Property Titles
Search Filters
Property Titles
Kitchen

အိမ်တွင်းဥယျာဉ်လေး (၁)

Updated 27th Aug 2017

Written by

My Food, Shweproperty

 

လိမ္မော်သီး၊ ရှောက်ချိုသီး၊ လီမွန်၊ သံပုရာပင်တို့ကို အိမ်မှာစိုက်ပြီး အလှဆင်ချင်တာဖြစ်ဖြစ် လတ်လတ်ဆတ်ဆတ် စားသုံးဖို့ ဖြစ်ဖြစ် စိုက်ကြပါတယ်။ ကိုယ့်အိမ်မှာ အသီးအနှံလေးတွေ သီးနေတာ မြင်ရတာဟာ စိတ်ချမ်းသာမှု တစ်ခုပါပဲ။

 

အချို့ကလည်း အိမ်တွင်း အလှဆင်ဖို့ အတွက် စိုက်ကြပါတယ်။

 

စားပွဲတင်ပေါ်တွေမှာ တင်ထားတယ်။ ဧည့်ခန်းနဲ့ မီးဖိုချောင်အတွင်းတွေမှာ အလှဆင်ဖို့ စိုက်ကြပါတယ်။ ဘယ်လို အကြောင်းနဲ့ပဲ စိုက်စိုက် လွယ်ကူတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

 

လိုအပ်တာတွေကတော့

 

– လတ်ဆတ်တဲ့ သဘာ၀ သံပုယိုသီး တစ်လုံး

– မြေဆွေး

– အိုး

– ရေ

– Paper Towel

 

စိုက်ပျိုးပုံ အဆင့်ဆင့်

၁။ လီမွန်(သံပုယိုသီး) ကနေ အစေ့တွေကို ထုတ်ပါ။ ကိုယ်ရဲ့ အသီးဟာ အော်ဂဲနစ်အသီးတော့ ဖြစ်ဖို့ လိုပါတယ်။

 

၂။ ရေထဲမှာ ၂-၃ နာရီကြာအောင် စိမ်ထားပြီး စက္ကူပေါ်မှာ ခြောက်သွေ့အောင် ခဏထားပါ။

 

၃။ ရေထဲကနေ ဆယ်ပြီး အစေ့တွေပေါ်ကနေ အလွှာလေးတွေကို ဖယ်ထုတ်ပါ။ ပြီးရင်တော့ ရေထဲ ပြန်စိမ်ထားပါ။

 

၄။ မြေဆွေးထည့်ထားတဲ့ ကိုယ်စိုက်မယ့် အိုးထဲကို အစေ့တွေကို ပုံပါ အတိုင်း စီ ထည့်ပါ။

 

၅။ အစေ့တွေရဲ့ အပေါ်ကနေ မြေဆွေးထပ်အုပ်ပြီး ကျောက်စလစ်ခဲလေးတွေနဲ့ ဖုံးထားပါ။ ပြီးရင်တော့ နေရောင်ရတဲ့ နေရာမှာ ထားပါ။

 

၆။ အပင်လေးတွေ ထွက်လာတာဖို့ အတွက်ကတော့ မြေဆွေး၊ ရေနဲ့ နေရောင်ခြည်တွေပေါ်မှာ မူတည်ပြီး အချိန် မတူညီတတ်ပါဘူး။

 

၇။ တစ်နေ့ကို ရေ တစ်ခါ အနည်းဆုံး လောင်းဖို့ မမေ့ပါနဲ့။ နေရောင်ခြည် တိုက်ရိုက်ရမယ့် နေရာမှာ သေချာထားပါ။

 

၈။ အပင်ပေါက်တွေ ကြီးလာရင်တော့ အိုးအကြီးနဲ့ ခွဲစိုက်ပေးပါ။ အလှစိုက်ချင်ရင်တော့ ပုံပါ အတိုင်း အိုးနဲ့ ထားပါ။

 

Ref & Photo Credit : My Food

Posted By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy