စက်မှုဇုန်မြေနေရာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားမယ်ဆိုရင် ဒီအချက်တွေလိုအပ်ပါတယ်။


အွန်လိုင်းက လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့နေရာမှာ လုပ်ငန်းရှင်ဘက်က အချက်အလက် ခုနှစ်ချက်ကို လိုက်နာရပါမယ်။ လုပ်ငန်းအမျိုးအစားတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုမိန့်လိုအပ်ချက်တွေကို ဖော်ပြပြီးတင်ပြရပါမယ်။ စက်မှုဇုန်ကော်မတီရဲ့ ထောက်ခံချက်နဲ့ အနီးဆုံး ပတ်ဝန်းကျင် ၁၀ ဦးရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။


 (၁)လုပ်ကိုင်တဲ့ လုပ်ငန်း တည်နေရာနဲ့ အထောက်အထား (ဥပမာ..အငှားစာချုပ်)၊


 (၂)လုပ်ငန်းရှင်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား၊


 (၃)နိုင်ငံခြားသားဖြစ်ရင် ပတ်စ်ပို့မိတ္တူ၊


 (၄)လိုင်စင်ဓါတ်ပုံ သုံးပုံ၊


 (၅)လုပ်ငန်း တည်နေရာရဲ့ မျက်နှာစာ၊


 (၆)အတွင်း ဓါတ်ပုံ သုံးပုံ၊


 (၇) လုပ်ငန်း တည်နေရာပြမြေပုံ၊ တခြားအထောက်အထားပြစာရွက်တွေ လိုအပ်ရင် ထပ်မံတင်ပြရပါမယ်။





ကွင်းဆင်းစစ်ဆေးမယ့် ရက်ကို အကြောင်းကြားမှာ ဖြစ်ပါတယ်။ အချက်အလက်ပြည့်စုံရင်တော့ အဲ့သည်ရက်မှစပြီး နှစ်ပတ်အတွင်း(ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။


 ခွင့်ပြုချက်ရပြီး မြို့နယ်စည်ပင်ရုံးတွေမှာ ငွေပေးသွင်းပြီးရင်တော့ လိုင်စင်ကတ်ပြားထုတ်ပေးသွားပါမယ်။ မြန်မာနိုင်ငံရင်းနှီးမြုှပ်နှံမှုကော်မရှင်က ခွင့်ပြုချက်နဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုတော့ အဆင်သင့်ခွင့်ပြုချက်ရပြီးမှသာ လုပ်ငန်းလိုင်စင်ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


ဘိလပ်မြေနှင့် သံချောင်း တွက်နည်း


အိမ်ရှင်အိမ်ငှားကိစ္စ သိမှတ်ဖွယ်ရာအဖြာဖြာ


လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာနေရင် ဘာဖြစ်တက်လဲ


အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ


Credit : Buildersguide
Posted By : Sint Sint (ShweProperty.com)