Property Titles
Search Filters
Property Titles
Flooring

နေ့စဉ် အိမ်ရှင်မတိုင်း ကိုယ်ပိုင်အချိန်တွေပိုမို ပိုင်ဆိုင်စေဖို့ နည်းလမ်းကောင်းများ

Updated 1st Aug 2016

Written by

Thit Htoo Lwin, Shweproperty

 

မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို အိမ်မှုကိစ္စရော အလုပ်တာဝန်တွေပါ ယူနေတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေက များလာပါပြီ။ ဒီတော့ အိမ်မှာဆိုရင်လည်း အိမ်အလုပ်၊ ရုံးမှာလည်း ရုံးအလုပ်နဲ့ ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက် နည်းပါးလာတဲ့ အိမ်ရှင်မတွေကို ကိုယ်ချင်းစာမိပါတယ်။ ကိုယ်ပိုင်အချိန်ဆိုတာကလည်း မရှိမဖြစ်လိုအပ်တာကြောင့် အချိန်ပိုလေးတွေ ဘယ်လိုထွက်လာအောင် လုပ်ကြမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်......



ညတိုင်း NightOut ထွက်လို့တော့မရပေမယ့် မဂ္ဂဇင်းစာအုပ်ကောင်းကောင်းလေးကို စိတ်အေးလက်အေး ဖတ်နိုင်ဖို့လောက်အထိတော့ အကျိုးရှိနိုင်ပါတယ်။ အိမ်ရှင်မ မေမေတွေအတွက် ကိုယ်ပိုင်အချိန်ဆိုတာ ရေချိုးခန်းဝင်တဲ့အချိန်ပိုင်းလေးလောက်ပဲ ရနေကြတာမို့ ဒီအချက်လေးတွေကို စမ်းကြည့်ကြပါစို့နော်…



တစ်ပတ်စာ ချက်ပြုတ်ဖို့ စာရင်းလုပ်ထားလိုက်ပါ



ညစာဘာချက်ရမလဲ၊ ဒီနေ့ ဘာဟင်းချက်ရမလဲဆိုတာမျိုးတွေနဲ့ အပြေးအလွှားဈေးဝယ်စရာ မလိုတော့ဘူးပေါ့။



ဟင်းလျာတွေကို အေးခဲထားလိုက်ပါ



တနင်္ဂနွေနေ့လို ပိတ်ရက်မျိုးမှာ တစ်ပတ်စာအတွက် ဟင်းလျာအားလုံးကို ကြိုတင်ပြင်ဆင်ချက်ပြုတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ မနက်တိုင်း အိပ်ယာထတာနဲ့ နေ့လည်စာထမင်းဗူးတွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်လို့ပြီးသွားပါလိမ့်မယ်



အဝတ်အစားတွေကို အဆင်သင့်ပြင်ထားပါ



ကလေးနဲ့ ခင်ပွန်းသည် အပါအဝင် ကိုယ့်ရဲ့ မနက်ဖြန်ဝတ်မယ့် အဝတ်အစားတွေကို ညကတည်းက အဆင်သင့် ပြင်ဆင်ထားလိုက်ပါ။



အွန်လိုင်း ပြက္ခဒိန်ကို ခင်ပွန်းသည်နဲ့အတူ စစ်ဆေးကြည့်လို့ရအောင်Share ထားပါ



အိမ်အတွက်၊ ကျောင်းအတွက်နဲ့ အလုပ်အတွက်တွေကို အရောင်ခွဲခြား မှတ်သားထားပြီး ခင်ပွန်းသည်နဲ့ အမြဲမပြတ် update လုပ်ထားနိုင်ပါတယ်။



