မြန်မာလူမျိုးများဟာ ရှေးဓလေ့ထုံးတမ်းတွေကို ယုံယုံကြည်ကြည်နဲ့ ယနေ့ထိတိုင် လိုက်နာကျင့်သုံးကြပါတယ်။ အိမ်တစ်အိမ်မှာ ပျားစွဲတဲ့အခါမှာ အိမ်ရှိပျားစွဲရာနေရာ၊ ပျားလာရာ အရပ်ကို ကြည့်ပြီး ကံကောင်မလား၊ ကံဆိုးမလားဆိုတာကို  ရှေးလူကြီးသူမတွေက သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ဖော်ပြထားတဲ့ အချက်တွေကို ကြည့်ပြီး အမြန်ဆုံး ဖယ်ရှားသင့်၊ မသင့်၊ ပျားတွေ ပြောင်းရွေချိန်ထိ စောင့်သင့်၊ မစောင့်သင့်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။


အကယ်၍ ပျားလာရာ အရပ်ကို သတိပြုပြီး သိရှိခဲ့မယ်ဆိုရင်တော့ ပိုပြီး အတိတ်၊နိမိတ်ကောက်ဖို့ လွယ်ကူပါတယ်။ ပျားလာရာအရပ်အလိုက် အကျိုးစီးပွား ဖြစ်ထွန်းတာ၊ ဆုတ်ယုတ်တာတွေ ဖြစ်လာနိုင်တာကြောင့် သိထားသင့်တဲ့ ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။


ပျားသည် အိမ်၏အရှေ့ဘက်မှလာ၍ စွဲပါက စီးပွားပျက်တတ်ပါတယ်။


ပျားသည် အိမ်၏အနောက်ဘက်မှလာ၍ စွဲပါက လာဘ်ရတတ်ပါတယ်။


ပျားသည် အိမ်၏တောင်ဘက်မှ လာ၍ စွဲပါက အိမ်မှာသောကရောက်တတ်ပါတယ်။




ပျားသည် အိမ်၏မြောက်ဘက်မှ လာ၍ စွဲပါက စီးပွားပျက်တတ်ပါတယ်။


ပျားသည် အိမ်၏အရှေ့မြောက်ဘက်မှ လာ၍ စွဲပါက အများပူဇော်ချီးမြှောက်တာကို ခံရတတ်ပါတယ်။
 

ပျားသည် အိမ်၏အရှေ့တောင်ဘက်မှ လာ၍ စွဲပါက ကြံစည်ထားသမျှ ကိစ္စတွေ အောင်မြင်တက်ပါတယ်။


ပျားသည် အိမ်၏အနောက်မြောက်မှ လာ၍ စွဲပါက ဥစ္စာပစ္စည်းတိုးပွား လာနိုင်ပါတယ်။  


ပျားသည် အနောက်တောင်မှ လာ၍ စွဲပါက ဘေးတွေ့ရတတ်ပါတယ်။


ပျားသည် အိမ်၏အောက်ပိုင်းမှ လာ၍ စွဲပါက စီးပွားတိုးတက် တတ်ပါတယ်။  


ပျားသည် အိမ်ရှိ လှေကားအောက်မှာ လာ၍ စွဲပါက မိသားစု ပျက်စီးတတ်ပါတယ်။


ပျားသည် အိမ်သာမှာ လာစွဲနေပါက ရောဂါအနာဘယ ရောက်တတ်ပါတယ်။


ပျားသည်အိမ်တံခါးမှာ လာ၍စွဲပါက လာဘ်ရတတ်ပါတယ်။





ပျားသည် လှန်းထားတဲ့ ပုဆိုးအဝတ်မှာ လာပြီး စွဲနေပါက မြတ်သော စည်းစိမ်ကို ရရှိတက်ပါတယ်။  


ပျားသည် အိပ်ရာမှာ လာ၍စွဲပါက မမျှော်လင့်ဘဲ ချမ်းသာတတ်ပါတယ်။  


အိမ်ရှိ ပျားစွဲရာနေရာ၊ ပျားလာရာ အရပ်ကို ကြည့်ပြီး ရှေးလူကြီးသူမတွေရဲ့ အတိတ်နိမိတ်ကို သိရှိမယ်ဆိုရင်တော့ ရှောင်ရှားနိုင်မှာပါ။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်တစ်အိမ်မှာ အရေးကြီးတဲ့ ကျက်သရေအဖြာဖြာ


မိမိအိမ်မှာ လာဘ်ပွင့်ငွေဝင် အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ


လူသိနည်းပြီး သတိမမူမိကြတဲ့ မိမိ အိမ်မှာ အမြဲသန့်ရှင်းရေးလုပ်နေတဲ့ တံမြက်စည်းနိမိတ်


Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Beeandwaspremoval
Posted By : Sint Sint (ShweProperty.com)