သာယာခြင်းတွေပျော်ရွှင်ခြင်းတွေဆိုတာ လူတိုင်းမက်မောတက်ကြပါတယ်။ နေရာမျိုးစုံ ပုံစံမျိုးစုံတွေနဲ့လည်း ရှာဖွေတက်ကြပါတယ်။ အဓိကတော့ နားခိုရာအိမ်လေးမှာပေါ့။ နေအိမ်သာယာလာဘ်တိုးဖို့ဆိုတာကတော့ ကိုယ်တိုင်ပဲ ဖန်တီးယူရမှာပါ။ဘယ်လိုနည်းတွေနဲ့ရယူနိုင်မလဲ။ ဖုန်းရွှေ၊ ဂမ္ဘီရပညာ၊ နမိတ် စသဖြင့်များစွာရှိပါတယ်။  

 
တံခါးမကြီး  


တံခါးမကြီးဟာ ကောင်းတဲ့စွမ်းအင်တွေဝင်ဖို့ အိမ်ရဲ့ပင်မဝင်ပေါက်ဖြစ်တဲ့အတွက် ခိုင်ခံ့ပြီး သံချေးတက်နေတာ ကျိုးပျက်နေတာတွေမရှိရပါဘူး။ တံခါးမကြီးဟာ အိမ်နောက်ဖေးတံခါးနဲ့တည့်မနေရပါ။




 မီးဖိုချောင်


မီးဖိုချောင်ဟာ အိမ်တစ်အိမ်လုံးကိုအာဟာရပေးမယ့်စားဖွယ်တွေချက်ပြုတ်တဲ့နေရာဖြစ်တဲ့အတွက် ရှင်းလင်းနေရပါမယ်။ အိမ်ရှေ့ခန်း၊အိမ်ရှေ့တံခါးနဲ့ ကပ်မနေသင့်ပါ။


အိပ်ခန်း


မာစတာအိပ်ခန်းတွေဟာ တစ်နေကုန်ပင်ပန်းထားသမျှ ညကျကောင်းမွန်စွာအိပ်စက်ပြီး အားအင်ဖြည့်တင်းဖို့ အနားယူတဲ့နေရာဖြစ်တဲ့အတွက် အိပ်ခန်းထဲမှာ တီဗွီ၊အားကစားပစ္စည်းစတဲ့အရာတွေ မထားသင့်ပါဘူး။ ဒါ့အပြင်မိမိရဲ့ ဓါတ်နဲ့ကိုက်ညီတဲ့အရောင်ရှိတဲ့ ပစ္စည်းတွေနဲ့အလှဆင်သင့်ပါတယ် (ဥပမာ-ရေဓါတ်ဆိုရင် အပြာရောင်ပစ္စည်းတွေသုံးတာမျိုးပါ)။ အိပ်ခန်းတွင်းမှာ အလင်းရောင်ကောင်းစွာရရပါမယ်။


ရေချိုးခန်း


ဖုန်းရွှေနည်းအရ ရေချိုးခန်းဟာ အနံ့ဆိုးကင်းစင်ပြီး ရှင်းသန့်နေမှ သာယာတဲ့ဓါတ်တွေရှိမယ်လို့ဆိုပါတယ်။ ဒါကြောင့် သန့်စင်ခန်းကို မွှေးပျံ့အောင်ထားတာ ပန်းအိုးတွေနဲ့ အလှဆင်တာတွေ ပြုလုပ်ကြပါတယ်။ နောက်ပြီး အိမ်ရှေ့တံခါးမကြီးနဲ့ သန့်စင်ခန်းဟာ တည့်မနေရပါဘူး။





ဒါဆိုရင် ကောင်းမွန်တဲ့စွမ်းအင်တွေ တိုးပွားဖို့အိမ်ကို ဘယ်လိုဆင်ယင်သင့်လဲဆိုတာ သိနိုင်ပါပြီနော်။ဂမ္ဘီရနည်းအရပြောရမယ်ဆိုရင် လာဘ်ပွင့်စေသော ယတြာမျိုးစုံ ရှိပါသေးတယ်။ ထိုယတြာနည်းများစွာထဲကမှ လူတစ်ဦး တစ်ယောက်၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိကထား၍ ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာ များပါတယ်။ လူတစ်ဦးချင်းစီရဲ့ကံတရားတွေကလည်းကွာခြားတာကြောင့်လည်း ဖြစ်ပါတယ်။ စီးပွားတက်မယ့်နေရာမှာလည်း အနှေးနဲ့ အမြန်ကွာခြားတက်ပါသေးတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကတော့ သင်တို့အတွက် အင်အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ 


လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ


အိမ် ကျောင်း ဆောက်ရာ ရက်လရွေးနည်းများ နှင့် မသုံးအပ်သောသစ်(၈)မျိုး အကြောင်း


အိမ်နဲ့ပတ်သက်ပြီးတော့ ခိုက်တတ်သည်ဆိုသော အယူသီး အယူအဆများ ......ယူသင့်တာယူပြီးတော့ ပယ်သင့်တာကိုလည်း ပယ်


လက်ရှိနေအိမ်က စီးပွားတက်မည့်အိမ်လား


လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်


Posted By : Sint Sint (ShweProperty.com)