အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထားအကြောင်း သိကောင်းစရာ

By အိမ်တွင်းအလှဆင်ကျွန်းပရိဘောဂများ, Shweproperty.com

Updated at 19 January 2019

အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထားအကြောင်း သိကောင်းစရာ

အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထားအကြောင်း သိကောင်းစရာ

By အိမ်တွင်းအလှဆင်ကျွန်းပရိဘောဂများ, Shweproperty.com

Updated at 19 January 2019

ဒီတခေါက်မှာတော့ အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထား နဲ့ ပတ်သက်တဲ့ ဖုန်းရွှေ အကြောင်း တင်ဆက်ပေးပါမယ်။

 

မြေကွက်ပုံစံကိုအရင်ဆုံးပြောပြပါမယ်။ ဖုန်းရွှေပညာမှာ အိမ်ဆောက်ဖို့ အကောင်းဆုံး မြေကွက်ပုံစံနှစ်ခုရှိတယ်။ စတုရန်းပုံမြေကွက်နဲ့ ထောင့်မှန်စတုဂံပုံမြေကွက်နှစ်ခုကိုပဲ အိမ်ဆောက်ဖို့ အသင့်တော်ဆုံးလို့ ဖုန်းရွှေပညာကညွှန်းပါတယ်။

 

စတုရန်းပုံမြေကွက်က ဟန်ချက်ညီတယ်။ ကောင်းတဲ့ကောင်းကင်ချီတွေကိုစုတ်ယူအားကောင်းတဲ့အတွက် ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေနဲ့ ပြည့်ဝနေတယ်။ ယင်းနဲ့ယန် ညီညွတ်မျှတမှုရှိတယ်။ ဖုန်းရွှေ အားကောင်းတယ်လို့ သာမန်အားဖြင့်ပြောလို့ရတယ်။ ယင်နဲ့ ယန်ညီညွတ်မျှတအောင် ပြုပြင် စရာမလိုတော့ဘူး။ စတုရန်းပုံ မြေကွက်ပေါ်မှာ စတုရန်းပုံ...ဒါမှမဟုတ် ထောင့်မှန်စတုဂံပုံကျတဲ့ အိမ်ပုံစံမျိုးကို ဆောက်သင့်တယ်။ ဒါမှ...ဖုန်းရွှေအားတွေကို တိုးပွားစေမယ်။ 

 

ကမ္ဘာကျော်အဆောက်အဦကြီးတွေ၊ တိဗက်ဘုန်းတော်ကြီးကျောင်းတွေ၊ ရှောင်လင်ကျောင်းတော်ကြီးတွေဟာ စတုရန်းပုံမြေကွက်ပေါ်မှာပဲ တည်ဆောက်တယ်။ စတုရန်းပုံမြေကွက်ပေါ်မှာ တည်ဆောက်တဲ့ အိမ်တွေ၊ အဆောက်အဦးတွေဟာ မြေငလျင်ဒဏ်၊ မြေသားပြတ်ရွေ့တဲ့ဒဏ်တွေကို ခံနိုင်စွမ်းရည်ရှိတယ်။ 

 

ဖုန်းရွှေအား ကောင်းတဲ့ စတုရန်းပုံမြေကွက်ပေါ်မှာ ဆောက်တဲ့ အိမ်တွေဟာ ကျက်သရေမင်္ဂလာရှိတယ်။ နေထိုင်ကြတဲ့ အိမ်သူအိမ်သားတွေဟာ ကျန်းမာ သန်စွမ်းပြီး အဆင်းရှုပကာလှပလိမ့်မယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနေသင့်တဲ့ မြေကွက်ပေါ့ကွာ။ စတုရန်းပုံမြေကွက်ပေါ်မှာ အိမ်ဆောက်ပြီးနေနေသမျှ ကာလပတ်လုံး အမှုအခင်း အချုပ်အနှောင်နဲ့ ကင်းဝေးတယ်လို့ ဖုန်းရွှေပညာမှာ အဆိုရှိတယ်။

 

စတုရန်းပုံအကြောင်းလေး ပြောရဦးမယ်။ လက္ခဏာ ပညာမှာလဲ...ညာဘက်အသက်လမ်းကြောင်းရဲ့ အသက်လမ်း ကြောင်းပေါ်မှာ စတုရန်းကွက်လေးပါရင်...ဥပစ္ဆေဒကကံနဲ့ မသေဘူး။ အမှုအချုပ်၊ ထောင်ကျတဲ့ဘေးမျိုး မကျရောက်ဘူး လို့အဆိုရှိတယ်။ တို့မြန်မာတွေရဲ့ ဂမ္ဘီရပညာ၊ ဂန္ဓာရပညာရပ်တစ်ရပ်ဖြစ်တဲ့ အင်းပညာမှာ အင်းဘောင်၊ အင်းကွက်တွေဟာ စတုရန်းပုံတွေပဲများတယ်။ ပိုလည်းအစွမ်းထက်တယ်။

 

စတုရန်းပုံမြေကွက်ပြီးရင် ထောင့်မှန်စတုဂံပုံမြေကွက် အကြောင်းပြောပြမယ်။ ထောင့်မှန်စတုဂံပုံမြေကွက်ကလည်း ဖုန်းရွှေအားကောင်းတယ်။ ထောင့်မှန်စတုဂံပုံမြေကွက်မှာလည်း နောက်ဘက်သို့ရှည်တဲ့မြေကွက်က ဘေးဘက်ကို ရှည်ထွက်တဲ့ မြေကွက်ထက် ဖုန်းရွှေအားကောင်းတယ်။ အဲ့ဒီလိုမြေကွက်ပေါ်မှာ အိမ်ဆောက်မိရင် စီးပွားတိုးတတ်မယ်။ မိသားစုဘဝပျော်ရွှင် ချမ်းမြေ့မှုရမယ်။ စိတ်ချမ်းသာစွာ၊ ကျန်းမာစွာ နေထိုင်နိုင်ကြလိမ့်မယ်။

 

အယ်လ်(L)ပုံစံဖြစ်နေတဲ့ မြေကွက်ပေါ်မှာ အိမ်မဆောက်သင့်ဘူး။ သားခုတ်ဓါးနဲတူတယ်ဆိုတဲ့ အယူမျိုးနဲ့ အယ်လ်(L)ပုံစံမြေကွက်ပေါ်မှာ အိမ်မဆောက်သင့်ဘူးလို့ ဆိုတာထက် ဖုန်းရွှေညံ့လို့ဆိုတာက ပိုမှန်ပါတယ်။ အယ်လ်(L)ပုံစံမြေကွက်မှာ ယင်၊ ယန်တွေ ညီညွတ်မှုမရှိပါဘူး။ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ မရဘူး။ အယ်လ်(L) ပုံစံမြေကွက်ပေါ်မှာ အိမ်ဆောက်မိရင်...အိမ်သူ အိမ်သားတွေဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့ လွဲလိမ့်မယ်။ စီးပွားရေးမှာပိတ်ဆို့ နားစီးမှုခံရလိမ့်မယ်။ ဒုက္ခမျိုးစုံကြုံရမယ့် သဘောပေါ့။

 

အယ်လ်(L)ပုံစံမြေကွက်ပေါ်မှာ အယ်လ်(L)ပုံစံ အိမ်မဆောက်မိဖို့ အရေးကြီးပါတယ်။ အယ်လ်(L) ပုံစံမြေကွက်ကို နှစ်ပိုင်းပိုင်းပြီး ထောင့်မှန်စတုဂံမြေကွက်နှစ်ခု ဖြစ်အောင်လုပ်ပါ။ ထောင့်မှန်စတုဂံ မြေကွက်တစ်ကွက်မှာ စတုရန်းပုံစံကျတဲ့ အိမ်ကိုဆောက်ရလိမ့်မယ်။ 

 

အိမ်နောက်ဖက်မှာ ရေစင်ကြီးကြီး၊ ဒါမှမဟုတ်ရင်...မီးတိုင်မြင့်မြင့်စိုက်ပေးရမယ်။ သစ်ပင်ကြီး စိုက်ပေးရင်လည်း ရပါတယ်။ မြေပိုတွေမှာ ပန်းလှလှလေးတွေ ပွင့်တဲ့ ပန်းပင်စိုက်ပါ။ တတ်နိုင်ရင်တော့...အင်ကြင်းကျောက်တုံးကြီးတွေနဲ ကျောက်တုံးဥယျာဉ်(Stone qarden) လေးလုပ်ထားပါ။အဲ့ဒီအင်ကြင်းကျောက်တွေဟာ ကောက်းတဲ့ကမ္ဘာမြေပြင်ချီတွေကို ပွားများစေတဲ့ အစွမ်းသတ္တိရှိတယ်။

 

မြန်မာပြည်အလယ်ပိုင်းက အင်ကြင်းကျောက်တွေ တရုတ်ပြည် ယူနန်ပြည်နယ်မှာ တော်တော်များများတွေ့ရတယ်။ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေရဲ့ရှေ့မှာ အင်ကြင်းကျောက်တုံးကြီးတွေကိုချထားတယ်။ အလှပြတာမဟုတ်ပါဘူး။ ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ ရောက်လာအောင်လုပ်တာပါ။

 

မြို့ပြတွေမှာတော့ စတုရန်းပုံမြေကွက်နဲ့ စတုဂံပုံမြေကွက်တွေပဲ အတွေ့များပါတယ်။ အယ်လ်(L)ပုံစံမြေကွက်တွေက တွေ့ခဲပါတယ်။

 

နောက်...အိမ်မဆောက်သင့်တဲ့ မြေကွက်မျိုးက တြိဂံမြေကွက်ပဲ။မကောင်းတဲ့ကောင်းကင်ချီတွေ အများဆုံး ကျရောက်တယ်။ ဖုန်းရွှေညံ့တဲ့ မြေကွက်ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ စဉ်စားမယ်ဆိုရင်လည်း...ြတ်ဂံပုံမြေကွက်မှာ အိမ်ဆောက်ရတာ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ ဒီလိုပဲ အယ်လ်(L)ပုံစံမြေကွက်တွေပေါ်မှာ အိမ်ဆောက်ရတာလဲ အချိုး မပြေ၊ အဆင်မလှဖြစ်မှာပဲ။ စတုရန်းပုံ၊ ထောင့်မှန်စတုဂံပုံ မြေကွက်တွေ အတွက် အိမ်ပုံစံဆွဲရတာ သိပ်အဆင်ပြေပါတယ်။

 

 ဖုန်းရွှေပညာအရ ပြောရင် တြိဂံပုံမြေကွက်ပေါ်မှာ ဘယ်လိုအိမ်ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်...အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာ စိတ်ဖိစီးမှုကို ခံရမယ်။ အိမ်သူအိမ်သားတွေ စည်းလုံးမှုမရှိပဲ မသက့်မြတ်မှုတွေသာ ဖြစ်မယ်။ စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင် ဆုံးရှုံးမယ်။ အိမ်ထောင်ရှင်တွေ ရှိရင်လည်း အိမ်ထောင်ဖက် တစ်ဦးဦး သစ္စာဖောက်လိမ့်မယ်။

 

တြိဂံမြေကွက်ပေါ်မှာ အိမ်ဆောက်ရင် အိမ်ရှေ့ဘက်ကျတဲ့ထောင့်စွန်းမှာ ဓါတ်မီးတိုင်ထားရမယ်။ ဒါမှမဟုတ်ရင် အလံတိုင်တစ်ခုထားရမယ်။ အလံတိုင်ကို အလံလွှင့်ထားရင် ပိုကောင်းမယ်။ သက်ဆိုင်ရာ မိမိနိုင်ငံရဲ့ နိုင်ငံတော်အလံကို လွှင့်ထူထားလည်း ရပါတယ်။

 

တြိဂံပုံမြေကွက်ထဲမှာပဲ ကြက်လျှာစွန်းလို မြေကွက်မျိုးမှာ ချွန်မြတဲ့ ထောင့်စွန်းတစ်ခုပါစမြဲပဲ။ အဲ့ဒီထောင့်စွန်းကို စည်းရိုးပင်တွေထူထူစိုက်ပြီး ဖြတ်ပစ်လိုက်ပါ။ မြန်မာပြည်မှာ အများဆုံးအစိုက်များတာက ပုဏ္ဏရိပ်ပင်တွေများတယ်။ ပုဏ္ဏရိပ်ပင်ဟာ အကောင်းဆုံး ခြံစည်းရိုးပင်ပဲ။ထောင့်ချိုးမညီတဲ့မြေကွက်တွေ၊ ထြာပီဇယံပုံမြေကွက်တွေ၊ ဇလားပုံမြေကွက်တွေကို အထူးရှောင်ရမယ်။ ဖုန်းရွှေကောင်းလာအောင် ယင်၊ ယန်ညှိပေးဖို့ သိပ်ခက်တယ်။ 

 

ထောင့်မှန်မကျတဲ့ဘက်မှာ ပုဏ္ဏရိပ်ပင် တွေစိုက်ပြီး ယင်၊ ယန်ကို ညှိပေးရတယ်။ အုတ်တံတိုင်းကာထားရင်လဲ...အုတ်တံတိုင်းတစ်လျှောက်မှာ ပန်းအိုးလေးတွေစီပြီး အလှစိုက်ထားပါ။ အနားမညီ၊ ပုံစံမမှန်တဲ့ မြေကွက်တွေကတော့ မြို့ပြအိမ်ယာကွက်တွေမှာ တွေ့ခဲပါတယ်။ အလျား၆၀ပေ၊ အနံ၄၀ပေ။ အလျား၆၀ပေ အနံ၂၀ပေရှိတဲ့ ထောင့်မှန်စတုဂံပုံမြေကွက်တွေပဲ များပါတယ်။ အလျားနဲ့ အနံပေတတူတဲ့ စတုရန်းပုံ မြေကွက်တောင် ခပ်ရှားရှားပါ။

 

အနားမညီ၊ ထောင့်မညီ၊ ပုံစံမမှန်တဲ့မြေကွက်တွေထဲမှာဆိုရင် ရှေ့ကားပြီး နောက်ရှူးသွားတဲ့ မြေကွက်ရယ်...ရှေ့ရှူးပြီး နောက်ကိုကားသွားတဲ့ ဇလားပုံလို့ခေါ်တဲ့ တြိဗီဇီယံ ပုံစံမြေကွက်တွေ အတွေ့များတတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီမြေကွက်မျိုးတွေက လမ်းထောင့်တွေမှာ ရှိတာများတယ်။အဲ့ဒီလို ဇလားပုံအမှောက်မြေကွက်၊ ဇလားပုံအလှန်မြေကွက်တွေ မှာဆိုရင် လမ်းကျဉ်ထောင့်လို့ခေါ်တဲ့ အနံသေးငွားတဲ့ဘက်မှာ မီးတိုင်စိုက်ပေးရတယ်။ 

 

လျှပ်စစ်ဓါတ်တိုင်တွေ စိုက်ပေးရတယ်။ အုန်းပင်၊ ကွမ်းသီးပင်တွေ စိုက်ရင်လည်းရပါတယ်။ အလံတိုင်စိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့်...လျှပ်စစ်မီးတိုင်ကတော့ အကောင်းဆုံးပါပဲ။ ဒီလောက်ဆိုရင် ဝယ်သင့်တဲ့ မြေကွက်။ အိမ်ဆောက်သင့်တဲ့မြေကွက်တွေ အကြောင်း သဘောပေါက်လောက်ပြီ ထင်ပါတယ်။

 

စတုရန်းပုံမြေကွက်တွေ၊ ထောင့်မှန်စတုဂံပုံမြေကွက်တွေပေါ်မှာ စတုရန်းပုံစံအိမ်၊ ထောင့်မှန်စတုဂံအိမ်တွေပဲ ဆောက်သင့်တယ်လို့ ပြောခဲ့ပြီးပြီး။ မြေကွက်ကကြီးပြီး ဆောက်မဲ့အိမ်ကသေးသေးလေးဆိုရင် မြေပိုချိန်ရမယ်။ အိမ်ရဲ့ရှေ့နောက် ဘေးနှစ်ဘက်မှာ မြေကျန် အကျယ်အဝန်း ညီညွတ်ရမယ်။

 

ဖုန်းရွှေပညာမှာကတော့ တောင်ဘက်ကို မင်္ဂလာရှိတဲ့အရပ်လို့ သတ်မှတ်ပြီး၊ မြောက်ဘက်အရပ်ကို အမင်္ဂလာအရပ်လို့ သတ်မှတ်တယ်။ အရှေ့မြောက်အရပ်ကို အဆိုးရွားဆုံး အရပ်လို့သတ်မှတ်တယ်။ဖုန်းရွှေပညာမှာရော...မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနည်းနာမှာရော အပြောများတဲ့ "လှည်းဦးတိုင်၊ လှေဦးတိုက်" မှာ မနေကောင်းဘူး။

 

လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်းကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး ဆိုတာကို ဆက်ပြောမယ်။ ဖုန်းရွှေပညာ စာအုပ်တွေမှာတော့...တီ(T)ပုံလမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလို မြေအနေထားမျိုးလည်း မြို့ပြ အိမ်နေယာကွက်တွေမှာ အတွေ့များပါတယ်။ 

 

လှည်းဦးတိုက်၊ လှေဦးတိုက် မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။"လှည်းဦးတိုက်၊ လေဦးတိုက်" အိမ်ကတော့ခိုက်တယ်။ အဲ့ဒီအိမ်မှာ နေတဲ့သုတွေဟာ စီးပွားတိုးတတ်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေလည်း အဆင်မပြေဖြစ်မယ်။ 

 

ဖုန်းရွှေပညာအရမှာတော့...မြန်မာ့ရိုးရာ ရှေ့ထုံးစဉ်လာ နည်းနာမှာရော...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေထားမျိုးဖြစ်နေတယ်။ ဒါပေမယ့်...မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ နည်းနာမှာတော့"လှည်းဦးတိုပ်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ပွဲရုံတွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ ပြောထားတယ်။

 

စောစောက ပြောခဲ့တဲ့ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်ဆုံးပေါ့။ အမှန်တော့"ဈေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ တို့ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်စားကြည့်မယ်။ 

 

မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ်ရဲ့ပွဲရုံကို မြင်နေရတယ်။သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။ "ဈေးကွက်မြင်ကွင်း" အားသာမှုရှိလို့ ပြောရင်ပိုမှန်တယ်။ လူနေရင်ခိုက်တယ် ဆိုတာကို ပြန်ပြီးစဉ်စားကြည့်ပါ။

 

" လှည်းဦးတိုက်။ လှေဦးတိုက်" အိမ်ကို ခိုးခြင်း၊ ဝှက်ခြင်း၊ လုယက်တိုက်ခိုက့်ခင်တဲ့လူတွေပ အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ...ရှေ့တူရှုလမ်းက တည့်တည့် မောင်းလာပြီး ကိုယ့်အိမ်ရေ့မှာ ဘယ်၊ ညာ ကွေ့သွားရင် ဖုန်မှုန့်တွေဟာ အိမ်တဲတန်းဝင်လာမှာပဲ။ 

 

ရှေ့တူရှုလမ်းက အသုဘ ချလာပြီဆိုပါတော့ အဲ့ဒိ အနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာ မြင်တွေ့နေရမယ်။ ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေထဲကို ရှေ့တူရှု လှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စ ကျွံဝင်လာတာမျိုးကို ခနခဏ ခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးကိုက်" မှာမနေကောင်းဘူး။ အိမ်မဆောက်သင့်ဘူးလို့ ပြောတာပါ။

 

ဒါပေမယ့်...ဒီလို "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုရင် ဘယ်လိုကာကွယ်မလဲ။ ဒါက လွယ်ပါတယ်။ တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။ ဒီနည်းထက် ပိုကောင်းတာကတော့...တံခါးရဲ့ အအေါ်ဘက်၊ အိမ်အဝင်အဝ တံခါးရံ့ အပေါ်ဘက်မှာ မှန်တစ်ချပ်ကပ်ထား၊ ချိတ်ဆွဲထားရမယ်။

 

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်တွေမှာ မှန်ထောက်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တစ်ချို့ မှန်ချပ်တွေက သေးလွန်းတယ်။ တစ်ချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်ချပ်ရဲ့ အလယ် အနီရောင်နဲ စတုရန်းပုံ အကွက်လေးရေးထားရမယ်။

 

အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး။ အုတ်တံတိုင်း မြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ် ဆိုပေမယ့်...မြေအနေအထားအရ မဖြစ်နိုင်ပါဘူး။ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။ 

 

နောက်...အရေးကြီးတာ (Y) ပုံ လမ်းဆုံမှာဆောက်ထားတဲ့ အိမ်က အခိုက်ဆုံးပဲ။ အမှန်တော့...တြိဂံပုံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်ပါပဲ။ "ကြက်လျှာစွန်း" ပုံအိမ်၊ "ကြက်လျှာစွန်း" မြေနေရာမှာ ဆောက်ထားတဲ့အိမ်လို့ ပြောလို့ရတယ်။အဲ့ဒီလို...အိမ်အနေအထားမျိုးကတော့...အိမ်ရှေ့တည့်တည့် မြေအစွန်းမှာ လျှပ်စစ်ဓါတ်မီးတိုင်၊ ဒါမှမဟုတ်ရင် အလံတိုင်စိုက်ပေးရမယ်။ လမ်းဆုံ ကြက်လျှာစွန်းထိပ်နဲ့ အိမ်အဝင်တံခါးမကြီးနဲ တည့်တည့်ကြီးဖြစ်နေရင် လုံးဝမကောင်းဘူး။

 

တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်းအယူအဆကတော့... အဲ့ဒီတံခါးကို "မသာခြေကန်နေရာ" လို့တောင်ခေါ်တယ်။ ထောင့်ကျဉ်း(Y) ပုံစံ မြေကွက်မှာ မြေအပြည့်ဆောက်ထားတဲ့ အိမ်ပေါ့။ လမ်းမနှစ်ဘက်ကို အိမ်အဝင်တံခါးမကြီးထားတယ်။ မြို့ပြအိမ်နေရာတွေမှာ ဒီလိုအိမ်မျိုးတွေ ရှိတတ်ပါတယ်။

 

ကြက်လျှာစွန်းမြေကွက်ပေါ်မှာ ကြက်လျှာစွန်းအိမ်ဆောက်ထားတဲ့ ပုံစံပဲ။ ရှေ့မြန်မာအဖိုးအဖွားတွေကတော့ ဒီလိုအိမ်မျိုးမှာ မနေကောင်းဘူး။ အသက်တိုတယ်။ အန္တာရာယ်များတယ်လို့ မှာကြားခဲ့တယ်။ ဒါပေမယ့်...ဆိုင်ဖွင့်ရင်တော့ ကောင်းတယ်။ ပွဲရုံဖွင့်ရင် ကောင်းတယ်။ အကျိုးပေးမယ်။ ရောင်းအားကောင်းမယ်လို့လဲ ဆိုပြန်တယ်။

 

ဖုန်းရွှေပညာအရတော့ ...လူနေရင်လည်း ဆိုးကျိုးနဲကြုံရမယ်။ ဆိုင်ဖွင့်ဖွင့်၊ ပွဲရုံဖွင့်ဖွင့်မကောင်းဘူး။ လုံးဝမကောင်းဘူး။ မကောင်းတဲ့ ကောင်းကင်ချီတွေ ဆင်းသက်တယ်။ ယင်၊ ယန်မျှတမှု အားနည်းတယ်။ လမ်းဘက်ကို မျက်နှာမူထားနဲ့ တံခါးမကြီးနှစ်ခုရဲ့ အပေါ်မှာ မှန်ကပ်ထား မှန်ချိတ်ထားရမယ်။ ရိုးရိုးမှန်မရဘူး။ ပုံရိပ်ထင်တဲ့ မှန်ဖြစ်ရမယ်။

 

ခြောက်လက်မပတ်လည် စတုရန်းပုံ ဖြစ်ရမယ်။ မှန်ရဲ့ အလယ်မှာ အနီရောင် စတုရန်းပုံလေး ရေးထားရမယ်။ တံခါးဝတွေမှာ ပန်းအိုးထားရမယ်။ အဖြူရောင် အနီရောင်ပန်းတွေ ပွင့်တဲ့ ပန်းပင်စ်ုက်ထားရမယ်။

 

ယင်နဲ့ ယန်မျှတအောင် လုပ်ပေးတာပေါ့။ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ လေးထပ်တိုက်ဖြစ်နေရင်လဲ အပေါ်ထပ်တွေရဲ့ လမ်းမဘက် လှည့်တဲ့ ပြူတင်ပေါကါ တစ်ပေါက်စီရဲ့ပေါ်မှာ မှန်ချပ်ကပ်ထား၊ ချိတ်ထားရမယ်။ အပေါ်ဆုံးထပ်ရဲ့ အမိုးချွန်ပေါ်မှာ လျှပ်စစ်ဓါတ်မီးတိုင် အသေးတစ်တိုင် ဒါမှမဟုတ်ရင် အလံတိုင်ငယ်တစ်ခု စိုက်ထားရင် ပိုကောင်းတယ်။ အလံတိုင်မှာ အလံက တစ်လူလူလွင့်နေရမယ်။

 

Ref : အိမ်တွင်းအလှဆင်ကျွန်းပရိဘောဂများ

Photo Credit : Melbourne

Posted By : Sint Sint (ShweProperty.com)

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
nbsp;br / မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏…
အိမ်သုတ်ဆေး ဘယ်လောက်ဝယ်ရမလဲ တွက်နည်း
အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်zwnj;ပေများအားလုံးကိုပေါင်းပါ။br…
မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့
မိုက်ခရိုဝေ့ ဆိုတာ ခေတ်သစ်ချက်ပြုတ်နည်းပညာတွေထဲမှာ အရမ်းအဆင်ပြေပြီး သုံးရလွယ်ကူတဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခုပါ။…
ဗီဇပြောင်း COVID ကူးစက်ခြင်းမှ ကာကွယ်ရန်နှင့် လိုက်နာသင့်တဲ့အချက်များ
ကမ္ဘာ့သတင်းမီဒီယာများနှင့် ကျန်းမာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဥရောပနှင့်…
မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ
မြေငှားမယ့်သူများအတွက် မြေမငှားခင် သိသင့်သောအချက်များဖြစ်သည့် မြေငှားစာချုပ် (ဂရန်) အသစ်ထုတ်ပေးခြင်း၊ မြေငှားစာချုပ်…
တိုက်ခန်းအမည်ပြောင်း လျှောက်ထားဖို့ ဘာတွေလိုလဲ ?
မြို့နယ်စည်ပင်သာယာရေးရုံးသို့ တိုက်ခန်းအမည်ပြောင်းလဲရန် လျှောက်ထားရာတွင် သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ…
ကွန်ကရစ်ဖျော်စပ်ရာမှာ အဓိကပါဝင်တဲ့ ဘိလပ်မြေအကြောင်း
တိုက်တာအဆောက်အအုံတွေမှာ RC Material လို့ ပြောလိုက်ရင် အဓိကပါဝင်တာက ကွန်ကရစ်နဲ့ သံချောင်းရှည်တွေပဲ ဖြစ်ပါတယ်။ ကွန်ကရစ်ထဲမှာဆိုရင်…
အိမ်သန့်ရှင်းရေးအတွက် ဆားကို အသုံးပြုနိုင်သည့်နည်းလမ်းများ
ဆားဟာ ဟင်းချက်ရာမှာသာမက အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း အလွန်အကျိုးရှိစေပါတယ်။br / br / အိမ်သုံးဆားကို အသုံးပြုပြီး မီးဖိုချောင်၊…
မိုးတွင်းမှာ မှိုမစွဲအောင် ဘယ်လိုကာကွယ်ကြမလဲ
မိုးတွင်းမှာ မှိုစွဲတာဟာ တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အရာပါ။ ပဋိဇီဝဆေးတွေ ဖော်စပ်တဲ့အခါ မှိုကို အသုံးပြုတယ် ဆိုပေမယ့်…
ကလေးငယ်ငယ်ရှိတဲ့ အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့
အိမ်မှာ ကလေးငယ်ငယ် လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့…
သိထားသင့်သော ကာဗွန်မိုနောက်ဆိုဒ် (CO) အန္တရာယ်
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide - CO) သည် အရောင်၊ အရသာ၊ အနံ့ မရှိသော ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး ရှူရှိုက်မိပါက အလွန်အန္တရာယ်များပြီး…
ဉာဏ်ထက်စေမယ့် အစားအစာ (၁၀)မျိုး
1. nbsp; nbsp; ပန်းဂေါ်ဖီစိမ်း (Broccoli)br / br / ပန်းဂေါ်ဖီစိမ်းမှာ ဦးနှောက်ဆဲလ်အသစ်တွေ ဖွံ့ဖြိုးစေနိုင်တဲ့ ကိုလင်းပါ၀င်ပြီး အာရုံခံနာဗ်ကြောစနစ်လုပ်…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • အိမ်သုတ်ဆေး ဘယ်လောက်ဝယ်ရမလဲ တွက်နည်း
  • မိုက်ခရိုဝေ့ နဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့
  • ဗီဇပြောင်း COVID ကူးစက်ခြင်းမှ ကာကွယ်ရန်နှင့် လိုက်နာသင့်တဲ့အချက်များ
  • မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ
  • တိုက်ခန်းအမည်ပြောင်း လျှောက်ထားဖို့ ဘာတွေလိုလဲ ?
  • ကွန်ကရစ်ဖျော်စပ်ရာမှာ အဓိကပါဝင်တဲ့ ဘိလပ်မြေအကြောင်း
  • အိမ်သန့်ရှင်းရေးအတွက် ဆားကို အသုံးပြုနိုင်သည့်နည်းလမ်းများ
  • မိုးတွင်းမှာ မှိုမစွဲအောင် ဘယ်လိုကာကွယ်ကြမလဲ
  • ကလေးငယ်ငယ်ရှိတဲ့ အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့
  • သိထားသင့်သော ကာဗွန်မိုနောက်ဆိုဒ် (CO) အန္တရာယ်
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…