ခေတ်ပြောင်းအခြေအနေအရ တချို့အရာများ မဖြစ်နိုင်သော်ငြား ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုပေါ့ ကိုယ့်လူမျိုးရဲ့ရိုးရာဓလေ့ထုံးတမ်းအစဉ်လာကို လိုက်နာထိမ်းသိမ်းတဲ့သဘောပါ.......


သစ်ပင်ပန်းမန်ဆိုတာလူတွေအတွက်ကောင်းမွန်တဲ့အရာပါ။သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလိုသတ္တဝါတွေကိုလည်းအကျိုးပြုစေပါတယ်။မိမိအိမ်ပတ်ဝန်းကျင်ခြံထဲ၊အိမ်မှာအပင်တွေစိုက်ပျိုးခြင်းဟာကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။


ဒါပေမယ့်လို့ ရှေးမြန်မာအယူအရမိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊မရှိသင့်တဲ့အပင်တချို့ရှိပါတယ်။သိပ္ပံခေတ်ကြီးထဲမှာဒီအယူတွေ ခေတ်မမီတော့ဘူးလို့ဘဲဆိုဆို၊ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြော ဗဟုသုတအဖြစ်နဲ့ပဲဖြစ်ဖြစ် သိရအောင်အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာအယူတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ


အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရ။စီးပွားပျက်တတ်သည်။အနောက်ဘက်တွင်လက်ပံပင်၊ထိန်ပင် တောင်ဘက်တွင် သျှစ်သျှားပင် ဖီးခြမ်းငှက်ပျောသင်္ဘောပင်များ မြောက်ဘက်တွင် ထန်းပင် ဆန်းပင် သဖန်းပင်နှင့် သျှစ်သျှားပင်အဆိုပါအပင်များသည်  ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်မည်ရောပါဘယထူပြောမည်။အိမ်တွင်းအိမ်ပြင်ဆူပူတတ်သည်။အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။




အိမ်ဆောက်ရက် ရွေးနည်း


တနင်္ဂနွေဒုက္ခဆင်းရဲ ရောက်တတ်သည်။တနလာၤနှစ်လမြောက်တွင်သားသမီးဖွားမြင်သော်ချမ်းသာကြွယ်ဝမည်။

အင်္ဂါဆန်ရေစပါး ပေါများကြွယ်ဝမည်။

ဗုဒ္ဓဟူး၊စနေသုခချမ်းသာရမည်။

ကြာသာပတေးချမ်းသာကြွယ်ဝမည်။

သောကြာသုံးလကြာလျှင်သုခပွားမည်။

အိမ်ဆောက်လ ရွေးနည်း

တန်ခူးလချမ်းသာကြွယ်ဝမည်။

ကဆုန်လဆန်ရေစပါး ပေါကြွယ်ဝမည်။

ဝါခေါင်လဥစ္စာတိုးပွားမည်။နတ်တော်လထင်ပေါ်ကျော်စောမည်။

ပြာသိုလလူအများချီးမွမ်းမှုရမည်။

တပေါင်းလချမ်းသာကြွယ်ဝမည်။ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်။





ယနေ့ခေတ်မှာအိမ်ကိုသစ်သားအခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ပရိဘောဂတွေမှာတော့တွင်တွင်ကျယ်ကျယ်သုံးနေကြသေးတာကြောင့်သစ်ဟာအိမ်တစ်အိမ်ရဲ့အဓိကပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ်။ရှေးမြန်မာလူကြီးများကတော့အိမ်နဲ့ပက်သက်ရင် သစ်ကို အလွန်စိစစ်ပါတယ်။ဗဟုသုတအလို့ငှာသိသလောက်ဖော်ပြပေးလိုက်ပါတယ်။


မသုံးအပ်သောသစ်(၈)မျိုး


၁။ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ်(သစ်ဆွဲချ) ၂။သစ်ခွသစ်ကိုင်းကြားတို့တွင်တင်နေသောသစ်(လူကောင်တင်) ၃။အဖျားကြီး၍အရင်းရှူးသောသစ်(သစ်ဘီလူး)။ ၄။အရင်းအဖျားရှူး၍အလယ်တွင်ကြီးသောသစ်(သစ်နပုန်း) ၅။လမ်းကူးချောင်းကူးသစ်(သစ်တံတား(ခ)သစ်လမ်းကူး) ၆။အပင်ချင်းအကိုင်းချင်းကြိတ်သောသစ်(သစ်ကြိတ်) ၇။အပင်တွင်နွယ်ရစ်ပတ်နေသောစ်(သစ်နဂါး) ၈။မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ်(သစ်စည်ယို)


အိမ်၊ ကျောင်း ဆောက်ရာတွင်မသုံးအပ်သောသစ်(၁၁)မျိုး


၁။မိကျောင်း ၂။မအူ ၃။သခွတ် ၄။ ညောင် ၅။သျစ်သျား ၆။သီး(သား) ၇။သပြေ ၈။သစ်စိမ်ရေသား ၉။ ကေလာ ၁၀။လက်ပံ ၁၁။လဲ


အိမ်၊ ကျောင်း ဆောက်ရာတွင်မပြုအပ်သောအရာများ


၁။တိုင်ဟောင်းကိုပန်းမဆွဲရ။၂။ထုပ်မစွပ်ခင်ယက်မမတင်ရ။ ၃။တိုင်တို( ထောက်တို)ကိုကြမ်းပေါ်မပိုစေရ။ ၄။ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။ ၅။ ခေါင်လျှောက်ခွတင်မပြီးခင်ကြမ်းမဖောက်ရ။ ၆။တိုင်ထူရာတွင်တိုင်ချင်းမထိရ။ ၇။အိမ်ဆောက်မပြီးခင်ဝန်းမခတ်ရ။ ၈။ထုပ်၊ လျှောက်၊ဒိုင်း၊ မြားခါးပန်းတို့ကိုအလယ်တည့်တည့်တွင်မဆက်ရ။ ၉။အမျိုးမတူသောသစ်ချင်းမဆက်ရ ၁၀။အိမ်ဟောင်း၏ လျှောက်ပေါ်တွင်အိမ်သစ်၏လျှောက်ကိုတင်၍မဆက်ရ။




တိုးတက်လာသောယနေ့ခေတ်အနေအထားအရအထက်ပါအကြောင်းအရာတို့အားလုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး။ဒါပေမယ့်လို့ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုမျိုးပါဘဲနှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကိုမျှဝေချင်တဲ့သဘောပါ။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ


အိမ်နဲ့ပတ်သက်ပြီးတော့ ခိုက်တတ်သည်ဆိုသော အယူသီး အယူအဆများ ......ယူသင့်တာယူပြီးတော့ ပယ်သင့်တာကိုလည်း ပယ်


လက်ရှိနေအိမ်က စီးပွားတက်မည့်အိမ်လား


လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်


မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက်


Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)