အလုပ်တစ်ဖက်နဲ့ အိမ်ရှင်မတွေကတော့ နေ့လည်စာစားချိန်မှာ ဈေးဝယ်ခြမ်းတာမျိုးတွေ လုပ်ထားပါ နေ့လည်စာ  အလုပ်နားချိန်မှာ ဈေးဝယ်တာ၊ ပင်မင်းအပ်တာ စတဲ့ အလုပ်တွေကိုလည်း လုပ်နိုင်တာကြောင့် ပိတ်ရက်တွေ၊ ညဘက်တွေမှာ သပ်သပ်သွားစရာမလိုတော့ဘဲ အချိန်ပိုထွက်လာစေပါတယ်။



ကလေးတွေကိုလည်း အိပ်ယာစောစောဝင်ခိုင်းပါ



ကလေးတွေရဲ့ ပုံမှန်အိပ်ယာဝင်ချိန်ထက် နာရီဝက်လောက် စောစောအိပ်စေခြင်းဖြင့်လည်း ကိုယ့်အတွက် အချိန်ပိုရစေနိုင်ပါတယ်။



အဝတ်အစားအတွက် အငြင်းမပွားပါနဲ့



ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားမျိုးဖြစ်နေသမျှတော့ ကိုယ့်ကလေးငယ် ဝတ်ချင်တဲ့အတိုင်းသာ ပေးဝတ်လိုက်ပါ။



တစ်ချိန်တည်းနဲ့ လုပ်နိုင်သမျှအလုပ်အားလုံးကို စီမံလုပ်ကိုင်ပါ


 
ကိုယ်ကတော့ ကိုယ့်သမီးလေး ရေချိုးကန်ထဲ စိမ်နေတဲ့အချိန် ရေချိုးခန်းကို တစ်ခါတည်း သန့်ရှင်းရေး လုပ်ပစ်လိုက်ပါတယ်။



လုပ်စရာရှိတာတွေကိုု စာရင်းလုပ်ထားလိုက်ပါ



ဒီလို စာရင်းလုပ်ထားတာဟာ ဘာလုပ်စရာကျန်သေးပါလိမ့်လို့ စဉ်းစားနေစရာမလိုတော့ဘူးပေါ့။ ကိုယ်ကတော့ မေ့တတ်တယ်လေ။



ကလေးမထခင် ကိုယ်အရင် အိပ်ယာထပါ



 ဒါဆိုရင်တော့ ရေချိုးဖို့အချိန်နဲ့ အဝတ်အစားလဲဖို့ အချိန်ကောင်းကောင်း ရပါလိမ့်မယ်။ အိပ်ယာစောစောထတော့ ပိုပြီးလည်း လန်းလန်းဆန်းဆန်း ရှိစေပါတယ်။



တစ်လစာ ချက်ပြုတ်မယ့် ဟင်းလျာတွေနဲ့ ဝယ်ခြမ်းစရာတွေကို စာရင်းလုပ်ထားလိုက်ပါ



စာရင်းလုပ်ပြီးပြီဆိုရင်တော့ စာရင်းထဲကအတိုင်း အစီအစဉ်အလိုက် ဝယ်ယူချက်ပြုတ်ရုံပါပဲ။



အဝတ်အစားတွေကို အစုံလိုက် တွဲဖက်ပြင်ဆင်ထားပါ



ကိုယ့်သမီးလေးနဲ့ ခင်ပွန်းသည်ကတော့ အပြင်သွားမယ်ဆိုရင် အဆင်သင့် ယူဝတ်လိုက်ကြတာပါပဲ။



ကလေးအတွက် စားစရာတွေကိုလည်း တစ်ပတ်စာကြိုတင် ချက်ပြုတ်ပြင်ဆင်ထားပါ



တစ်ပတ်စာ ကြိုတင်ချက်ပြုတ်ထားပြီး ရေခဲခွက်လေးတွေထဲမှာ ထည့်အေးခဲထားလိုက်မယ်ဆိုရင် အလွယ်တကူနွှေးလိုက်ရုံနဲ့ မြန်မြန်ဆန်ဆန် စားလို့ရသွားပြီပေါ့။



ခြေအိတ်တွေကို အရောင်တူတွေသာ ရွေးဝယ်ပေးထားလိုက်ပါ



ခင်ပွန်းသည်အတွက်ရော ကျောင်းသွားမယ့် ကလေးငယ်တွေအတွက်ပါ လွယ်ကူလျင်မြန်စေမယ့်နည်းပါ။ ခြေအိတ်အရောင်တူ နောက်တစ်ဖက် လိုက်ရှာရတဲ့အချိန်ကို လျှော့ချပေးနိုင်လို့ဖြစ်ပါတယ်။



ကလေးကစားစရာတွေကို အလှည့်ကျထုတ်ပေးပါ



ကစားရတာ ငြီးငွေ့သွားတာမျိုးလည်း မဖြစ်ရအောင်၊ ကိုယ်လည်း သိမ်းရဆည်းရ သက်သာအောင် အရုပ်တွေကို အကုန်ထုတ်မပေးဘဲ တစ်လှည့်စီထုတ်ပေးတာဟာ ကလေးငယ်တွေကိုလည်း ပိုပြီးစိတ်လှုပ်ရှားစေပါတယ်။



အိမ်ထိန်းသိမ်းစရိတ်တွေ အားလုံးကို ဖုန်းနဲ့ပဲ Bill ပေးဆောင်ပါ



နည်းပညာတွေလည်း တိုးတက်လာနေပြီမို့ ရေခွန်၊ မီးခွန်စတာတွေကို ဖုန်းနဲ့ပဲ ပေးဆောင်လိုက်ပါ..စာရွက်စာတမ်းနဲ့ အလုပ်တွေကိုတော့ ကားပိတ်တဲ့အချိန်၊ မီးပွိုင့်မိနေတဲ့ အခါမျိုးနဲ့ ကလေးကျောင်းကြိုချိန်တွေမှာ လက်စသတ်ထားလိုက်ပါ။



မုန့်ပဲသရေစာအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေကိုသာ ခြင်းနဲ့ထည့်ပေးထားလိုက်ပါကလေးအတွက် မုန့်ပဲသရေစာအတွက် သီးသန့်အချိန်ယူ လုပ်ပေးစရာမလိုအောင် မြေပဲဆန်၊ သီဟိုဌ်စေ့စတဲ့ အာဟာလည်းပြည့်၀ အရသာလည်းရှိတဲ့ အစာမျိုးကို ခြင်းလေးနဲ့ ထည့်ထားပေးနိုင်ပါတယ်။



တီဗီ ဘယ်တော့မှ မကြည့်ပါနဲ့



အဝတ်တွေ ခေါက်သိမ်းတဲ့ အချိန်ကလွဲလို့ ရုံးဖွင့်ရက်တွေမှာ တီဗီလုံးဝမကြည့်ပါနဲ့။ ဟိုအစီစဉ်ကြည့်မယ် ဒီအစီစဉ်ကြည့်မယ်ဆိုတဲ့ အငြင်းပွားနေရမယ့် အချိန်တွေ သက်သာသွားစေမှာဖြစ်ပါတယ်။



သီချင်းတေးသွားဖွင့်ပြီး အလုပ်တွေလုပ်ပါ



မနက်ခင်း လုပ်စရာတွေလုပ်တဲ့အခါ သွက်လက်မြူးကြွတဲ့ တေးသီချင်းမျိုး ဖွင့်ထားခြင်းဖြင့် လုပ်ငန်းဆောင်တာတွေကို မြန်ဆန်သွက်လက်စွာ လုပ်ဆောင်ပြီးစီးသွားစေနိုင်ပါတယ်။



အိမ်အလုပ်တွေကို ခင်ပွန်းဖြစ်သူနဲ့ ခွဲဝေလုပ်ဆောင်ပါ



အိမ်အလုပ်တွေကို စာရင်းလုပ်ပြီး တာဝန်တွေကို ခွဲဝေသတ်မှတ်ပြီး လုပ်ဆောင်တာဟာလည်း တာ သွားတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

Ref & Photo Credit : Thit Htoo Lwin

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy