အကောင့်ထဲသို့ဝင်မည် အကောင့်သစ်လုပ်ရန်
ကြော်ငြာတင်ရန် အကောင့်

X
အကောင့်သစ်လုပ်ရန် အကောင့်ထဲသို့ဝင်မည်
ဝယ်သူအကောင့် ကြော်ငြာရှင်အကောင့် sell property
ဝယ်ရန် ငှားရန် စီမံကိန်း အသစ်များ
အိမ်ခြံမြေပြပွဲများ အိမ်ခြံမြေလမ်းညွှန် ART OF LIVING
အိမ် ရှာဖွေသူများ
အိမ် ရှာဖွေနေသူများ အိမ်ရှာဖွေသူများ ပို့စ်တင်ရန်
သတင်း အကျိုးဆောင်များ Careers
Bookings
ID ဖြင့်ရှာပါ
ဆက်သွယ်ရန်
ကြော်ငြာတင်ရန် အကောင့်
english
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်
ရှာဖွေရန်နှိပ်ပါ
Property Titles
ဝယ်ရန်
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အိမ်ခြံမြေ အမျိုးအစား
တိုက်ခန်း
ကွန်ဒို
လုံးချင်းအိမ်
ဆိုင်ခန်း
မြေကွက် / ခြံ
စက်မှုဇုန်
ရန်ကုန်တိုင်းဒေသကြီး
တိုင်းနှင့်ပြည်နယ်များအားလုံး
ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
ချင်းပြည်နယ်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
မကွေးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ရှမ်းပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
မြို့နယ်အားလုံး
မြို့နယ်အားလုံး
အလုံ
ဗဟန်း
ဗိုလ်တထောင်
ဒဂုံ
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အနောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်ဆိပ်ကမ်း
ဒဂုံမြို့သစ်တောင်ပိုင်း
ဒလ
ဒေါပုံ
လှိုင်
လှိုင်သာယာ
လှည်းကူး
မှော်ဘီ
ထန်းတပင်
အင်းစိန်
ကမာရွတ်
ကော့မှုး
ခရမ်း
ကွမ်းခြံကုန်း
ကျောက်တံတား
ကျောက်တန်း
ကြည့်မြင်တိုင်
လမ်းမတော်
လသာ
မရမ်းကုန်း
မင်္ဂလာဒုံ
မင်္ဂလာတောင်ညွှန့်
မြောက်ဥက္ကလာ
ပန်းပဲတန်း
ပုဇွန်တောင်
စမ်းချောင်း
ဆိပ်ကြီးခနောင်တို
ရွှေပြည်သာ
တောင်ဥက္ကလာ
တိုက်ကြီး
တာမွေ
သာကေတ
သံလျင်
သင်္ဃန်းကျွန်း
သုံးခွ
တွံတေး
ရန်ကင်း
ရွှေပေါက်ကံ
ပုလဲမြို့သစ်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
100 သိန်း
200 သိန်း
300 သိန်း
400 သိန်း
500 သိန်း
600 သိန်း
700 သိန်း
800 သိန်း
900 သိန်း
1000 သိန်း
1500 သိန်း
2000 သိန်း
2500 သိန်း
3000 သိန်း
3500 သိန်း
4000 သိန်း
4500 သိန်း
5000 သိန်း
6000 သိန်း
7000 သိန်း
8000 သိန်း
9000 သိန်း
10000 သိန်း
15000 သိန်း
30000 သိန်း
30000 (သိန်း) နှင့်အထက်
ဈေးနှုန်းအနည်း
ဈေးနှုန်းအနည်း
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
ဈေးနှုန်းအများ
ဈေးနှုန်းအများ
1 သိန်း
2 သိန်း
3 သိန်း
4 သိန်း
5 သိန်း
6 သိန်း
7 သိန်း
8 သိန်း
9 သိန်း
10 သိန်း
10 (သိန်း) နှင့်အထက်

အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ မွေးစားမိဘပိုင် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com

Updated at 16 December 2019

အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ မွေးစားမိဘပိုင် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ မွေးစားမိဘပိုင် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com

Updated at 16 December 2019

 “အိမ်ဝယ်ဖို့ စီစဉ်တာ အဆင်မပြေဖြစ်နေလို့ ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။

“အိမ်ဆိုတော့ တိုက်ခန်းလား မြေနဲ့အိမ်လား”

“မြေနဲ့ အိမ်ပါ ဆရာ။ နှစ်ထပ်ပျဉ်ထောင်အိမ်ပါ ဆရာ”

“မြေအမည်ပေါက် ကိုယ်တိုင်ရောင်းတာလား”

“မြေအမည်ပေါက် ဇနီးမောင်နှံကတော့ ကွယ်လွန်သွားပြီ။ ဂရန်မြေဖြစ်ပြီး ပေ ၂၀ x ပေ ၆၀ မြေကွက် ဖြစ်ပါတယ်”

“သားသမီးတွေက အဝေမတည့်ကြလို့လား”

“ကျွန်တော်သိတာကတော့ သမီးတစ်ယောက်ပဲ ကျန်ခဲ့တာလို့ သိတယ်။ အခု သူကိုယ်တိုင်က ရောင်းမယ်ဆိုလို့ စဉ်းစားဖြစ်တာပါ”

“ဒါဆိုရင် အိမ်မြေရောင်းမယ့် သူနဲ့ မောင်ရင်က ခင်မင်ရင်းနှီးသူတွေပေါ့”

“အဲဒီလိုတော့ မဟုတ်ဘူး ဆရာ။ ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဲဒီ အမျိုးသမီးက ခင်မင်ကြတယ်။ ငွေကြေးလည်း လိုအပ်နေလို့ အိမ်မြေရောင်းချင်တယ်ပေါ့။ သူငယ်ချင်းက ကျွန်တော့်ကို ပြောပြလို့ သွားရောက် ကြည့်မိတယ်။ သူ့လက်ထဲမှာလည်း ဂရန်မူရင်းရှိတယ်။ ဒါပေမယ့် သူက အဲဒီအိမ်မှာ မနေဘူး ခင်ဗျ။ အိမ်ထောင်သည်ဆိုတော့ ခင်ပွန်းရှိရာ ပြည်မြို့မှာနေတယ်”

“ရောင်းမယ်ဆိုတဲ့ အိမ်က သော့ပိတ်ထားတာပေါ့”

“ညီမဝမ်းကွဲတစ်ယောက်နေတယ်”

“သူတို့က ဆင်းပေးပါ့မလား။ တွေ့ဆုံပြီးပြီလား”

“ဟုတ်ကဲ့ တွေ့ပြီးပါပြီ။ အဲဒီ တော့မှ ဇာတ်လမ်းက စတာပဲ ဆရာ”

“စိတ်ဝင်စားစရာပဲ ပြောပါဦး”

“မြေအမည်ပေါက် ဇနီးမောင်နှံရဲ့ သမီးအရင်းမဟုတ်ဘူး ဆရာ။ မွေးစားသမီးလို့ ပြောပါတယ်”

“အမွေစား အမွေခံအဖြစ် မှတ်ပုံတင် စာချုပ်နဲ့ မွေးစားထားတာလား”

“သူပြောတာတော့ စာချုပ် စာတမ်းမရှိဘူး။ မြေအမည်ပေါက် ဇနီးမောင်နှံအနေနဲ့ဆိုရင် ဇနီးဖြစ်သူဘက်က တူမတော်စပ်တယ်လို့ ပြောပါတယ်”

“သားသမီး မထွန်းကားတာနဲ့ ဇနီးဖြစ်သူက သူ့ရဲ့ တူမကို မွေးစားတဲ့ သဘောပေါ့”

“စာချုပ်စာတမ်းနဲ့ မွေးစားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သမီး ရင်းတစ်ယောက်လို ကျွေးမွေးပြုစု စောင့် ရှောက်ခဲ့တယ်။ ဘွဲ့ရအိမ်ထောင်ကျတဲ့အထိပေါ့ ဆရာ”

“ဘာပဲဖြစ်ဖြစ် ဇနီးမောင်နှံရဲ့ မွေးစားသမီးအဖြစ်တော့ ပတ်ဝန်းကျင်က လက်ခံပြီးသား အခြေအနေ ရှိနေပါ တယ်။ မွေးစားမိခင်က အရင် ကွယ်လွန်သွားတာလား”

“ဟုတ်တယ် ဆရာ။ ဇနီးဖြစ်သူ ကွယ်လွန်ပြီး ရှစ်နှစ်ကျော် ကိုးနှစ်နီးပါးမှ ခင်ပွန်းဖြစ်သူက ကွယ်လွန်ခဲ့တာလို့ ပြောတယ်”

“ခင်ပွန်းသည်က ပြည်မြို့မှာနေတယ်ဆိုတော့ မိန်းကလေးအနေနဲ့ ခင်ပွန်းသည်ရှိရာ ပြည်မြို့ကို လိုက် နေတယ်ဆိုပါတော့”

“ဟုတ်ပါတယ် ဆရာ။ အဒေါ်ရှိ စဉ်ကတော့ အိမ်အဝင်အထွက်ရှိနေတာပေါ့။ အဒေါ်ကွယ်လွန်သွားတော့လည်း ဝေးသွားတာဖြစ်မယ်”

မွေးစားမိခင်မရှိတော့ မွေးစားဖခင်က ယခုလက်ရှိနေတဲ့ သူဘက်က ဆွေမျိုးတွေကို ခေါ်ထားတာဖြစ်မှာပေါ့”

“ဟုတ်ပါတယ် ဆရာ။ မွေးစား ဖခင်ရဲ့ တူမအရင်းလို့ ပြောပါတယ်”

“ဒါဆိုရင်တော့ သူတို့က ဖယ်ပေးမယ့် သဘော မရှိလောက်ဘူး”

“ဟုတ်တယ် ဆရာ။ သူတို့အနေနဲ့ နေအိမ်က ဖယ်ပေးမယ့် သဘောမရှိဘူး။ ဒါကြောင့် ဘာဆက်လုပ်ရ မှန်း မသိဖြစ်နေလို့ ဆရာ”

“စရန်ငွေပေးပြီးပြီလား”

“ပေးမယ့်နေ့မှာပဲ စုံစမ်းလိုက်တော့ အခုလိုကိစ်္စပေါ်လာတာ ဆရာ။ ကျွန်တော်ကလည်း ကတိမပျက်ချင်ဘူး။ ဒါကြောင့် ဆရာ့ဆီလာပြီး တိုင်ပင်တာပါ”

“ဥပဒေအရ ပြောရမယ်ဆိုရင်တော့ မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ လင်မယားနှစ်ဦးလုံးက အမွေစား အမွေခံအဖြစ် မွေးစားခဲ့တာမျိုး မဟုတ်ဘူး”

“ဇနီးဖြစ်သူရဲ့ တူမအရင်းဆိုတော့ ဆက်စပ်ခံစားခွင့် မရှိဘူးလား”

“ပတ်ဝန်းကျင်အားလုံးက မွေးစားသမီးအဖြစ် အသိအမှတ်ပြုထားကြတဲ့အတွက် အမွေဆက်ခံနိုင်ခွင့် ရှိတဲ့ အပတိဌသားသမီးအဖြစ်တော့ ဥပဒေအရ ရောက်ရှိသွားမှာ ဖြစ်ပါတယ်”

“အပတိဌ သမီးဆိုတော့ အမွေ ဆက်ခံခွင့်ရှိတဲ့ သဘောပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် မြေအမည်ပေါက် ဇနီးမောင်နှံအနေနဲ့ ဇနီးဖြစ်သူက အရင်ကွယ်လွန်သွားတယ်။ ဒါနဲ့ သူတို့ မိသားစုက ဗုဒ္ဓဘာသာကိုးကွယ်ကြသူတွေ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

“ဒါဆိုရင်တော့ မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား တစ်ဦး ကွယ်လွန်သွားရင် နှစ်ဦးပိုင် ကျန်ရစ်တဲ့ ပစ်္စည်းအပေါ် ကျန်တဲ့ မုဆိုးဖို၊ ဒါမှမဟုတ် မုဆိုးမက ရရှိမှာ ဖြစ်ပါတယ်”

“ဆရာပြောစကားအရဆိုရင် မွေးစားဖခင်က ဒီအိမ်နဲ့မြေကို သူတစ်ဦးတည်းပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ သဘော လား ဆရာ”

“မှန်ပါတယ်။ ဒါ့အပြင် မွေးစားဖခင်က နောက်အိမ်ထောင်မပြုဘဲ မုဆိုးဖိုဘဝနဲ့ ကွယ်လွန်ခဲ့တယ်”

“ဟုတ်ကဲ့ ဆရာ။ ဘယ်လိုဖြစ်နိုင်ပါသလဲ”

“သားရင်း သမီးရင်း ကျန်ခဲ့မယ်။ ဒါမှမဟုတ် အမွေစား အမွေခံအဖြစ် ကိတ္တိမမွေးစား မှတ်ပုံတင်စာချုပ်နဲ့ မွေးစားထားတဲ့ သားသမီးရှိရင်တော့ အဲဒီသားသမီးက အမွေရခွင့်ရှိမှာ ဖြစ်ပါတယ်။ အခုကိစ်္စက အပတိဌ မွေးစား သားသမီးဖြစ်နေတယ်။ ပြီးတော့ အဒေါ်ကွယ်လွန်ပြီး နောက်ပိုင်း မွေးစားဖခင်ထံ အဝင်အထွက်မရှိ တော့ဘူး။ ပြည်မြို့မှာပဲ အနေများနေတယ်။ ဒါကြောင့် မွေးစားဖခင်က သူ့ရဲ့ တူမအရင်းကို ခေါ်ထားတယ်။ တူမအရင်းဆိုတော့ ဘယ်လို တော်စပ်သလဲ။ မိန်းကလေးရဲ့ မိဘတွေရှိသေးလား”

“ကွယ်လွန်သွားတဲ့ မွေးစားဖခင်မှာ မောင်နှမသုံးဦးရှိတယ်။ ကျန်နှစ်ဦးက သက်ရှိထင်ရှားရှိတယ်။ အခု အိမ်မှာနေတဲ့ တူမက ညီမငယ်ရဲ့ သမီးလို့ သိရတယ်”

“ဘယ်မှာနေတယ်ဆိုတာက အဓိက မဟုတ်တော့ဘူး။ အဓိက အချက်က ကွယ်လွန်သွားတဲ့ မွေးစား ဖခင်မှာ မွေးချင်းညီမငယ်တွေရှိနေတဲ့ အချက်ပဲ”

“ဟုတ်ကဲ့ ဆရာ။ ဥပဒေအရ ဘယ်လိုဖြစ်နိုင်ပါသလဲ”

“မွေးစားမိဘများ ကွယ်လွန်သွားချိန်တွင် မိဘတစ်ဦးဦး၏ တရားဝင်လင် (သို့မဟုတ်) မယား၊ သားရင်း၊ သမီးရင်း၊ ကတ္တိမသားသမီးအပါအဝင်၊ မြေးမြစ်များ မကျန်ရစ်ခဲ့လျှင် အပတိဌသားသမီးသည် မွေးစားမိဘ၏ အမွေထက်ဝက်ကို ဆက်ခံ၍ ကျန်ထက်ဝက်ကို မွေးစားမိဘ၏ အနီးဆုံးဆွေမျိုးများက ဆက်ခံသည်လို့ မသန်းညွန့်နှင့် ဒေါ်ရွှေသစ်ရန်ကုန်အတွဲ - ၁၄၊ စာမျက်နှာ - ၅၅၇ အမှုမှာ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် မွေးစားဖခင်ရဲ့ ညီမငယ်နှစ်ဦးက ထက်ဝက်ရနိုင်မှာပေါ့ ဆရာ”

“တစ်ခုရှိတာက အပတိဌ သားသမီးသည် မွေးစားမိဘနဲ့ အတူမနေ၊ ရံဖန်ရံခါမျှသာ ဆက်သွယ်သော အပတိဌ သားသမီးသည် အမွေရခွင့် မရှိလို့ ဦးချစ်ထွေးနှင့် မောင်ညွန့်ဝေ၊ ၁၉၇၆ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၇ အမှုမှာ ဖော်ပြထားတဲ့အတွက် ဒီကိစ်္စမှာ အမွေမှုဖြစ်နိုင်လို့ ညှိနှိုင်းဆောင်ရွက်ပြီး အဆင်ပြေရင် ဝယ်လိုက်ပါ”ဟုသာ အကြံပေးဆွေးနွေးလိုက်ပါသည်။

Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)

Photo Credit : Financeindex

Posted By : Sint Sint (ShweProperty.com)

Follow Us On    
အိမ်ခြံမြေ လမ်းညွှန်
အိမ်ခြံမြေ ဗဟုသုတ အိမ်ခြံမြေ ရောင်းချနည်း အိမ်ခြံမြေ ဝယ်ယူနည်း အိမ်ခြံမြေ ငှားရမ်းနည်း အကျိုးဆောင် လမ်းညွန်

အိမ်ခြံမြေပြပွဲများ


အိမ်ခြံမြေပြပွဲများ အားလုံးကြည့်ရန်


နောက်ဆုံးရ သတင်းများ

နှစ်သစ်မှာ ကံကောင်းခြင်းတွေ သင့်အိမ်ထဲ စီးဆင်းဖို့ လုပ်ပေးသင့်တဲ့ ဖုန်းရွှေ
မကြာခင်မှာ နှစ်သစ်ကူးပါတော့မယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အစဟာ အရေးကြီးပါတယ်။ quot;အစကောင်းမှ အနှောင်းသေချာquot;ဆိုတဲ့ ဆိုရိုးစကားအတိုင်း…
သင့်အိမ်နံပါတ်ကပြောတဲ့ သင့်ကံတရား
ကိုယ့်အိမ်နံပါတ်အလိုက် ကိုယ့်ရဲ့ကံကြမ္မာကို စစ်ကြည့်လိုက်ရအောင်။br / br / အိမ်နံပါတ်တွေဟာ သာမန် နံပါတ်ကလေးတွေချည်း သပ်သပ်…
ကိုယ့်အိမ်မှာ ဖုန်းရွှေနည်းအရ ဘာတွေ လွဲမှားနေပြီလဲ?
ဖုန်းရွှေနည်းပညာကို စီးပွားရေး လာဘ်လာဘတွေ ကောင်းအောင်၊ အိမ်ကျတ်သရေတိုးအောင်၊ လာဘ်လာဘတွေ ဝင်အောင် စသဖြင့် ရည်ရွယ်ချက်တွေနဲ့…
သင့်အိမ် မျက်နှာမူရာ အရပ်နှင့် အဓိပ္ပာယ်များ
ရေမြေ၊ ရာသီဥတုအလိုက် အိမ်တိုင်းအိမ်တိုင်း မျက်နှာမူရာ အရပ်မျက်နှာများလည်း ကွာခြားသွားပါတယ်။ မျက်နှာစာပြုရာ အရပ်မျက်နှာအလိုက်…
အိမ်မှာ စိုက်ထားသင့်တဲ့ ရွှေလာ၊ ငွေလာ ဂမုန်း
အရွက်ဖားဖား၊ စိမ်းစိမ်းစိုစိုမို့ ကြည့်မိသူတိုင်း ရင်အေးစေတဲ့ ရွှေလာ၊ ငွေလာဂမုန်းကို အပင်စိုက်လေ့ရှိတဲ့ အိမ်တိုင်းလိုလိုမှာ…
ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အိမ်ကိုလာဘ်တိတ်စေတဲ့ အရာများ
လောကမှာ လူတိုင်းလိုလိုဟာ တစ်အိုးတစ်အိမ် ထူထောင်ပြီးရင်တော့ အိမ်ထဲကို ကောင်းတဲ့ အရာတွေ၊ စီးပွားရေးတိုးတက်မှုတွေ စီးဝင်နေတာမျိုးကို…
သင့်အိမ်ကို ဖုန်းရွှေနည်းအရ ကြီးပွားတိုးတက်စေမယ့် ပန်းအလှဆင်ခြင်း အဖြာဖြာ
အိမ်ကို Decoration အမျိုးမျိုး ပြင်ဆင်ကြတဲ့အခါ ပန်းတွေကိုလည်း မေ့ထားလို့ မရဘူးနော်။br / ဒါအပြင် ပန်းတွေနဲ့ အလှဆင်တာက အိမ်ရဲ့…
စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အိမ်အလှဆင်မှု ပုံစံ အမှား (၄) မျိုး
အိမ် (သို့) တိုက်ခန်းတစ်ခန်း၏ နွေးထွေးပြီး သက်တောင့်သက်သာရှိသော ခံစားချက်ကို အိမ်တွင်း အလှဆင် ဒီဇိုင်းပညာဖြင့် မြှင့်တင်နိုင်သည်…
သင့်အိမ်ကို ပျက်စီးစေမယ့် သန့်ရှင်းရေး အမှား (၇) ခု
အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာ သင့်အိမ်ကို သပ်ရပ်သန့်ရှင်းစေသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။nbsp;br / ဒါပေမဲ့ မှားယွင်းတဲ့…
အိမ်ကြမ်းခင်းအတွက် အကောင်းဆုံးရွေးချယ်မှု - ကြွေပြား vs. ပါကေး
အိမ်တစ်အိမ်ရဲ့ အလှအပကို ပေါ်လွင်စေတဲ့ အဓိကအချက်တွေထဲမှာ ကြမ်းခင်းက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကြမ်းခင်းကို ရွေးချယ်တဲ့အခါမှာ…
ဘိုးဘွားပိုင်မြေ အမည်ပြောင်းလဲခြင်း လမ်းညွှန်
သင့်ဘိုးဘွားပိုင်မြေနှင့်ပတ်သက်၍ အမည်စာရင်းပြောင်းလဲလိုသည့်အခါ အောက်ဖော်ပြပါ လိုအပ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို…
အိမ်သန့်ရှင်းရေးအတွက် အလွယ်ကူဆုံးနည်းလမ်းများ
အိမ်သန့်ရှင်းရေးလုပ်တာကို ပျင်းစရာကောင်းတဲ့ အလုပ်တစ်ခုလို့ ထင်ကြပါတယ်။ တကယ်တော့ နည်းလမ်းမှန်ရင် အိမ်သန့်ရှင်းရေးကို…

    အိမ်ခြံမြေ လမ်းညွှန်

  • အိမ်ခြံမြေ ဗဟုသုတ
  • အိမ်ခြံမြေ ရောင်းချနည်း
  • အိမ်ခြံမြေ ဝယ်ယူနည်း
  • အိမ်ခြံမြေ ငှားရမ်းနည်း
  • အကျိုးဆောင် လမ်းညွန်

အကျိုးဆောင်များအတွက်

သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့

အသင်းဝင်လုပ်ရန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ ရယူရန်

နောက်ဆုံးရ သတင်းများ

  • သင့်အိမ်နံပါတ်ကပြောတဲ့ သင့်ကံတရား
  • ကိုယ့်အိမ်မှာ ဖုန်းရွှေနည်းအရ ဘာတွေ လွဲမှားနေပြီလဲ?
  • သင့်အိမ် မျက်နှာမူရာ အရပ်နှင့် အဓိပ္ပာယ်များ
  • အိမ်မှာ စိုက်ထားသင့်တဲ့ ရွှေလာ၊ ငွေလာ ဂမုန်း
  • ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အိမ်ကိုလာဘ်တိတ်စေတဲ့ အရာများ
  • သင့်အိမ်ကို ဖုန်းရွှေနည်းအရ ကြီးပွားတိုးတက်စေမယ့် ပန်းအလှဆင်ခြင်း အဖြာဖြာ
  • စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အိမ်အလှဆင်မှု ပုံစံ အမှား (၄) မျိုး
  • သင့်အိမ်ကို ပျက်စီးစေမယ့် သန့်ရှင်းရေး အမှား (၇) ခု
  • အိမ်ကြမ်းခင်းအတွက် အကောင်းဆုံးရွေးချယ်မှု - ကြွေပြား vs. ပါကေး
  • ဘိုးဘွားပိုင်မြေ အမည်ပြောင်းလဲခြင်း လမ်းညွှန်
Loading…

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ဧရာဝတီရှိ ရောင်းရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ဝယ်ရန်

  • ရန်ကုန်တိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ရောင်းရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ရောင်းရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
  • ဧရာဝတီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ပဲခူးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ချင်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကချင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကယားပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ကရင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • မကွေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မွန်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • ရခိုင်ပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • စစ်ကိုင်းတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • ရှမ်းပြည်နယ်ရှိ ငှားရန် အိမ်ခြံမြေများ
  • တနင်္သာရီတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
View More

ငှားရန်

  • ရန်ကုန်တိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • မန္တလေးတိုင်းရှိ ငှားရန် အိမ်ခြံမြေများ
  • နေပြည်တော်ရှိ ငှားရန် အိမ်ခြံမြေများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
  • ဧရာဝတီတွင်ရှိ ရောင်းရန် စီမဲံကိန်းများ
  • ပဲခူးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ချင်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကချင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ကယားပြည်နယ်တွင် ရောင်းရန် စီမံကိန်းများ
  • ကရင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • မကွေးတွင် ရောင်းရန် စီမံကိန်းများ
  • မွန်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • ရခိုင်ပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • စစ်ကိုင်းတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • ရှမ်းပြည်နယ်ရှိ ရောင်းရန် စီမံကိန်းများ
  • တနင်္သာရီတိုင်းရှိ ရောင်းရန် စီမံကိန်းများ
View More

စီမံကိန်း အသစ်များ

  • ရန်ကုန်တိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • မန္တလေးတိုင်းရှိ ရောင်းရန် စီမံကိန်းများ
  • နေပြည်တော်ရှိ ရောင်းရန် စီမံကိန်းများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

အခြားအိမ်ခြံမြေများ

  • ရန်ကုန်ရှိ ရောင်းရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
  • ရန်ကုန်ရှိ ရောင်းရန် ဆိုင်ခန်းများ
  • ရန်ကုန်ရှိ ငှားရန် စက်မှု့ဇုံများ
View More

Try our Mobile Apps

Android

Copyright © 2011-2025, ShweProperty.com. All rights reserved.

Privacy Policy|Terms & conditions

Follow Us

Loading…