်တတ်ပါတယ်။

 

ဒါကြောင့် ကိုယ်က ဟင်းချက်နေရင်း အမြဲတမ်း အိုးကိုပူစေချင်တယ်ဆိုရင် အတိုးအလျော့ ဘုလေးကို အဆုံးထိတင်ထားရင် အဆင်ပြေပြီး Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ကလည်း အလုပ်မလုပ်တော့ပါဘူူး။

 

ဒီနေရာမှာ အကြံပေးချင်တာက ဘုကို အဆုံးထိထားပြီး ဟင်းချက်ပြီးရင် ခလုတ်ပိတ် ပလပ်ဖြုတ်ပါ။ ဒါဆို ဘုကို အတိုးအလျော့မကစားပဲ အဆုံးမှာပဲ ထားခိုင်းတဲ့သဘောဖြစ်ပါတယ်။ ကောင်းကျိုးက ဘု ပျက်ခြင်း ကျိုးခြင်းမှ ကင်းဝေးနိုင်ပါပြီ။ မီးဆွဲအားရှိနိုင်ပေမယ့် ကိုယ်က ခိုင်ခံ့သော အထိုင်နဲ့ သုံးတယ်ဆိုရင် ဘာမှ စိတ်ပူစရာ မရှိပါဘူးနော်။

 

3️. ဂျိုးကပ်တဲ့ အကြောင်းလေး ပြောပေးချင်ပါတယ်။

 

ရိုးရိုးအိုးဖြူဖြစ်ဖြစ် non-stick မကပ်တဲ့ အိုးမည်းဖြစ်ဖြစ် ဂျိုးကပ်တယ်လို့ ခဏ ခဏ ကျွန်တော်တို့ဆိုင်မှ ဝယ်သူကောင်းတွေဆီမှ အမြဲကြားရပါတယ်။ တကယ်တော့ အဓိက ဒီအချက်ကြောင့်ပါပဲ။

 

ထမင်းပေါင်းအိုးတွေရဲ့ ထုံးစံမှာ တစ်ခါ သိုးဖူးသွားရင် ဘယ်လောက်ဆေးဆေး နောက်ပိုင်း အသိုးလွယ်တာမျိုးကို ကြားဖူး တွေ့ဖူူးကြမှာပါ။ ဒါလည်း ဒီသဘောပါပဲ …

 

အိုးဖြူဆို ကြော်လှော်တဲ့အခါ ကိုယ်က တစ်ခြားအလုပ်လုပ်နေလို့ ပစ်ထားမိပြီး ကပ်သွားပြီ ဆိုရင် နောက်ပိုင်းလည်း ဘယ်လောက်ဆေးဆေး ကပ်ဖို့ အားသာနေပါပြီ ။ (ချွင်းချက်အနေနဲ့ တစ်ခါတစ်လေ အိုးက မီးမညီတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်)

 

4. နောက်တစ်ချက်က Non-Stick အိုးပါ။ မကပ်တဲ့အိုးဆိုပြီး ဘာလို့ကပ်လဲ။ ဒါကကျတော့ ဒီလိုပါ။ non-stickအိုးကို သုံးတဲ့ အချိန်မှာ တော်တော်များများက ထုံးစံအတိုင်း စတီးဇွန်း သံဇွန်းနဲ့ သုံးကြတာများပါတယ်။

 

(ကျွန်တော့်အမေအပါအဝင်ပေါ့) အဲဒီတော့ မွှေရင်း ခြစ်မိတဲ့ အခါကျတော့ Non-Stick ကနေ မNon-Stick ဖြစ်လာတဲ့သဘောဖြစ်ပြီး အားရပါးရကပ်တော့တာပါပဲ။

 

တကယ်တော့ Non-Stick က သစ်သား ယောက်မ(သို့မဟုတ်) သူနဲ့တွဲသုံးရတဲ့ ဇွန်းတွေ ယောက်မတွေ ရှိပါတယ်။ အဲဒါလေးတွေနဲ့ဆို ရေရှည် အဆင်ပြေစွာသုံးနိုင်ပါတယ်။ (city mart, ocean တွေမှာ ဝယ်လို့ရနိုင်သလို ကျွန်တော်တို့လည်း တွဲရောင်းပေးဖို့ စီစဉ်နေကြပါပြီ)။

 

5️. နောက် အိုးကပ်တာပြောရင်း တစ်ဆက်တည်း အိုးမှာကပ်နေတဲ့ ဟင်းတွေ ထမင်းတွေကို ဘယ်လို လွယ်ကူအောင်ခွာမလဲ ဆိုတဲ့နည်းလေးပါ ပြောပေးပါ့မယ်။ လွယ်ပါတယ်။

 

ကပ်နေတဲ့အိုးထဲကို ရေအနည်းငယ်ချိန်ထည့်ပြီး ပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး ရေဆူတဲ့အထိထားလိုက်ရုံပါပဲ .. ဒါဆို ကပ်နေတာတွေအကုန် သူ့အလိုလို ကွာလာတာတွေ့ရပါလိမ့်မယ်။

 

6️.  ဒါဆိုတစ်ဆက်တည်း ဆေးကြောပုံနဲ့ ဆေးကြောပြီးနောက်ပိုင်း ဘယ်လို ရေရှည်ခံအောင်လုပ်ရမလဲဆိုတာလေးပြောပေးပါ့မယ်။ ဆေးတာကတော့ အဓိက အိုးတစ်ခုလုံးကို မဆေးမိဖို့ပါပဲ။ အိုးအထဲပိုင်းထဲရေထည့် ဆပ်ပြာနဲ့ဆေးပြီးရင် အိုးအပြင်ကို ရေစိုဖော့ဖတ်လေးနဲ့ တိုက်ပေးရင်အထူးအဆင်ပြေပါတယ်နော်။

 

အိုးကို စိတ်ကြိုက်ဆေးကြောပြီးပြီဆိုတာနဲ့ မီးပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး အိုးမှာရှိနေ ကပ်နေတဲ့ ရေစက်လေးတွေ အငွေ့ပြန်သွားတဲ့ အထိ အပူပေးထားပါ။ ခြောက်သွေ့သွားပြီဆို ပြန်ပိတ်ထားလိုက်ပါ။

 

ဒါဆို နောက်တစ်ခါချက်ဖို့အတွက် အဆင်သင့်ဖြစ်သလို ဓာတ်လိုက်မှာကိုလည်းတွေးကြောက်နေစရာ မလိုတော့ဘူးပေါ့။ သြော် ဓာတ်လိုက်တယ် ဆိုလို့

 

7️. ဒယ်နီကို ချက်တဲ့အချိန် သုံးတဲ့ဇွန်းက လက်ကိုင်ကိုင်း ကော်(သို့မဟုတ်)သစ်သား ဖြစ်ဖို့ကို အကြံပေးချင်ပါတယ်။

 

တစ်ချို့ ဒယ်နီတွေက ဆေးကြောနည်းအလွဲ(သို့မဟုတ်) သုံးတာကြာရင် earth (အက်) ဝင်တတ်ပြီး ဓာတ်လိုက်တတ်လို့ အန္တရာယ်မများပေမယ့် အမှတ်တမဲ့လန့်နိုင်တာမို့ ကျွန်တော်မိတ်ဆွေကောင်းတွေမဖြစ်ရလေအောင် အထူး အကြံပေးလိုက်ရပါတယ်။

 

ကဲ ဒီလောက်ဆို အိမ်ရှင်မ အိမ်ရှင်ထီးများ ဒယ်နီအိုးတွေကို ဘယ်လို သတိထားသုံးရမလဲ၊ ဘာတွေဘယ်လို ကာကွယ်ရမယ်၊ ဘယ်လိုတာရှည်ခံအောင် သုံးရမယ် ဆိုတာတွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်။

 

ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းကောင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ မိတ်ဆွေလိုပဲ အခြားမိတ်ဆွေကောင်းများလည်း သိခွင့်ရအောင် share လုပ်ပေးလိုက်ပါဦးလို့ တိုက်တွန်းချင်ပါတယ်။x`

 

Ref & Photo Credit : Apyolay

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy