တစ်နေ့သ၌ အဘမင်းသိင်္ခသည် တပည့်များနှင့်လက်ဖက်ရည်ဝိုင်းဖွဲ့သောက်ရင်း ဗေဒင်နှင့်ပက်သက်သော ဗဟုသုတများကို ပြောပြနေလေ၏။"တစ်ခါတုန်းကတောက  ကျောင်းအုပ်ဆရာကြီးတစ်ယောက်ဟာ ဗေဒင်ဆရာကြီးတစ်ယောက်ဆီကို ဗေဒင်လာမေးတယ်။ အဲဒီဗေဒင်ဆရာကြီးက ခင်ဗျားဘော်လီအင်္ကျီချုပ်စားပါလို့ ရောက်ရောက်ချင်းပြောလိုက်တော့   ကျောင်းအုပ်ဆရာကြီးဟာတရူးရူးနဲ့ဒေါသထွက်ပြီး ကျုပ်ကကျောင်းအုပ်ဆရာကြီးဗျ၊ ဘော်လီအကျင်္ီချုပ်တာနဲ့ဘာဆိုင်လို့လဲ၊ ကျောင်းကိစ္စပဲဟောစမ်းပါဗျာလို့ပြန်ပြောသတဲ့။ ဗေဒင်ဆရာကြီးကတော့ ဘောလီချုပ်စားဖို့ပဲစဉ်းစားပါဗျာလို့ပဲ တွင်တွင်ကြီးပြောနေတော့သတဲ့။


ဒါနဲ့ ကျောင်းအုပ်ဆရာကြီးလည်း စိတ်ဆိုးမာန်ဆိုးနဲ့ပြန်သွားတော့တာပေါ့။ သိပ်မကြာပါဘူး တန်ဆောင်တိုင်ပွဲတော်ရက် ရောက်လာတယ်။ အဲဒီကျောင်းအုပ်ကြီးရဲ့အိမ်ကမြစ်ကမ်းဘေးမှာ၊ မြစ်ကိုကျောပေးပြီးဆောက်ထားတာ။ ရပ်ရွာထဲကလူရူပ်ကလေးတွေဟာ ဘောလီအမြန်ချုပ်သည်ဆိုတဲ့ဆိုင်းဘုတ်ကြီးတစ်ခုကိုဖြုတ်လာကြပြီး ကျောင်းအုပ်ဆရာကြီးရဲ့ မြစ်ဘက်အခြမ်းက အိမ်နံရံမှာ ကပ်ထားလိုက်ကြပါလေရော့ဟေ့။ ရွာတွေကနေ ကောက်စိုက်သမတွေဟာ အဖွဲ့လိုက်၊ အစုလိုက် လှေတွေနဲ့မြို့ကို တက်ပြီးစျေးဝယ်လာကြတယ်။ ကောက်စိုက်သမဆိုတာတွေကလည်း တစ်ယောက်လုပ်ရင်အကုန်ဝိုင်းလုပ်ကြတာကွ။


ကျောင်းအုပ်ကြီးရဲ့အိမ်မှာချိတ်ထားတဲ့ ဘောလီအမြန်ချုပ်သည်ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်းမြင်ရော တစ်ယောက်ကစပြီး ဟဲ့ငါတော့ဘော်လီချုပ်ဦးမယ်လို့ပြောလိုက်တော့ အားလုံးကလည်း သူလည်းချုပ်မယ်၊ ငါလည်းချုပ်မယ်ဆိုပြီးဖြစ်ကုန်ပါလေရော။ အဲ့ဒီမှာတင် ကောက်စိုက်သမတစ်အုပ်ကြီးဟာ ကျောင်းအုပ်ကြီးရဲ့အိမ်ထဲကိုလက်ပံပင်ဆက်ရက်ကျသလို ဝင်လာကြပြီး ဘောလီတွေသူ့ထက်ငါအပ်ကြပါလေရောဟေ့။ ကျောင်းအုပ်ကြီးကတော်မှာက အိမ်သုံးအပ်ချုပ်စက်ကလေးရှိနေတယ်။ ကျောင်းအုပ်ကြီးက ငါ့ကိုဘာမှတ်နေသလဲ ငါကကျောင်းအုပ်ကြီးဘာညာဆိုပြီး မျက်နှာကြီးရဲပြီး ကောက်စိုက်သမတွေကိုမောင်းထုတ်ပေမယ့် ကောက်စိုက်သမတွေကတော့ သူတို့ကိုနောက်နေတယ်အောက်မေ့ပြီး တဟီးဟီးတဝါးဝါးနဲ့ ပိုတောင်ဆိုးနေကြသေးတော့ တာပေါ့။ အဲဒီမှာတင် ကျောင်းအုပ်ကြီးကတော်က မိန်းမဆိုတော့ လိုချင်မျက်စိရှိနေတော့လည်း အားလုံးပေါင်းဆယ့်နှစ်ယောက်ဆိုတော့ ဘော်လီဆယ့်နှစ်ထည်ချုပ်ရရင်လည်းဘယ်နည်းမှာလဲ လက်ခံထားလိုက်ပါ လို့ဝင်ပြောပါလေရောဟေ့။


ဒီလိုနဲ့ကျောင်းအုပ်ကြီးကတော်က ဘော်လီတွေကိုလက်ခံပြီးချုပ်ပေးလိုက်တာ အဲဒီလက်ရာကိုသဘောကျလွန်းလို့ဆိုပြီး သတင်းကကြီးသွားပြီး နောက်ထပ်နောက်ထပ် အခြားအခြားသောရွာတွေကကောက်စိုက်သမတွေဟာ လှေတွေထိုးထိုးဆိုက်ကြပြီး ဘော်လီတွေတွင်တွင်ကြီးအပ်ကြပါလေရော့ဟေ့။ နေ့ခင်းပိုင်းမှာ ကျောင်းအုပ်ကြီးကတော်တစ်ယောက်ချုပ်ရုံနဲ့တင်မနိုင်တော့ တာနဲ့ ညဘက်တွေဆိုရင် ကျောင်းအုပ်ကြီးကပါလူတွေမမြင်အောင်တံခါးတွေအလုံပိတ်ပြီး ဘော်လီဝင်ချုပ်ရတဲ့ဘဝရောက်သွား တယ်။နောက်ပိုင်းမှာ အပ်ထည်တွေကများသထက်များလာလေတော့ ကျောင်းအုပ်ကြီးခမျာခွင့်ပါယူပြီးဘော်လီချုပ်ရတော့သတဲ့။ နောက်ဆုံးကြတော့ မထူးပါဘူးလေ ဘော်လီချုပ်တဲ့ငွေကအရမ်းကောင်းနေပါတယ်ဆိုပြီး တစ်ခါတည်းအငြိမ်းစားယူပြီး ပေါ်ပေါ် တင်တင် မျက်မှန်ကြီးတကားကားနဲ့ စက်ခုံမှာထိုင်ပြီး ဘောလီချုပ်စားရတဲ့ဘဝကို ရောက်သွားပါတော့သတဲ့ဗျာ။”





ကျွနု်ပ်တို့လည်း လက်ဖက်ရည်ခွက်ကိုယ်စီကိုရှေ့တွင်ချရင်း အဘပြောသမျှကို စိတ်ဝင်တစားဖြင့် နားထောင်မှတ်သား ကြရလေ၏။ ထိုသို့လျှင် မိမိ၀ါသနာပါသောအလုပ်၊ လုပ်ကိုင်သောအလုပ်ကတစ်မျိုး၊ အကျိုးပေးသောအလုပ်ကတခြားဆိုသည်များ မကြာမကြာတွေ့ဖူးကြပေလိမ့်မည်။ လူတစ်ဦးချင်းစီ၏မွေးဖွားသောဇာတာကိန်းခန်းကိုအကြောင်းပြု၍ ထိုသို့လျှင် အကျိုး ပေးသောအလုပ်များကွဲပြားသွားနိုင်သကဲ့သို့ မိမိနေထိုင်သောအိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များကိုအကြောင်းပြု၍လည်း အကျိုးပေးထက်သန်သည့်အလုပ်များ ကွဲပြားသွားနိုင်ပေသည်။ သို့ဖြစ်၍ အဘမင်းသိင်္ခထံမှ ကျွနု်ပ်ရရှိခဲ့သော ဗေဒင်ပညာအဝ၀နှင့် နှစ်ပေါင်း၂ဝရှိလာခဲ့ပြီဖြစ်သော ကျွနု်ပ်၏ဗေဒင်ဆရာဘဝသက်တမ်းမှအတွေ့အကြုံအရပ်ရပ်အား ပေါင်းစပ်ပြီးလျှင် မိတ်ဆွေ တို့မှီတင်းနေထိုင်ရာ အိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များအလိုက် အကျိုးပေးထက်သန်နိုင်သောလုပ်ငန်းများအား ရေးသားလိုက်ရပေတော့သတည်း။


၁၊ ၁၀၊ ၁၉၊၂၈၊ ၃၇၊ ၄၆၊ ၅၅၊ ၆၄ စသည်ဖြင့်ပေါင်းလိုက်လျှင် ၁ဂဏန်းရသောအိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် မကြာခဏနေရာပြောင်းရွှေ့ရသောအလုပ်များ၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ပက်သက်သောအလုပ်များ၊ စာအုပ်စာတမ်း၊ စာပေနှင့်ပက်သက်သောအလုပ်များ၊ တီထွင်ကြံဆရသောအလုပ်များ၊ မွေးမြူရေး-တိရစ္ဆာန်နှင့်ပက်သက်သောအလုပ်များ၊ အိမ်ခြံမြေဆိုင်ရာအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။


၂၊ ၁၁၊၂၀၊၂၉ ၊၃၈ ၊၄၇ ၊၅၆ ၊ ၆၅ စသည်ဖြင့်ပေါင်းလိုက်လျှင် ၂ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် အမျိုးသမီးများနှင့်ပက်သက်သောအလုပ်များ၊ ပရဟိတကူညီလှူဒါန်းထောက်ပံ့ရေးအလုပ်များ၊ ငွေရေးကြေးရေးလုပ်ငန်းများ၊ တရားဥပဒေနှင့်ပက်သက်သောလုပ်ငန်းများ၊ အလှအပ၊ အနုပညာနှင့်ပက်သက်သောအလုပ်များ၊ ကုန်သည်ပွဲစားအရောင်းအ ဝယ်အလုပ်များ၊ စာအုပ်စာပေလုပ်ငန်းများ အကျိုးပေးထက်သန်တတ်ပါသည်။




၃၊ ၁၂၊ ၂၁၊ ၃၀၊ ၃၉၊ ၄၈၊ ၅၇၊ ၆၆ စသည်ဖြင့်ပေါင်းလိုက်လျှင် ၃ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် နိုင်ငံခြားနှင့်ကူးသန်းဆက်သွယ်သောအလုပ်များ၊ ကိုယ်ဝန်ဆောင်နှင့်သားဖွားခြင်းဆိုင်ရာလုပ်ငန်းများ၊ အရိုးအကြောကုသခြင်း ဆိုင်ရာအလုပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၊ အသီးအနှံနှင့်ပက်သက်သောလုပ်ငန်းများ အကျိုးပေးထက်သန်တတ်ပါသည်။


၄၊ ၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇ စသည်ဖြင့်ပေါင်းလိုက်လျှင် ၄ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ရုံးဌာနများ၊ ရဲစခန်း၊ တရားရုံး၊ ဥပဒေနှင့်ပက်သက်သော၊ အုပ်ချုပ်ရေးနှင့်ပက်သက်သောအလုပ်များ၊ ခွဲစိတ်ကုသမူဆိုင်ရာအလုပ် များ၊ ဓါတုဗေဒဆိုင်ရာအလုပ်များ၊ အပေါင်ဆိုင်ကဲ့သို့သောအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။


၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅၀၊ ၅၉၊ ၆၈ စသည်ဖြင့်ပေါင်းလိုက်လျှင် ၅ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင်-ပညာသင်ကြားရေးဆိုင်ရာအလုပ်များ ဘာသာရေးဆိုင်ရာအလုပ်များ၊ စာအုပ်စာပေနှင့်ပက်သက်သောအလုပ်များ၊ ငွေကြေးနှင့် ပက်သက်သော၊ ရတနာပစ္စည်းနှင့်ပက်သက်သောအလုပ်များ၊ အပြောင်းအရွေ့ဝန်ဆောင်မူအလုပ်များ၊ အကျိုးဆောင်အလုပ်များ ညှိနှိုင်းဖျန်ဖြေသောအလုပ်များ၊ အာမခံလုပ်ငန်းများ၊ အရောင်းဆိုင်များ အကျိုးပေးထက်သန်တတ်ပါသည်။


၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆၀၊ ၆၉ စသည်ဖြင့်ပေါင်းလိုက်လျှင် ၆ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင်-အနုပညာဆိုင်ရာအလုပ်များ၊ အလှအပဆိုင်ရာအလုပ်များ၊ သီချင်းဂီတ၊ အသံနှင့်ပက်သက်သောအလုပ်များ၊ ရေထွက်ကုန်၊ အဖျော်ယမကာ၊ ရေနှင့်ပက်သက်သောအလုပ်များ၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးအလုပ်များ၊ အလှူမင်္ဂလာခန်းမအလှ ဆင်ခြင်းဆိုင်ရာအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။





၇၊ ၁၆၊ ၂၅၊ ၃၄၊ ၄၃၊ ၅၂၊ ၆၁၊ ၇၀ စသည်ဖြင့်ပေါင်းလိုက်လျှင် ရဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် မော်တော်ကား၊ ယာဉ်ရထား၊ စက်မူဆိုင်ရာအလုပ်များ၊ အားကစားဆိုင်ရာအလုပ်များ၊ ဘာသာရေးဆိုင်ရာအလုပ်များ၊ ကူညီ ကယ်ဆယ်ရေးဆိုင်ရာနှင့်ပရဟိတအလုပ်များ၊ ပင်လယ်ရပ်ခြားနှင့်ပက်သက်သောအလုပ်များ၊ အနုပညာဆိုင်ရာအလုပ်များ၊ ဓါတ်ဆီ၊ ထင်း၊ မီးသွေး၊ လောင်စာနှင့်ပက်သက်သောအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။


၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁ စသည်ဖြင့်ပေါင်းလိုက်လျှင် ၈ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ဖြန့်ချိရောင်းချရေးအလုပ်များ၊ ကျန်းမာရေးစစ်ဆေးစမ်းသပ်ခြင်း အလုပ်များ၊ နိဗ္ဗ္ဗန်ကုန်နှင့်ဘာသာရေးဆိုင်ရာပစ္စည်းအလုပ်များ၊ တရားဥပဒေဆိုင်ရာအလုပ်များ၊ ရှေးဟောင်းပစ္စည်းဆိုင်ရာအလုပ် များ အကျိုးပေးထက်သန်တတ်ပါသည်။


၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ စသည်ဖြင့်ပေါင်းလိုက်လျှင် ၉ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ဘာသာရေးဆိုင်ရာအလုပ်များ၊ ပညာရေးနှင့်သင်ကြားရေးဆိုင်ရာအလုပ်များ၊ ခရီးလှည့်လည်ကူးသန်းသွားလာရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများနှင့်ဆိုင်သောအလုပ်များ၊ လျှပ်စစ်မီးအလင်းနှင့်ပက်သက်သောအလုပ်များ၊ ဆက် သွယ်ရေးဆိုင်ရာအလုပ်များ၊ မွေးမြူရေး တိရစ္ဆာန်နှင့်ပက်သက်သောအလုပ်များ၊ လမ်းတံတားဆိုင်ရာအလုပ်များ အကျိုးပေး ထက်သန်တတ်ပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


သင် ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲဆိုတာ


သစ်တံခါးဆရာတော်၏ မြေပိုင်ရှင် အိမ်ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း


အိမ်ဆောက်သင့်သည့်နေ့သားအလိုက်အကျိုးပေးနေ့ရက်နှင့်ဆောင်ရန်ရှောင်ရန်များ


Credit : mm-homedecor
Posted By : Sint Sint (ShweProperty.com)