Property Titles
Search Filters
Property Titles
Curtains & Blinds

သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ဘူး ဆိုတာ သေချာစေတဲ့အချက် (၉) ချက်

Updated 22nd Apr 2016

Written by

မိုးရှင်း (I.M.T), Shweproperty

 

လူတိုင်းလိုလိုချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင်လည်း အချိန်တိုင်းကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေးကုသိုလ်ဆိုပြီးပြောကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့မဟုတ် ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံလိုအပ်ချက် လေးတွေကိုတောင် မပြုပြင်နိုုင်လို့ပါ။ အောက် မှာပါ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကိုဖြစ်နိုုင်ချေ နည်းသွားပါပြီ။



(၁)သင်ဟာ ပိုက်ဆံ စုခြင်းကို အရမ်းဝါသနာပါပြီး  ပိုက်ဆံပိုမရှာနိုုင်ဘူး။



ပိုက်ဆံ စုခြင်းက ချမ်းသာဖိုု့ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ စုတာကိုပဲ အာရုံုစိုက်နေရင် သင်လက်ရှိရနေတဲ့ ပိုက်ဆံထက်ဘယ်လို ထပ်ရှာရမလဲကို သင်စိတ်မဝင်စား နိုုင်တော့ပါဘူး။ အကယ်၍ ချမ်းသာတဲ့သူတွေလိုတွေးမယ်ဆိုရင် သင်ပိုက်ဆံကုန်သွားမှာကိုု စိတ်မပူသင့်တော့ပါဘူး။ ပိုက်ဆံပိုရှာနိုုင်အောင်ပဲ ဂရုုစိုုက်သင့်ပါတယ်။



(၂) သင်ရင်းနှီးမြုပ်နှံခြင်းမလုပ်သေးဘူး။



ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတိုု့ဝင်ငွေရဲ့ ၂၀%ကိုပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ   စောစောရင်းနှီးမြုပ်နှံနိုုင်လေ   ကောင်းလေလေပါပဲ။ အများကြီးမရင်းနှီးနိုုင်ရင်တောင် ဖြေးဖြေးချင်းကစလိုု့ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုုခုပေါ်မှာ ရင်းနှီးမမြပ်နှံနိုုင်သေးရင် သင့်ကိုယ်သင်တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ တိုးတက်အောင် ပြုလုုပ်တဲ့နေရာမှာ သုံးစွဲပါ။



(၃) တည်ငြိမ်တဲ့လစာဝင်ငွေပေါ်မှာ သင်သာယာနေတယ်။



သာမန်လူတော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ရှိပါတယ်။ ဥပမာ တစ်လ ကို ဘယ်လောက်၊ တစ်ပတ်ကိုဘယ်လောက်၊တစ်နာရီကိုဘယ်လောက်စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေက တော့ ဖြစ်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ပိုက်ဆံ ရှာပါတယ်။ များသောအားဖြင့် သူများဆီမှာလည်း အလုုပ်လုုပ် လေ့မရှိပါဘူး။ သူတို့က Self-employedလို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ်အလုုပ်ပြန်ခန့်ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ်သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကိုသွားရာမှာ   နှောင့်နှေးစေပါတယ်။



(၄) သင်ကသင်မတတ်နိုုင်တဲ့ပစ္စည်းတွေဝယ်လေ့ရှိတယ်။



သင့်ရဲ့လိုအပ်ချက်တိုင်းကို လိုုက်လံဖြည့်ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။ အကယ်၍ ပုံမှန်ထက် ဝင်ငွေတိုးတက်လာရင် သင့်ကိုုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyleတစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီးတော်တော်များများမလုုပ်နိုုင်ပါဘူး။ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်တဲ့ Grant Cardoneက”ရင်းနှီး မြုပ်နှံမှုတွေက ဝင်ငွေသေသေချာချာမဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစားမပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး”လို့ဆိုခဲ့ပါတယ်။ သင်လည်း လစာတိုးတာနဲ့ iPhoneကောက်ပြီး မဝယ်ပါနဲ့အုံး။



(၅) သင်ဟာ သင့်အိမ်မက်နောက်ကိုလိုက်ရဲတဲ့ သတ္တိမရှိဘူး။



အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖိုု့လိုုပါတယ်။ ဒါ့ကြောင့် သင်ဘာကိုချစ် မြတ်နိုးတယ်ဆိုတာလည်း သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုုက်ရဲတဲ့ သတ္တိလည်းရှိဖုု့ိလိုပါတယ်။ ဒါပေမယ့် လူ တော်တော်များများကတော့ မိဘရဲ့ရည်မှန်း ချက်နောက်ကိုလိုုက်နေ တာများပါတယ်။



(၆) သင်ဟာ Comfort Zoneထဲက မထွက်ရဲဘူး။



ကိုယ်ပိုုင်စီးပွားရေးလုုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ် မက်တွေကိုုပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။ သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံုနဲ့တော့ မချမ်းသာလာပါဘူး။



(၇) သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။



အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုုက်ဆံ ကို ဘယ်လိုအကျိုးရှိရှိအသုံးချရမယ်ဆိုုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ ဝင်ငွေကို ဘယ်နေရာတွေမှာသုံးမယ်။ ဘယ်လောက်ကိုစုမယ်၊ ဘယ်လောက်ကိုရင်းနှီးမြုပ်နှံရမှာသုံးမယ် စသဖြင့်သေ သေချာချာသိဖို့လိုပါတယ်။



(၈) သင်ကသုံးလို့ပိုတာကိုစုတယ်။



သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ်ဆိုရင်တော့ သေချာပါ တယ်။ သင့်မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုုတာကို သုံးရမှာ ပါ။ ဝင်ငွေ၁၀%ကိုဖြစ်ဖြစ်စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။



(၉) သင်ကချမ်းသာခြင်းဆိုတာ မဖြစ်နိုုင်ပါဘူးလို့ထင်နေတယ်။



လူတော်တော်များများက ချမ်းသာခြင်းဆိုတာ ကံကောင်းတဲ့သူတွေဆီကိုပဲ ရောက်ရှိလေ့ရှိတဲ့အရာလို့ ခံယူထားပါ တယ်။ ဒါ့ကြောင့်လည်း အဲ့ဒိလူတော်တော်များများက ဘယ်တော့မှ မချမ်းသာပါဘူး။ မိမိကိုယ်ကိုမှ မယုံရင် ဘာမှ လုပ်လို့မရပါဘူး။ ကြိုးစားသူတိုင်း အတွက်နေရာ ရှိပါတယ်။ သင့်အတွက်လည်းနေရာရှိပါတယ်။



အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက် သင့်မှာရှိနေပြီဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။အကယ်၍ ချမ်းသာချင်တယ်ဆိုရင်ပေါ့။



Ref : မိုးရှင်း (I.M.T)

Photo Credit : gettyimages

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy