Unicode

အိမ်နဲ့ပတ်သက်ပြီးတော့ အယူအဆများစွာ အစွဲများစွာ အယူသီးမှုများစွာရှိပါတယ်။ အမျိုးမျိုးသော မူကွဲများစွာ ရှိပါတယ်။ သို့ပေမယ့်လည်းလိုတာထက်ပိုပြီးတော့လို့ အယူမစွဲ အယူမသီးဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ထင်ရာတွေနဲ့ ကိုယ့်ကိုပြန်ပြီး စိတ်သောကရောက်စေတက်လို့ပါ။ ယူသင့်တာယူပြီးတော့ ပယ်သင့်တာကိုလည်း ပယ်လို့ရတယ်နော်။အခုပြောချင်တာကတော့ အိမ်ခိုက်တယ်ဆိုတဲ့ အကြောင်းပါ။ ဘယ်လိုတွေက အိမ်ခိုက်တက်တာလဲ။ 


၁။ လမ်းဦးတိုက်


လမ်းကို ထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင် ဆောက်တာမျိုးလည်း ရပါတယ်။ တစ်ချို့ကတော့ အိမ်ရှေ့မျက်နှာစာမှာ ကြည့်မှန်တစ်ချပ်ချိတ်ထားတက်ပါတယ်။ 


၂။ နို့ညှပ်


ညီအစ်ကိုကြား၊ သားအဖကြား ရောက်နေတဲ့အိမ်ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာက အိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေ ဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။ ဒီလိုအိမ်မျိုးကိုတော့ ရာနှုန်းပြည့်ရှောင်ကြပါတယ်နော်။ 


၃။ စေတီဦးတိုက်


ဘုရားကျောင်းကန် စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာ ရှိနေတာကို ဆိုလိုပါတယ်။တိုက်တာ အဆောက်အဦးပေါတဲ့ ရန်ကုန်လို နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။


၄။ ကြမ်းဦးတိုက်


အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကို ပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ ကောဇော ဒါမှမဟုတ် တစ်ခုခု ခင်းပေးရပါတယ်။ ကြမ်းဦးတိုက်အိမ်ကတော့ အခန့်မသင့်ရင် စီးပွားပါပျက်တက်ပါတယ်။ 


၅။ အိမ်တံစို့


မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့ အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။အိမ်ဆောက်တဲ့အခါမှာလည်း  မပြုအပ်သောအရာများရှိပါသေးတယ်။ 


၁။ တိုင်ဟောင်းကို ပန်းမဆွဲရ။


၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ။


၃။ တိုင်တို (ထောက်တို) ကိုကြမ်းပေါ် မပိုစေရ။


၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။


၅။ ခေါင်လျှောက်ခွတင် မပြီးခင် ကြမ်းမဖောက်ရ။


၆။ တိုင်ထူရာတွင် တိုင်ချင်းမထိရ။


၇။ အိမ်ဆောက်မပြီးခင် ဝန်းမခတ်ရ။


၈။ ထုပ်၊လျှောက်၊ဒိုင်း၊မြှား၊ခါးပန်း တို့ကို အလယ်တည့်တည့်တွင်မဆက်ရ။


၉။ အမျိုးမတူသော သစ်ချင်းမဆက်ရ။


၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏လျှောက်ကို တင်၍မဆက်ရ။





တိုးတက်လာသောယနေ့ခေတ် အနေအထားအရ အထက်ပါအကြောင်းအရာတို့အား လုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး။စကားပုံအတိုင်း ” ရှေးသုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ” စကားလိုမျိုးပါဘဲ။ နှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေ ပယ်လိုပါပယ်ပြီး ယူလိုကလည်း ယူနိုင်ပါသေးတယ်။ ဒါပေမယ့် အသိ ဉာဏ်ကိုယှဉ်ပြီးမှ ပယ်သင့်ပါတယ်လို့တော့ အကြံပြုချင်ပါတယ်။ 


အိမ်ခိုက်တက်သော သစ်အမျိုးအစားများ။။ 


၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)


၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)


၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)


၄။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)


၅။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)


၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)


၇။ အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)


၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို) တို့ပဲဖြစ်ပါတယ်။ 


အိမ်ကို ကံမကောင်းစေခြင်း ခိုက်တက်ခြင်းတွေမှာ အိမ်အသုံးအဆောင်တွေကလည်း ဖြစ်တက်ပါတယ်။ သတိမမူမိတာတွေ မေ့လျော့နေတာတွေကလည်း သင်တို့ကို ခိုက်တက်စေတာပါ။ 

(၁) လှုပ်ကုလားထိုင်


ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်းမထိုင်ဘဲ လှုပ်နေမယ်ဆိုရင် စိတ်ထင်လို့ပါ ဆိုပြီးဘယ်လိုပဲ ဖြည့်တွေးပါစေ၊ စိတ်ထဲတော့ မသိုးမသန့်တော့ ဖြစ်တတ်ကြမှာပါ။ ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ လှုပ်ခုံတွေကို မသုံးကြတော့ပါဘူး။ အိုင်းရစ်ရှ် သမိုင်းကြောင်းအရ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေသလိုပါပဲလို့ပြောကြပါတယ်။ 

(၂) ပျက်စီးနေတဲ့နာရီ၊ ရပ်တန့်နေတဲ့နာရီ


ပျက်စီးကျိုးပဲ့နေတဲ့ ပစ္စည်းတွေ အိမ်ထဲမှာ မထားကောင်းဘူးဆိုတာတော့ အားလုံး လက်ခံပြီး သား ဖြစ်မှာပါ။ ဒါ့အပြင် ပျက်စီးရပ်တန့်နေတဲ့ နာရီက မကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့လည်း အယူအဆရှိ ပါတယ်။ အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရပါမယ်။ အဲလိုမဟုတ်ပဲ ရပ်တန့်နေမယ်ဆိုရင် အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှု လည်း ပိတ်ဆို့ရပ်တန့်သွားတတ်ပါတယ်။

(၃) ကန္တာရစူးပင်


Cactus ပင်လေးတွေကို အလှထားတတ်တဲ့သူတွေ အတွက်တော့ သတင်းဆိုးပါပဲ။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ အစူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ကန္တာရ စူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် စူးပါတဲ့ ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ သင့်ရဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးကိုပါ အနှောင့်အယှက် ဖြစ်စေ ပါတယ်။


(၄) ဖွင့်ထားတဲ့ထီး


ရှေးလူကြီးတွေ ပြောတာတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင် လာခြင်းက အိမ်ကိုစောင့်ရှောက်နေတဲ့ အိမ်စောင့်နတ်ကို မရိုသေရာကျတယ်လို့ ဆိုကြပါတယ်။ ။အိမ်စောင့်နတ်တွေက အိမ်ကိုစောင့် ရှောက် တာမ လုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်စေလို့ပါ။  အိမ်စောင့်နတ်က စိတ်ဆိုးပြီး အိမ်ကိုမစောင့် ရှောက်တော့ရင်အိမ်ထဲကို ကံဆိုးခြင်းတွေ ဝင်လာနိုင်ပါတယ်။


(၅) ခြောက်သွေ့သေဆုံးနေသောအပင်


အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင် အိမ်ထဲမှာ သေဆုံးနေတဲ့ အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်း ပစ်မထားပါနဲ့။ သေနေတဲ့ အရာတွေအိမ်ထဲထားတာက မကောင်းတဲ့ စွမ်းအင်တွေကို စုတ်ယူနေသလိုပါပဲ။ ဒါ့အပြင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ အိမ်ထဲမှာ ပြန့်ကျဲထားတာက အိမ်ကိုနေချင်စရာ မကောင်းစေပါဘူး။





(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန် 


ရပ်တန့်နေတဲ့နာရီနဲ့ အလားတူစွာပဲ နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်တွေကို ဆက်လက် ချိတ်ဆွဲ ထားတာကလည်း ကံကောင်းခြင်းတွေဝင်လာဖို့ ပိတ်ဆို့စေပါတယ်။အချိန်နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမဆို မှားယွင်းကျိုး ပျက်နေတဲ့အတိုင်း အသုံးပြုတာက အိမ်လာဘ်တိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုကြပါတယ်။


သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားနေရမှာပါ။ တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ ဒါတွေက မယုံလို့လည်းမနိုင်ပါဘူးနော်။ သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းဖယ်ထုတ်လိုက်ပါဦး။


အိမ်ထဲမှာ မလုပ်သင့်တဲ့အရာတွေကတော့ 


 (၁) ရှုပ်ပွနေခြင်း


 သင့်အိမ်ကို ရှုပ်ပွညစ်ပတ်နေအောင်ထားတာ၊ အမှိုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေမရှင်းတာ၊ ပန်းကန်တွေမဆေးပဲ ပုံထားတာမျိုး၊ အဝတ်အစားတွေလည်း သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ ရှုပ်ပွညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုန်းကံနိမ့်စေပါတယ်။


(၂) အနံ့အသက်မကောင်းခြင်း


 သင့်အိမ်ကလေထုကလည်း သင့်အပေါ်ကို အများကြီးသက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေမကောင်းတာ၊ အဝတ်အစားမှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး ဘုန်းကံနိမ့်စေတာကြောင့် သင့်အိမ်ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရအောင်လုပ်တာ၊ အမွှေးနံ့တွေ ဖြန်းပေးတာမျိုးတွေကို အမြဲတမ်း လုပ်ပေးသင့်ပါတယ်။


 (၃)အပျက်အစီးပစ္စည်းအပျက်တွေသိမ်းထားခြင်း 


 သင့်အိမ်မှာ အက်နေတဲ့မှန်တွေ၊ ကျိုးနေတဲ့ ချိတ်တွေ၊ အင်္ကျီအပြဲတွေကအစ မထားသင့်ပါဘူး။ ဒီလို မကောင်းတော့တဲ့ အရာတွေကို ဆက်လက်သိမ်းထားတာဟာ အိမ်ကို လာဘ်တိတ်စေတဲ့အပြင် ဘုန်းကံကိုလည်း နိမ့်စေနိုင်လို့ပါ။ အဓိကတော့ ကြည့်မှန်ကွဲသွားရင်တော့ အလျှင်အမြန်စွန့်ပစ်ဖို့လိုပါတယ်နော်။ ကြည့်မှန်သည် ိမိမိရဲ့ ရုပ်သဏ္ဍန်ကို ထင်မြင်စေတဲ့သဘောကို သက်ရောက်မှုရှိနေခြင်းဖြစ်လို့ပါ။ 


 (၄) ဘုရားဝတ်ပြုဖို့မေ့လျော့နေခြင်း


 သင့်အိမ်မှာ သင်ကိုးကွယ်ရာ ဘာသာအလိုက် ဘာသာရေးကို လေးနက်စွာ ပြုလုပ်သင့်ပါတယ်။ မိမိတို့ သက်ဆိုင်ရာ ဘုရားရဲ့ ကျမ်းစာ၊ ဘုရားစာတွေကို အသံထွက်ပြီး ရွတ်ဖတ်တာ၊ ဆုတောင်းဝတ်ပြုတာတွေ၊ အိမ်ကို ကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက်ပြုလုပ်ရပါမယ်။ အဲလိုမဟုတ်ရင်တော့  အိမ်ကို မကောင်းတဲ့ ဝိညာဉ်ဆိုးတွေအပြင် တခြားသော ကံနိမ့်မှုတွေ၊ လာဘ်တိတ်မှုတွေက တံခါးမရှိ၊ ဓားမရှိဝင်လာနိုင်ပြီး သင့်ရဲ့ ဘုန်းကံတွေကို နိမ့်သွားစေမှာပါ။


အိမ်အခိုက်အညံ့တွေချည်းပဲပြောပြနေလို့ စိတ်မညစ်ပါနဲ့ဦး ။အနာရှိရင်ဆေးရှိပါတယ်။ အမေးရှိရင် အဖြေလည်းရှိပါတယ်။ ကိုယ့်ဆီမှာ အခိုက်အညံ့တွေရောက်လာပြီးဆိုရင်တော့ ဘုရားဆေး တရားဆေး သံဃာဆေးနဲ့ကုတာဟာအကောင်းဆုံးလို့ဆိုချင်ပါတယ်။ မိမိတို့ယုံကြည်ရာ ဘာသာတရားကိုလက်ကိုင်ထားခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။သစ်တံခါး ဆရာတော်မှ နည်းလမ်းပေးတော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင်ရမည်အချက်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။ 


၁။ နံနက်အိပ်ယာထသည်နှင့် တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရား  သောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ။


၂ ။ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ သစ်သီးလှူလည်းရပါတယ်။


၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်) ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင် ပိုကောင်းပါ၏။


၄။ ကိုယ်လုပ်သော ကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံ‌ေတွဆိုင်တွေမှာ စောင့်သော နတ်မြတ် နတ်ကောင်းအား အမျှပေးဝေပါ။ သစ်တံခါးဆရာတော် မေတ္တာဝေနည်းကိုဘဲ အစအဆုံး မေတ္တာပို့ပါ ပြီးရင် ကြေးစည် သို့ ခေါင်းလောင်းလှုပ် အမျှဝေပါ သာဓုခေါ်ပါ ။


၅။ အိမ်မှာ နံနက်ခင်း စိတ်တိုစရာ၊စိတ်ညစ်စရာ၊ မတွေးဘဲ မပြောဘဲ မဆဲမိ ၊မအော်မိ ၊မဆူမိအောင် ကြိုးစားပြီး စောင့်ထိန်းပါ။ လေ့ကျင့်ပါ မေတ္တာထားပါ အောင်မြင်ပါမည်။





၆။ “လာဘ်ခေါ်ဂါထာ” ကို ရွတ်ပါ


” အရံဟံံ ဗုဒေါ္ဓ အရဟံ ဗုဒေါ္ဓ ဗုဒ္ဓသ ဂုဏတေဇဿ သဗ္ဗသဒ္ဓိလာဘံမေ ဘာဝိဿတိ ” ကို ၁၀ ကြိမ်ရွက်ပါ ရွတ်ပြီးပါက အရပ်ရှစ်မျက်နှာ – အရပ်ကိုး မျက်နှာ အရပ်ဆယ်မျက်နှာမှ လာဘ်ဝင်ပါစေ မိတ်ဆွေ ကောင်းတွေ ဝင်ပါစေ။ငွေဝင်ပါစေ ဘေးရန်ဟုသမျှ ကင်းကြပါစေ ကောင်းသတင်းကြား၍ ကျော်ပါစေဟု အရပ် လေးမျက်နှာကို အာရုံပြုပြီးပြောပါ။


၇။ နံံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ်ဖွင့်ပြီး မင်္ဂလာယူပါ ဆရာတော်ကြီးများ၏ တရားတော်များဖွင့်နံနက်စာစားပါ ။


မနက်တိုင်း  အိပ်ယာ စောစောထခြင်းကြောင့် မိမိ၏ ကိုယ်စောင့်နတ်လည်း မိမိကိုချစ်တဲ့ဓာတ်ကိုရပါတယ်။ အလုပ်သွားရင်လည်း နောက်ကျတာမျိုးမဖြစ်ဘဲ ညဘက်အိပ်ယာဝင်ရင်လည်း တရေးထဲအိပ်ပျော်စေပါတယ်။ ဒါကြောင့်မို့  နေအိမ်မှာနေထိုင်ကြသူ အိမ်သူအိမ်သားအားလုံး ကျက်သရေတိုးပါစေ လာဘ်ပွင့်ကြပါစေ ။ အဆင်ပြေကြပါစေ ။ 


လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ


လက်ရှိနေအိမ်က စီးပွားတက်မည့်အိမ်လား


လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်


ဝါတွင်းကာလ အိမ်ပြောင်း၊ အိမ်ဆောက်၊အိမ်ထောင်မပြုရဆိုတာ မှန်သလား


စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ


Zawgyi


အိမ္နဲ႔ပတ္သက္ၿပီးေတာ့ အယူအဆမ်ားစြာ အစြဲမ်ားစြာ အယူသီးမႈမ်ားစြာရွိပါတယ္။ အမ်ိဳးမ်ိဳးေသာ မူကြဲမ်ားစြာ ရွိပါတယ္။ သို႔ေပမယ့္လည္းလိုတာထက္ပိုၿပီးေတာ့လို႔ အယူမစြဲ အယူမသီးဖို႔ေတာ့ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ စိတ္ထင္ရာေတြနဲ႔ ကိုယ့္ကိုျပန္ၿပီး စိတ္ေသာကေရာက္ေစတက္လို႔ပါ။ ယူသင့္တာယူၿပီးေတာ့ ပယ္သင့္တာကိုလည္း ပယ္လို႔ရတယ္ေနာ္။အခုေျပာခ်င္တာကေတာ့ အိမ္ခိုက္တယ္ဆိုတဲ့ အေၾကာင္းပါ။ ဘယ္လိုေတြက အိမ္ခိုက္တက္တာလဲ။ 


၁။ လမ္းဦးတိုက္


လမ္းကို ထိပ္တိုက္ ေဆာက္ထားတဲ့အိမ္ ျဖစ္ပါတယ္။ ဒီလိုအိမ္မွာေနမယ္ဆိုရင္ က်ား႐ုပ္တစ္ခုလုပ္ၿပီး လမ္းဘက္ကို လွည့္ေပးထားရပါတယ္။ ဒါမွမဟုတ္ အိမ္ေရွ႕မွာ ေသာက္ေရအိုးစင္ ေဆာက္တာမ်ိဳးလည္း ရပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အိမ္ေရွ႕မ်က္ႏွာစာမွာ ၾကည့္မွန္တစ္ခ်ပ္ခ်ိတ္ထားတက္ပါတယ္။ 


၂။ ႏို႔ညႇပ္


ညီအစ္ကိုၾကား၊ သားအဖၾကား ေရာက္ေနတဲ့အိမ္ျဖစ္ပါတယ္။ ကိုယ္နဲ႔ကပ္ရပ္ ဘယ္နဲ႔ညာက အိမ္ပိုင္ရွင္ေတြဟာ သားအဖေတြ၊ ညီအစ္ကိုေတြ ျဖစ္ေနတာပါ။ ဒီလိုမ်ိဳးေနမိၿပီဆိုရင္ေတာ့ ထညပ္(ငါးကင္ရာမွာ သုံးတဲ့ဝါးညႇပ္) ကို အိမ္ရဲ႕တစ္ဖက္တစ္ခ်က္မွာ ထားရပါတယ္။ ဒီလိုအိမ္မ်ိဳးကိုေတာ့ ရာႏႈန္းျပည့္ေရွာင္ၾကပါတယ္ေနာ္။ 

၃။ ေစတီဦးတိုက္


ဘုရားေက်ာင္းကန္ ေစတီပုထိုးတစ္ခုခုက မိမိအိမ္ထက္နိမ့္ၿပီး ေဘးနားကပ္လ်က္မွာ ရွိေနတာကို ဆိုလိုပါတယ္။တိုက္တာ အေဆာက္အဦးေပါတဲ့ ရန္ကုန္လို ေနရာေတြမွာ ေတြ႕ရတတ္ပါတယ္။ ဒီလိုေနမိရင္ အနီးအနားဘုရားေက်ာင္းကန္တစ္ခုမွာ ေကာေဇာခင္းတာ၊ ေက်ာက္ျပားခင္းတာ၊ တံျမက္စည္းလွည္းတာေတြ လုပ္ေပးရပါတယ္။


၄။ ၾကမ္းဦးတိုက္


အထပ္တစ္ခုေပၚ၊ ၾကမ္းခင္းတစ္ခုေပၚ၊ အဆင့္တစ္ခုေပၚကို တက္လိုက္တဲ့အခါမွာ ကိုယ့္ေျခဖဝါးဟာ အဲဒီ့အထပ္မွာခင္းထားတဲ့ ၾကမ္းအလ်ားတိုင္း ခ်မိေနတာကို ေျပာတာပါ။ ဒီလိုမ်ိဳးၾကမ္းခင္းထားတဲ့ အေဆာက္အဦးမွာ ေနမိၿပီဆိုရင္ အဲဒီ့ၾကမ္းမွာ ဖေယာင္းပုဆိုး၊ ေကာေဇာ ဒါမွမဟုတ္ တစ္ခုခု ခင္းေပးရပါတယ္။ ၾကမ္းဦးတိုက္အိမ္ကေတာ့ အခန႔္မသင့္ရင္ စီးပြားပါပ်က္တက္ပါတယ္။ 


၅။ အိမ္တံစို႔


မိမိအိမ္ကို အျခားအိမ္က အလယ္တည့္တည့္က ကန႔္လန႔္ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒါမ်ိဳးဆိုရင္ေတာ့ မိမိအိမ္ဘက္ကေန ကန႔္လန႔္ေဆာက္ထားတဲ့ အိမ္ကို မွန္တစ္ခ်ပ္ ေထာင္ေပးထားရပါတယ္။ေနအိမ္တြင္းမွာ ျခေတာင္ပို႔ရွိရင္ အေရာင္းအဝယ္မေကာင္းဘူး။ မိမိအိမ္မ်က္ႏွာစာက အျခားအိမ္ရဲ႕ေနာက္ေဖးျဖစ္ေနရင္ မေကာင္းဘူးဆိုတဲ့ အယူအဆေတြလည္း ရွိပါတယ္။ ႐ိုးရာအယူအဆေတြကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။


အိမ္ေဆာက္တဲ့အခါမွာလည္း  မျပဳအပ္ေသာအရာမ်ားရွိပါေသးတယ္။ 


၁။ တိုင္ေဟာင္းကို ပန္းမဆြဲရ။


၂။ ထုပ္မစြပ္ခင္ ယက္မ မတင္ရ။


၃။ တိုင္တို (ေထာက္တို) ကိုၾကမ္းေပၚ မပိုေစရ။


၄။ ၾကမ္းခင္းတိုင္တြင္ ဝါးမတင္ရ။


၅။ ေခါင္ေလွ်ာက္ခြတင္ မၿပီးခင္ ၾကမ္းမေဖာက္ရ။


၆။ တိုင္ထူရာတြင္ တိုင္ခ်င္းမထိရ။


၇။ အိမ္ေဆာက္မၿပီးခင္ ဝန္းမခတ္ရ။


၈။ ထုပ္၊ေလွ်ာက္၊ဒိုင္း၊ျမႇား၊ခါးပန္း တို႔ကို အလယ္တည့္တည့္တြင္မဆက္ရ။


၉။ အမ်ိဳးမတူေသာ သစ္ခ်င္းမဆက္ရ။


၁၀။ အိမ္ေဟာင္း၏ ေလွ်ာက္ေပၚတြင္ အိမ္သစ္၏ေလွ်ာက္ကို တင္၍မဆက္ရ။





တိုးတက္လာေသာယေန႔ေခတ္ အေနအထားအရ အထက္ပါအေၾကာင္းအရာတို႔အား လုံးဝေရွာင္က်ဥ္ရန္မျဖစ္ႏိုင္ေတာ့ပါဘူး။စကားပုံအတိုင္း ” ေရွးသုံးလည္းမပယ္နဲ႔ ေဈးသုံးလည္းမႂကြယ္နဲ႔ ” စကားလိုမ်ိဳးပါဘဲ။ ႏွစ္ေပါင္းမ်ားစြာတည္ၿမဲခဲ့တဲ့ ျမန္မာလူမ်ိဳးတို႔ရဲ႕ ဓေလ့ထုံးတမ္းေတြ ပယ္လိုပါပယ္ၿပီး ယူလိုကလည္း ယူႏိုင္ပါေသးတယ္။ ဒါေပမယ့္ အသိ ဉာဏ္ကိုယွဥ္ၿပီးမွ ပယ္သင့္ပါတယ္လို႔ေတာ့ အႀကံျပဳခ်င္ပါတယ္။ 


အိမ္ခိုက္တက္ေသာ သစ္အမ်ိဳးအစားမ်ား။။ 


၁။ ခုတ္ျဖတ္စဥ္ တြဲလြဲက်ေနေသာသစ္ (သစ္ဆြဲခ်)


၂။ သစ္ခြသစ္ကိုင္းၾကားတို႔တြင္ တင္ေနေသာသစ္ (လူေကာင္တင္)


၃။ အဖ်ားႀကီး၍ အရင္းရႉးေသာသစ္ (သစ္ဘီလူး)


၄။ အရင္းအဖ်ားရႉး၍ အလယ္တြင္ႀကီးေသာသစ္ (သစ္နပုန္း)


၅။ လမ္းကူးေခ်ာင္းကူးသစ္ (သစ္တံတား (ခ) သစ္လမ္းကူး)


၆။ အပင္ခ်င္းအကိုင္းခ်င္းႀကိတ္ေသာသစ္ (သစ္ႀကိတ္)


၇။ အပင္တြင္ႏြယ္ရစ္ပတ္ေနေသာသစ္ (သစ္နဂါး)


၈။ မ်က္ရည္ေပါက္ကဲ့သို႔ အကြက္ထေနေသာသစ္ (သစ္စည္ယို) တို႔ပဲျဖစ္ပါတယ္။ 


အိမ္ကို ကံမေကာင္းေစျခင္း ခိုက္တက္ျခင္းေတြမွာ အိမ္အသုံးအေဆာင္ေတြကလည္း ျဖစ္တက္ပါတယ္။ သတိမမူမိတာေတြ ေမ့ေလ်ာ့ေနတာေတြကလည္း သင္တို႔ကို ခိုက္တက္ေစတာပါ။ 


(၁) လႈပ္ကုလားထိုင္


ဘယ္သူမွမရွိတဲ့ အခန္းထဲမွာ လႈပ္ကုလားထိုင္က ဘယ္သူမွလည္းမထိုင္ဘဲ လႈပ္ေနမယ္ဆိုရင္ စိတ္ထင္လို႔ပါ ဆိုၿပီးဘယ္လိုပဲ ျဖည့္ေတြးပါေစ၊ စိတ္ထဲေတာ့ မသိုးမသန႔္ေတာ့ ျဖစ္တတ္ၾကမွာပါ။ ဒါေၾကာင့္လည္း ခုေနာက္ပိုင္းမွာ လႈပ္ခုံေတြကို မသုံးၾကေတာ့ပါဘူး။ အိုင္းရစ္ရွ္ သမိုင္းေၾကာင္းအရ ဘယ္သူမွမထိုင္တဲ့ လႈပ္ကုလားထိုင္ဟာ မေကာင္းတဲ့ ဝိညာဥ္ေတြ လာထိုင္ဖို႔ ဖိတ္ေခၚေနသလိုပါပဲလို႔ေျပာၾကပါတယ္။ 


(၂) ပ်က္စီးေနတဲ့နာရီ၊ ရပ္တန႔္ေနတဲ့နာရီ


ပ်က္စီးက်ိဳးပဲ့ေနတဲ့ ပစၥည္းေတြ အိမ္ထဲမွာ မထားေကာင္းဘူးဆိုတာေတာ့ အားလုံး လက္ခံၿပီး သား ျဖစ္မွာပါ။ ဒါ့အျပင္ ပ်က္စီးရပ္တန႔္ေနတဲ့ နာရီက မေကာင္းတဲ့နိမိတ္ေတြ ျဖစ္ေစတယ္လို႔လည္း အယူအဆရွိ ပါတယ္။ အခ်ိန္ကို ၫႊန္ျပတဲ့ အရာေတြဟာ အၿမဲတမ္း အလုပ္လုပ္ေနရပါမယ္။ အဲလိုမဟုတ္ပဲ ရပ္တန႔္ေနမယ္ဆိုရင္ အသုံးျပဳတဲ့သူေတြရဲ႕ ဘဝတိုးတက္မႈ လည္း ပိတ္ဆို႔ရပ္တန႔္သြားတတ္ပါတယ္။


(၃) ကႏၲာရစူးပင္


Cactus ပင္ေလးေတြကို အလွထားတတ္တဲ့သူေတြ အတြက္ေတာ့ သတင္းဆိုးပါပဲ။ ေရွးလူႀကီးေတြရဲ႕ ယုံၾကည္မႈအရ အစူးပါတဲ့ အပင္ေတြဟာ မေကာင္းတဲ့ နိမိတ္ေတြကို ဆြဲေဆာင္တယ္လို႔ ဆိုပါတယ္။ကႏၲာရ စူးပင္မွမဟုတ္ပါဘူး။ ႏွင္းဆီအပါအဝင္ စူးပါတဲ့ ဘယ္အပင္မဆို အိမ္ထဲမွာ ထားရင္ အိမ္ကိုေရာ၊ သင့္ရဲ႕အခ်စ္ေရး၊ ေပါင္းသင္းဆက္ဆံေရးကိုပါ အေႏွာင့္အယွက္ ျဖစ္ေစ ပါတယ္။


(၄) ဖြင့္ထားတဲ့ထီး


ေရွးလူႀကီးေတြ ေျပာတာေတာ့ ရာသီဥတုဒဏ္ကို ကာကြယ္ဖို႔လုပ္ထားတဲ့ ဘယ္ပစၥည္းကိုမဆို အိမ္ထဲ ယူေဆာင္ လာျခင္းက အိမ္ကိုေစာင့္ေရွာက္ေနတဲ့ အိမ္ေစာင့္နတ္ကို မ႐ိုေသရာက်တယ္လို႔ ဆိုၾကပါတယ္။ ။အိမ္ေစာင့္နတ္ေတြက အိမ္ကိုေစာင့္ ေရွာက္ တာမ လုံေလာက္ဘူးဆိုတဲ့သေဘာမ်ိဳး သက္ေရာက္ေစလို႔ပါ။  အိမ္ေစာင့္နတ္က စိတ္ဆိုးၿပီး အိမ္ကိုမေစာင့္ ေရွာက္ေတာ့ရင္အိမ္ထဲကို ကံဆိုးျခင္းေတြ ဝင္လာႏိုင္ပါတယ္။


(၅) ေျခာက္ေသြ႕ေသဆုံးေနေသာအပင္


အိမ္မွာ ကံေကာင္းျခင္းေတြနဲ႔ လႈပ္ရွားသက္ဝင္ေနေစခ်င္တယ္ဆိုရင္ အိမ္ထဲမွာ ေသဆုံးေနတဲ့ အပင္ေတြ၊ ေျခာက္ေသြ႕ေနတဲ့အပင္ေတြကို ဒီတိုင္း ပစ္မထားပါနဲ႔။ ေသေနတဲ့ အရာေတြအိမ္ထဲထားတာက မေကာင္းတဲ့ စြမ္းအင္ေတြကို စုတ္ယူေနသလိုပါပဲ။ ဒါ့အျပင္ သစ္ကိုင္းေျခာက္၊ သစ္႐ြက္ေျခာက္ေတြ အိမ္ထဲမွာ ျပန႔္က်ဲထားတာက အိမ္ကိုေနခ်င္စရာ မေကာင္းေစပါဘူး။




(၆) ဒိတ္ေအာက္ေနတဲ့ ျပကၡဒိန္ 


ရပ္တန႔္ေနတဲ့နာရီနဲ႔ အလားတူစြာပဲ ႏွစ္ကုန္ၿပီး ဒိတ္ေအာက္သြားၿပီျဖစ္တဲ့ ျပကၡဒိန္ေတြကို ဆက္လက္ ခ်ိတ္ဆြဲ ထားတာကလည္း ကံေကာင္းျခင္းေတြဝင္လာဖို႔ ပိတ္ဆို႔ေစပါတယ္။အခ်ိန္နဲ႔ ပတ္သက္တဲ့ ဘယ္ပစၥည္းကိုမဆို မွားယြင္းက်ိဳး ပ်က္ေနတဲ့အတိုင္း အသုံးျပဳတာက အိမ္လာဘ္တိတ္ၿပီး အသက္ေတာင္ တိုႏိုင္တယ္လို႔ေရွးလူႀကီးေတြက ဆိုၾကပါတယ္။


သင့္အိမ္ထဲကိုယူလာတဲ့ ပစၥည္းေတြက သင့္အတြက္ကံဆိုးျခင္းေတြျဖစ္ေစႏိုင္တယ္ဆိုတာ သင္အၿမဲတမ္းသတိထားေနရမွာပါ။ တခ်ိဳ႕ေသာပစၥည္းေတြက အိမ္ထဲကိုကံဆိုးျခင္းေတြယူလာႏိုင္ၿပီး အိမ္သားေတြကို ေသဆုံးေစတဲ့အထိခိုက္တတ္ပါတယ္။ ဒါေတြက မယုံလို႔လည္းမႏိုင္ပါဘူးေနာ္။ သင့္အိမ္မွာသိမ္းမထားသင့္တဲ့ ကံဆိုးေစတဲ့အရာေတြမို႔လို႔ ဒါေတြကို အျမန္ဆုံးရွင္းလင္းဖယ္ထုတ္လိုက္ပါဦး။အိမ္ထဲမွာ မလုပ္သင့္တဲ့အရာေတြကေတာ့ 


 (၁) ရႈပ္ပြေနျခင္း


 သင့္အိမ္ကို ရႈပ္ပြညစ္ပတ္ေနေအာင္ထားတာ၊ အမႈိက္ေတြ၊ ဖုန္ေတြမရွင္းတာ၊ ပင့္ကူမွ်င္ေတြမရွင္းတာ၊ ပန္းကန္ေတြမေဆးပဲ ပုံထားတာမ်ိဳး၊ အဝတ္အစားေတြလည္း ေသခ်ာမေခါက္ပဲ ျပန႔္က်ဲရႈပ္ပြေနတာမ်ိဳးေတြ၊ ပစၥည္းေတြက သူ႔ေနရာနဲ႔သူရွိမေနပဲ ရႈပ္ပြညစ္ပတ္ေနတာမ်ိဳးေတြက သင့္အိမ္ကို လာဘ္တိတ္ေစသလို၊ ဘုန္းကံနိမ့္ေစပါတယ္။


(၂) အနံ႔အသက္မေကာင္းျခင္း


 သင့္အိမ္ကေလထုကလည္း သင့္အေပၚကို အမ်ားႀကီးသက္ေရာက္ႏိုင္ပါတယ္။ သင့္အိမ္မွာ အနံ႔အသက္ေတြမေကာင္းတာ၊ အဝတ္အစားမႈိေစာ္ေတြနံေနတာ ဒါမွမဟုတ္ အမႈိက္နံ႔ေတြနဲ႔ တျခားမေကာင္းတဲ့အနံ႔ေတြအားလုံးဟာ သင့္အိမ္ကို လာဘ္တိတ္ေစၿပီး ဘုန္းကံနိမ့္ေစတာေၾကာင့္ သင့္အိမ္ျပတင္းေပါက္ေတြကို ဖြင့္ၿပီး ေလေကာင္းေလသန႔္ ရေအာင္လုပ္တာ၊ အေမႊးနံ႔ေတြ ျဖန္းေပးတာမ်ိဳးေတြကို အၿမဲတမ္း လုပ္ေပးသင့္ပါတယ္။


 (၃)အပ်က္အစီးပစၥည္းအပ်က္ေတြသိမ္းထားျခင္း 


 သင့္အိမ္မွာ အက္ေနတဲ့မွန္ေတြ၊ က်ိဳးေနတဲ့ ခ်ိတ္ေတြ၊ အက်ႌအၿပဲေတြကအစ မထားသင့္ပါဘူး။ ဒီလို မေကာင္းေတာ့တဲ့ အရာေတြကို ဆက္လက္သိမ္းထားတာဟာ အိမ္ကို လာဘ္တိတ္ေစတဲ့အျပင္ ဘုန္းကံကိုလည္း နိမ့္ေစႏိုင္လို႔ပါ။ အဓိကေတာ့ ၾကည့္မွန္ကြဲသြားရင္ေတာ့ အလွ်င္အျမန္စြန႔္ပစ္ဖို႔လိုပါတယ္ေနာ္။ ၾကည့္မွန္သည္ ိမိမိရဲ႕ ႐ုပ္သ႑န္ကို ထင္ျမင္ေစတဲ့သေဘာကို သက္ေရာက္မႈရွိေနျခင္းျဖစ္လို႔ပါ။ 


 (၄) ဘုရားဝတ္ျပဳဖို႔ေမ့ေလ်ာ့ေနျခင္း


 သင့္အိမ္မွာ သင္ကိုးကြယ္ရာ ဘာသာအလိုက္ ဘာသာေရးကို ေလးနက္စြာ ျပဳလုပ္သင့္ပါတယ္။ မိမိတို႔ သက္ဆိုင္ရာ ဘုရားရဲ႕ က်မ္းစာ၊ ဘုရားစာေတြကို အသံထြက္ၿပီး ႐ြတ္ဖတ္တာ၊ ဆုေတာင္းဝတ္ျပဳတာေတြ၊ အိမ္ကို ေကာင္းခ်ီးမဂၤလာေပးျခင္းေတြကို ေန႔စဥ္မပ်က္မကြက္ျပဳလုပ္ရပါမယ္။ အဲလိုမဟုတ္ရင္ေတာ့  အိမ္ကို မေကာင္းတဲ့ ဝိညာဥ္ဆိုးေတြအျပင္ တျခားေသာ ကံနိမ့္မႈေတြ၊ လာဘ္တိတ္မႈေတြက တံခါးမရွိ၊ ဓားမရွိဝင္လာႏိုင္ၿပီး သင့္ရဲ႕ ဘုန္းကံေတြကို နိမ့္သြားေစမွာပါ။


အိမ္အခိုက္အညံ့ေတြခ်ည္းပဲေျပာျပေနလို႔ စိတ္မညစ္ပါနဲ႔ဦး ။အနာရွိရင္ေဆးရွိပါတယ္။ အေမးရွိရင္ အေျဖလည္းရွိပါတယ္။ ကိုယ့္ဆီမွာ အခိုက္အညံ့ေတြေရာက္လာၿပီးဆိုရင္ေတာ့ ဘုရားေဆး တရားေဆး သံဃာေဆးနဲ႔ကုတာဟာအေကာင္းဆုံးလို႔ဆိုခ်င္ပါတယ္။ မိမိတို႔ယုံၾကည္ရာ ဘာသာတရားကိုလက္ကိုင္ထားျခင္းကို ဆိုလိုျခင္းျဖစ္ပါတယ္။သစ္တံခါး ဆရာေတာ္မွ နည္းလမ္းေပးေတာ္မူသည့္ မိမိအိမ္ေဂဟာ က်က္သေရတိုး၍ မဂၤလာရွိလာဘ္ပြင့္ေအာင္ လုပ္ေဆာင္ရမည္အခ်က္ေလးကိုလည္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။ 


၁။ နံနက္အိပ္ယာထသည္ႏွင့္ တစ္ၿပိဳင္နက္ မ်က္ႏွာသစ္ကာ သြားတိုက္ပီးပါက ဘုရား  ေသာက္ေတာ္ေရလဲ ဆီမီးပူေဇာ္ပါ ဘုရားေက်ာင္းေဆာင္ သန႔္ရွင္းေရးျပဳလုပ္ပါ။


၂ ။ဆြမ္းကပ္ / ေကာ္ဖီတစ္ခြက္ကပ္ပါ သစ္သီးလႉလည္းရပါတယ္။


၃။ ဂုဏ္ေတာ္တစ္ပါးပြား (သို႔မဟုတ္) ကိုးပါးလုံးပြားလည္းရ၊ ပုတီးစိပ္ရင္ ပိုေကာင္းပါ၏။


၄။ ကိုယ္လုပ္ေသာ ကုသိုလ္ေတြကို ကိုယ္ေစာင့္နတ္၊ အိမ္ေစာင့္နတ္ အလုပ္အကိုင္ ႐ုံးကုမၸဏီ စက္႐ုံ‌ေတြဆိုင္ေတြမွာ ေစာင့္ေသာ နတ္ျမတ္ နတ္ေကာင္းအား အမွ်ေပးေဝပါ။ သစ္တံခါးဆရာေတာ္ ေမတၱာေဝနည္းကိုဘဲ အစအဆုံး ေမတၱာပို႔ပါ ၿပီးရင္ ေၾကးစည္ သို႔ ေခါင္းေလာင္းလႈပ္ အမွ်ေဝပါ သာဓုေခၚပါ ။


၅။ အိမ္မွာ နံနက္ခင္း စိတ္တိုစရာ၊စိတ္ညစ္စရာ၊ မေတြးဘဲ မေျပာဘဲ မဆဲမိ ၊မေအာ္မိ ၊မဆူမိေအာင္ ႀကိဳးစားၿပီး ေစာင့္ထိန္းပါ။ ေလ့က်င့္ပါ ေမတၱာထားပါ ေအာင္ျမင္ပါမည္။





၆။ “လာဘ္ေခၚဂါထာ” ကို ႐ြတ္ပါ


” အရံဟံံ ဗုေဒါၶ အရဟံ ဗုေဒါၶ ဗုဒၶသ ဂုဏေတဇႆ သဗၺသဒၶိလာဘံေမ ဘာဝိႆတိ ” ကို ၁၀ ႀကိမ္႐ြက္ပါ ႐ြတ္ၿပီးပါက အရပ္ရွစ္မ်က္ႏွာ – အရပ္ကိုး မ်က္ႏွာ အရပ္ဆယ္မ်က္ႏွာမွ လာဘ္ဝင္ပါေစ မိတ္ေဆြ ေကာင္းေတြ ဝင္ပါေစ။ေငြဝင္ပါေစ ေဘးရန္ဟုသမွ် ကင္းၾကပါေစ ေကာင္းသတင္းၾကား၍ ေက်ာ္ပါေစဟု အရပ္ ေလးမ်က္ႏွာကို အာ႐ုံျပဳၿပီးေျပာပါ။


၇။ နံံနက္ခ်ိန္ခါ ေတးသံသာ က်က္သေရ မဂၤလာသာယာ နာေပ်ာ္ဖြယ္ဖြင့္ၿပီး မဂၤလာယူပါ ဆရာေတာ္ႀကီးမ်ား၏ တရားေတာ္မ်ားဖြင့္နံနက္စာစားပါ ။


မနက္တိုင္း  အိပ္ယာ ေစာေစာထျခင္းေၾကာင့္ မိမိ၏ ကိုယ္ေစာင့္နတ္လည္း မိမိကိုခ်စ္တဲ့ဓာတ္ကိုရပါတယ္။ အလုပ္သြားရင္လည္း ေနာက္က်တာမ်ိဳးမျဖစ္ဘဲ ညဘက္အိပ္ယာဝင္ရင္လည္း တေရးထဲအိပ္ေပ်ာ္ေစပါတယ္။ ဒါေၾကာင့္မို႔  ေနအိမ္မွာေနထိုင္ၾကသူ အိမ္သူအိမ္သားအားလုံး က်က္သေရတိုးပါေစ လာဘ္ပြင့္ၾကပါေစ ။ အဆင္ေျပၾကပါေစ ။ 

ေလ့လာမွတ္သားစရာ အိမ္ၿခံေျမဗဟုသုတမ်ား


လက္ရွိေနအိမ္က စီးပြားတက္မည့္အိမ္လား


လွည္းဦးတိုက္၊ ေလွဦးတိုက္ အိမ္၊ ေျမေနရာမွာ ေနသင့္၊ မေနသင့္


ဝါတြင္းကာလ အိမ္ေျပာင္း၊ အိမ္ေဆာက္၊အိမ္ေထာင္မျပဳရဆိုတာ မွန္သလား


စီးပြားတက္မည့္အိမ္ႏွင့္ ေရဆန္အိမ္တို႔ဆိုတာ


Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)