သင့်အိမ်မှာ အမြဲ လာဘ်ပွင့်နေပြီး အိမ်အေးချမ်းနေအောင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ......


(၁) ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး အမြဲ ကပ်ပါ။ ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရား ပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။


(၂) ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီတင်း စောင့်ရှောက် နေထိုင်ကြသော နတ်မြတ် နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ


(၃) အလွန် ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ပါ။ ည (၁၂) နာရီနောက်ပိုင်းသည် နတ်မြတ် နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်း ပြည့်စေပါတယ်။





(၄) အိမ်မှာ အဟောင်း အစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစား အစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာ လိုအပ်တာတွေသာ အဓိက ထားပါ။


(၅) အိမ်ကို တံမြက်စည်း လှည်းလျင် နံနက်လှည်းလျင် အိမ်ရှေ့မှ အိမ်နောက် သို့လှည်းပါ။ ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။


(၆) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။ မကုန်မီ ကြိုတင်၍ ဝယ်ပါ။


(၇) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။ လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာနေရင် ဘာဖြစ်တက်လဲ


အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ


အိမ်ဆောက်၊ ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ်အမျိုးအစားများ


အိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များအလိုက် အကျိုးပေးထက်သန်နိုင်သောလုပ်ငန်းများ


Credit : Mingalarbar
Posted By : Sint Sint (ShweProperty.com)