By Trend Myanmar, Shweproperty.com
Updated at 16 September 2016
လူသားတွေအနေနဲ့ ကမ္ဘာကြီးမှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတာ မှန်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်ကိုလည်း တက်နိုင်ခဲ့ကြသလို သမုဒ္ဒရာအောက် အနက်ရှိုုင်းဆုံးနေရာကိုလည်း ရောက်နိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ လူသားတွေ မလွန်ဆန်နိုင်တဲ့ သဘာဝရဲ့ ကပ်ဘေးဆိုးကြီးတွေက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေကို ပုံစံအမျိုးမျိုးနဲ့ သုတ်သင်နေကြပါတယ်။ ရေကြီးတာတွေ၊ မုန်တိုင်းတွေ၊ မီးတောင်တွေ၊ လေဆင်နှာမောင်းတွေနဲ့ ငလျင်ဆိုတဲ့ ဘေးဆိုးတွေကို ရှောင်လွှဲနိုင်ခွင့် လူသားတွေမှာ မရှိသေးပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ သဘာဝပတ်ဝန်းကျင်ကြောင့်ရော လူသားတွေ ပြုလုပ်တဲ့ ဖျက်ဆီးမှုတွေကြောင့်ပါ မကြာတော့မယ့် အနာဂတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့မယ့် အဓိက မြို့ကြီး (၆) မြို့ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့
သမုဒ္ဒရာ မျက်နှာပြင် အဆက်မပြတ် မြင့်တက်လာနေတဲ့အတွက် မကြာခင်မှာ နစ်မြုပ်တော့မယ့် မြို့ဖြစ်ပါတယ်။ နောက်တစ်ချက်က မြို့ရဲ့ အောက်ခြေမှာ သောက်ရေအတွက် လှိုဏ်ခေါင်းတူးဖော်ထားတဲ့အတွက် မြို့ရဲ့ အောက်ခံဖောင်ဒေးရှင်းက တဖြည်းဖြည်း အင်အားလျော့ နည်းလာတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့
အမေရိကန် ပြည်ထောင်စုရဲ့ ပျော်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမြို့ဟာ အဓိက ငလျင်ကြောကြီး တစ်ခုရဲ့ တည့်တည့်ပေါ်မှာရှိနေပြီး အရမ်းကို ပမာဏကြီးမားတဲ့ ငလျင်ကြီးတစ်ခုက ဒီရာစုနှစ် မကုန်ခင်မှာ လှုပ်ဖို့ ၇၅ ရာခိုင်နှုန်းရှိတာကို ပညာရှင်များက တွေ့ရှိထားပါတယ်။
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့
လှပတဲ့ မြို့တော်အဖြစ်နာမည်ကြီးပြီး မြို့တစ်ခွင်လုံးကလမ်းတွေက မြေလမ်းတွေထက် ရေကြောင်းလမ်းတွေက ပိုများတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ရေကြီးရေလျှံမှုတွေ ပုံမှန်ဖြစ်တတ်သလို ဘန်ကောက်မြို့လိုပဲ သမုဒ္ဒရာမျက်နှာပြင် မြင့်တက်လာမှုကြောင့်နစ်မြုပ်သွားမှာဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကို မြို့တော်
မက္ကဆီကိုမြို့တော်ရဲ့နေရာအများစုက ရေခန်းခြောက်နေတဲ့ ရေအိုင်ကြီးတွေပေါ်မှာ တည်ဆောက်ထား တာဖြစ်တဲ့အတွက် အောက်ခံဖောင်ဒေး ရှင်းက မခိုင်ခံဘူးလို့ ဆိုရမှာပါ။ ဒီအကြောင်းကြောင့်ပဲ နှစ်စဉ် ၄ လက်မလောက် နိမ့်ကျလာလျက်ရှိပြီး နှစ် ၄၀ အတွင်း ၁၀ မီတာကျော် နိမ့်ကျလာပြီဖြစ်ပါတယ်။
အာဖရိကတိုက် ဘန်ဂျူးမြို့
သမုဒ္ဒရာ အစပ်မှာရှိတဲ့ မြို့ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရေတိုက်စားလာတဲ့အတွက် ကမ်းခြေနဲ့ မြို့ရဲ့ အဓိက ကုန်းမြေက ၂ ကီလိုမီတာ အကွာအဝေးပဲ ရှိတော့တဲ့ မြို့ဖြစ်ပါတယ်။
အီတလီနိုင်ငံ နေပယ်မြို့
သမိုင်းဝင် ရှေးအကျဆုံးမြို့ တစ်မြို့ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အလှပဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ နေပယ်မြို့က မောင့်ဗီဆူးဗီးယပ်စ် မီးတောင်ရဲ့ ကပ်လျက်မာရှိတဲ့ မြို့ဖြစ်ပြီး အဲ့ဒီမီးတောင်က အေဒီ ၇၉ က ပွန်ပေမြို့တော်ကြီးကို ဖျက်စီးပစ်ခဲ့တဲ့ မီးတောင်ကြီးဖြစ်ပြီး အခုထိ ရှင်သန်နေဆဲ မီးတောင်တစ်ခုဖြစ်ပြီး ပေါက်ကွဲနိုင်ချေများလာတဲ့အတွက် နေပယ်မြို့က မကြာခင် ပျက်စီးမယ့်အလားအလာရှိနေပါတယ်။
Ref & Photo Credit : Trend Myanmar
Phosted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