အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

လုပ်ဖို့မပြောနဲ့...သိတဲ့ သူတောင် အတော်လေး နည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ

By Sint Sint, Shweproperty.com

Updated at 22 February 2020

လုပ်ဖို့မပြောနဲ့...သိတဲ့ သူတောင် အတော်လေး နည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ

လုပ်ဖို့မပြောနဲ့...သိတဲ့ သူတောင် အတော်လေး နည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ

By Sint Sint, Shweproperty.com

Updated at 22 February 2020

(တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပါ။အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ။)

ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက အိမ်ဆောက်ရင် လိုအပ်ချက်တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။မြင်လဲမြင်ဆရာ ပါ။သူရေးခဲ့တဲ့ စာစုကို ပြန်ဖော်ပြလိုက်ပါတယ်။

နေစရာအိမ်ဆောက်မယ်ဆိုရင် ဝေဒင်္ဂတို့ နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကတော့ စား-ဝတ်-နေ-ရေး ကြောင့်ပဲမဟုတ်လား။

အဲဒီ စား-ဝတ်-နေ-ရေး ဆိုတဲ့ စကားလေး သုံးခွန်းဟာ နှုတ်ကပြောရာမှာ ဘာမှမဟုတ်ပေမယ့် သေသေချာချာ တွေးကြည့်လေ လေးနက် ကျယ်ပြန့်လေပါပဲ။

စဉ်းစားကြည့်လေ၊ နေ့စဉ်နှင့်အမျှမစားလို့ မဝတ်လို့၊ မနေလို့ ရလို့လား၊ မစားဘဲ၊ မဝတ်ဘဲ၊ မနေဘဲ ရနိုင်ရိုးလား။ ရှာရ၊ ဖွေရ၊ ရုန်းကန်လှုပ်ရှားနေ၇တာ၊ မပြောချင်၊ မဆိုချင် မဆက်ဆံချင်တဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံရတာ တွေဟာ အဲဒီစားဝတ်နေ ဆိုတဲ့ ဟာကြီးကြောင့်ပါ။

ဗုဒ္ဓဝါဒီပီပီပြောရရင် ခန္ဓာအိမ် ရှိသရွေ့ စားနေရ၊ ဝတ်နေရ၊နေနေရဦးမှာပါ။စားစရာရှိပေမယ့်၊ ဝတ်စရာရှိပေမယ့်။

နေစရာမရှိရင် သိပ်ဒုက္ခရောက်ပါတယ်။ဝေဒင်္ဂတို့အတွက် နားခိုစ ရာ အမိုး၊ အကာ၊ အခင်းဟာလဲ စားစရာ၊ ဝတ်စရာ တွေလို

အရေးပါသမှ သိပ်ကိုအရေးပါလှပါတယ်။ ဒီနေစရာ အရေးပါလွန်းလို့လား မသိဘူး၊ ဝေဒင်္ဂ တို့ရဲ့ဘိုးဘွားတွေဟာ အိမ်တစ်လုံးဆောက်ရင် ရွေးစရာ၊ ရှောင်စရာ၊ ဆောင်စရာ၊ ပြုလုပ်စရာတွေကို လင်္ကာနဲ့စာသားနဲ့ မှတ်သားပြီး လမ်းညွှန်ခဲ့ပါတယ်။

အဲဒီလမ်းညွှန်စရာတွေကို ဗိသုကာကျမ်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီကျမ်းကို ထိန်းသိမ်းရာ လဲ ရောက်၊ အသုံးချချင်ရင် အသုံးလဲချလို့ရအောင် ရှာဖွေစုဆောင်းလေ့လာမိသမျှ ပြန်ပြီးပြောပြရရင် …

အသက်တွက်ပြီးမှအိမ်ဆောက်ပါ အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက………

အိမ်သစ်ဆောက်လိုများလူဗိုလ်၊သက်ကိုရှစ်ခုစား။ တစ်ခုကြွင်းမူသူဌေးယူ၊ နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊ ငါးကားရွှေပြဿဒ်။ သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊အိမ်သစ်မဆောက်အပ်တဲ့။လင်္ကာရဲ့သဘောကဒီလိုပါ။ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။

၁=ကြွင်းရင် ဒီနှစ်မှာ အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊

၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။

၄-ကြွင်းရင် ဘဝရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊

၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ဝကြွင်းရင်တော့ ဒီအသက်၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင်ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားကျတာ၊ ရောဂါဘယ ပွားများ တာတွေဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုကအိမ် သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် သွယ်က ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။ အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။ အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။

မြေဒါသမှာဥယျာဉ်သာ၊လယ်မှာလုပ်လေပါ၊ မြေပကတိကိုရဟန်းဆို၊နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောကမြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့တည်ထား သင့်တယ်ဆိုတဲ့သဘောပါ။

သေသေချာချာပြောရရင် အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။

ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။

အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။ ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ လုပ်သင့်ပါသတဲ့။

အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။

ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေ နိုင်တဲ့မြေမျိုးပါ။

ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ်လမှာ ဆောက်မလဲ။ လင်္ကာလေးကို ဖက်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်ဝ။လကဆုန်ကားဆန်စပါး၊ ပေါများကြွယ်တက်လှ။ ဝါခေါင်လမှာအိမ်ဆောက်ခါ၊ ဥစ္စာတိုးပွားရ။ နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။

ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ် ဤခြောက်လ။

လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေး ပါနော်၊ အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။

ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက် တာ၊ စပါးထွတ်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော် ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊

အလုပ်များ တဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲစတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။

အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။လင်္ကာကလေးကဒီလိုပါ။

တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။ နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။ ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံံခါ ချမ်းသာရ။ ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။ နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။ စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာအသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေမှာတော့ လုံး၀ မကောင်းနိုင်ဘူး။

စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။

မြေကျစ်အားကဟောတဲ့ဗေဒင်ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း) က ကိုယ့်ကိုဗေဒင်ဟော တတ်ပါသတဲ့ ။

ဟောပုံက

အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ် ပြီးမှ။ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော် ကြည့်အပ်လှ။ တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ် ဒုက္ခရ။

သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ် မေတ္တာမျှ။ ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။ ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမှာ သိဒ္ဓိကပ်၊တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊တိုးတက်သက်ဇီဝ။ ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း ရွှင်ပြုံးချမ်းသုခ။ ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။

ဆယ့်ခြောက်ကောင်းစွန်၊တစ်ဆယ့်ခွန်၊အလွန်မျက်ထွက်စွ။ ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါ နေထိုင်ကြ။ ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊လူ့ဘောင်ကျော် စောလှ။ တဲ့

ဒီလင်္ကာကို ( Burmese to Burmese )ဘာသာပြန် ရရင်-

အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့မြေနေရာ တိတိ ကျကျ ရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီးတိကျမှန်ကန်တဲ့အတိတ်နမိတ်ပေါ်အောင်ဆုတောင်းရမယ်။ ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက် လိုက်ရမယ်။

ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အား ဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ် ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-

တူရင်းမြေတစ်ကော်စာဟာ-တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။ နှှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။ သုံးကျပ်သားရှိရင်လေးကျပ်သားရှိရင်သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင်လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။

ခြောက်ကျပ်သားရှိရင်လာဘ်ရမယ်။ ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။ ရှစ်ကျပ်သားရှိရင်ဥစ္စာဓနပေါများမယ်။ ကိုးကျပ်သားရှိရင်သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။

ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။ ဆယ့်တစ်ကျပ်သားရှိရင်အသက်ရှင်မယ်။ ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။

ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။ ဆယ့်ငါးကျပ်သားရှိရင်တော်မှန်တဲ့သူဖြစ်မယ်။ ဆယ့်ခြောက်ကျပ်သားရှိရင်ကောင်းတယ်။ ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက် ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။

ပန္နက်ရိုက်ရာမှာထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။

ဒါတွေကို ဖက်သန့်သန့်နဲ့ထည့် ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်း ကတော့ ဒီလိုပါ။ (ရိုးရာ အစဉ်အလာ ထိန်းသိမ်း မှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။

ဥုံ …… ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြု ဟောင်း၊ မကောင်းတစ္ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ် တော် မွေတော်၊ ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊  အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ကိုင်စွဲကာဖြင့်၊အင်းကားလက်ျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ ၊ ပသမလွတ်၊ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံ ဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန် ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။

တိုင်ထူရင်ရှောင်ရမယ့်အသားအိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲညွန်ပြထား တာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကလောသား၊ လက်ပံသား၊လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက် လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ဟောဒီပုံစံအတိုင်းပါပဲဗျာ။

အရှေ့မြောက် (စုံပင်လယ်)

အရှေ့တောင် ( ဦးယူ )

အလယ်မြောက် ( ကျငန်းမ )

အလယ်တောင် ( ကျငန်းဖို )

အနောက်မြောက် ( သပြေ )

အနောက်တောင် ( ကုမ္ဘီ )

အဲဒီ တိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်း ထဲကို ဟောဒီအတိုင်းဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရ ပါတယ်။ ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။

ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။ ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။ စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန် မြုပ်ရမယ်။

ကုမ္ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။ သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှပ်ရမယ်။

ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာ ချပြီး မှထူရမယ်။ ထူပြီးတော့မှမကြိုက်လို့သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။

ဒါတွေလဲရှောင်ရဦးမယ် ။ အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေး တယ်။ အဲဒါတွေကတော့ –

အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။ ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။

ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။

ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ဝင်းထရံကို ကြိုပြီး ခတ်မထားရဘူး။အိမ်ဆောက်ပြီးမှ ဝင်းခတ်ရမယ်။

အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရ မယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ် အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။

ကာကွယ်ပုံမှာ —

အရှေ့တောင်ကတိုင်မှာ သိ ၊အနောက်တောင်က တိုင်မှာ န ၊ အနောက်မြောက်ကတိုင်မှာ ဗိ ၊အရှေ့မြောက်ကတိုင်မှာ ဘု ဆိုပြီး ရေးသားရခြင်းပါပဲ။

အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ – သိ = သိကြား ၊န = နဂါး ၊ဗိ = ဗိဿနိုး ၊ဘု = ဘုရား ဖြစ်ပါတယ်။

ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါ တယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ခင်ဗျာ။

အခုတင်ပြခဲတဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်း သစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။

ခေတ်နဲ့ လျော်ညီစွာ ရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူ တို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

Ref & Photo Credit : Shwenews74

Posted By : Sint Sint (ShweProperty.com)

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
nbsp;br / မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏…
အိမ်သုတ်ဆေး ဘယ်လောက်ဝယ်ရမလဲ တွက်နည်း
အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်zwnj;ပေများအားလုံးကိုပေါင်းပါ။br…
မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့
မိုက်ခရိုဝေ့ ဆိုတာ ခေတ်သစ်ချက်ပြုတ်နည်းပညာတွေထဲမှာ အရမ်းအဆင်ပြေပြီး သုံးရလွယ်ကူတဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခုပါ။…
ဗီဇပြောင်း COVID ကူးစက်ခြင်းမှ ကာကွယ်ရန်နှင့် လိုက်နာသင့်တဲ့အချက်များ
ကမ္ဘာ့သတင်းမီဒီယာများနှင့် ကျန်းမာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဥရောပနှင့်…
မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ
မြေငှားမယ့်သူများအတွက် မြေမငှားခင် သိသင့်သောအချက်များဖြစ်သည့် မြေငှားစာချုပ် (ဂရန်) အသစ်ထုတ်ပေးခြင်း၊ မြေငှားစာချုပ်…
တိုက်ခန်းအမည်ပြောင်း လျှောက်ထားဖို့ ဘာတွေလိုလဲ ?
မြို့နယ်စည်ပင်သာယာရေးရုံးသို့ တိုက်ခန်းအမည်ပြောင်းလဲရန် လျှောက်ထားရာတွင် သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ…
ကွန်ကရစ်ဖျော်စပ်ရာမှာ အဓိကပါဝင်တဲ့ ဘိလပ်မြေအကြောင်း
တိုက်တာအဆောက်အအုံတွေမှာ RC Material လို့ ပြောလိုက်ရင် အဓိကပါဝင်တာက ကွန်ကရစ်နဲ့ သံချောင်းရှည်တွေပဲ ဖြစ်ပါတယ်။ ကွန်ကရစ်ထဲမှာဆိုရင်…
အိမ်သန့်ရှင်းရေးအတွက် ဆားကို အသုံးပြုနိုင်သည့်နည်းလမ်းများ
ဆားဟာ ဟင်းချက်ရာမှာသာမက အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း အလွန်အကျိုးရှိစေပါတယ်။br / br / အိမ်သုံးဆားကို အသုံးပြုပြီး မီးဖိုချောင်၊…
မိုးတွင်းမှာ မှိုမစွဲအောင် ဘယ်လိုကာကွယ်ကြမလဲ
မိုးတွင်းမှာ မှိုစွဲတာဟာ တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အရာပါ။ ပဋိဇီဝဆေးတွေ ဖော်စပ်တဲ့အခါ မှိုကို အသုံးပြုတယ် ဆိုပေမယ့်…
ကလေးငယ်ငယ်ရှိတဲ့ အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့
အိမ်မှာ ကလေးငယ်ငယ် လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့…
သိထားသင့်သော ကာဗွန်မိုနောက်ဆိုဒ် (CO) အန္တရာယ်
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide - CO) သည် အရောင်၊ အရသာ၊ အနံ့ မရှိသော ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး ရှူရှိုက်မိပါက အလွန်အန္တရာယ်များပြီး…
ဉာဏ်ထက်စေမယ့် အစားအစာ (၁၀)မျိုး
1. nbsp; nbsp; ပန်းဂေါ်ဖီစိမ်း (Broccoli)br / br / ပန်းဂေါ်ဖီစိမ်းမှာ ဦးနှောက်ဆဲလ်အသစ်တွေ ဖွံ့ဖြိုးစေနိုင်တဲ့ ကိုလင်းပါ၀င်ပြီး အာရုံခံနာဗ်ကြောစနစ်လုပ်…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • အိမ်သုတ်ဆေး ဘယ်လောက်ဝယ်ရမလဲ တွက်နည်း
  • မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့
  • ဗီဇပြောင်း COVID ကူးစက်ခြင်းမှ ကာကွယ်ရန်နှင့် လိုက်နာသင့်တဲ့အချက်များ
  • မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ
  • တိုက်ခန်းအမည်ပြောင်း လျှောက်ထားဖို့ ဘာတွေလိုလဲ ?
  • ကွန်ကရစ်ဖျော်စပ်ရာမှာ အဓိကပါဝင်တဲ့ ဘိလပ်မြေအကြောင်း
  • အိမ်သန့်ရှင်းရေးအတွက် ဆားကို အသုံးပြုနိုင်သည့်နည်းလမ်းများ
  • မိုးတွင်းမှာ မှိုမစွဲအောင် ဘယ်လိုကာကွယ်ကြမလဲ
  • ကလေးငယ်ငယ်ရှိတဲ့ အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့
  • သိထားသင့်သော ကာဗွန်မိုနောက်ဆိုဒ် (CO) အန္တရာယ်
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…