Property Titles
Search Filters
Property Titles
Kitchen

ခြင်များ

Updated 9th Dec 2015

Written by

Yangon Life, Shweproperty

ရန်ကုန်မြို့မှာ ခြင်တွေ တော်တော်လေးပေါတယ်ဆိုတာ မယုံမရှိကြပါနဲ့။ ဒီက ခြင်တွေဟာ အကောင်သေး ပြီး ဒေါသတကြီးနဲ့ အသံတိတ်တိုက်ခိုက်တတ်ကြပါသေးတယ်။ သစ်တောနဲ့ရေတွေပေါများတာနဲ့အမျှ ခြင်တွေပါတိုးပွားနေတဲ့ Scandinavia က ခရီးသည်တစ်ယောက်ပြောပြတာက ခြင်တွေဟာ အကောင်သေး လွန်းတော့ အကိုက်မခံရခင်အထိ ကြိုတင်မြင်တွေ့နိုင်ဖို့ သိပ်ခက်ပါတယ်တဲ့။ ခြင်ကိုက်ခံရလို့ယားတဲ့ခံစား မှုက စိတ်ညစ်ဖို့ကောင်းလွန်းလို့ အကိုက်မခံရချင်ရင် လုပ်ဆောင်ဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ရန်ကုန်မှာ အများကြီးရှိနေတဲ့ ငှက်ဖျားအထူးကုဆရာဝန်တွေကို မေးရင်တော့ ခြင်တွေ ဘယ်မှာပေါက်ဖွား တာ၊ ဘယ်မှာနေထိုင်တာ၊ ဘယ်နေရာကိုကိုက်တာ အစရှိသဖြင့် အကုန်ပြောပြကြမှာပဲပေါ့။ ဒါပေမဲ့ ခြင်မကိုက်အောင် ကာကွယ်ဖို့ ရိုးရှင်းတဲ့ဒီနည်းလေးတွေကို လုပ်ဖို့အတွက်တော့ ဘယ်သူ့အကူအညီမှ မလိုပါဘူး။



(၁) ခြင်ဆေးခွေ ( ဥပမာ - ဂေါ်ဇီလာ)။



ခြင်ဆေးခွေတွေကို စူပါမားကက်တိုင်းမှာ ရနိုင်ပါတယ်။ မီးထွန်းညှိ လိုက်တဲ့အခါ အငွေ့တွေထွက်လာပြီး ခြင်တွေကို ပြေးစေပါတယ်။ ဒါပေမဲ့ အိမ်အပြင်ဘက်တွေမှာပဲ သုံး သင့်ပါတယ်။ ညနေနေဝင်ရီတရောအချိန် အပြင်မှာထိုင်ဖြစ်ရင်တော့ စားပွဲအောက် သို့မဟုတ် တံခါးဝတွေ မှာ ခြင်ဆေးထွန်းပေးပါ။ ဒါပေမဲ့ အဆိပ်ပါဝင်မှုများတဲ့အတွက် ကလေးတွေ အထူးသဖြင့် ခြင်ဆေးမီး ကိုတွေ့ရင် ကိုင်ကြည့်ချင်တတ်တဲ့ တွားတတ်ခါစ ကလေးတွေနဲ့ ဝေးဝေးမှာထားပါ။ ခြင်ဆေးကိုင်ပြီးရင် လည်းလက်ဆေးဖို့ မမေ့ပါနဲ့။



(၂) ခြင်ဖျန်းဆေး (ဥပမာ - Raid)။



အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ခြင်နဲ့ တခြားပိုးမွှားတွေကို သုတ်သင် ပေးပါတယ်။ အဆိပ်ပါဝင်မှုများပြီး အနံ့လည်းပြင်းတာမို့ မရှူမိဖို့အထူးသတိပြုပါ။ ကား သို့မဟုတ် အိမ်ကို ဆေးဖျန်းပြီးတာနဲ့ အပြင်ထွက်ပြီး နောက်နာရီဝက် တစ်နာရီလောက်ကြာပြီးမှ ပြန်ဝင်ပါ။ ရေချိုးခန်း၊ စားပွဲ အောက်၊ လိုက်ကာနောက်ဘက်တွေဟာ ခြင်ခိုအောင်းဖို့ အကောင်းဆုံးနေရာတွေဖြစ်လို့ သေချာဂရုစိုက် ဖျန်းပါ။ မျက်နှာကြက်ကို ဆေးဖျန်းတာဟာ တခန်းလုံးကို ပျံ့နှံ့စေလို့ အရမ်းကိုထိရောက်ပါတယ်။



