House For Sale in Dagon Myothit (North)

3 bedroom, 4 bathroom Privatehouse for sale in Dagon Myothit (North), Yangon

Back to Search

Dagon Myothit (North), Yangon

For Sale 15,000 Lakhs

Property ID: S-1398103

House
40' x 60'
3
4

Property ID: S-1398103

Premium
Posted Date : 03 Jun 2025

PZO836

နေရာက မြောက်ဒဂုံ ၄၂ (ပညာရေးကွက်)၊ ဗိုလ်မှူးဗထူးလမ်းမကြီးကျောကပ်

အကျယ်အဝန်း အနေနဲ့က 40’-60’ ဂရံ မြေပေါ်မှာ တိုက်အကျယ် အလျား 42’ နဲ့ အကျယ် 30’ ဆောက်ထားပါတယ် …

price-15000

ကွန်ကရစ်တိုက် အမျိုးအစားဖြစ်ပြီး ၃ ထပ်ပါ။ Master အိပ်ခန်း ၃ ခန်းပါပြီး၊ စတိုခန်းတွေပါပြီး အပေါ်ဆုံးထပ်မှာ Gym ခန်းလိုမျိုး နောက်ထပ်အခန်းဖွဲ့လို့ရမယ့် အကျယ်အဝန်းရှိပါသေးတယ်.

ခြံတွင်းကွန်ကရစ်လောင်းထားပါတယ်။ လေသာဆောင်ပါပြီး Rooftop garden လေးအတွက် မြက်ခင်းတုခင်းထားပါတယ်

သန့်ရှင်းမှကြိုက်တဲ့ အိမ်ရှင်မတွေအတွက် အိမ်တွင်းမှာ အဆင့်မြင့်မီးဖိုချောင်ထည့်ထားပြီး၊ အကြော်အလှော်အတွက် wet kitchen တစုံကို ခြံထဲမှာ အမိုးအကာအပြည့်အစုံနဲ့ ထည့်ထားပါတယ်

အရည်အသွေးမြင့် အလူမီနီယံပြတင်းပေါက်တွေတပ်ထားပြီး အထဲမှာခြင်လုံစကာနဲ့ လုံခြုံရေးတန်းတွေ ပါသေးပါတယ် ...
လှပသစ်ဆန်းတဲ့ ခြံစည်းရိုးအပေါ်မှာ လုံခြုံရေးအတွက် သံဆူးကြိုးခွေတွေ ထည့်ထားပါတယ်..

ရေအတွက်က အစိုးရ‌ရေအပြင် ကိုယ်ပိုင်အဝီစိတွင်းပါပြီး၊ အောက်ရေကန် အပေါ်ရေကန် ၂ ခုပါလို့ ရေကုန်သွားမှာ စိုးရိမ်ဖို့မလိုဘူးနော် .

မီးကြိုးတွေကို အပျောက်ထည့်ထားပြီး အထပ်တိုင်းကို breaker တွေ ခွဲထားပါတယ် ... ဘတ္ထီရီအင်ဗာတာနဲ့ မီးအားမြှင့်စက်ပါ ထည့်ပေးထားပါတယ်
မီးပျက်ရင် auto လင်းမယ့် မီးလုံးတွေရှိလို့ ညဖက်မီးပျက်ရင် မမြင်မစမ်းဖြစ်မှာ မဟုတ်ပါဘူးနော်

Designer အကြိုက် ဖန်တီးထားတဲ့ long TV stand၊ အပူခံမှန်သားပြင်နဲ့ ဖိတ်ဖိတ်တောက် ကျွန်းသားတို့ လှလှပပပေါင်းစည်းထားတဲ့ ခေတ်မီ ထမင်းစားပွဲခုံတွေကို တခြားဘယ်မှာမှ မတွေ့နိုင်ပါဘူးနော်

ရှင်းလင်းသန့်ပြန့်တဲ့ ဘုရားခန်းကို တဖက်မှာ ပန်းခင်းလေးတွေရှိတဲ့ ဝရံတာလေးနဲ့ တဖက်မှာတော့ ကြည်လင်တဲ့ ဖန်သားတွေနဲ့ အလှဆင်ထားပါတယ် ...

Air Flow ကောင်းဖို့ အတွက် အိမ်တွင်း ဝရံတာတွေကို ဒုတိယထပ်နဲ့ တတိယထပ်မှာ ဒီဇိုင်းဆင်ထားတဲ့အတွက် အေးမြမှုအပြင် အိမ်တွင်းချိတ်ဆက်မှုကောင်းလေးတွေလည်း ရှိနေမှာပါ ...

My Myanmar International Schoolက လမ်းကျော်လိုက်တာနဲ့ရောက်မယ့် walking distant ဖြစ်ပြီး private school အစိုးရကျောင်းတွေနဲ့ နီးနီးလေးပါ

အစားအသောက်တလိုင်းတွေအတွက် နောက်ကျောမှာ ဗထူးစားသောက်ဆိုင်ရှိပြီး မြောက်ဒဂုံရဲ့ အစားအသောက်တန်းဖြစ်တဲ့ ဦးဝိဇာရလမ်းကို လမ်းလျှောက်သွားလို့ရအောင်ကို နီးပါတယ်
Capital supermaket, City Mart, Apple Mart တို့လို ဆိုင်တွေနဲ့ လက်တကမ်းမှာ ရှိသလို၊ ရပ်ကွက်စျေးမှာ လတ်လတ်ဆတ်ဆတ်ဝယ်ချင်တယ်ဆိုလည်း တလမ်းကျော်လောက်မှာကို ရှိတာ..

ဆိုဖာဆက်တီ၊ ထမင်းစားပွဲ၊ ရေခဲသေတ္တာကအစ ပန်းအိုးတွေအဆုံး အိမ်နဲ့အတူတပါတည်းပါမှာဆိုတော့ အဆင်သင့်တက်နေရုံပါပဲ…

ပတ်ဝန်းကျင်ကောင်း အလားအလာလည်းရှိတဲ့ သေသပ်တိကျဆောက်ထားတဲ့ ဒီနေရာလေးကို မိသားစုနဲ့ အေးအေးချမ်းချမ်းနေဖို့ ဖြစ်ဖြစ်၊ ရင်းနှီးမြှပ်နှံဖို့အတွက်ဖြစ်ဖြစ် စိတ်ဝင်စားတယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ဟယ်လိုလိုက်ပါနော် ...

Property Details

Property Name : မြောက်ဒဂုံ ၄၂ (ပညာရေးကွက်)၊ ဗိုလ်မှူးဗထူးလမ်းမကြီးကျောကပ်

  • Type

    House
  • Floor

    2 RC
  • Area

    40' x 60'
  • Bed Room

    3
  • Bath Room

    4
  • Ownership

  • Furnishing Type

    Partially Furnished


Follow Us On

Property Sales Event