အိမ်နဲ့ပတ်သက်ရင် အစွဲမျိုးစုံရှိတက်ကြပါတယ်။ အစွဲနဲ့ပေါင်းစပ်ပြီး အယူသီးတာတွေလည်း ရှိပါတယ်။ တစ်ချို့သောအရာတွေက မမြင်ရပေမယ့် လက်တွေ့မှာ ခံစားလို့ရတဲ့ အရာတွေလည်း ဖြစ်တက်ပါတယ်။ ဒါကတော့ ယုံကြည်မှုဘက်သက်ရောက်စေတဲ့သဘောမျိုးပါ။ 


လမ်းဦးတိုက်လှေဥိးတိုက်အိမ်တွေမှာနေမိရင်ခိုက်တက်တယ်လို့ တော့ ကြားဖူးကြပါလိမ့်မယ်။ ဒီတော့အဲဒီလိုအိမ်မျိုးတွေမှာနေမိရင် ဖြစ်တက်တဲ့အကြောင်းအရာနဲ့ အညံ့အခိုက်တွေ ဘယ်လိုဖြေလို့ရနိုင်လဲဆိုတော ဖော်ပြေပေးလိုက်ပါတယ်။  


လမ်းဦး တိုက် လှည်းဦး တိုက်အိမ်တွေမှာ နေတဲ့ သူတွေဟာ အဲ့ဒီအိမ်ရဲ့ အခိုက်အညံ့ ဒဏ်ကို ခံရလေ့ရှိပါတယ်။ လမ်းဦးတိုက် အိမ်ဆိုတာ က လမ်းတည့်တည့်ကြီး မှာ ဆောက်ထားတဲ့ အိမ်ကို ဆိုလိုတာပါ။ ဆိုးကျိုးတွေ အနေနဲ့ကတော့ အဲ့ဒီအိမ်မှာ နေနေသမျှ ကာလပတ်လုံး စီးပွါးရေး ကျဆင်းလာခြင်း လုပ်သေ‌ေလာက် အရာမထင်ခြင်း သားတကွဲ မယားတကွဲဖြစ်ခြင်း အမှုအခင်း ပြဿနာဖြစ်ခြင်း ကျန်းမာရေး ချုချာလာပြီး အိမ်သူ အိမ်သားတွေ မှာ ဆေးရုံ ဆေးခန်းမပြတ်သွားလာနေရခြင်း စသော ဆိုးကျိုးတွေ တစ်ခုပြီး ကြုံတွေ့ရတတ်ပါတယ်။


မြန်မာ့ရှေးထုံးစဉ်လာ ရိုးရာဗေဒင် အနေနဲ့ကတော့ အဲ့ဒီအိမ်မျိုးကို မနေသင့် မနေအပ်တဲ့ အိမ်လို့ ပြောကြလေ့ရှိပါတယ်။ အဲ့ဒီလို အိမ်မျိုးမှာ မဖြစ်မနေ နေထိုင်မိပြီ ဆိုရင်တော့  လုပ်နည်း ကိုင်နည်းတွေ စီရင်ပြီး အညံ့တွေကို ချေဖျက်ထားလို့ရပါတယ်။ 


လမ်းဦးတိုက်မှာ အိမ်ဆောက်ထားမိရင် ကာကွယ်ချေဖျက်ဖို့က အိမ်တံခါးမကြီးကို လမ်းနဲ့ တည့်တည့်နေရာကနေ လွှဲပေးလိုက်ပါ။ အိမ်တံခါးရဲ့ အပေါ်မှာ ၆လက်မအရွယ် မှန်ဝိုင်းလေး တစ်ချပ်ကို ချိတ်ဆွဲပါ။ မှန်အလယ်မှာ မာကင်ပင်အနီနဲ့ စတုရန်းကွက် ဆွဲထားပြီးချိတ်ဆွဲရပါမယ်။ နောက်တစ်နည်းကလည်း အုတ်တံတိုင်းမြင့်မြင့် ကာထားတာမျိုး၊ အိမ်ရှေ့ ခြံဝင်းထဲမှာ ရေပန်းတစ်ခု ချိတ်ဆွဲထားတာမျိုးကလည်း အညံ့တွေကို ပြေပျောက်စေပါတယ်။





လမ်းဦးတိုက် အိမ်မှာ နေတဲ့လူတွေ အမြန်ဆုံး စီးပွါးဖြစ်ထွန်းချင်တယ် ဆိုရင်တော့ စတိုးဆိုင် လက်ဘက်ရည်ဆိုင် ကုန်စုံဆိုငိဖွင့်ထားနိုင်ရင် အမြန်ဆုံးစီးပွါးဖြစ်လာပါလိမ့်မယ်။ ရုပ်ရှင်ရုံ ဗီဒီယိုရုံ အရက်ဆိုင် ဘီယာဆိုင် k .t .v ပျော်ပွဲစားရုံ စတဲ့စီးပွါးရေးတွေ လုပ်ဆောင်နိုင်ရင်လည်း အထူးကောင်းပါတယ်။


လမ်းဦးတိုက် အိမ်ရှေ့မှာ ရေအိုးစင်လေးတော့ တည်ပေးလိုက်ပါဗျာ။ အိမ်ရဲ့ အညံ့လေးတွေ လွတ်သွားနိုင်ပါတယ်။နောက်တစ်ခုကတော့ အိမ်ထောင်ဦးစီးဟာ တနင်္ဂနွေ သားသမီးဆိုရင် တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ပါဘူး။ ဘုမ္မိအရပ်မျက်နှာမူထားတဲ့ အိမ်ဖြစ်လို့ပါပဲ။ ကျန်းမာရေး စီးပွါးရေး လူမှုရေးကစလို့ အစစအရာရာ ဘာတစ်ခုမှ ကောင်းကွက်မရှိပါဘူး။ အဲ့ဒီအိမ်ကနေ အမြန်ဆုံးပြောင်းလိုက်ပါ။


တနင်္လာသားသမီး အိမ်ထောင်ဦးစီး ဆိုရင်တော့ အနောက်တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။ မနေအပ်ပါဘူး။


အင်္ဂါသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အနောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာမနေသင့်ပါဘူး။


ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ဦးစီး ဆိုရင်တော့ အနောက်မြောက်အရပ်ကို မျက်နှာမူထားတဲ့အိမ်မှာမနေသင့်ဘူး။ 

 
ကြာသပတေးသားသမီး အိမ်ထောင်ဦးစီး ဆိုရင်တော့ အရှေ့မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာမနေသင့်ဘူး။ 


သောကြာသားသမီး အိမ်ထောင်ဦးစီး ဆိုရင်တော့ အရှေ့တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။ 





စနေသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။


လှေဦးတိုက် လှည်းဦးတိုက်လမ်းဦးတိုက် အိမ်တွေ မခိုက်ရအောင်ဘယ်လိုလုပ်မလဲ...


(၁) လူနေအိမ်ဆောက်မယ် ဆိုရင် မျက်နှာစာမှာ သစ်ဟောင်း (သို့) သံဟောင်း (သို့) )ဝါးဟောင်း တို့ထည့်ပြီးဆောက်ရပါတယ် ။ အညံ့အခိုက်ပျောက်ကင်းစေအောင်ပါ။


(၂) ဆောက်ပြီးသား အိမ်ဖြစ်မယ်ဆိုလည်း လမ်းဘက်ကိုလှည့်ပြီး မှန်လေးတစ်ချပ် ချိတ်ထားပေးပါ။


(၃)တရုတ်လောကီ အယူအဆတွေအရ လမ်းဘက်ကိုလှည့်ပြီး ကျားခေါင်းပုံ တစ်ပုံချိတ်ဆွဲထားပေးပါ။


(၄) အများသူငါသောက်သုံးနိုင်ဖို့ ရေအိုးစင်လေး ဆောက်ထားပေးပါ။


(၅) ဒါလေးကတော့ အရေးအကြီးဆုံးအချက်ပါ ။ လှေဦးတိုက် လှည်းဦးတိုက် လမ်းဦးတိုက်နေရာမျိုးမှာ လူနေအိမ်ဆောက်တာထက် ဈေးဆိုင်အရောင်းဆိုင်မျိုးဖွင့်လှစ်မယ်ဆိုရင် စီးပွားတိုးတက်နိုင်ပါတယ်လို့ လောကီပညာအရဆိုထားပါတယ်။ 


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ


အိမ်မြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ


လယ်ယာမြေ အမည်ပြောင်းရင် ဘာတွေလုပ်ဆောင်ရမှာလဲ


ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် အလိမ်မခံရဖို့ သတိပြုစရာ


Photo Credit : heintintzaw
Posted By : Sint Sint (ShweProperty.com)