အိမ်ဆောက်ရာတွင်လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာကိုမျှဝေပါတယ်.........ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့ စကားမျိုးလိုပါပဲအိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကားပြုလုပ်ခြင်းပါပဲ။


ရှေးကျမ်းဆရာတို့သည် “စုံ” “မ”နှစ်ခုလုံးတပ်ကောင်း၏ဟုဆိုသည်။ လက်သမား ကျမ်းဆရာတို့က “မ” ကိုသာ တပ်စေပါတယ်။လက်သမား ဆရာကြီးများမှာ “စုံ”တပ်သည်လည်း ရှိတယ်။



“မ” တပ်သည်လည်း ရှိပါတယ်။အဘယ်ကြောင့်ဆိုသော်ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံလာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။ပထမထစ်က လာဘ ဒုတိယထစ်က သုခ တတိယထစ်က မရဏ လာဘက လာတ်လာဘ ပေါများခြင်း သုခက ကြွယ်ဝချမ်းသာခြင်း မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့။


လာဘက– ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်သုခက ၂ ထစ်၊ ၅ထစ်၊၈ ထစ်မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ် စသည်ဖြင့်တပ်ဆင်ကြပါတယ်။အိမ်အနေအထားမင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။တစ်ချို့ ဆရာများမှာ [ရာဇ၊လာဘ ၊ မရဏ] လို့သတ်မှလုပ်ဆောင်ကြပါတယ်၁ထစ် ဘုန်းကျက်သရေတိုးခြင်း၂ထစ် လာတ်လာဘ ပေါများခြင်း၊၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။



တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ် ဆန်းဆိုသလိုဒေသအလိုက်ကွဲလွဲကြတာရှိကြပါတယ်။အိမ်လှေခါးကို ၃ထစ်ထားသော်ဒုက်ခံ မရဏံ ကြုံ စေပြန်၏။ တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။ရှစ်ထစ်ထားလျှင်မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။ကိုးထစ်ထားလျှင်လာဘ်လာဘ ပေါကြွယ်ဝတက်၏။၁၂ထစ်ထားသော်ကျမ္မာရေးကောင်းမွန်စေ၍ရန်သူမျိုးငါးပါးမှကင်းစေ၏တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


မြေချပါမစ်အတုအစစ်တွေကို ခွဲခြားဖို့လိုအပ်လာပြီ


ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ


အိမ်တစ်အိမ်မှာ အရေးကြီးတဲ့ ကျက်သရေအဖြာဖြာ


မိမိအိမ်မှာ လာဘ်ပွင့်ငွေဝင် အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ


Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)