ရှေးလူကြီးတွေ ပြောခဲ့တဲ့ အိမ်တွင်း နိမိတ်ဆိုး (၁၂) ချက် (တကယ် ခိုက်တတ်ပါတယ်)


(၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်တယ်။


(၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနိမိတ်ပါ။


(၃) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ နှစ်မျိူးထည့်တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မူဖြစ်တတ်တယ်။


(၄) နံရံကို ဆေးအစိမ်းရောင်မသုတ်ပါနဲ့။ ရုတ်တရက်အဆိပ်မိတာမျိူး ဖြစ်တတ်ပါတယ်။


(၅) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး၊ စတာတွေမထားပါနဲ့။ အိမ်သားတွေမကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ်။


(၆) အိမ်ထဲမှာ လှုပ်ကုလားထိုင်မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။





(၇) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာမစိုက်ပါနဲ့။ အလုပ်အကိုင်အဆင်မပြေဖြစ်တတ်ပါတယ်။


(၈) အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာဘေး မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ (အိပ်ရင်းကြည့်မရအောင်လွှဲချိတ်ထားပါ)


(၉) မနက်အိပ်ယာ မသိမ်းပဲမထားပါနဲ့။ ညတော်တော်နဲ့ အိပ်မပျော်ဖြစ်တတ်ပါတယ်။


(၁၀) တိရစ္ဆာန် အစစ်တွေရဲ့ အရေခွံ၊ အရိုး၊ ဦးခေါင်း စတာတွေနဲ့ အိမ်ကိုအလှမဆင်ပါနဲ့။ ကံညံ့နေတတ်တယ်။


(၁၁) နံရံမှာ လှေကားထောင်ရက်မထားပါနဲ့။ အမူအခင်းကြုံ၊ စွပ်စွဲခံရတတ်ပါတယ်။


(၁၂) တစ်အိမ်တည်း ဘုရားစင်နှစ်နေရာ ခွဲမထားပါနဲ့။ သားသမီးတွေ ကံညံ့တတ်ပါတယ်။


မင်္ဂလာအပေါင်းနဲ့ ပြည့်ဝကြပါစေ......


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဖုန်းရွှေပညာရပ်များ


နေအိမ်သာယာပြီး လာဘ်လာဘတိုးပွားစေရန်


အိမ် ကျောင်း ဆောက်ရာ ရက်လရွေးနည်းများ နှင့် မသုံးအပ်သောသစ်(၈)မျိုး အကြောင်း


လက်ရှိနေအိမ်က စီးပွားတက်မည့်အိမ်လား


Credit : Apannpyaymedia
Posted By : Sint Sint (ShweProperty.com)