(၃) ခြင်ထောင်။


ခြင်ထောင်ထောင်ပြီးအိပ်တာဟာ စိတ်ရှုပ်စရာကောင်းပေမဲ့ ထိရောက်လှပါတယ်။ City Mart တွေမှာ ဝယ်ယူနိုင်ပြီး ကလေးအိပ်ရာ၊ တစ်ယောက်အိပ်အိပ်ရာတွေအတွက် ကွက်တိပါပဲ။ ခြင်ထောင် က ခြင်မဝင်အောင်ကာပေးတဲ့အပြင် အနားကပ်လာတဲ့ခြင်တွေကိုပါ သေစေပါတယ်။ ခြင်ထောင်မှာ အပေါက်ရှိရင်တော့ ချုပ်ဖြစ်အောင်ချုပ်ရပါမယ်။ အပ်ချည်နဲ့ အပ်နဲ့အလွယ်တကူချုပ်ရုံပါပဲ။ အိပ်တဲ့အခါ ခြင်ထောင်နဲ့မထိမိပါစေနဲ့။ ခြင်တွေက ခြင်ထောင်ကိုဖောက်ပြီး ကိုက်တတ်လို့ပါ။



(၄) ခြင်လိမ်းဆေး (ဥပမာ- Odomos)။



ဒီမှာရရှိနိုင်တဲ့ Odomos တံဆိပ်ခြင်လိမ်းဆေးဟာ အဆီ သို့မဟုတ် အရည်ပုံစံဖြစ်ပြီး ကလေးများအတွက် ဘေးကင်းပါတယ်။ ဒါပေမဲ့ ပြည်ပကို ခရီးထွက်ဖြစ်ရင်တော့ များပြား လှတဲ့တခြားအမျိုးအစားတွေကိုပါ ဝယ်သိမ်းထားသင့်ပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့  အရည် ဖျန်းဘူးပုံစံ(စာရေးသူအကြိုက်ဆုံး)၊ ညှစ်ဆေးတောင့်ပုံစံနဲ့ အာနိသင်လည်းပြင်းတဲ့ Mosi-guard က အသင့်တော်ဆုံးပါပဲ။ နောက်ထပ်ကောင်းတဲ့တမျိုးက အာနိသင်နည်းနည်းပျော့ပေမဲ့ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ဆေးပုဝါ၊ နေရောင်ကာလိမ်းဆေးအပြင် ကိုယ်တိုက်အဝတ်ကြမ်းပုံစံနဲ့တောင် ထုတ်လုပ်ထားတဲ့ Icognito တံဆိပ်ခြင်လိမ်းဆေးပါပဲ။ ကလေးတွေကို ရေချိုးပေးရင်လည်း လိမ်းပေးလို့ ရသလို ရေချိုးပြီးရင်လိမ်းတဲ့ အမျိုးအစားလည်းရှိပြီး ကလေးတွေအတွက် သက်တောင့်သက်သာရှိစေပါ တယ်။ အမျိုးအစားတွေအများကြီးထဲမှာ Deet ပါဝင်တဲ့အမျိုးအစားက အကောင်းဆုံးဆိုပေမဲ့ ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။



(၅) မီးခိုးမှိုင်းတိုက်ခြင်း။



အိမ်တွေ၊ ဟိုတယ်တွေနဲ့ ခြံဝင်းတွေမှာ ခြင်ပေါက်ဖွားမှုကို နှေးကွေးစေဖို့ ခြင်တွေ ကောင်းကောင်းမနေနိုင်အောင် မြေကြီးပေါ်မီးခိုးမှိုင်းတိုက်ခြင်းကို ပုံမှန်ပြုလုပ်လေ့ရှိကြပါတယ်။ပြတင်းတွေ၊ တံခါးတွေလုံအောင်ပိတ်ပြီး တစ်နာရီလောက် အိမ်ထဲမှာပဲနေသင့်ပါတယ်။ မီးခိုးမှိုင်းတိုက်ခြင်းကို တစ်လတစ်ခါလောက် လုပ်ကြပေမဲ့ တစ်ပတ်တစ်ခါလုပ်ရင် ပိုထိရောက်ပါတယ်။ ထိရောက်မှုရှိမရှိနဲ့ ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးရှိပေမဲ့ ခြင်တွေကို နှိမ်နင်းဖို့ လက်နက်လေးတစ်ခုပါပဲ။



