Updated 18th Feb 2019
ShweLikes, Shweproperty
စွမ်းအင်တွေ အကြောင်းကို လေ့လာကြည့်တဲ့အခါ ဝါစတုသျှတ္တရ ပညာအရ စကြာဝဠာထဲမှာ အလိုအလျောက် သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ အရာတွေရော လူသားတွေ ဖန်တီးပြုလုပ်ထားတဲ့ မည်သည့် အရာမဆို အကုန်လုံးမှာ တစ်ခုထက် ပိုတဲ့စွမ်းအင်ရှိနေကြတယ် ဆိုတာ လေ့လာသိရှိခဲ့ရသလို ဒီအထဲမှာမှ မိမိအသုံးပြုနေတဲ့
ပိုက်ဆံအိတ်ထဲမှာ
မလိုအပ်တဲ့အရာတွေ ထည့်ထားမိတဲ့အခါ မကောင်းတဲစွမ်းအင်တွေဖြစ်ပေါ် တတ်ပါတယ်။
– ငွေကုန်ကြေးကျ၊ ငွေယိုပေါက်တွေများလိမ့်မယ်။
– ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုတွေကြုံရသလို လာဘ်ပိတ် တာတွေ။
– ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး
ကောင်းသော စွမ်းအင်တွေဖြစ်စေတတ်သည့် အရာတွေကို သင့်ပိုက်ဆံအိတ်ထဲမှာ ထည့်ထားခဲ့မည်ဆိုလျှင်
– ငွေကြေး- အဆက်မပြတ်ဝင်သလို
– ကျန်းမာ ချမ်းသာ ကာ
– ငွေကုန် ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက် နိုင်ပါလိမ့်မယ်။
သင့်ပိုက်ဆံအိတ်(သို့မဟုတ်)ငွေသေတ္တာထဲမှာ . . . .
– ဘေလ်၊ ပြေစာ၊ ဟောင်းများ၊ receipt ဟောင်းများ
– ညစ်ညမ်းပုံများ၊ သေဆုံးပြီးသူူများပုံ၊ ကြမ်းတမ်း ရက်စက်သော ပုံများ။(မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်။)
– တိုလီ မိုလီ မှတ်စု များ၊ လိပ်စာ ကဒ် အဟောင်းများ၊
– သက်တမ်း ကုန်နေတဲ့- membership card များ
– သုံးမရအောင် စုတ်ပြတ် နေတဲ့ ငွေစက္ကူများ
– ခေါက်တွန့် နေတဲ့- ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံ ကို ဖြန့်ထည့်ပါ။)
– သွားရည်စာ မုန့်တွေ နဲ့ ဆေးများ။ (ဆေးများ ဟာ- ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ။)
– လက်သည်းညှပ် နဲ့ ကပ်ကြေး အပါအဝင်- ချွန်ထက်တဲ့ အရာများ။
– ကျွမ်းကျင်သော နက္ခတ်ပညာရှင် အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော- အဆောင်များ၊
– ပရိတ်ချည်၊ လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ။)
သင့်ပိုက်ဆံအိတ်(သို့မဟုတ်) ငွေသေတ္တာထဲမှာထည့်ထားသင့်တဲ့အရာတွေကတော့ . . . .
– ငွေ၊ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။
– အထူးသဖြင့်- ငွေဒင်္ဂါး။
– လက်ချမီး မယ်တော်ပုံ- ရုပ်ပုံတော် ဖြစ်စေ- ကြေး ဒင်္ဂါး ဖြစ်စေ.
– ဗောဓိညောင်ရွက် (အထူးသဖြင့်- နှလုံး ရောဂါ ရှိသူများ အတွက်)
– ပင်လယ်ခရုခွံများ (စကြာဝဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်။)
– ဆန်စေ့ ၂၁- စေ့ (အင်မတန် အကျိုးများပါတယ်။ နောက်ပိုင်း ရှင်းပြပေးပါ့မယ်။)
-ဂျင်း ဖက်လေးအနည်းငယ် (ငွေကိုဆွဲဆောင်နိုင်စေသည်)
ကိုထည့်ထားခြင်းဖြင့်ကောင်းသောစွမ်းအင်တွေကိုဖြစ်ပေါ်စေကာအကျိုးစီးပွားလာဘ်လာဘတိုးတက်ကြစေ။
Ref & Photo Credit : ShweLikes
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.