Property Titles
Search Filters
Property Titles
Bedroom

ဘယ်လိုလူမျိုးတွေက ခြင်ပိုပြီး ကိုက်ခံရတတ်ပါသလဲ

Updated 18th May 2016

Written by

Trend Myanmar, Shweproperty

 

လူတွေထဲမှာ သူများတွေထက်ပိုပြီး ခြင်ကိုက်ခံရတဲ့သူတွေ ရှိပါတယ်။ အကြောင်းကတော့ သူတို့မှာခြင်တွေကို ဆွဲဆောင်နိုင်တဲ့ အချက်တွေရှိတာကြောင့် ခြင်ကိုက်တဲ့ ဒဏ်ကို ပိုပြီးခံရတာ ဖြစ်ပါတယ်။ ခြင်ကိုက်ခံရတဲ့ တစ်ချို့အကြောင်းတွေက ထိန်းချုပ်လို့ရတဲ့ အချက်တွေ ဖြစ်ပါတယ်။


 
(၁)သင့်သွေးအမျိုးအစားက အိုသွေးဆိုရင် တခြားသွေးအမျိုးအစားပိုင်ရှင်တွေထက် ခြင်တွေကို ပိုပြီးဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒီအချက်ကတော့ သင်ထိန်းချုပ်လို့မရနိုင်တဲ့ အချက် ဖြစ်ပါတယ်။


 
(၂)ကိုယ်ဝန်ဆောင်တွေက တခြားသူတွေထက် ငှက်ဖျားပိုးသယ်ဆောင်ထားတဲ့ခြင်တွေကို ၂ ဆပိုပြီး ဆွဲဆောင်နိုင်ပါတယ်။


 
(၃)ဘီယာသောက်တဲ့သူတွေက ဘီယာမသောက်တဲ့သူတွေ ထက်ပိုပြီး ခြင်ကိုက်ခံရတာကို တွေ့ရပါတယ်။


 
(၄) တစ်ချို့လူတွေရဲ့ ခန္ဓာကိုယ်က ခြင်တွေကို ဆွဲဆောင်နိုင်တဲ့ ဒြပ်ပေါင်းတွေ အလိုအလျောက် ထုတ်ပေးတတ်ပြီး တစ်ချို့လူတွေကတော့ ခြင်တွေကို မောင်းထုတ်နိုင်တဲ့ ဒြပ်ပေါင်းတွေထုတ်ပေးတတ်တယ်လို့ ဆိုပါတယ်။


 
(၅)အရေပြားပေါ်မှာ ဘက်တီးရီးယားပိုး အမျိုးအစားပေါင်းများစွာရှိတဲ့ သူတွေကို ခြင်တွေက တခြားသူတွေလောက် ခြင်ကိုက်မခံရပါဘူး။


 
(၆)ခန္ဓာကိုယ်က ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုပြီးလွှတ်တဲ့ လူတွေကို ခြင်တွေက ပိုုပြီး ကိုက်လေ့ရှိပါတယ်။ ဒီအုပ်စုထဲမှာ ခန္ဓာကိုယ်ကြီးမားတဲ့သူတွေ၊ ဝတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ပါဝင်ပါတယ်။


 
(၇)တစ်ခုခုကို ပင်ပင်ပန်းပန်း ဆောင်ရွက်တဲ့အချိန်မှာ ထွက်လေ့ရှိတဲ့ချွေးထဲက လက်တစ်အက်ဆစ်ဓာတ်က ခြင်တွေကို ပိုပြီး ဆွဲဆောင်လေ့ရှိပါတယ်။

 

Posted By : Wai Phyoe

Photo Credit : Trend

 

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy