Property Titles
Search Filters
Property Titles
Flooring

ခြေညှပ်ဖိနပ်ပါးတွေက သင့်ခြေထောက်အတွက် ကောင်းကျိုးမပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေဖွင့်ဟ

Updated 24th Jun 2016

Written by

Trend Myanmar, Shweproperty

 

ခြေညှပ်ဖိနပ်ပါးလေးတွေက ချစ်စရာကောင်းပြီး သက်တောင့်သက်တာဖြစ်စေတာကြောင့် လူအများစုက   ခြေညှပ်ဖိနပ်တွေကို   နှစ်သက်ကြ ပါတယ်။ ခြေညှပ်ဖိနပ်ပါးတွေကို နှစ်သက်သူများပြီး ကျော်ကြားလှတာကြောင့် ဇွန်လ ၁၇ ရက်နေ့ကိုတောင် ခြေညှပ်ဖိနပ် အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ထားကြပါတယ်။ ပူနွေးတဲ့ ရာသီမျိုး၊ ခြေသည်းအလှပြင်ပြီးကာစမျိုးတွေမှာ ခြေညှှပ်ဖိနပ်ကို ဝတ်ဆင် ရတာ ပိုပြီးအဆင်ပြေသက်သာတာမှန်ပေမဲ့ ခြေညှပ်ဖိနပ်ကပေးနိုင်တဲ့ ကြောက်စရာအကြောင်းပြချက်တွေ အများကြီးရှိပါတယ်လို့ သုတေသနပြုထားတဲ့ ခြေဖဝါးနဲ့ ဆိုင်တဲ့ ဆရာဝန်တွေက သက်သေသာဓကများစွာနဲ့ ထောက်ပြထားပါတယ်......


 
သင့်ခြေဖဝါးအတွက် အကာအကွယ်မရှိဘူး


 
သင်ဟာ လူအုပ်ကြားထဲ၊ ကား၊ရထားပေါ်တိုးဝှေ့စီးရတဲ့အချိန်တွေမှာ တစ်ယောက်ယောက်က သင့်ရဲ့ သဲကြိုးတစ်ချောင်းတည်း ကာရံထားတဲ့ ခြေထောက်ပေါ်ကို တက်နင်းမိဖို့ အလားအလာအရမ်းများပါတယ်။


 
သင့်ခြေထောက်အတွက် လိုအပ်တဲ့ အခုအခံမပါပါဘူး


 
ခြေညှပ်ဖိနပ်ပါးမှာ ခြေဖနောင့်နဲ့ ဖဝါးအသားတွေ မနာကျင်အောင် ကာကွယ်ပေးနိုင်မယ့် အခုအခံမပါပါဘူး။ ဒီလိုအခံမပါဘဲ စီးတာကြာလာတဲ့အခါ အသားကြေသလို နာကျင်တဲ့ဒဏ်ကို ခံစားရနိုင်သလို အရိုးအတက်ထွက်တာမျိုးကိုလည်း ကြုံရနိုင်ပါတယ်။


 
ခြေဝဲစားခြင်းနဲ့ ပိုးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ်


 
နေရာမျိုးစုံကို သွားလာတဲ့အခါမှာ ခြေထောက်မှာ ရွှံ့၊မြေကြီးနဲ့ ညစ်ပတ်တဲ့ရေဆိုးတွေကိုလည်း ထိတွေ့ရနိုင်ပါတယ်။   မြေကြီးထဲမှာ ရှိတဲ့ပိုးတစ်မျိုးဖြစ်တဲ့ Staphylococcus ဆိုတဲ့ပိုးက ခြေဖဝါးအရေပြားကို ယားယံခြင်းကို ဖြစ်စေတဲ့အပြင် ခြေဖဝါးမှာ ဒဏ်ရာ တစ်ခုခု ရှိနေရင် အဲ့ဒီအနာကတဆင့် သွေးထဲရောက်ရှိပြီး ခြေထောက်ဖြတ်ရတာနဲ့ အသက်သေဆုံးရတဲ့ အထိ   ဖြစ်စေနိုင်တဲ့ပိုးတစ်မျိုး   ဖြစ်ပါတယ်။ဒါကြောင့် ဖိနပ်ပါးစီးတဲ့သူတွေမှာ ဒီပိုးဝင်ရောက်နိုင်တဲ့ အန္တရာယ်အရမ်းများပါတယ်။


 
ဖိနပ်ပါး တစ်ရန်မှာ ဘက်တီးရီးယားပိုးအမျိုးပေါင်း ထောင်နဲ့ချီပြီးရှိနိုင်ပါတယ်


 
မိုင်ယာမီ တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှုအရ ဖိနပ်တစ်ရန်တည်းမှာတင် ဘက်တီးရီးယားပေါင်း ၁၈၀၀၀ကျော်ကို တွေ့ရှိခဲ့ပါတယ်တဲ့။ ပိုးတွေထဲမှာ မစင်အမျိုးမျိုး(လူ့မစင်တင်မကဘဲ ကြွက်၊ငှက် မစင်များလည်း ပါဝင်)၊အရေပြား၊တံထွေးနဲ့ အန်ဖတ်စတဲ့ အညစ်အကြေးပေါင်း များစွာက ဘက်တီးရီးယားမျိုးစုံပါဝင်ပါတယ်တဲ့။


 
လမ်းလျှောက်ပုံ မတူညီခြင်း


 
ဖိနပ်ပါးစီးပြီး လမ်းလျှောက်တဲ့ခြေလှမ်းက ရှူးဖိနပ်စီးပြီး လျှောက်တဲ့ခြေလှမ်းထက် ပိုသေးတယ်လို့ဆိုပါတယ်။ ကိုယ့်ရဲ့ လမ်းလျှောက် ပုံပြောင်းလဲသွားရင် ခန္ဓာကိုယ်တစ်ခုလုံးက လိုက်ပြီးထိန်းညှိတဲ့အတွက် ခြေကျင်းဝတ်၊ ဒူးခေါင်း၊တင်ပါးနဲ့ ခါးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။


 
ဖိနပ်ပေါက်နိုင်ချေ ပိုများတယ်


 
 ခြေချောင်းတွေကြားထဲမှာ ထိန်းထားတဲ့ သဲကြိုးက လမ်းအများကြီး လျှောက်ရတဲ့အခါမှာ အရေပြား ယားယံပြီး အရည်ကြည်ဖု ထလာစေ တတ်ပါတယ်။ အရည်ကြည်ဖု ပေါက်သွားတဲ့အခါမှာ ဒဏ်ရာက ဟင်းလင်းဖြစ်သွားပြီး ပိုးပေါင်းများစွာကို ဖိတ်ခေါ်သလို ဖြစ်နေမှာပါ။


 
ခြေညှပ်ဖိနပ်ဝတ်ဆင်ခြင်းရဲ့ ဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် သင့်တော်ကောင်းမွန်တဲ့ ဖိနပ်ကိုရွေးချယ်ဝတ်ဆင်နိုင်မယ်ဆိုရင် သင့်ခြေထောက်ကလေးက သင့်ကို ကျေးဇူးတင်ရှိမှာ ဖြစ်ပါတယ်။

 

Ref  & Photo Credit : Trend

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy