ခေတ်ပြောင်းအခြေအနေအရ တချို့အရာများ မဖြစ်နိုင်သော်ငြား ရှေးထုံးလည်း မပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့စကားလိုပေါ့ ကိိုယ့်လူမျိုးရဲ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်လာကို လိုက်နာထိမ်းသိမ်းတဲ့သဘောပါ။သစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့ အရာပါ။ သဘာဝရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။


မိမိိအိမ်ပတ်ဝန်းကျင် ခြံထဲ၊အိမ်မှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိအိမ်၊ခြံထဲဲမှာ မစိုက်အပ်၊ မရှိသင့်တဲ့ အပင်တချို့ ရှိပါတယ်။သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူတွေ ခေတ်မမီတော့ ဘူးလို့ဘဲဆိုဆိို၊ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့ စကားဘဲပြောပြော ဗဟုသုတအဖြစ်နဲ့ပဲဖြစ်ဖြစ် သိရအောင် အိမ်နဲ့ပက်သက်တဲ့ ရှေးမြန်မာ အယူတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


အိမ််ပတ်ဝန်းကျင်တွင် မစိုက်အပ်သော အပင်များ


အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။  အနောက်ဘက်တွင် လက်ပံပင်၊ ထိန်ပင်၊တောင်ဘက်တွင် သျှစ်သျှားပင်၊ ဖီးခြမ်းငှက်ပျော၊သင်္ဘောပင်များ၊မြောက်ဘက််တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင်နှင့် သျှစ်သျှားပင် ..အဆိုပါအပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်မည်။ရောပါဘယ ထူပြောမည်။ အိမ်တွင်းအိမ််ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ ခုတ်ပစ်သင့်ပါသည်။


အိမ််ဆောက်ရက် ရွေးနည်း


တနင်္ဂင်္နွေ – ဒုက္ခဆင်းရဲ ရောက်တတ်သည်။


တနလာ င်္– နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။


အင်္ဂါ – ဆန်ရေစပါး ပေါများကြွယ်ဝမည်။


ဗုဒ္ဓဟူး၊ စနေ – သုခချမ်းသာရမည်။


ကြာသာပတေး – ချမ်းသာကြွယ်ဝမည်။


သောကြာ – သုံးလကြာလျှင် သုခပွားမည်။





အိိမ်ဆောက်လ ရွေးနည်း


တန်ခူးလ– ချမ်းသာကြွယ်ဝမည်။


ကဆုန်လ — ဆန်ရေစပါး ပေါကြွယ်ဝမည်။


၀ါခေါင်လ — ဥစ္စာတိုးပွားမည်။


နတ်တော်လ — ထင်ပေါ်ကျော်စောမည်။


ပြာသိုလ — လူအများချီးမွမ်းမှုရမည်။


တပေါင်းလ — ချမ်းသာကြွယ်ဝမည်။


ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်။ယနေ့ခေတ်မှှာ အိမ်ကို သစ်သားအခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာအိမ်တစ်အိမ်ရဲ့ အဓိကပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။ရှေးမြန်မာလူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကို အလွန်စိိစစ်ပါတယ်။ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။


မသုံးအပ်သောသစ်် (၈)မျိုး


၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)


၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)


၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)


၄။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)


၅။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)


၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)


၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)


၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)





အိိမ်၊ ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး


၁။ မိကျောင်း


၂။ မအူ


၃။ သခွတ်


၄။ ညောင်


၅။ သျစ်သျား


၆။ သီး(သား)


၇။ သပြေ


၈။ သစ်စိမ်ရေသား


၉။ ကေလာ


၁၀။ လက်ပံ


၁၁။ လဲ


အိိမ်၊ ကျောင်း ဆောက်ရာတွင်မပြုအပ်သောအရာများ


၁။ တိုင်ဟောင်းကို ပန်းမဆွဲရ။


၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ။


၃။ တိုင်တို (ထောက်တို)ကို ကြမ်းပေါ် မပိုစေရ။


၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။


၅။ ခေါင်လျှောက်ခွတင် မပြီးခင် ကြမ်းမဖောက်ရ။


၆။ တိုင်ထူရာတွင် တိုင်ချင်းမထိရ။


၇။ အိမ်ဆောက်မပြီးခင် ၀န်းမခတ်ရ။





၈။ ထုပ်၊ လျှောက်၊ ဒိုင်း၊ မြား၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ။


၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ။


၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင်် အိမ်သစ်၏လျှောက်ကို တင်၍ မဆက်ရ။ တိိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါအကြောင်းအရာတို့အား လုံးဝရှောင်ကျဉ်ရန် မဖြစ်နိုင်တော့ပါဘူး။


ဒါပေမယ့်လို့ ” ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ” စကားလိုမျိုးပါဘဲ။ နှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့သဘောပါ။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ


အုတ်စီ ကျောက်လောင်း ဘိလပ်မြေ သံချောင်း သစ် တွက်နည်း အနုပညာ


အိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များအလိုက် အကျိုးပေးထက်သန်နိုင်သောလုပ်ငန်းများ


သင် ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲဆိုတာ


Credit : Apannpyaymedia
Photo Credit : Angieslist
Posted By : Sint Sint (ShweProperty.com)