(၆) ပန်ကာ။



ခြင်တွေက လေတိုက်ရင် ကြောက်တတ်တော့ အခန်းထဲပန်ကာဖွင့်ထားရင် ခြင်တွေသိပ်မလာ ရဲမှာသေချာပါတယ်။ ကလေးပုခက်အောက်မှာ ပန်ကာဖွင့်ထားရင် ခြင်တွေအတွက် အကြိုက်ဆုံးနေရာတစ် ခု ဆုံးရှုံးရပြီပေါ့။



(၇) သတိထားရှောင်ကြဉ်ခြင်း။



ခြင်တွေကို ဖော်ဖော်ရွေရွေ မကြိုဆိုမိအောင် သတိထားတဲ့အပြင် ရေခွက်၊ ရေကန်တွေထဲ ခြင်ပေါက်ဖွားအောင် ဖွင့်ထားမိတာမျိုးလည်း မလုပ်မိဖို့ အထူးသတိထားရပါမယ်။ ခြင်ထောင်တွေကို အမြဲသန့်ရှင်းအောင်ထားပြီး ပြတင်းတွေ၊တံခါးတွေကို မေ့ပြီးဖွင့်မထားခဲ့မိစေပါနဲ့။ မနက်ခင်းပိုင်းနဲ့ ညနေပိုင်း မှောင်ရီဝိုးတဝါးအချိန်မှာ ကလေးတွေကို အိမ်ပြင်ထွက်မကစားစေနဲ့လို့ ပြောကြပေမယ့် တကယ်တမ်းကျတော့ ခြင်က ၂၄ နာရီကိုက်တတ်တာပါပဲ။ ဒါပေမဲ့ အဲလိုအချိန်တွေမှာ ခြင်တွေက ပိုးဆိုးတတ်လို့ အပြင်ထွက်ရင်တော့ ခြင်လိမ်းဆေးကို မနှမြောကြနဲ့ပေါ့။



ငှက်ဖျားရောဂါဟာ ခုနောက်ပိုင်း သိပ်မဖြစ်တော့ပေမဲ့ ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါကတော့ စိုးရိမ်ဖွယ် အကောင်းဆုံးပါပဲ။ ဖြစ်ဖြစ်ချင်းမှာ ကုသနိုင်ဖို့ ရောဂါလက္ခဏာတွေကို ကြိုတင်သိရှိထားဖို့လိုပါ တယ်။ အဖျားကြီးခြင်း၊ အလွန်အားလျော့ခြင်း စတဲ့လက္ခဏာတွေနဲ့ စဖြစ်တတ်ပါတယ်။ သေချာသိနိုင်ဖို့ ကတော့ နီးရာဆေးခန်းကို အမြန်ဆုံးသွားဖို့ပါပဲ။ ရောဂါလက္ခဏာအနည်းငယ်ပဲ ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဆိုးဆိုးသွေးလွန်တုပ်ကွေးဆိုရင်တောင် ၇ ရက်ကြာရင်သက်သာသွားတာပါပဲ။ နာလန်ထဖို့ကတော့ ရောဂါအနည်းအများပေါ်မူတည်ပြီး ၆ ပတ် လောက်အထိကြာတတ်ပါတယ်။



ငှက်ဖျားရောဂါအတွက် Malarone လိုသီးသန့်ကုသဆေးတွေရှိနေပေမဲ့ သွေးလွန်တုပ်ကွေးအတွက်က အကိုက်အခဲပျောက်ဆေးနဲ့ ဓါတ်ဆားရည်ပဲရှိပြီး သက်သာတဲ့အထိစောင့်ဆိုင်းရုံပဲ တတ်နိုင်ပါတယ်။ တချို့သော ရှားပါးဖြစ်စဉ်တွေမှာတော့ သွေးခဲဓာတ်တွေနည်းပါးသွားပြီး စိုးရိမ်ရတဲ့အခြေအနေမျိုး ဖြစ်တတ်ပေမဲ့ ကျန်းမာတဲ့သူတွေဆို ဖြစ်ခဲပါတယ်။ ဆရာဝန်က ဆက်လက်ညွှန်ကြားတာကို လိုက်နာပါ။

 

Ref : Yangon Life

Posted By : Wai Phyoe Aung

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy